မျိုးချစ်စစ်သည်

ပညာမဲ့သော ထိုသူသည်- ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက်တို့ကို ပြုသောကြောင့်လည်းကောင်း၊ အပြစ်နှင့်ယှဉ်သော အခြားအမှုကို ပြုသောကြောင့်လည်းကောင်း၊ ကုသိုလ်ကံကို မပြုပဲ အကုသိုလ်ကံကိုသာ အကြိမ်များစွာ ပြုခြင်းကြောင့်လည်းကောင်း၊ ခန္ဓာကိုယ် ပျက်စီးသောအခါ ငရဲသို့ရောက်ရ၏။

ခုကတော့ ...

User Online

လာလည်သူပေါင်း

Cabo Yachts

အချုပ်အချာအာဏာဆိုတာဘာလဲ

Sunday, April 25, 2010

သျှမ်းပြည်တပ်မတော်ဟုဆိုကာ တောင်ပိုင်း ၀ တပ်ဖွဲ့အား နအဖ စတင်တိုက်ခိုက်

Saturday, 24 April 2010 22:00 သျှမ်းသံတော်ဆင့်
E-mail Print
တောင်ပိုင်း ၀ ပြည်သူများ တိုက်ပွဲသတင်းနှင့်ပါတ်သက်၍ စိုးရိမ်ထိပ်လန့်ရှောင်တိမ်းနေချိန် ၀ တပ်ဖွဲ့အား သျှမ်းပြည် တပ်မတော်တပ်ဖွဲ့ဟုဆိုကာ နအဖဘက်မှ တိုက်ပွဲနှစ်ကြိမ် စတင်တိုက်ခိုက်သည်ဟု စုံစမ်းသိရှိရ ပါသည်။

“နအဖ က အရင် စပစ်လို့ ကျနော်တို့ပြန်တိုက်ရတယ်။ နှစ်ကြိမ်စလုံး နအဖ က စပစ်တာ၊ ကျနော်တို့ဘက် သေကြေ ဒဏ်ရာရတာမရှိဘူး” - ဟု အမည်မဖေါ်လိုသည့် ၀ အရာရှိငယ်တဦး က ပြောပါသည်။

ဧပြီ ၂၃ ရက် ညနေပိုင်း မိုင်းဆတ်မြို့ အရှေ့ဘက် မိုင်းတုန်း (တွမ်း) တောင်ကြောတွင်လည်းကောင်း၊ ၂၄ ရက်နေ့ မနက် ၁၀ နာရီ ထိုင်းနိုင်ငံ ဖှန်မြို့မျက်နှာချင်းဆိုင် မိုင်းဆတ်မြို့တောင်ဘက် လွယ်ဖါဟုံဘုတ် တောင်ကြောတွင် လည်းကောင်း ၀ တပ်ဖွဲ့အား နအဖ က စတင်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

[တောင်ပိုင်းဝတပ်ဖွဲ့]

တောင်ပိုင်းဝတပ်ဖွဲ့
“မနေ့က ညနေပိုင်း ၁၅ မိနစ်လောက်တိုက်ပွဲဖြစ်တယ်။ ဒီနေ့မနက်တော့ ၁၀ မိနစ်လောက်ဘဲ၊ ကျနော်တို့က ၀စကားနဲ့ အော်ပြောပြီး ပြန်တိုက်တော့ သူတို့က ရပ်သွားတယ်” -အမည်မဖေါ်လိုသည့် ၀ တပ်မှူး တဦးက ပြောပါသည်။

တောင်ပိုင်း ၀ တပ်ဖွဲ့အား နအဖစစ်တပ်က ဒုဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင်သည့် သျှမ်းပြည် တပ်မတော်လှုပ်ရှား စစ်ကြောင်း ဟု ထင်မှတ်ပြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မျက်နှာပြောင်တိုက် ဟန်ပြတောင်းပန်ခဲ့သည်ဟု အဆိုပါ ၀ တပ်မှူးကပြော၏။

ဝ တပ်ဖွဲ့အရာရှိများကတော့ နှစ်ကြိမ်စလုံး မှားပစ်တိုက်ခိုက်ခြင်း မဖြစ်နိုင်ကြောင်း၊ အရင်ကတည်းက ထိုဒေသ အတွင်း ၀ တပ်ဖွဲ့သာ သွားလာလှုပ်ရှားလေ့ရှိကြောင်း ရှင်းပြ၏။

ယခုကိစ္စသည် နအဖ မှ တမင်ရန်စ တိုက်ခိုက်ခြင်းဖြစ်သဖြင့် ၎င်းင်းတို့လုပ်ရပ်အား သုံးသပ်ကြည့်ပါက တိုက်ပွဲကြီး အတွက် ရှောင်လွဲရန် မဖြစ်နိုင်တော့ကြောင်း ၀ တပ်ဖွဲ့အရာရှိများက သျှမ်းသံတော်ဆင့်သို့ သုံးသပ်ပြပါသည်။

နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ၂၂ ရက်နေ့နောက်ဆုံးသတ်မှတ်ရက်နှင့် ပတ်သက်၍လည်း မိမိတို့တောင်းဆိုချက် အတိုင်း ဆက်လက်ရပ်တည်သွားမည်ဟု မြောက်ပိုင်း ၀ တပ်မှူးတို့ဆုံးဖြတ်ချက်ချချိန် တောင်ပိုင်း ၀တပ်ဖွဲ့ခေါင်းဆောင် များနှင့် ဆွေးနွေးရန် မိုင်းဆတ်အခြေစိုက် စကခ ၁၈ စစ်ဒေသမှူးကြီးက အစည်းဝေးဆင့် ခေါ်ခဲ့သေးသည်ဟုဆို၏။

“မိုင်းဆတ်သွားတာက ဟိုပန်၊ ဟိုရွက်၊ မိုင်းယွန်း၊ ဟွေ့အော့ က ကိုယ်စားလှယ်တွေပါတယ်၊ ဒါပေမယ့် မိုင်း ဆတ် စကခ ဌာနချုပ်မရောက်ဘဲ နောက်ပြန်လှည့်ကြတယ်၊ သွားသွားမသွားသွားမထူးဘူး ဆိုတဲ့သဘောပေါ့” - အမည်မဖေါ်လိုသည့် ၀ အရာရှိ တဦးကလည်း အတည်ပြုပြောဆိုပါသည်။

ထိုအစည်းအဝေးသို့ တောင်ပိုင်း ၀ တပ်ဖွဲ့ခေါင်းဆောင်မသွားသည့်အပြင် ကိုယ်စားလှယ်အဖွဲ့လည်း မိုင်းဆတ်မြို့ အနီးရောက်ရှိပြီး ပြန်လှည့်လာခဲ့ကြောင်း၊ ၀မ့်ဟုန့်ရှိ ၀ တပ်ဖွဲ့များနှင့် အချင်းချင်း အစည်းအဝေးထိုင်ပြီးမိမိဌာနချုပ် အသီးသီး ပြန်သွားကြသည်ဟု ဆက်ပြောပြပါသည်။
http://www.mongloi.org/burmese/2008-08-01-03-22-02/86-2008-08-01-03-20-45/808-2010-04-24-15-08-41 မှ

ကေအိုင်အို ဆက်ဆံရေးရုံး ရှောင်တခင် စစ်ဆေးခံရ

Friday, 23 April 2010 20:21 စိုင်းမျိုးကြီး
E-mail Print

နယ်ခြားစောင့်တပ်ကိစ္စ အကြောင်းပြန်ရန် နောက်ဆုံးရက် သတ်မှတ်ထားသည့် ဧပြီလ ၂၂ ရက်နေ့ ညပိုင်းက ကချင်ပြည် နယ် ဖားကန့်မြို့ ဆိပ်မူ (ဆိုင်းတောင်) ရွာရှိ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဆက်ဆံရေး ရုံးအား နအဖ စစ်တပ်က ရှောင်တခင် ရှာဖွေ စစ်ဆေးခဲ့သည်။
ဒေသခံ နအဖ စစ်တပ် ရဲ အရံမီးသတ်နှင့် ကျေးရွာအာဏာပိုင်များက ယမန်နေ့ည ၁၀ နာရီခန့်တွင် အဆိုပါရုံး အတွင်းသို့ ၀င်ရောက် စစ်ဆေးခြင်း ဖြစ်ကြောင်း ကေအိုင်အိုအသိုင်းအ၀ိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ဖားကန့်မြို့အနီးတွင် ကေအိုင်အေ အမှတ် ၆ တပ်ရင်း အခြေဆိုက်ထားပြီး ဆိပ်မူ(ဆိုင်တောင်) ရွာ၌ တိုက်နယ် ဆက်ဆံရေး ရုံးတစ်ခု ဖွင့်လှစ်ထားကြောင်း သိရသည်။

“ကေအိုင်အို တပ်ရင်း ၆ ဖားကန့်ခရိုင် ဆိုင်းတောင် တိုက်နယ်ရုံးမှာ မနေ့ညက ၁၀ နာရီနဲ့ ၁၁ နာရီကြားမှာ လာ စစ်ဆေး တယ် ဧည့်စာရင်းလာစစ်တယ်လို့ တော့ပြောတယ် ဒါပေမဲ့ သူတို့စစ်တာက မသင်္ကာတဲ့ ပုံစံမျိုးနဲ့ ရှာဖွေ သွားတာ ဖြစ်တယ် ” ဟု ဖားကန့်ဒေသခံ ကေအိုင်အိုနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

၁၉၉၄ ခုနှစ် နအဖနှင့်ကေအိုင်အိုတို့ ငြိမ်းချမ်းရေးရယူပြီးနောက် ကချင်ပြည်နယ်အတွင်းရှိ မြို့ရွာများတွင် ကေ အိုင်အို ဆက်ဆံရေးရုံးများထားရှိရာ ယခင်ကာလက စစ်ဆေးခံဖူးခြင်း မရှိကြောင်း သိရသည်။

“ခါတိုင်းကဒီလိုစစ်ဆေးလေ့မှမရှိတာ အခုမှ ဒါမျိုးဖြစ်တယ်ဆိုတော့ အခုနောက်ဆက်တွဲတွေက ကေအိုင်အိုနဲ့ အဆင်မပြေလို့် ရန်ရှာတဲ့ပုံစံမျိုးလို့ ကေအိုင်အိုကမြင်တယ် ငြိမ်းချမ်းရေးကိုဆက်လက်ပြီးတော့ အကောင်အထည် ဖေါ်ဖို့ပဲ စိတ်ဆန္ဒရှိတယ် အခုလိုလုပ်နေတာ သက်သက်မဲ့ရန်စတဲ့ပုံစံမျိုးဖြစ်တယ်” ဟု သူကဆိုသည်။

ကျောက်စိမ်းထွက်ရာ လုံးခင်းမှော်နှင့် ကေအိုင်အို တပ်ရင်း ၆ ဆက်သွယ်ထားသည့် လမ်းအတွင်း ဆန်ခါရွာ အနီး တွင် ယခုရက်ပိုင်းအတွင်း နအဖစစ်တပ် စစ်ဆေးရေးဂိတ် တစ်ခု ထပ်မံဖွင့်လှစ်ထားကြောင်း သိရသည်။

အလားတူ မြစ်ကြီးနားမြို့ရှိ ကချင်ခရစ်ယာန်ဘာသာရေး ဆရာ များလည်း ယမန်နေ့က နအဖအာဏာပိုင်များ၏ခေါ်ယူ မေးမြန်းခြင်း ခံရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မနေ့ညက မြစ်ကြီးနားက သင်းအုပ်ဆရာ ဂွမ်စယ် သူကတော့ နောင်နန်းကျမ်းစာ ကျောင်းအုပ်အဟောင်းပေါ့ အခုကတော့ ကျေးလက်ဖွံ့ဖြိုးရေးမှာလုပ်နေတဲ့ NGO ထဲမှာနာယက သူနဲ့အတူ မြစ်ကြီးနားက ဘာသာရေးဆရာ ဆရာဇောင်းစယ်တို့ကို မနေ့က မနက်အစောကြီးခေါ် စစ်ပြီးမှ ညနေ ၅ နာရီမှ ပြန်လွတ်တယ် ” ဟု ဆိုသည်။

ကချင်ပြည်နယ် မြောက်ဖျားပိုင်း မေခနှင့်မလိခ မြစ်ဆုံဒေသတွင် တရုတ်ကုမ္ပဏီနှင့်မြန်မာနအဖအာဏာပိုင်များ ပူးပေါင်း၍ ရေကာတာစီမံကိန်းတည်ဆောက်သည့်နေရာတွင် ဧပြီ ၁ရ ရက်နေ့က ဗုံးများဆက်တိုက် ပေါက်ကွဲ ခဲ့အပြီး ယခုလို ရှာဖွေစစ်ဆေးမှုများ ဖြစ်ပေါ်လာသည်။

ဧပြီလ ၂၂ ရက်နေ့က နယ်ခြားစောင့်တပ်ကိစ္စ ကေအိုင်အိုနှင့် နအဖစစ်အာဏာပိုင်တို့ မြစ်ကြီးနားတွင်ဆွေးနွေး နေရာ ယနေ့ မြောက်ပိုင်းတိုင်းအာဏာပိုင်များနှင့် ဆက်လက်ဆွေးနွေးဖွယ်ရှိကြောင်း ကေအိုင်အို သတင်းရပ် ကွက် မှ တဆင့် သိရသည်။
http://www.blogger.com/post-create.g?blogID=6244655042780063009မှ

Friday, April 23, 2010

၂၀၀၉-၂၀၁၀ သည် သမိုင်းတစ်လျောက် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုအများဆုံးနှစ် အဖြစ်စံချိန်တင် အမေရိကန်ဒေါ်လာ ၁၆ဘီလျံကျော်ရှိခဲ့ပြီး ထိုင်း၊ တရုတ်နှင့် ဗြိတိန်နိုင်ငံများ၏ ရင်းနှီးမြုပ်နှံမှုမှာ အများဆုံးဖြစ်နေ

၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ် တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၀၅ ဘီလျံ နှစ်ဆနီးပါးထိ မြင့်တက်လာခဲ့ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သတင်းရရှိပါသည်။ ''၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ် မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေနဲ့ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၀၅ ဘီလျံ ရှိပါတယ်။ အဲဒီထဲမှာ တရုတ်နိုင်ငံရဲ့လာရောက်ရင်းနှီးမြှုပ် နှံမှုဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၅ ဘီလျံထိရှိပါတယ်''ဟု ဧပြီလ ၈ ရက်နေ့က ကျင်းပသည့် ၂၀၁၀ 2010 China(Guangdong)-Myanmar Business Conference တွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု အများဆုံးနှစ်မှာ ၂၀၀၅-၂၀၀၆ ဘဏ္ဍာရေးနှစ်ကဖြစ်ပြီး အမေရိကန်ဒေါ်လာ ခြောက်ဘီလျံကျော် အထိရှိခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။ ယခု ၂၀၀၉-၂၀၁၀ ဘဏ္ဍာ ရေးနှစ်တွင်မူ နိုင်ငံခြားရင်းနှီးမှုပမာဏ မှာ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၀၅ ဘီလျံထိ ရှိလာခဲ့သည့်အတွက် ယခင်စံချိန်တင်ထားသည့် ၂၀၀၅-၂၀၀၆ ဘဏ္ဍာရေးနှစ်ကထက် သုံးဆနီးပါးမြင့်တက်လာခဲ့ပြီး သမိုင်း တစ်လျောက် ထပ်မံစံချိန်တင်ခဲ့သည့် နှစ် ဖြစ်လာခဲ့ကြောင်းစီးပွားရေးပညာရှင် တစ်ဦးကလည်း ပြောကြားခဲ့သည်။ စွမ်းအင်၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့၌ရင်းနှီးမြှုပ်နှံမှုများမြင့်မား လာခြင်း၊ ထိုင်းနိုင်ငံ၊ ဗြိတိန်နှင့် တရုတ်နိုင်ငံတို့၏ လာရောက်ရင်းနှီး မြှုပ်နှံမှုများသည် ယခင်နှစ်များကထက် အဆပေါင်းများစွာ မြင့်တက်လာခဲ့ခြင်းကြောင့် စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံသည် ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင်မူ အမေရိကန် ဒေါ်လာ ၇ ဒသမ ၄ ဘီလျံ ကျော် အထိ စံချိန်တင်ရင်းနှီးမြှုပ်နှံမှုပြုလုပ် ခဲ့ပြီး ယခုနှစ်၏ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကဏ္ဍတွင် အများဆုံးလာ ရောက်ရင်းနှီးမြှုပ်နှံခဲ့သည့်နိုင်ငံများ စာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နေခဲ့သည်။ တရုတ်နိုင်ငံမှာ မြန်မာနိုင်ငံ၌ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်က အမေရိကန်ဒေါ်လာ ၈၅၅ ဒသမ ၉၉၆ သန်းသာ ရင်းနှီးမြှုပ်နှံခဲ့သော် လည်း ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ် တွင် အမေရိကန်ဒေါ်လာ ၁၈၄၈ ဒသမ ၅၆ သန်းအထိ လာရောက် ရင်းနှီးမြှုပ်နှံခဲ့သည်။ ဗြိတိန်နိုင်ငံ အနေဖြင့်လည်း ရင်းနှီးမြှုပ်နှံခဲ့သည့် ပမာဏမှာ ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်ကအမေရိကန် ဒေါ်လာ သန်း ၂၄၀ ကျော်ပမာဏ သာရှိခဲ့သော်လည်း ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင်မူ အမေရိကန် ဒေါ်လာ သန်း ၁၈၆၀ ကျော်အထိ စံချိန်တင်မြှုပ်နှံမှုပြုလုပ်ခဲ့သည်။ ထို့အတွက် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် အများဆုံးဝင်ရောက်နေသည့် နိုင်ငံများမှာ အာရှနိုင်ငံများ(အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများ)ဖြစ်သည်ကို ထင်ရှားစွာ တွေ့မြင်ရမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။နှစ်အလိုက်နိုင်ငံခြားရင်းနှီးမြှုပ်
နှံမှုပမာဏ (အမေရိကန်ဒေါ်လာ-သန်း)

ဘဏ္ဍာရေးနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုး
၂၀၀၀-၂၀၀၁ ၂၁၇ .၆၈၈
၂၀၀၁-၂၀၀၂ ၁၉ .၀၀၂
၂၀၀၂-၂၀၀၃ ၈၆ .၉၄၈
၂၀၀၃-၂၀၀၄ ၉၁ .၁၇၀
၂၀၀၄-၂၀၀၅ ၁၅၈ .၂၈၃
၂၀၀၅-၂၀၀၆ ၆၀၆၅ .၆၇၅
၂၀၀၆-၂၀၀၇ ၇၅၂ .၇၀၀
၂၀၀၇-၂၀၀၈ ၁၇၂ .၇၂၀
၂၀၀၈-၂၀၀၉ ၉၈၄ .၉၉၆
၂၀၀၉-၂၀၁၀ ၁၆ .၀၅(ဘီလျံ)

၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သည့် ထိပ်ဆုံးကဏ္ဍငါးခု(အမေရိကန်ဒေါ်လာသန်း)
အမျိုးအစား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုး
စွမ်းအင် ၆၃၁၁ .၂၂
ရေနံနှင့်သဘာဝဓာတ်ငွေ့ ၃၆၃၆ .၀၈
ကုန်ထုတ်လုပ်မှု ၁၆၆၂ .၁၃
သတ္တုတူးဖော်ရေး ၁၃၉၈ .၃၉
ဟိုတယ်နှင့် ခရီးသွားလာရေး ၁၀၆၄ .၈၁

၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သည့် ထိပ်ဆုံးငါးနိုင်ငံ (အမေရိကန်ဒေါ်လာသန်း)
နိုင်ငံအမည် ရင်းနှီးမြှုပ်နှံသည့်ပမာဏ
ထိုင်း ၇၄၂၂ .၀၉
ဗြိတိန် ၁၈၆၀ .၉၅
တရုတ် ၁၈၄၈ .၅၆
စင်ကာပူ ၁၅၉၂ .၄၄
မလေးရှား ၈၉၈ .၃၅

ပြည်သူ့ရှုထောင့်

မြန်မာနိုင်ငံမှာ အရပ်သားအုပ်ချုပ်ရေးစနစ် နဲ့
အရပ်သားအစိုးရတစ်ရပ်ပေါ်ပေါက်ရေးအတွက် အားလုံးတတ်နိုင် သလောက်
ဘက်ပေါင်းစုံက ၀ိုင်းဝန်းကျိုးပမ်းနေကြတာ နှစ်ပေါင်း
နှစ်ဆယ်ရှိလာခဲ့ပါပြီ။ စစ်အစိုးရ တွေကလဲ ဒီမိုကရေစီ အရပ်သားအစိုးရ တစ်ရပ်
ပေါ်လာရေးအတွက် သူဖယ်ပေးရမလို ဖြစ်နေုတော့ အကြောက်အကန် တင်းခံပါတယ်။

၁၉၈၈ အရေးအခင်းအပြီး တက်လာတဲ့ စစ်အစိုးရက တကယ်စိတ်မပါပေမဲ့
မကောင်းတတ်လို့ ပြည်သူတွေ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် တောင်းဆိုတာကို
အသိအမှတ်ပြုတယ် ပေးမယ်ပြောပြီးမှ တဖြေးဖြေး ဒီမိုကရေစီဘက် သွားမဲ့
လမ်းတွေ အတွေးအခေါ်တွေကို ပိတ်ဆို့လာခဲ့ပါတယ်။ ၁၉၉၀ နောက်ပိုင်းတကယ်
အာဏာလွှဲရမယ်လဲ ဆိုရော နောက်တွန့်သွားပြီး ဒို့မဖယ် ပေးဘဲ
ဒို့သြဇာညောင်းတဲ့ အရပ်သားအစိုးရ တင်ပြီး ဒီမိုကရေစီ အစိုးရပါဘဲလို့
လုပ်ရင် ဖြစ်တယ်ထင်ပြီး မဆွဲဘူးပြောခဲ့တဲ့ အခြေခံ ဥပဒေအသစ် ဆွဲပြီး
အခု၂၀၁၀ ရွေးကောက်ပွဲ ထ လုပ်တော့တာပါဘဲ။ ဒီမိုကရေစီ အုပ်ချုပ်ရေး
စနစ်ပြောင်းဘို့ တောင်းဆိုသူတွေ ကိုတော့ လက်မတွဲဘဲ ရန်သူလို သဘောထားပြီး
တစ်ယောက်မကျန် ထောင်ထဲ ထည့်ထား လိုက်ပါတယ်။ ပြည်သူအတွက် အသက်ပေးမယ်
ဆိုခဲ့ပေမဲ့ အာဏာတော့ မပေးနိုင်တာ စိတ်ရင်းစေတနာ မမှန်ခဲ့လို့ပါ။

သတိထားမိ သလောက် သက္ကရစ် ၂၀၀၀ နောက်ပိုင်းမှာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ
ခေါင်းဆောင်တဲ့ နအဖအစိုးရနဲ့ ဒေါ်အောင်ဆန်း စုကြည် ခေါင်းဆောင်တဲ့
ဒီမိုကရေစီ တောင်းဆိုသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တို့ရဲ့
ကွာဟချက်ထဲမှာ ကြားနေလိုလို ဘာလိုလို ၀င်လုပ်လာတဲ့ အုပ်စုတွေကို နအဖက
ကြိုဆို လက်သတ်မွေး လာတာ တွေ့ရပါတယ်။ ၂၀၁၀ မတ်လကုန် မှာတော့ အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်က နအဖလုပ်ပေးမဲ့ ရွေးကောက်ပွဲ ဥပဒေတွေဟာ တရားမျှတမှု
မရှိဘူး၊ ဒီမိုကရေစီနည်းလမ်း မကျဘူး ဆိုပြီး ရွေးကောက်ပွဲ မ၀င်ဘူး
အသိအမှတ်လဲ မပြုဘူး လို့ ကြေညာလိုက်ပါတယ်။ စောစောက ကြား (ကွာဟချက်) ဟာ
သိပ်ကြီးမား သွားပါတယ်။ ထင်ထားကြတဲ့ အတိုင်းပါဘဲ ဒီမောင်တွေ ကြားနေစရာ
မရှိတော့လို့ အားလုံး နအဖ ဘက်ကို ပြေးကပ် သွားကြပါတယ်။

ယုံကြည်သူ နောက်လိုက် အင်အား မရှိဘဲ ကိုယ့်ဟာကိုယ် အာကြယ် လေးတွေ
လုပ်နေတာ ဘာမှမပြောလိုပါ။ ညစ်ကြယ်ကြယ်နဲ့ အခွင့်အရေး ရရင်ရသလို လက်တွေ့
အပင်ပမ်း အဆင်းရဲခံ လုပ်နေသူ တွေကို နောက်က လုံချည်စ လိုက်တက်နင်း နေတာက
ဆိုးပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ဟာ စစ်တပ်ကို မကိုင်တွယ်တတ်ဘူး၊ နိုင်ငံရေး
မကစားတတ်ဘူး၊ ဦးနှောက်မပါဘူး။ ဥဏ်မရှိဘူး၊ ခံစားချက် သက်သက်နဲ့
လုပ်နေတယ်။ နိုင်ငံရေးမှာ ကျားကစားသလို တစ်ကောင်ကြွေးပြီး နှစ်ကောင်စား
ကင်းဝင် လုပ်တတ်ရမယ်။ လွှတ်တော်ထဲ အရင်ရောက်အောင် လုပ်ပြီးမှ
စစ်အုပ်စုနဲ့ပြိုင် ဉာဏ်ကစား နိုင်ရမယ်” တဲ့၊ မိုးလုံး လေလုံး ကတော့
နားထောင်ရတာ တကယ့် နိုင်ငံရေး “ဖျံ” တွေ “ကျား” တွေဘဲ။

သူတို့ အဆိုအရ - မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်ပြောင်းဘို့ မှာ စစ်တပ်က
တင်းခံနေတာ၊ စစ်တပ်ကို ရန်မူနေတဲ့ နိုင်ငံရေး သမားတွေ မရှိတော့မှပဲ
ဖြစ်လာမှာ၊ အတိုက်အခံတွေရဲ့ တောင်းပွဲတိုက်ပွဲတွေ ရှိနေသရွှေ့ စစ်တပ်က
အလျှော့ပေးမှာ မဟုတ်တဲ့ အကြောင်း၊ စစ်တပ်ကို ဘယ်သူကမှ မလွန်ဆန်နိုင်ဘူး။
မယှဉ်နိုင်ဘူး၊ စစ်တပ်က မလေ၊ျှာ့ပေးသ၍ မြန်မာနိုင်ငံမှာ ဘာဒီမိုကရေစီ
ပြောင်းလဲမှုမှ မဖြစ်နိုင်ဘူး... တဲ့။ ဒီ သဘောတရား ကို အသေထားပြီး
တွက်ပါတယ်။ ဒါကိုဘဲ မိုးကုတ် စက်ဝိုင်းလို သဘောထား စဉ်းစားတာမို့
ဒီထက်ပို ဝေးဝေး မမြင်နိုင်တော့ဘူး။ စစ်တပ်ကို သိပ်အထင်ကြီး
အားကိုးလွန်းနေတယ်။ ပြည်သူနဲ့ ဝေးလွန်းတယ်။

ဒီမိုကရေစီ တောင်းဆိုသူတွေ လုပ်သမျှကို အခု ဗကပ မော်စီတုံး
ကွန်မြူနစ်နည်းလို့ သမုတ်လိုက်၊ တော်ကြာ အနောက်သံရုံး ကတဆင့် တလကို ၆၈
ကြိမ် လျှို့ဝှက်ညွှန်ကြားချက် ယူတယ် လုပ်လိုက်၊ CIA က နိုဘယ်ဆုတွေ
ပေးထားတယ် လုပ်လိုက်၊ တခါတလေ နအဖ လုပ်တာ နိုင်ငံတကာ ဥပဒေနဲ့ ညီညွတ်တယ်
ရေးလိုက် မညီနိုင်ပြန်တော့လဲ တည်ဆဲ အစိုးရမို့ လိုအပ်သလို အရေးယူတာ၊
သူများနိုင်ငံတွေလဲ ဒီလိုဘဲလုပ်တာဘဲ၊ တည့်တည့်ပြစ်တာ ဘာဖြစ်လဲ ရေးလိုက်။
စစ်တပ်က ဖိနှိပ်လို့ လူထုက အုံကြွတာလား၊ လူထုက အုံကြွလို့ စစ်တပ်က
ဖိနှိပ်တာလား သူတို့ မကွဲဘူး။

ရှစ်ခိုးတောင်းပန် မေတ္တာပို့နေတဲ့ လက်နက်မဲ့ ဆန္ဒပြပြည်သူကို အစိုးရက
အကြမ်းဖက် နှိမ်နင်းတာကို ဘာမှမခံစား ရသလို သဘောထားပြီး ဒါသဘာဝဘဲလေ၊
သူတို့ကို ဆန့်ကျင်မှတော့ စစ်အစိုးရပါဆိုမှ သေနတ်နဲ့ ပြစ်မှာပေါ့လို့
ခပ်ပေါ့ပေါ့ ပြောနိုင်တဲ့ သူတွေဘဲ၊ ပြည်သူကို မိဘလိုသဘောထား ကြပါ၊
အကြမ်းမဖက် ဆန္ဒပြပွဲတွေကို စစ်အင်အား အသုံးပြုပြီး အကြမ်းဖက် နှိမ်နင်း
တာမျိုး မလုပ်ပါနဲ့ လို့ နအဖအစိုးရကို တားတဲ့သူတွေနဲ့ မောင်ရင်တို့နဲ့
အတွေးအခေါ် ခံစားချက်ချင်း မတူတော့ပါ။ တွက်နည်းလဲ မတူနိုင်ပါဘူး။
ပြည်သူ့ထောက်ခံမှု ရတာခြင်းလဲ တခြားစီပါဘဲ။ ပြည်သူတွေက ပါးစပ်ဟ လိုက်တာနဲ့
ဘယ်သူဟာ ငါတို့အပေါ် မိဘလို ကောင်းမဲ့လူ ဘယ်သူဟာဖြင့် စိတ်ရင်းစေတနာ
မပါသူ၊ ငါတို့အပေါ် စိတ်ကောင်း မထားသူလဲ သိတာပေါ့။

နအဖက သေနတ်နဲ့ပြစ်။ ဒုတ်နဲ့ရိုက်နှက် ဖမ်းပြီးထောင်ဒါဏ် နှစ်ရှည်တွေချတာ
ပြည်သူတွေ သံဃာတွေကိုလို့ မပြောပါနဲ့တဲ့။ “နအဖကို ဆန့်ကျင်တော်လှန်
ဆန္ဒပြနေသူတွေ” လို့ပြောပါ၊ သူတို့ကိုသာ နအဖက လုပ်တာတဲ့၊
ရှေ့နေလိုက်ပေးတာ၊ ဒီလောက်မှ နားမလည်ဘဲ နိုင်ငံရေး လုပ်ချင်သေးတယ်။
နအဖအစိုးရ ကိုဆန့်ကျင်လို့၊ နအဖဘက် မပါလို့ ပါ။ နအဖကို မဲ မပေးလို့
ပြည်သူ့အခွင့်အရေး အပြည့်အ၀ မရ ရတော့ဘူးလား။ အားလုံး တင်းပြည့်ကျပ်ပြည့်
ပြည်သူပါ။ သေနတ်ကိုင် မထားသမျှ ကိုယ့်ကို ရန်မပြုသမျှ ကိုယ့် မိဘလို
ဆက်ဆံရမှာပါ။ ဒီလောက်တော့ ခဏခဏ မပြောပါရစေနဲ့။ နားလည်ပါ။

နအဖ စစ်တပ်က စစ်သား ငါးသိန်းကို ပြည်သူ သန်းငါးဆယ်က မနိုင်ဘူးလားတဲ့။
အရှိန်လွန်ပြီး လက်နက်မဲ့ သားသည်အမေ၊ ကလေးငယ်၊ မိအိုဖအိုတွေ ပါတဲ့
ပြည်သူတွေက ကျွေးတဲ့ ထမင်းစားပြီး အသားလွတ် ချဲလင်း ခေါ်နေပုံကို
ကြည့်ဦး၊ ဘယ်လောက် ကျေးဇူးကန်းတဲ့ ဦးနှောက်တွေလဲ ဆိုတာ။ မကြေနပ်လို့
လမ်းပေါ်ထွက် ဆန္ဒပြမယ်ဆိုရင် စစ်တပ်က သေနတ် ကိုင်ပြီး ပြုံးကြည့်
နေမှာပေါ့၊ ရုရှားက ၀ယ်ထားတဲ့ အမ်အိုင်ဂျီ တိုက်လေယဉ် အသစ်ကလေးတွေနဲ့
လက်စွမ်းပြလိုက်မှာပေါ့ ဆိုဒါမျိုး ပြည်သူတွေ သေကျေပျက်စီး ရမှာကို
ခတ်လွယ်လွယ် ပြောထွက်တဲ့ ပုဂ္ဂိုလ်လေးတွေ။

ဘာဥပဒေ ဘာစည်းမျဉ်းမှ မလိုက်နာဘဲ ဒါ ပြည်တွင်းရေးကိစ္စ ဘယ်သူမှ
ဝင်မပြောနဲ့ ဆိုပြီး ကိုယ့်အိမ်မှာ ကိုယ့်နှမ၊ ကိုယ့်မိဘ၊
ကိုယ့်ပြည်သူကို ကိုယ်တိုင် မတရားကျင့် နေတာ။ ကုလကော ဘာကော တကမ္ဘာလုံးက
မသင့်တော်ပါဘူး၊ မျက်နှာချင်းဆိုင် ဆွေးနွေး အဖြေရှာကြပါလို့
ဝိုင်းတားနေတာ မရဘူး။ ကိုယ့်သားချင်းတွေကို လက်စွမ်းပြ နေတာ။ ဒါကို
သူတို့က နအဖ နဲ့ NLD ရဲ့ ကြိုးဝိုင်းထဲက လက်ဝှေ့ပွဲပါတဲ့။ ဒိုင်က
ဘန်ကီမွန်း ဆိုလားဘဲ။ မင်းတို့မို့ ပြောထွက်တယ်ကွာ။

အတိုက်အခံတွေက စည်းကမ်းမရှိဘူး၊ စစ်တပ်က စစ်စည်းကမ်းရှိလို့ တိုင်းပြည်
အုပ်ချုပ်သင့်တယ်၊ ဆိုတာလဲ ပါသေး၊ တိုင်းပြည်မှာ စည်းကမ်း
တင်းကျပ်လွန်းရင် လွတ်လပ်ပွင့်လင်းမှု မရှိရင် အညွန့်ချိုး သလိုဘဲ
တိုင်းပြည်တိုးတက်မှု မရှိနိုင်ဘူး၊ ဟန့်တားတယ် ဆိုတာလဲ နားမလည်ဘူး။
ဒါဖြင့် ဘုန်းကြီးရဟန်း ၀ိနည်းတော်တွေက ပိုတောင် စည်းကမ်း ကြီးသေးတယ်။
ဒီလို စည်းကမ်းကြီးတိုင်း တိုင်းပြည် အုပ်ချုပ်ချင်လို့ ရပါ့မလား။
သဘာဝခြင်း မတူမှန်းလဲ မောင်ရင်တို့ မသိ။ မင်းတို့တော့ ဆလံပါဘဲ။

နအဖ အသုံးမကျတာ ငြင်းမရလို့ ၀န်ခံရတော့မယ်ဆို အနည်းဆုံး အားလုံး
တူတူပါဘဲ၊ နအဖအသုံးမကျသလို NLD ကကော ဘာအသုံးကျလို့လဲ၊ စစ်တပ်က
တိုင်းပြည်ကို စစ်အာဏာရှင် လုပ်သလို ဒေါ်စုလဲ ပါတီတွင်း အာဏာရှင်
လုပ်တာပါဘဲ၊ နအဖ = NLD ဘဲ၊ ဦးသန်းရွှေ (စစ်အာဏာရှင်) = ဒေါ်စု
(ဒီမိုအမည်ခံ အာဏာရှင်) လို့ ညီမျှခြင်း ချရေး လိုက်နိုင်ရင်
မောင်ရင်တို့က နေ့တွက်စီတယ် ထင်နေသကိုး။

နအဖနဲ့ NLD မတူပါဘူး ဆိုတာ ရေးပြတော့လဲ ဟိုးအဝေးကြီးက ဘာမှမဆိုင်တဲ့
ဒေါ်စု နိုဘယ်ဆုရတိုင်း အထင်ကြီး စရာလား၊ CIA အမေရိကန်၊ အနောက်အုပ်စုက
ခိုင်းစားမလို့ ဒေါ်စုကို လူမွေးတာ ဆိုတဲ့ သူငယ်နပ်စား စကားတွေ ထွက်လာတော့
ဆက်ပြောရတာ အချိန်ကုန်ပါတယ်။ ခေါင်းဆောင်လုပ်ပြီး လုပ်ပိုင်ခွင့် အာဏာယူ၊
ရာထူးယူ၊ တိုင်းပြည်ကပေးတဲ့ လခယူထား သူက သာမန်လူလို အသုံးမကျလို့
မဖြစ်ဘူး။ အသုံးမကျဘဲ ဒါတွေယူထားတော့ ပြည်သူက ဆင်းပါတော့လို့ အော်တာ
မလွန်ပါဘူး။

ဒါမျိုးကျ System Change ဘဲတောင်းပါ Regime Change မတောင်းပါနဲ့တဲ့။
တယ်လဲ အချို ကြိုက်တတ်သကိုး။

နောက်ဆုံး မရရင် ဒေါ်စု အဖေသတ်တဲ့ အင်္ဂလိပ်နဲ့ ညားတယ်၊ မျိုးမစစ် ကပြားကလေး
နှစ်ယောက်ရှိတယ်၊ ပိတ်ဆို့ခိုင်းတယ်၊ ဂျွန်ယက်တောကို တိတ်တိတ်ပုံး
ချိန်းတွေ့တယ်နဲ့ မဟုတ်တာ များများ ရောသမမွှေပြီး နာလှချည်ရဲ့၊ ဒေါ်စု
တိုင်းပြည် ခေါင်းဆောင် မဖြစ်သင့်ဘူး၊ ပြည်သူ ကဒါတွေမသိလို့ ၁၉၉၀ တုန်းက
မဲပေးခဲ့တာ၊ အသိပေးရမယ်၊ ထလုပ်တော့တာဘဲ။ ပြည်သူက အချင်မဟုတ်
အကုန်သိပါတယ်၊ တိုင်းပြည် ခေါင်းဆောင် ဘယ်သူ ဖြစ်ရမယ်ဆိုတာ ပြည်သူ
ဆုံးဖြတ်ပါ လိမ့်မယ်။ မောင်ရင်တို့ ကိုယ်တို့ အလုပ်မဟုတ်ပါ။

မောင်ရင်တို့ တွေးခေါ်ပြုမူ ပြောဆိုပုံတွေက စစ်တပ်ကို ဗဟိုပြု၊
ကိုယ်စားပြုတဲ့ တွေးခေါ် ပြောဆိုပုံတွေပါ။ ပြည်သူတွေ နာချင်နာ
စစ်တပ်မနာအောင် တွေးခေါ် ပြောဆိုပါတယ်။ ပြည်သူကို အခြေမခံပါဘူး။
ကိုယ်စားမပြုဘူး၊ ကြင်နာမှု မပြဘူး ဆိုတော့ ပြည်သူတွေနဲ့ ရှုထောင့်ချင်း
မတူတော့ဘူး၊ ဒီလို စိတ်ရင်းစေတနာ မပါတဲ့ အတွေးအခေါ်မျိုးနဲ့
ပြည်သူထောက်ခံမှု မရနိုင်ပါ။ စစ်အစိုးရတွေ အဆက်ဆက် ပြည်သူထောက်ခံမှု မရ
မအောင်မြင် ကျရှုံးခဲ့ကြတာ ဘာကြောင့်လဲ၊ အဲဒီအတွေးအခေါ် ကြောင့်ပါဘဲ။
မယုံရင် မောင်ရင်တို့ ပြောပြောနေတဲ့ စစ်တပ်နဲ့ ဉာဏ်ကစားနည်း၊ နိုင်ငံရေး
ဖျံကျနည်းတွေနဲ့ ပြည်သူတွေကြားမှာ ချပြ စည်းရုံးကြည့်ပါ။ ကိုယ့်ဘက်
ပြည်သူ ဘယ်လောက် ပါလာသလဲ တွေ့ပါလိမ့်မယ်။

ဒီမိုကရေစီ ဘက်သားတွေက ပြည်သူဘက်က ကြည့်ပါတယ်။ ပြည်သူကိုအားကိုး ပါတယ်။
ပြည်သူ့အားကို ဘယ်သူကမှ မလွန်ဆန် နိုင်ဘူးလို့ အခြေခံတွက်တာပါ။
ပြည်သူအပေါ် စေတနာထားတယ်။ ပြည်သူနဲ့ တသားထဲကျလို့ ခုထိသူတို့ကို ထောက်ခံ
နေကြတာ။ ကြိုက်တဲ့ နအဖ သူရဲကောင်း အမတ်လောင်းထွက်ခဲ့၊
ကြိုက်သလောက်ငွေသုံး မဲဆွယ်ပြီး ထောင်ထဲ ရောက်နေတဲ့ ဘာရာထူးမှမရှိတဲ့
ဒီမိုကရေစီသမား ဇာဂနာတို့ မင်းကိုနိုင်တို့ ဌေးကြွယ်တို့နဲ့ သာတူညီမျှ
ပြိုင်အရွေးခံရဲလား၊ ၀က်ဝက်မကွဲရင် ကြိုက်သလို ပြော။ စစ်ဗိုလ်ကြီးတွေ
ဒါကိုသိလို့လဲ ၀င်အရွေး မခံနိုင်အောင် လုပ်ထားတယ် ထင်ပါတယ်။

ပိတောက်မြေမှာ ဦးပဉ္စင်းတပါးက မိန့်ဘူးတာ မှတ်မိတယ်။ ဒကာကြီးတို့က
စစ်အာဏာရှင် စနစ်ကို ကိုယ်ရောစိတ်ပါ အူလှိုက် သဲလှိုက် ကြိုက်နေပါရက်နဲ့
စစ်အာဏာရှင်ကို မကြိုက်ပါဘူး၊ ဒီမိုကရေစီ စနစ်ကို ကြိုက်ပါတယ်၊
ဒီမိုကရေစီ ဘက်တော်သားပါလို့ ဒီမှာလာ လိမ်ပြောနေတာ ဒကာကြီးတို့ ရေးတဲ့
စာတွေဖတ်ကြည့်ရင် မဟုတ်မှန်း သိသာပါတယ်။ မဟုတ်ဘဲနဲ့ လိမ်ပြောနေတာလဲ
အင်မတန် အပြစ်ကြီး ပါတယ်တဲ့။ ဦးပဉ္စင်းတို့ ပြည်သူတွေကို
သူငယ်နပ်စားလေးတွေ မထင်ပါနဲ့တဲ့။ မှန်လိုက်တာဗျာ။

စေတနာဖြင့်၊

ကိုဂျူး

မိတ်ဆွေတစ်ယောက်၏မေးလ်အားပြန်လည်ဖော်ပြပေးပါသည်။

Wednesday, April 21, 2010

ဗိုလ်ချုပ်အောင်ဆန်း၏လောကအမြင်

နိုင်ငံရေးဟူသည်မှာလောကဟိတလုပ်ငန်းဖြစ်သည်။လောကဟိတဟူသည်မှာလောကကောင်းကျိုးကိုဆောင်ခြင်းတည်း။လောကဟူသည်မှာလည်း လူနှင့်ကင်းသည်မဟုတ်။ သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောကဟူ၍ လောကသုံးပါး ပိုင်းခြားပြဆိုရာဝယ် လူအပါအဝင်ဖြစ်သော သတ္တလောကသည် အဓိကပင်မဟုတ်တုံလော။ လောကကောင်းကျိုးကို ဆောင်လိုသူသည် လောကအမြင်ရှိရမည်ဖြစ်သည်။ ထိုလောကအမြင် တိကျမှန်ကန်သည်နှင့်အမျှ၊ လောကကောင်းကျိုးကို ဆောင်ရွက်သောလုပ်ငန်းသည် ထမြောက်အောင်မြင်လိမ့်မည်။ ဗိုလ်ချုပ်အောင်ဆန်းသည် သမိုင်းကိုစနစ်တကျလေ့လာ၍ ဆင်ခြင်သုံးသပ်သော ဝသီရှိသူဖြစ်၏ ။ ထိုဝသီကြောင့် သူ့ ၌လောကအမြင် တစ်ခုရှိသည်။ ထိုလောက အမြင်မှာလည်း မျက်မြင်ဒိဋ္ဌတို့ ကိုကြည့်၍ တွေးခေါ်မျှော်မြင်သော အမြင်ဖြစ်သည်။ စိတ်ကူးယာဉ်သူသည် မြေမှလွတ်၍ ကောင်းကင်၌ ပန်းဆိုင်းဆွဲ ဘိသကဲ့သို့  အထက်မရောက် အောက်မကျ စဉ်းစာတတ်သည်။ ဗိုလ်ချုပ်သည် ငယ်ရွယ်စဉ် ကျောင်းသားဘဝက အများနည်းတူ လွတ်လပ်ရေး ဆိုသဟာကို အမျိုးမျိုးစိတ်ကူးယဉ်၍ ကြည့်ခဲ့ဖူးပေးသည်။
သို့ သော်ရင့်ကျက်လာသောအခါ လက်တွေ့ လုပ်ငန်းတို့ ကို လုပ်ဆောင်ရာ၌ ဒိဋ္ဌဓမ္မကိုကြည့်၍ လုပ်ဆောင်ခဲ့သည်။ ထို့ ကြောင့်လည်း သူ၏ကြိုးပမ်းမှုတို့ သည် အောင်မြင်ခဲ့ရခြင်းဖြစ်၏ ။ အဆိုပါအချက်တို့ ကို သာဓကပြပါဟုဆိုလျှင် ထိုစဉ်က Freedom Bloc ဟုခေါ်သော လွတ်လပ်ရေးတပ်ဦး ဖွဲ့ စည်းပုံက အစပြု၍ ပြောရလိမ့်မည်။ ထို့ နောက် ဗမာ့လွတ်လပ်ရေးတပ်မတော် ဖွဲ့ စည်း၍ ဗြိတိသျှ တော်လှန်ရေးလုပ်ခဲ့ပုံ၊ ဖက်ဆစ်ဆန့် ကျင်ရေး အဖွဲ့ ကိုဖွဲ့ စည်း၍ ဂျပန်တော်လှန်ရေးလုပ်ခဲ့ပုံ၊ ဖက်ဆစ်ဆန့် ကျင်ရေး ပြည့်သူ့ လွတ်လပ်ရေး အဖွဲ့ ဖြင့် ဗြိတိသျှ အရင်းရှင် နယ်ချဲ့ လက်အောက်မှ လွတ်မြောက်ရန် ကြိုးပမ်းခဲ့ပုံ စသည့် ဗိုလ်ချုပ်၏ နိုင်ငံရေးလုပ်ရပ် အဆင့်ဆင့်တို့ ကို ဖော်ပြရမည်ဖြစ်၏ ။ ဤဆောင်းပါးအဖို့  ကျနော်ဤမျှ ဝိတ္ထာရကို မရည်ရွယ်ပါ။ စင်စစ် ထိုအခြင်းအရာတို့ ကို ပိုင်ပိုင်နိုင်နိုင် ဖော်ပြနိုင်စွမ်းရှိသည့် ပုဂ္ဂိုလ်များမှာ ဗိုလ်ချုပ်နှင့်နီးစပ်သော နိုင်ငံရေးသုတေသီ ပုဂ္ဂိုလ်တို့ သာလျှင်ဖြစ်ပေမည်။ နောင်အခါတွင် ဗိုလ်ချုပ်၏ လောကအမြင်ကို ကျမ်းကြီး ကျမ်းခိုင် အဖြစ်ဖြင့် ထိုပုဂ္ဂိုလ်တို့ က ပြုစုကြပေလိမ့်မည်။ ကျနော်ကား နိဒါန်းသွယ်ရုံမျှသာ တတ်နိုင်သည်။ ယင်းသို့  နိဒါန်းသွယ်ပေးသဖြင့် အထက်ဖော်ပြရာပါ သုတေသီတို့ က ကျမ်းကြီး ကျမ်းခိုင် တစ်ခုလောက် ပြုစုနိုင်ပါလျှင် ကျနော့်အဖို့  ဆော်သြရကျိုးနပ်ပြီဟု ယူဆရပါမည်။ ဗိုလ်ချုပ်၏ လောကအမြင်ဟုဆိုခြင်းကြောင့် အဘယ်လောကနည်းဟု မေးဖွယ်ရှိသည်။လောကကိုခြုံ၍ကြည့်လျှင် သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောက တို့ ကို မြင်ရပေမည်။ ဗိုလ်ချုပ်လည်း ထိုကဲ့သို့  ခြုံ၍ကြည့်ခဲ့လိမ့်မည်မှာ မလွဲချေ။
သို့ သော် ဗိုလ်ချုပ်သည် ဤကျွန်ုပ်တို့ ၏မြန်မာ့ရေမြေနှင့် နီးစပ်သူပုဂ္ဂိုလ်ဖြစ်၍မျက်မြင်ဒိဋ္ဌ တို့ ကိုသာ ဦးစားပေးသူဖြစ်လေရာ၊ ဗိုလ်ချုပ်၏လောကမှာ မြန်မာ့လူ့ ဘောင်လောက ဖြစ်ပေသည်။ ထို့ ကြောင့် ဗိုလ်ချုပ်၏ မြန်မာ့လူ့ ဘောင်လောက အမြင်ကို ကျနော်ဆိုလိုသည်။ လူ့ ကောင်းကျိုးကို ဆောင်ရွက်သူတို့ မှာ ပစ္စက္ခ၌ မြင်တွေ့ နေရသော လူ့ ဘောင်လောက၏ အခြေအမြစ် ကို စူးစမ်းရန်တာဝန်ရှိပေသည်။ ထိုအခြေအမြစ်ကို လိုက်သည်ရှိသော် ပစ္စုပ္ပန်၌ ဤသို့  ဤသို့ ဖြစ်ပေါ်လာရသည်မှာ အတိတ်၌ ထိုသို့  ထိုသို့ သော အကြောင်းကြောင့် ဖြစ်ပေါ်လာရလေသည် ဟူ၍ အကြောင်း အရင်းကို ရှာစမြဲ ဖြစ်၏ ။ ဗိုလ်ချုပ်သည် မိမိလုပ်ရပ်များအတွက် အဆိုပါ အကြောင်း အရင်းကို ရှာကြံလေ့ ရှိသည်။ ဗိုလ်ချုပ်သည် ၁၉၄၅ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့ တွင် အရှေ့ အနောက် အသင်း အစည်းဝေးပွဲ၌ မြန်မာ့တော်လှန်ရေး အကြောင်း ဟောပြောသွားခဲ့သည်။ ထိုသို့ ဟောပြောရခြင်းမှာ အကြောင်းရှိ၏ ။
မဟာမိတ်တပ်များသည် ၁၉၄၅ ခုနှစ် မေလတွင် မြန်မာနိုင်ငံကို ပြန်လည်သိမ်းပိုက်ခဲ့ကြသည်။ ထိုအခါ ယင်းသို့  လွယ်လွယ်ကူကူနှင့် ပြန်လည်သိမ်းပိုက် နိုင်သည့်အကြောင်းကို ရှာလိုက်သောအခါ ဗိုလ်ချုပ်အောင်ဆန်းဦးစီးသော မြန်မာ့မျိုးချစ် တပ်မတော်၏ တော်လှန်ရေးလုပ်ငန်းကို တွေ့ မြင်လာကြရသည်။ ဤသည်တွင် ကမ္ဘာ တစ်ဝန်းလုံးသည် ဗိုလ်ချုပ်နှင့်တကွသော မြန်မာ့ မျိုးချစ်တပ်မတော်ကို ချီးကျူးလာကြသည်။ သို့ ရာတွင် ဗြတိသျှ နယ်ချဲ့ အရင်းရှင် ဗျူရိုကရက်တို့ ၏ နောက်လိုက်များကား မြန်မာ့ မျိုးချစ်တပ်မတော်ကို အသားမပေးလိုကြချေ။ ရာဇဝန်တွင် မပေါ်အောင် မြုပ်နှံလိုကြသည်။ ထို့ ကြောင့် SEAC သတင်းစာမှ နေ၍ အမျိုးမျိုး သွားပုပ်လေလွင့် ရေးသားသည်။ ဤသည်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် အချက်လက်နှင့်တကွ ချေပခဲ့ရသည်။ ဤသို့ ချေပရန်အတွက် ပထမဦးစွာ အရှေ့ အနောက်အသင်းကို အသုံးပြုခဲ့သည်။ ဤသည်မှ နောက်ပိုင်းတွင် SEAC သတင်းစာသည် မြန်မာမျိုးချစ်တပ်မတော်ကို ပုပ်ခတ်ခြင်းမှ ရှောင်ကြဉ် လာရလေသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဟောပြောချက်မှာ မြန်မာတို့ က ဗြတိသျှ တို့ ကို အဘယ့်ကြောင့် တော်လှန်ခဲ့ရသည့် အကြောင်းဖြစ်သည်။ ထိုဟောပြောချက်ထဲတွင် စိတ်နာစကားမပါ ဖြစ်ရခြင်းအကြောင်းတို့ ကို ရိုးရိုးနှင့်စင်းစင်း မကွယ်မထောက် မငဲ့မညှာ ဟောပြောခြင်းသာဖြစ်သည်။ ထိုဟောပြောချက်သည် ဗိုလ်ချုပ်၏ လောကအမြင်ကို ဖော်ပြပေသည်။ ဗြိတိသျှတို့  မြန်မာနိုင်ငံကို မသိမ်းပိုက်မှီ မြန်မာဘုရင်ခေတ် တစ်လျှောက်လုံး၌ ကျနော်တို့ ၏ လူနေမှု စနစ် အရင်းခံသည် အလယ်ခေတ် ပဒေသရာဇ် စနစ်အတိုင်းပင် ဖြစ်သည်။
ရှေးမြန်မာဘုရင်တို့ သည် ပဒေသရာဇ်နယ်ပယ်များကို စုပေါင်းစည်းရုံး၍ ဧကရာဇ် စနစ်ကို ထူထောင်ခဲ့ကြသည် မှန်ပေသည်။ သို့ သော် အများနှင့်စာလျှင် ကျနော်တို့ မှာ ရှေးကျလွန်းသည် ဖြစ်၍လည်းကောင်း၊ ကျနော်တို့ ၏နိုင်ငံရေး အတွေးအခေါ်မှာ နယ်ချဲ့ ခြင်း၊ ချယ်လှယ်ခြင်း၊ အမြတ်ထုတ်ခြင်းစသော သဘောတရားတို့ ၌ အခြေခံသည်မဟုတ်ခြင်းကြောင့် တစ်ကြောင်း၊ မြန်မာဧကရာဇ် ဘုရင်မင်းမြတ်တည်းဟူသော အမည်နာမကို နှစ်ပရိစေဒ ကြာရှည်စွာ အမြစ်စွဲ လောက်အောင် အသုံးပြုနိုင်ခဲ့သည်မဟုတ်ချေ။ အမျိုးသားခြင်း စည်းလုံးညီညွှတ်ရေး သာလျှင် ပဓာနဖြစ်၍ ထိုညီညွှတ်ရေးအလိုပြည့် လျှင် ကျနော်တို့ ဘိုးဘွား ဘီဘင်တို့ သည် ရှေးမူမပြတ် နေထိုင်မြဲ နေထိုင်ကြသည်။ ရုပ်ဝတ္တု တိုးတက်မှု အခြေခံဖြစ်သော ကုန်ထုတ်လုပ်ခြင်း၊ ရောင်းခြင်း၊ ဝယ်ခြင်း၊ စက်မှုလုပ်ငန်းတည်ထောင်ခြင်း၊ စသည့် အမှုတို့ ကို မပြုခဲ့ကြချေ။ ထို့ ကြောင့်ဥရောပ၌ အလယ်ခေတ်ကို ကျော်လွန်လာသောအခါ ပဒေသရာဇ်စနစ် ကွယ်ပျောက်စ ပြုလာသော်လည်း ကျနော်တို့ မှာ ၁၉ ရာစုနှစ်တိုင်အောင် ပဒေသရာဇ်ကို ဖက်ထားရဆဲ ဖြစ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့ပဒေသရာဇ်ခေတ်၌ မြန်မာ့စည်းပွါးရေးမှာ မြေကိုစွဲသော စီးပွါးရေးဖြစ်သည်ဟု တင်ပြခဲ့သည်။ ထိုခေတ်က မြန်မာ့မြေယာ စနစ်မှာ ဓါးမဦးချ၊ ဘိုးဘပိုင်နှင့် အရာတော်မြေဟူသော မြေသုံးစား အပေါ်တွင် တည်ဆောက်သော စနစ်ဖြစ်သည်။ ထိုခေတ်က မြေငတ်သည် ဟူ၍ မရှိ။ တိုင်းသူ ပြည်သားမှန်သမျှ ယေဘုယျ အားဖြင့် မိမိမြေကို မိမိပိုင်၍ မိမိကိုယ်တိုင် တစ်ဝမ်းတစ်ခါး ဖူလုံရေးအတွက် လုပ်ကိုင်နိုင်ကြသည်။
မဇ္ဈိမဒေသမှလာ၍ ဗြဟ္မဏ ပုဏ္ဏား တို့ ၏ ယဉ်ကျေးမှု လွှမ်းမိုးခြင်း၊ အငွေ့ အသက်မကုန်သေးသောကြောင့် ကျနော်တို့ နိုင်ငံတွင် ဘုရားကျွန်၊ ကျောင်းကျွန်၊ မြေကျွန်၊ ယာကျွန်တို့ ရှိခဲ့သည် မှန်၏ ။ သို့ သော် ကျနော်တို့ သမိုင်းကိုလေ့လာလျှင် ဝိသေသ တို့ ကို ယေဘုယျဟု မသတ်မှတ်နိုင်ရာ။ ဝိသေသလက္ခဏာ မှန်သမျှသည် ယေဘုယျတို့ ၏ ချွင်းချက်များသာဖြစ်သည်။ ထို့ ကြောင့် ဗိုလ်ချုပ်သည် ချွင်းချက်တို့ ရှိကြောင်း ဖော်ပြခဲ့သော်လည်း ယေဘုယျ အားဖြင့်ကား ထိုခေတ်က မြေရှင်ကြီးစနစ် မပေါ်ပေါက်ခဲ့ကြောင်းကို ဆိုခဲ့ပေသည်။ ထိုမှ တဆင့်တက်၍ သုံးသပ်ကြည့်ရာတွင် ထိုခေတ်က အနောက်နိုင်ငံ၌ ထွန်းကားသော ကုန်သည်ကြီး စနစ်ပင်လျှင် မပေါ်ပေါက်သေးသည်ကို အထောက်အထားဖြင့်ပြဆိုခဲ့သည်။မြန်မာနိုင်ငံသည် စိုက်ပျိုးရေး အဓိက နိုင်ငံဖြစ်၏။ စိုက်ပျိုးရေးနှင့်ယှဉ်သော လက်မှုလုပ်ငန်းတို့ ထွန်းကားခဲ့၏ ။ စက်မှုဟူ၍ကားမရှိသေး။ ထို့ ပြင် စိုက်ပျိုးရေးနှင့် လက်မှုလုပ်ငန်းတို့ တွင် ယခုခေတ် သမဝါယမ စနစ်မျိုး၏ ရှေ့ ပြေးဖြစ်သော ပူးပေါင်းဆောင်ရွက်မှုသည် ဖြစ်ထွန်းခဲ့၏။ ဗိုလ်ချုပ်သည် မြန်မာ့ စိုက်ပျိုးလုပ်ငန်း၊ အထည်အလိပ်ရက်လုပ်ခြင်းလုပ်ငန်း၊ လက်မှုပညာလုပ်ငန်း စသည်တို့ ၌ လုပ်သားအပေါင်းတို့  အစုဖွဲ့ ၍စုပေါင်းလုပ်ကိုင်သော သဘာဝကို ကောင်းစွာ ဆင်ခြင်မိလေသည်။
ရှေးမြန်မာမင်းတို့ ၏ ခေတ်၌ လမ်းပန်းဆက်သွယ်ရေးမှာ လှေခေတ်၊ လှည်းခေတ် ဆက်သွယ်ရေးဖြစ်သည်။ ထို့ ကြောင့် မြန်မာမင်းအုပ်ချုပ်ရေးကို ဆန်းစစ်ကြည့်ပါက ဘုရင်မင်းမြတ်က ဗဟိုမှနေ၍ ချုပ်ကိုင်အုပ်စိုးခြင်းမှာ များစွာလွယ်ကူလှသည် မဟုတ်ချေ။ထို့ ကြောင့် ဗဟိုအာဏာတို့ ကို ရွာစား၊မြို့ စားတို့ အား ခန့် ခွဲ ပေးရသော သဘောရှိသည်။ ဤသဘောမှာ ဗဟိုမှ ချုပ်ကိုင်ခြင်း လျှော့ရဲ သည်ကိုပြသည်။ အုပ်ချုပ်ရေး၌ပင်လျှင် ထိုကဲ့သို့ ဖြစ်နေလေသော်စီးပွါးရေးအားဖြင့် ဗဟိုမှနေ၍ ချုပ်ကိုင်ချယ်လှယ်ဘို့ ရာ ခဲယဉ်းပေသည်။ ဤအကြောင်းကိုထောက်ရှု၍၄င်း၊ အထက်၌ပြဆိုသော သမဝါယမဆန်သော သဘောကိုထောက်ရှု၍၄င်း၊ ဗိုလ်ချုပ်က ထိုခေတ်ထိုအခါ၌ယနေ့ ကျွန်ုပ်တို့  မြင်တွေ့ နေရသော ကုန်သည်ကြီးလူတန်းစား မထွန်းကားသေးဟု ဆိုခဲ့သည်။ ဤအယူအဆကို ယုတ္တိမရှိဟု မဆိုနိုင်ချေ။ မြန်မာ့သမိုင်းတစ်ရပ်လုံးကို ပြန်ကြည့်လျှင် ပုဂံခေတ်မှ စ၍ကုန်းဘောင်ခေတ်သို့ တိုင်အောင် ကျနော်တို့ ၏သမိုင်း ဆိုသည်မှာ စိုးမိုးသူ မင်းတို့ ၏အကြောင်းမျှသာဖြစ်သည်။ ယင်းအကြောင်းကြောင့်လည်း ရာဇဝင်ဟု ခေါ်ကြခြင်းဖြစ်သည်။ မြန်မာ့ရာဇဝင်ထဲ၌ မြေရှင်ကြီးများ၊ ကုန်သည်ကြီးများ အဆက်ဆက် သြဇာ လွှမ်းမိုးခဲ့သည်ဟုမရှိချေ။
ဥရောပသမိုင်းကို ကြည့်လျှင် အလယ်ခေတ်ကုန်၍ စက်မှုလက်မှု တော်လှန်ရေးခေတ်သို့  ရောက်လာသောအခါ မြေရှင်ကြီး လူတန်းစား နှင့် ကုန်သည်ကြီး လူတန်းစားတို့ သည် အရင်းရှင်များအဖြစ်ဖြင့် လူတန်းစားခြင်းပူးပေါင်းလာကြပြီးလျှင် ထိုအရင်းရှင်တို့ သည် မိဘမျိုးနွယ်ကိုလိုက်၍ ကုမ္ပဏီဟုခေါ်သော အရင်းရှင် အသင်းအစုများ တည်ထောင်လာခဲ့ကြရာ ယနေ့ တိုင်အောင်ပင်လျှင် ထိုအရင်းရှင်အစု တို့ သည် ခိုင်မာသောအဆောက်အအုံ အဖြစ်ဖြင့် တည်မြဲလျှက်ရှိနေလေသည်။ ထို့ ကြောင့်ပင်လျှင်အဆိုပါ ကုမ္ပဏီကြီးများသည် ယနေ့ အဖို့ ၌ နှစ် ၁ဝဝ ပြည့် အခမ်းအနား နှစ် ၂ဝဝ ပြည့် အခမ်းအနား နှစ် ၃ဝဝ ပြည့်အခမ်းအနား စသည်ဖြင့် ကျင်းပနေကြခြင်းဖြစ်၏။ မြန်မာ့သမိုင်းတွင် ယင်းကဲ့သို့  ကုန်သည်ကြီးလူတန်းစားတို့ က သားစဉ်မြေးဆက် ရာပေါင်း ငါးဆယ်၊ တစ်ရာ အထိ အခြေခံခိုင်မြဲခဲ့သည်ဟု မရှိချေ။ ရာဇဝန်တွင် တစ်ခါတစ်ရံ မည်သူမည်ဝါသည် ဘောဂဗလ သူဌေးဘွဲ့ ကို ရရှိခဲ့သည်ဟု ကျနော်တို့ ဖတ်ရှုခဲ့ရ၏ ။ သို့ သော် ထိုဘောဂဗလ သူဌေးကြီး၏ သားစဉ်မြေးဆက်တို့ သည် နှစ်ပေါင်း ငါးဆယ်၊ တစ်ရာ အထိ သူဌေး အဖွဲ့ အစည်း မပျက် တည်ရှိခဲ့သည်ဟု မတွေရလေ။ ယင်းကဲ့သို့ မြန်မာ့လူ့ ဘောင်လောကထဲ၌ ကုန်သည်ကြီးလူတန်းစား မရှိခဲ့ရသည့် အကြောင်းကို ဗိုလ်ချုပ်အောင်ဆန်း စဉ်းစားရာတွင် လူတန်းစား တစ်ဦးကတစ်ဦးကို စီးပွါးရေးအားဖြင့် ချယ်လှယ်သော သဘာဝသည် မြန်မာ့လူ့ ဘောင်အဖွဲ့ ၌ မရှိခဲ့ခြင်း၊ ဘုန်းကြီးကျောင်း ပညာရေးစနစ်ကြောင့် မြန်မာအများမှာ စာပေကျမ်းဂန် ၌ တတ်ကျွမ်း၍ သဘောထား ပြည့်ဝခြင်း၊ မြန်မာအမျိုးသမီးတို့ ၏စီးပွါးရေး၊ လူမှုရေးသည် အမျိုးသားတို့ နှင့်အတူညီတူညီမျှ ရှိ၍ လွတ်လပ်ခြင်း၊ ပြည်တွင်းဖူလုံမှုနှင့် အချင်းချင်းပူးပေါင်း ဆောင်ရွက်မှု သမဝါယမ သဘောတို့  ထွန်းကားခြင်း၊ စသည်တို့ ကို အခြေပြု၍စဉ်းစားသည်။
တစ်နေရာတွင် ဗိုလ်ချုပ်အောင်ဆန်းက ဗုဒ္ဓ သာသနာ၏ကျေးဇူးကြောင့် လူတို့ မှာ လူလျှင်လူချင်း ဗြဟ္မစိုရ် တရား လက်ကိုင်ထားကြပုံကိုသိဒ္ဓိ တင်၍ပြောဆိုသွားသည်။ ဗိုလ်ချုပ်သည် မြန်မာရှေးဦးလူမှု အဆောက်အအုံကို အလွန်တရာမှ ကည်နူးဖွယ်ကောင်းသော ဗဒေသရာဇ် စီးပွါးရေးစနစ် ဖြစ်သည် ဟူ၍ပင်လျှင် ဖွဲ့ ဆိုခဲ့လေသည်။ပဒေသရာဇ်၊ ဧကရာဇ် စသည်ဖြင့် ကျွန်ုပ်တို့  ပြောဆိုနေကြရသည့်တိုင်အောင် ရှေးမြန်မာမင်းတို့ ၏ ခေတ်၌ ဥရောပတိုက် အသုံးအနှုန်း ဖြစ်သော အရစ္စတိုကရေစီ ပင်လျှင် မထွန်းကားခဲ့ချေ။ မြန်မာမင်းတို့ လက်ထက်တွင် ကာယဗလ၊ ဥာဏဗလ၊ စာရိတ္တဗလ နှင့်ပြည့်စုံသူတို့ သည် မည်မျှ ဆင်းရဲ သော အရပ်သားပင် ဖြစ်စေ၊ မင်းစိုးရာဇာ အသိုက်အဝန်းထဲသို့  အရည်အချင်းအလိုက်ရောက်ရှိလာနိုင်ကြသည်။ တိုင်းပြည်တာဝန်ကို သူရသတ္တိရှိသူ မည်သူမဆို ထမ်းဆောင်နိုင်ခွင့် ရှိသည်။ ထို့ ကြောင့် အရပ်သားနှင့် မှူးမတ်မျိုးရိုးဟူ၍ ဥရောပတိုက်မှာကဲ့သို့  ကတ္တားခြားခြင်းမရှိချေ။
အရစ္စတိုကရေစီ ဟူသော လူတန်းစားဟူ၍ သတ်သတ်မရှိ၊ အနောက်နိုင်ငံအခေါ်အားဖြင့် (Commoner) ဟုခေါ်သော အရပ်သားသည်ပင်လျှင် ဝန်စင်းမင်းရာဇာ တို့ ကဲ့သို့ မှူးကြီး မတ်ကြီး ဖြစ်လာနိုင်သည်။ မြန်မာမင်းလက်ထက်တွင် ရာထူး ဌာန န္တရ ဂုဏ်သိရ် အလိုက် မင်းညီ မင်းသား၊ မှူးမတ်၊ သေနာပတိ စသည်တို့ ကို အဆောင်အယောင် အခမ်းအနားအားဖြင့် အုပ်ချုပ်ရေး သဘာဝအရ ခွဲ ခြားထားရသည်မှန်ပေသည်။ သို့ သော် ဗိုလ်ချုပ်၏ ဆိုလိုရင် အဓိပ္ပါယ်မှာ ဥရောပတိုက်မှာကဲ့သို့  အရစ္စတိုကရေစီဟူသော လူတန်းစားမျိုး မြန်မာ့လူနေမှု စနစ်၌ မရှိခဲ့သည်ကို ဆိုလိုပေသည်။ အထက်ပါတို့ ကို ဆင်ခြင်လျှင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာမင်းတို့ ၏ ခေတ်ဟောင်း အတိတ်ကို တမ်းတမျှော်မှန်းသည်ဟု ဆိုဖွယ်ရာရှိသည်။ မျိုးချစ်စိတ်ပြင်းထန်သော ပုဂ္ဂိုလ်တို့ ၏ သဘာဝအတိုင်း အတိတ် သမိုင်းကို ဗိုလ်ချုပ်သည် လွမ်းကောင်း လွမ်းမိပေမည်။ သို့ သော် ထိုအတိပ်ကို တမ်းတကာ အတိပ်ဘဝကို ပြန်ရောက်အောင် မျှော်မှန်းခြင်းကား မပြုခဲ့ချေ။ ဗိုလ်ချုပ်က ယခုလို အတိတ်ကို ပြန်ပြောင်းကြည့်ရှု သုံးသပ်၍ တင်ပြသည်မှာ အလွန်တရာမှ ကြည်နူးစရာ ကောင်းသော မြန်မာလူနေမှု စနစ်ကြီးတစ်ရပ်ကို ဗြတိသျှတို့  ဖျက်ဆီးပစ်လိုက်ကြောင်းထင်ရှားစေလို ၍ ပြောခြင်းမျှသာဖြစ်၏ ။
ဗြတိသျှတို့  ၁၈၂၅ - ၂၆ ခုနှစ်ကစ၍ မြန်မာနိုင်ငံကို သိမ်းပိုက်လိုက်သောအခါ ဗြတိသျှ နယ်ချဲ့ အရင်းရှင်ဝါဒ သည် မြန်မာနိုင်ငံကို လွှမ်းမိုးလာသည်။ ထို့ ကြောင့် မြေရှင်ကလေး စနစ်၊ မြေရှင်ကြီးစနစ်၊ နိုင်ငံခြားသား မြေရှင်ကြီးစနစ် စသည်တို့ အဆင့်ဆင့် ပွါးသထက် ပွါးလာခဲ့သည်။ ကုန်သည်စိတ်မရှိသော (ဝါ) ခေါင်းပုံဖြတ် ခြင်း၌ ဝါသနာမရှိသော မြန်မာတို့ မှာ ကုန်သည်ကလေး၊ ကုန်သည်ကြီး၊ အရင်းရှင် စသည်ဖြင့် တဆင့်ပြီးတဆင့် ဖေါက်ပြားလာကြသည်။ သို့ နှင့်ပင် အရင်းရှင်တို့ ၏ ခေါင်းပုံဖြတ် အမြတ်ကြီးစားဓလေ့တို့ သည် မြန်မာ့လူ့ ဘောင်ကို ဖျက်စီးလိုက်လေသည်။ မူလက အရစ္စတိုကရေစီ လူတန်းစားတို့  မရှိခဲ့ခြင်းကြောင့် ဗြတိသျှတို့ သည် ၄င်းတို့ လက်လှမ်းမှီရာတို့ ကို သိမ်းသွင်း၍ ၄င်းတို့ သြဇာခံ ဗျူရိုကရေစီ လူတန်းစားကို ဖန်ဆင်းပေးခဲ့သည်။ အချုပ်မှာ ဗြိတိသျှ တို့ သည် ၄င်းတို့ အုပ်ချုပ်လာသော နှစ်ပေါင်း ၁၂၃ နှစ်ခန့် အတွင်းဝယ်ဗိုလ်ချုပ်စိတ်ထဲ၌ အလွန်ကြည်နူးလျှက်ရှိသော မြန်မာ့လူ့ ဘောင်ကြီးတစ်ရပ်လုံးကို ဖျက်စီးပစ်ခဲ့သည်ဟု ဆိုလိုပေသည်။ ဤသို့  မြန်မာ့လောကကြီး တစ်ခုလုံးကို အရင်းရှင် နယ်ချဲ့ တို့ ကဖျက်ဆီးခဲ့ခြင်းကြောင့် ကျနော်တို့ မြန်မာတိုင်းရင်းသား အားလုံးက တော်လှန်ရန် ဗိုလ်ချုပ်သည် ကျွန်ုပ်တို့ အား စုစည်းပေးခဲ့ လေသည်။ မြန်မာ့လွတ်လပ်ရေးရလျှင် နယ်ချဲ့ ၏ အဖျက်အဆီးကိုပြည်ထောင်စု အပြုသဘောဖြင့် မည်ကဲ့သို့ ခေတ်သစ်တစ်ခု ထူထောင်မည် ဟူသည်ကို ဗိုလ်ချုပ်သည် ဖဆပလ ပထမ ကွန်ဂရက် မိန့် ခွန်းတွင် အကြမ်းလောင်းပေးခဲ့သည်။
ထို့ နောက် တစ်စတစ်စ ဖြင့် မြန်မာ့လူ့ ဘောင် အဖွဲ့ အစည်းကို ပြန်လည် ထူထောင်ရန် အလို့ ငှာ စီမံကိန်းအရပ်ရပ်တို့ ကို ချမှတ်ပေးခဲ့ လေသည်။ ယင်းသို့  စီမံကိန်းချမှတ်သည့်အခါရှေးမြန်မာတို့ ၏ လူလျှင် လူချင်း အဆင့်အတန်းမခွဲခြားသော သဘာဝ၊ ခြယ်လှယ်ခေါင်းပုံဖြတ်ခြင်း ကင်းသော သဘာဝ၊ အချင်းချင်း စုပေါင်း ဆောင်ရွက်တတ်သော သဘာဝ လူ့ လောကကိဲုဗြဟ္မစိုရ် တရားဖြင့် သုံးသပ်တတ်သော သဘာဝ စသည့် မြန်မာ့သဘာဝတို့ ကို ဖွင့်ဖြိုးတိုးတက်အောင် စည်းရုံးရေးဖြင့် ဆောင်ရွက်သွားရန် အမြဲတမ်း အကြံပြု ခဲ့လေသည်။ ဗိုလ်ချုပ်၏အာသီသ သည် အတိတ်မှ အနှစ်သာရရှိသော ကောင်းမြတ်သည့်တရားတို့ ကိုထုတ်ဖော်၍ တိုင်းပြည်အတွက် အသုံးချလိုသောအာသီသ ဖြစ်သည်။ မြန်မာ့ဇစ်မြစ် ကိုအခြေတည်၍ တိုင်းသစ်ပြည်သစ်လူမျိုးသစ်ကို ထူထောင်သွားလိုသော အာသီသဖြစ်သည်။ ဂျပန်သည် ၁၉၄၅ ခုနှစ် သြဂုတ်လ အလယ်တွင် လက်နက်ချသည်။ မျိုးချစ်မြန်မာ့တပ်မတော်၏ တော်လှန်ရေးလုပ်ငန်းလည်းဂျပန်လက်နက်ချသည်နှင့် ပြီးဆုံးလေသည်။ ဤတွင် အရင်းရှင်နယ်ချဲ့ တော်လှန်ရေးလုပ်ငန်းလည်း စခန်းထရလေတော့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ထိုကာလမှစ၍ ကွယ်လွန်သော ၁၉၄၇ ခုနှစ်ဇူလိုင်လ ၁၉ ရက်နေ့ ထိ ထိုလုပ်ငန်းကို တစ်စူးတစ်စိုက် ဆောက်ရွက်ခဲ့ရာ ထိုကာလအတွင်း သူဟောပြောသမျှသော စကားတို့ မှာ အထက်၌ ပြဆိုခဲ့သော လောက အမြင်ကို အခြေတည်ကာဗြတိသျှ အရင်းရှင် နယ်ချဲ့ တို့  ဖျက်ဆီးခြေမှုန်းခဲ့သော မြန်မာ့လူ့ ဘောင် နေရာတွင် ခေတ်နှင့်အညီတိုးတက်သော မြန်မာ့လူ့ ဘောင်သစ်တည်ဆောက်ရန် လမ်းစဉ်ချပေးခဲ့သော စကားတို့ သာဖြစ်သည်။
ယနေ့ အဖို့  ခေတ်ပြောင်းတော်လှန်ရေးကြီး တစ်ရပ်ကို ဆောင်ရွက်လျှက်ရှိကြသည် ဟူသည်မှာ ဗိုလ်ချုပ်၏လောက အမြင်ကို လေ့လာသုံးသပ်၍ ဖွံ့ ဖြိုး သည်ထက် ဖွံ့ ဖြိုးအောင် ဝိပသနာ ရှုကြပြီးလျှင်ဗိုလ်ချုပ် ညွှန်ပြခဲ့သော လမ်းစဉ်ကို ကာယကံမြောက် တည်ထွင် ဖောက်လုပ်သော သဘောဖြစ်သည်။ ခေတ်အလျှောက် တိုးတက်သော အတွေးအခေါ် အမြှော်အမြင်တို့ ကို ကျွန်ုပ်တို့ လက်ခံကျင့်သုံးကြသည်။ သို့ သော် ကျွန်ုပ်တို့ ၏ မျိုးရိုး ဇာတိ ကိုမူ ပယ်ဖျက်ကြသည်မဟုတ်ချေ။ အတိတ်ကာလ မြန်မာ့လူ့ ဘောင်သည် သမ္မာ သမဂ္ဂ သဘောထွန်းကားသော လူ့ ဘောင်ဖြစ်သည်။ကျွန်ုပ်တို့ မှာ ပဒေသရာဇ် ခေတ်ထဲတွင် အများနည်းတူ ကျရောက်ခဲ့ကြစေကာမူ ကျွန်ုပ်တို့ ၏ အခြေမှာ ဗိုလ်ချုပ်ပြောသလို အသိတရားနှင့် ပြည့်ဝသော အခြေဖြစ်သည်။
ဤအခြေကြောင့်သမ္မာ သမဂ္ဂ တရားများ ထွန်းကားခဲ့ ခြင်းဖြစ်၏ ။ သမ္မာ သမဂ္ဂ ဟူသည်မှာလည်း ယခုခေတ် ဆိုရှယ်လစ်လူ့ ဘောင် စနစ်၏ရှေ့ ပြေးပင်ဖြစ်လေတော့သည်။ဤတရားတို့ ကိုအရင်းရှင် နယ်ချဲ့ စနစ်ကသာ မဖျက်ဆီးခဲ့ပါမူ ကျွန်ုပ်တို့  အလိုအလျှောက်ကျွန်ုပ်တို့၏ နည်းဖြင့်ဆိုရှယ်လစ်လူ့ဘောင်သစ်ကို ထူထောင်ပြီးသားဖြစ်ခဲ့ကြပေလိမ့်မည်။ သို့ သော် သမိုင်းက ကံမကောင်းခြင်းကြောင့်ကျွန်ုပ်တို့ မှာ သူတပါးထက် နှစ်ပေါင်းများစွာ နောက်ကျလျှက်ရှိနေသည်။ တော်လှန်ရေးလုပ်ငန်းကြီးကို လုပ်ဆောင်နေကြသော တက်လူမှန်သမျှသည် မိမိတို့ ကိုယ်တိုင်က အသင့်အတင့် နှလုံးသွင်း၍မိမိတို့ နှင့် နီးစပ်သူ အားလုံးလည်း အသင့်အတင့်နှလုံးသွင်းနိုင်လေအောင် ဆောက်ရွက်ကြရန်တာဝန်ရှိသည်။ ထိုတာဝန်ရှိသူတို့ သည် ဗိုလ်ချုပ်အောင်ဆန်းကို စံပြု၍ လောကအမြင်ရင့်ကျက်အောင် လေ့လာနိုင်ကြပါစေ ဟူသော ရည်ရွယ်ချက်ဖြင့် ဤဆောင်းပါးကို တင်ပြလိုက်ရပါသည်။
( မောင်ထင်ရေးသည်။ ၁၉၆၅ခုနှစ်၊ ဂျူလိုင်လ၊ မြဝတီ မဂ္ဂဇင်း၊ အတွဲ (၁၃)၊ အပိုင်း (၉))

စာဆိုတော်နှင့် လက်ရုံးရည်

စာဆိုစစ်သားများ
စစ်သားဟူသည် လူကြမ်းလူရမ်း ဟုယူဆကြ၏။ သို့ယူဆသည်မှာ ယူဆထိုက် သောအကြောင်းရှိသောကြောင့်ဖြစ်ပေမည်။ စစ်သားသည် မနုနိုင် မပျော့နိုင် နုက ပျော့က စစ်သားမဖြစ်ပြီ။ သာမန်ယောကျာ်းများပင် စစ်သားဖြစ်ရန် ခဲယဉ်း၏။ နူးညံ့ပျော့စိက စစ်သားဘ၀နှင့်ဝေးတော့သည်။ အနု အပျော့ဆိုရာတွင် ကိုယ်ခန္ဓာ ကြံ့ခိုင်ရမည်။ တောင့်တင်းရမည်။ မိန်းမလို မိန်းမရ၊ အသားပျော့စိ ပျော့ဖပ်၊ လေလာက လဲမည့်သူကို စစ်သည်လက်မခံ လက်ခံပြန် ကလည်း ကိုနွဲ့ နှောင်းကား ကြာရှည်ခံမည် မဟုတ်ချေ။ ယောကျာ်းပီသသောလူမှ စစ်သားဘ၀တွင် ခိုင်မြဲစွာတည်နေပေမည်။ စစ်သားဘ၀သည် မအေးချမ်း မသာယာချေ။ ဇွဲနဘဲရှိသူမှ တာရှည်အမှုထမ်းနိုင်သည်။ စစ်သားဘ၀၏ တာဝန်ကြီးလေးပုံ ဆင်းရဲပင်ပန်းပုံကို သျှင်မဟာရဋ္ဌသာရသည် “အကွေ့ အလည်၊ ကင်းရှည် ကင်းတို၊ သူလျှို သူကယ်၊ မျိုးဝယ် ရောပြွမ်း၊ စုံစမ်း နက်တံ၊ မြို့ ခံ မြို့ ထို၊ တညှိုး သမ်းသမ်း၊ ပူချမ်း ဆင်းရဲ၊ ကိုက်ခဲ ဖြုတ်ခြင်း၊ အိပ်ချင်အိပ်ရ၊ လွမ်းတအိမ်ရာ၊ ညောင်းညာ ထိုင်နေ၊ စစ်မြေ မှုထမ်း” ဟုဖော်ပြခဲ့၏။ အင်းဝခေတ်က စစ်သားဘ၀သည် ဤမျှငြိုငြင်ခဲ့လျှင် ယခု ပြည်ထောင်စုခေတ်က စစ်သားဘ၀ကား မည်မျှပင်ပန်းပေမည်နည်း။

စစ်သားလေးမျိုး
ကိုယ်ခန္ဓာတောင့်တင်းပြီး စွမ်းပကားနှင့်ပြည့်စုံရမည်မှာ စစ်သားဘ၀၏ လိုလားအပ် သော အင်္ဂါတရပ်ဖြစ်ချေသည်။ ကိုယ်ခန္ဓာခိုင်မာ ကျန်းတန်းသော်လည်း စိတ်နှလုံးကား မကြမ်းတမ်းဘဲ နူးညံ့နိုင်ပေသည်။ အရာခပ်သိမ်းတွင် ကိုယ်ကျန်း စိတ်ကြမ်းရမည်ဟု မဆိုသာ ချေ။ ကိုယ်ခန္ဓာကျန်းတန်းသော်လည်း စိတ်မကြမ်းတမ်းဘဲ ဖြစ်နိုင်သည်။ ကိုယ်ခန္ဓာနုနယ် သော်လည်း စိတ်ကြမ်းတမ်းသည်လည်းရှိလေသည်။ လူပုံကား မင်းသားစိတ်ထားကာ ဘီလူး ဖြစ်နိုင်ပေသည်။ မိုးနှင့်သရက် အိုးနှင့်ကြွက်သို့ စစ်သားလေးမျိုးလေးစားရှိနိုင်သည်။ ထိုစစ်သားလေးမျိုးကား
ကိုယ်ကျန်း စိတ်ကြမ်း စစ်သား
ကိုယ်ကျန်း စိတ်မကြမ်း စစ်သား
ကိုယ်မကျန်း စိတ်ကြမ်း စစ်သား
ကိုယ်မကျန်း စိတ်မကြမ်း စစ်သား
တို့ဖြစ်လေသည်။ ထိုစစ်သားလေးမျိုးအနက် ကိုယ်ကျန်း စိတ်ကြမ်း စစ်သားမျိုးကို လူတို့သည် ရွှံရှာကြောက်လန့်ကြသည်။ ကိုယ်ကျန်း စိတ်မကြမ်း စစ်သားမျိုးကို ချစ်ခင်လေးစားကြသည်။ ကိုယ်မကျန်း စိတ်ကြမ်း စစ်သားမျိုးကို ရှောင်လွှဲမုန်းတီးကြသည်။
ကိုယ်မကျန်း စိတ်မကြမ်း စစ်သားမျိုးကို အရိုအသေတန်ကြသည်။ ထိုသို့ဖြစ်ရာ ကိုယ်ကျန်း စိတ်မကြမ်း စစ်သားမျိုးသည် ကျန်စစ်သား သုံးမျိုးထက် မျက်နှာပွင့်လန်းလေတော့သည်။

ပုထုဇဉ် စစ်သား
ကိုယ်ကျန်း စိတ်မကြမ်း စစ်သားမျိုးကား ရှာမှရှားသည်ဟု ပြောကြပေမည်။ သို့သော် ထိုစစ်သားမျိုးကား လူအများထင်သလောက် မနည်းပါးလှချေ။ စစ်သားဖြစ်လျှက် စိတ်မကြမ်း သဖြင့် ထင်ပေါ်လေသည်။ စစ်သားဆိုလျှင် ဘီလူး သားဘက်ပမာ ထင်နေသည့်အကြားမှ စိတ်၏နူးညံ့သိမ်မွေ့ မှုသည် စစ်သားဘ၀၏မြင့်မြတ်မှုကို ထင်ရှားစေသည်။ စိတ်၏နူးညံ့ သိမ်မွေ့ မှုကို စစ်သားဘ၀တွင် မရကောင်းဟုထင်လျှင် မှားပေမည်။ စစ်သားသည်လည်း သူလိုငါလို ပုထုဇဉ်ပင်ဖြစ်၏။ သွေးနှင့်ကိုယ် သားနှင့်ကိုယ်ပင်ဖြစ်၏။ အများနည်းတူ စိတ်၏ ခံစားမှု အမျိုမျိုးနှင့် ဆက်ဆံလျှက်ရှိ၏။ လူ့ဘ၀ လူ့ထုံးတမ်းမှ မလွန်မြောက်နိုင်ချေ။ ချစ်မှု၊ ခင်မှု၊ လွမ်းမှု၊ ဆွေးမှု၊ ပျော်မှု၊ ရွှင်မှု စသည့်လှိုင်းဂရက် တံပိုးအကြားတွင် နစ်တုံပေါ်တုံ ရှိလေသည်။ ထိုကဲ့သို့သော ကိုယ်ကျန်း စိတ်မကြမ်း စစ်သားမျိုးတွင် သူ၏ရင်တွင်၌ ဖြစ်ပေါ် လှုပ်ရှားမှု တွေ့ သိခံစားမှုတို့ကို မှတ်တမ်းတင်ခဲ့သော စာဆိုများလည်း မြန်မာ့စာပေတွင် ထင်ရှားစွာရှိပေသည်။ စာဆိုစစ်သား၏ ရင်အတွင်၌ဖြစ်ပေါ်လာသော ခံစားမှုတို့ကို နောင်လာနောင်သားတို့ သည် မိမိတို့၏ အတွေ့ အကြုံနှင့်ဆန်းစစ်ကြည့်နိုင်စေရန် ထိုစာဆိုစစ်သားတို့သည် နှလုံးသွေး ဖြင့်ရေးသကဲ့သို့ ထင်ရှားပြတ်သားစွာ ရေးသားစီကုံးခဲ့ကြသည်။ ရိုးတွင်းခြင်ဆီကို ဖေါက်ထွင်းပြီး အူလှိုက် သဲလှိုက်ရေးသားခဲ့သဖြင့်လည်း ဖတ်သူတို့၏စိတ်ကို သယ်ယူသွားနိုင် သောစာများဖြစ်ပေသည်။ ထိုစာများကို ဖတ်ရှုရင်း ထိုစာဆိုတို့၏ခံစားမှုကို ကိုယ်တိုင်ခံစားရ သကဲ့သို့သော ပီတိသည် ဖြစ်ပေါ်လာတော့သည်။ စာဆိုစစ်သားတို့ကား ခေတ်အလိုက် ရှိကြ သည်ချည်းဖြစ်၏။ ယခုခေတ်တွင်လည်း စာဆိုစစ်သားများမရှိဟု မည်သူပြောဝံ့ပါသနည်း။

စစ်သားနှင့်စာပေ
မြန်မာနိုင်ငံသမိုင်းကိုကြည့်လျှင် သမိုင်းတင်သည်မှစ၍ “စစ်” သည်မြန်မာများအဖို့ အဆန်းမဟုတ်သည်ကို တွေ့ ရပေမည်။ စစ်ကစားသည်။ စစ်ထိုးသည်။ စစ်တိုက်သည်။ စစ်ခင်းသည် စသည့် ဝေါဟာရများလည်း စာပေတွင်ပြည့်နှက်နေပေသည်။ “စစ်” လှုပ်ရှာချိန် တွင် စာပေသည်လည်း လှုပ်ရှားမြဲဖြစ်လေသည်။ စစ်လှုပ်ရှာမှုနည်းသည့်အချိန်တွင် စာပေလှုပ်ရှားမှုလည်း လျော့ပါးလေသည်။ စစ်သည်လူ၏ ကိုယ်နှင့်စိတ်ကို တက်ကြွစေသည်။ စစ်ရေးစစ်ရာ များပြားသောအခါ လူတို့၏ ကိုယ်ခန္ဓာသာမဟုတ် စိတ်သည်လည်း ရိုးတိုးရွတ ထကြွလှုပ်ရှားတော့သည်။ စိတ်လှုပ်ရှားသောအခါ စာပေသည် အသက်ဝင်လာသည်။ ယင်းသို့ စိတ်လှုပ်ရှားခိုက်ရေးသားသော စာပေသည် ပင်ကိုယ်မဟုတ်။ လှုံ့ ဆော်ပေးမှ ရေးသားသော စာပေ၏ အဆင့်အတန်းကို မမှီချေ။

စာဆိုရှင်သူရဲ
စာပေထွန်းပြောင်ခဲ့သော အင်းဝခေတ်သည် ခရစ်နှစ် ၈၀၀ပြည့်ခန့်တွင် စစ်ကစားမှု နှင့် ကြိုလျှက်ရှိ၏။ ထိုအခါတွင် စာပေကောင်းကင်၌ ရှင်သူရဲ ကြယ်မင်းသည် ထွန်းဝင်းနေ လေသည်။ရှင်သူရဲကား စာဆိုစစ်သားဖြစ်၏။ သခင်ထွေး ဧးချင်းနှင့်ရတုများကို သီကုံးခဲ့ သည်။ရှေးယခင်က မြန်မာနိုင်ငံတွင် မိုးစဲလေသောအခါ၌ စစ်ချီတက်မြဲဖြစ်၏။ ထိုသို့သော စစ်ချီတက်ရာသို့ လိုက်ပါ အမှုထမ်းရသော မောင်တော်စစ်သားအား သူ့သက်ဝေသည် တုန်အေးသော ဆောင်းရာသီ တပို့တွဲလ၌ ထူးကဲစွာတမ်းတမျှော်ခေါ်မိသည်။ ထိုလတွင် ဆီးသေး နှင်းပေါက်တို့ တဖျောက်ဖျောက်ကျဆင်းလျှက် ပေါက်ပင် လဲပင်တို့သည်လည်း ကင်းစ၊ ခွါညိုပန်းကလည်း ရနံ့ကြူဆဲအခါဖြစ်ပေသည်။ ထိုအခါ ချစ်သူနှင့်ဝေးကွာနေသော သက်ဝေသည် ချစ်သူကိုယ်စား ပန်းထိုးစောင်ကို မြင်ရတိုင်း အသည်းများကြွေကျလုမတက် ဖြစ်ရလေသည်။ အိပ်ရာထက်တွင် ချစ်သူ၏ ကိုယ်ရနံ့သည် သင်းပျံ့ဆဲဖြစ်၍ မယ်တယောက်တည်း အိပ်စက်၍မရချေ။ ချစ်သူရောက်မည့်သတင်းကိုသာ နားစွင့်လျက် လွမ်းဆွတ်နေရှာသည်။ ချစ်သူမဲ့သဖြင့် ရွှေရင်ညောင်းလျက်ရှိကြောင်းကို ဤသို့ဖွဲ့ ဆိုခဲ့သည်။

မဉ္ဇူပွင့်ဝေ၊ လေပြည်ဆွတ်က၊ နံ့မြတ်ကြိုင်အေး၊
တမွှေးမွှေးလျှင်၊ ဆီးသေးကြွေပျောက်၊ လဲပေါက်ကင်းစ၊
နွယ်မြလူလူ၊ ၀တ်ဖြူပျံ့ရွှင်၊ နေစဉ်တွင်ဝယ်၊
သည်ပင်မနီး၊ မယ်ထီးစက်ခါ၊ မွေ့ ရာလပ်ကြွင်း၊
ရင်တွင်းထည်လည်း၊ ပန်းထိုးချည်းကို၊ ဆွေနည်းနှမ၊
မြင်ကသနား၊ လွမ်းအားပူကျင်၊ မရွှင်ပြောင်းခွေ့ ၊
ဖြစ်ဘိ၍တည့်၊ မင်းချေ့ ရနံ့၊ ပျံ့လ ကာကာ၊
နံ့သာကြိုင်ရွှင်၊ သလင်းပေါ်ကြက်၊ မွေ့ ရာထက်တွင်၊
စမက်တတ်လျှင်း၊ နောင်သည်မင်းကို၊ ရောက်တင်းမေးထွေ၊
လွမ်းလျှက်နေသည်၊ ရင်ရွှေညောင့်ငံ့လှည့်ကာသော။

ပြည်န၀ဒေးကြီး
ရှင်သူရဲတို့၏ အင်းဝခေတ်ကိုလွန်မြောက်၍ တောင်ငူခေတ်ရောက်သောအခါ စစ်ကိုင်း ထောင်သင်း၊ စလင်းလကျာ်၊ ပြည်မှာ န၀ဒေးဟု သုံးနာမည်မွှေးခဲ့သော ရတုစာဆို ပဂေးသည် နှစ်ရာကျော်မျှသော ရတုများကိုစပ်ဆိုခဲ့ပေသည်။ န၀ဒေးကြီးသည် ရတုစာဆိုသာမဟုတ် မနော်ဟရီပျို့ နှင့် မင်းတရားမယ်တော်ကြီးဧချင်း ဘုရင့်နှမတော်ဧချင်း ကိုလည်း စီကုံးခဲ့၏။ စာဆိုန၀ဒေးကြီးသည် ထိုခေတ်အတွင်းက စစ်ကြောင်းအသွယ်သွယ်တွင် ပါဝင်ထမ်းရွက်ခဲ့၏။ ရောက်လေရာရာ အရပ်ဒေသတလျှောက် တန်ခိုးကြီးစေတီပုထိုးတို့အား တိုင်တည်သောအား ဖြင့် ဘုရားတိုင်ရတု အများကိုစပ်ဆိုခဲ့ပေသည်။ တခါတရံတွင်လည်း စိတ်ကူးနယ် ကျယ်ပြန့် သည့်အလျောက် တာဝတိံသာ နတ်ပြည်တွင်ရှိသော စူဠာမုနိစေတီကို၎င်း တရုပ်ပြည် (သင်းတွဲပြည်) ရှိ စွယ်တော်ဘုရားကို၎င်း ရည်ညွှတ်ပြီး တိုင်တန်းခဲ့သေးသည်။ စေတီပုထိုး အနှံ့အပြားသို့ ရောက်ခဲ့သည်ကို န၀ဒေးကြီးရေးသည့် ဘုရားတိုင်ရတုများကို ကြည့်ခြင်းအား ဖြင့်သိနိုင်၏။ မြန်မာနိုင်ငံ၏ အနောက်ဘက်၌ဆိုလျှင် ဒွါရ၀တီ (သံတွဲမြို့ ) အံတော်စေတီကို ၄င်း အရှေ့ ဘက်၌ဆိုလျှင် ဇင်းမယ်တွင် တည်ထားသောဆုတောင်းပြည့်ဘုရား ဗြကျော်ဘုရား ဗြသိန်ဘုရားတို့ကို၎င်း မြန်မာနိုင်ငံအတွင်း တန်ခိုးကြီးစေတီတော် အဆူဆူကို၎င်း တိုင်တည် ခဲ့၏။ ဘုရားတိုင်ရတု အရေအတွက်မျှပင် စစ်ရတုများကို ဖွဲ့ သီခဲ့သည်။ န၀ဒေးကြီး ရေးသား သမျှသော ရတုများတွင် ဘုရားတိုင် (၃၃) ရာခိုင်နှုန်း စစ်ရတု (၃၃) ရာခိုင်နှုန်း မယ်ဘွဲ့ (၁၄) ရာခိုင်နှုန်းနှင့် မိုးတော၊ ကျေးစေ၊ ရေလား၊ တောလား၊ မြို့ ဘွဲ့ ၊ သကြားတိုင် စသည်ဖြင့် အထွေထွေ (၂၀) ရာခိုင်နှုန်းပါဝင်သည်။ ဤမျှ စစ်ရတုတွင်အားသန်သည်မှာ န၀ဒေးကြီးကိုယ် တိုင် “စစ်မြေမှုထမ်း” ဖြစ်သောကြောင့်ပေတည်း။

ဘုရားတိုင်ရတုများ
န၀ဒေးကြီးသည် ဘုရားတိုင်ရတုများကို စပ်ဆိုရာ၌ သူတိုင်တည်မည့်စေတီ ပုထိုး တို့၏သမိုင်းကြောင်းကို နောက်ခံထားပြီးရေးလေ့ရှိသည်။ ဗဟုသုတကို လိုလားရှာဖွေ ဆည်းပူးသည့်အလျောက်ပြန်ပြီး တဆင့်ဖောက်သည်ချခဲ့သည်။ ထိုသို့ဖြင့်န၀ဒေးကြီး ရေးသားသော ဘုရားတိုင်ရတုများသည် ဘုရားသမိုင်းများကို မပျောက်ပျက်စေရန် ထိန်းသိမ်း ပေးခဲ့သည်။ စစ်ရတုများကို လေ့လာရာတွင်လည်း စစ်သားများ၏တွေ့ ကြုံခံစားမှုကို ထင်လင်း စွာသိရသည်။ အင်းဝမြို့ နဂါးရုံဘုရားသို့ တိုင်တည်သောရတုတွင် အလှသူဋ္ဌေး ချစ်သူကလေး အား သခင်အသစ် ကျွန်အဖြစ်ဖြင့် အချစ်တုံ့ပြန်ရန် နှစ်ရှည်လများကြိုးစားပြီး အသနားခံပါ သော်လည်း မည်သို့မျှ အမိန့်အထွေအထူးမရှိ၍ စိုးရိမ်ခြင်းဖြင့် တွေဝေနေပါတော့သည်။ ယခုအခါ၌ ဆောင်းလည်းဆောင်းတွင်း နှင်းလည်း အေးမြပြီး ငှက်များကလည်း မောင်နှံစုံ မြူးတူးသည့် အခါဖြစ်သောကြောင့် နှမငယ်တော်၏ အချစ်ကို မရရှိသေးသောမောင့်မှာ သည်ဆောင်းရာသီတွင် ယခင်ဆောင်းရာသီများနှင့်မတူဘဲ ပိုမိုချမ်းအေးလှပါသည်။ ထိုသို့သော အချစ်ဝေဒနာမှာ နဂါးရုံဘုရားရှင်သည် တန်ခိုးတော်ဖြင့် ကယ်မတော် မူပါဘုရား။ ချစ်သူ၏ရင်ခွင်၌ မကြာမတင် ခိုလှုံချင်ပါပြီ။ စိတ်နှလုံးသည် ပန်းမာလာ အလား မတည်ကြား နိုင်တော့ပါ။ ထိုဖြစ်အင်ကို ရတုဖြင့် ဤသို့ညဏ်ကွန့်လှိုင်း ခဲ့သည်။

ညက်စင်မွတ်ကြည်၊ ဘုံခြောက်မည်၌၊ ပြစ်ခြည်ကင်းလွတ်၊
အားလုံနတ်လျှင်၊ တုမှတ်ဖက်မျှ၊ ပြိုင်လာကြလည်း၊
သော်တာရောင်တွင်၊ ကြယ်နှယ်ထင်လိမ့်၊ ညိုစင်နွဲ့ ရွှန်း၊
လှများပန်းကို၊ ကံညွှန်းခြီးမြှင့်၊ ဖုန်းသစ်ပွင့်က၊
သခင့်အသစ်၊ ကျွန်အဖြစ်ဖြင့်၊ စိစစ်တရက်၊ ခန့်ရေတွက်၍၊
ချစ်သက်ဆယ်ဆ၊ လျှောက်များလှသည်၊ တုံ့မျှမပြေ၊
စိုးရလေခဲ့၊ ရစ်ခွေလည်ယှက်၊ ကျေးငှက်နွဲ့ မှီ၊
ဖေါ်စုံညီလျက်၊ ရာသီနှင့်နှင်း၊ မယ်ကပင်း၍၊
ဆောင်းချင်းမတူ၊ အချမ်းထူသော်၊ သည်းအူညွှတ်ပျောင်း၊
နောင့်အကြောင်းကို၊ ဥာဏ်ပေါင်းစကြား၊ ဖြည့်လျှင်းပါလော့၊
မကွာရွှေရင်၊ တူစုံချင်သည်၊ ပန်းသွင်ညွှတ်ရည်၊
ဆင်တော့သည်။

န၀ဒေးကြီးနှင့် ခေတ်ပြိုင်စာဆိုတော်ကြီးများကား ရတုတမ်းခွန် စိုက်တောင်ငူ၊ ဘုရင် နတ်သျှင်နောင်၊ မင်းဇေယျ ရ န္တမိတ်နှင့် ရှင်သံခိုတို့ပင်တည်း။ ထိုသူများသည်လည်း စစ်ရေး စစ်ရာမှ မလွှဲကင်းနိုင်ကြကုန်။ အပြေးအလွှား စစ်ကစားနေသောခေတ်တွင် ထွန်းကားသူများ ဖြစ်သည့်အလျောက် စစ်မြေပြင်နှင့် ကံဆုံခဲ့ကြသည်။

နတ်သျှင်နောင်
နတ်သျှင်နောင်ကား ရတုစာဆိုများတွင် အထွတ်တိုင်သူဟု အသိအမှတ်ပြုကြသည်။ နူးညံ့သိမ်မွေ့ လှသော နှလုံးအကြားမှ တဖွားဖွားပေါ်ထွက်လာသော အချစ်သွေးကို သူ့ တကိုယ်လုံး၌ ပျံ့ နှံ့ တည်စေသည်။ ထိုမျှသာမက သူ့စာတော်ကို ဖတ်ရသောအခါ နုလှစွာသော နှလုံးသားကို ယန္တယားစက်ဆင်၍ ကောင်းကင်က လှုပ်ဘိသကဲ့သို့ ပိတိသုခကို ဖြစ်စေတော့သည်။ ရွှေမြင်တင် ဘုရားတိုင်ရတုတွင် နတ်သျှင်နောင်သည် သူ၏စိတ်တွင်ဖြစ် ပုံကိုဤသို့ ဖေါ်ပြခဲ့သည်။ ရွှေမြင်တင်ဘုရားရှင်ကို သူ၏ချစ်သူအား ဖူးစေလိုလှ၏။ ချစ်သူ နှင့် အတူတွဲလျက် ဆုတောင်းရမူ တောင်းဆုပြည့်ပေမည်ဟု ထင်မှတ်တော့သည်။ ယခုတမူ ချစ်သူမပါဘဲ နောင်တကိုယ်တည်းဖြစ်၍ စိတ်နှလုံးမကြည်မြနိုင်တော့ချေ။ အကျွတ်ဆုကို မတောင်းရက်တော့ပါ။ ထိုသို့ သူ့အချစ်ကို ရတုဖြင့် ဖွင့်လှစ်ခဲ့ပေသည်။

ဖူးပါစေချင်၊ မြတ်ချစ်သျှင်ဝယ်၊ သက်ဝင်ကြည်ဖြူ၊
စုံဘိမူကား၊ အတူသံမြ၊ တောင်းတိုင်းရ၏၊
ကဲဆထပ်ကာ၊ နောင်သာနောင်ချည်း၊ ဖေါ်နည်းမရွှင်၊
မြတ်မြင်တင်ဝယ်၊ အိမ့်ရှင်ကလျာ၊ မယ်မပါမူ၊
မြော်ကာမတည်၊ မူမော်လည်ရှင့်၊ ကျွတ်မည်ဆုမျှ၊
မိန့်ဟမိန့်မြတ်၊ မကောင်းတတ်ခဲ့၊ ရှိဝတ်ပူဇော်၊
ကြည့်ရှုမျှော်လည်း၊ သျှင်တော်ကြငှန်း၊ ထွက်ဦးစွန်းသည်၊
ပြောင်းရွှန်းပြောင်းဝေ ၀ှန်တော့သည်။


ဇေယျ ရ န္တမိတ်
နတ်သျှင်နောင်ဘုရင်နှင့် ခေတ်ပြိုင်စာဆိုဖြစ်သော ဇေယျ ရ န္တမိတ် သည်လည်းချစ်သူ ၏ ချစ်ဒုက္ခကို ဤသို့ခြယ်စီခဲ့သည်။ စစ်မြေတာသို့ လိုက်ပါထမ်းရွက်နေရသော အခါ၌ပင် ချစ်သူ၏ ချိုပြုံးကြည်အေးသော မျက်နှာကို မည်သည့်အခါမှ ဖူးတွေ့ ရအံ့နည်းဟု တိတ်တိတ် ခိုးကြံစည်မိပေသည်။ ချစ်သူထံသို့ လွမ်းစာခွေကို မပေးအားသဖြင့် အချစ်လှိုင်းကြီးမားနေပါ သည်။ စစ်သားဖြစ်သည့်အလျောက် အရပ်လေးမျက်နှာသို့ လှည့်ပတ်သွားလာနေရသော မောင်တော်ပြန်ရောက်မည့်နေ့ကို ချစ်သူသည် မြှော်ငံ၍နေလိမ့်မည်ကို

နှံ့ သက်ဝေ၍၊ မသွေကြပြီ၊ ချစ်ခြင်းညီသည်၊
အာနီမုတ္တ၊ ၀ဠာဟနှင့်၊ ဖြူစွကြည်လင်၊
ပုလဲသွင်သို့၊ သခင်နောင်သက်၊ ငယ်ကျွမ်းဖက်ကို၊
လွမ်းလျက်ရေးရာ၊ စစ်မြေတာဝယ်၊ နေ၀ါလည်း ရှိမ်း၊
ရေပေါက်သိမ်းက၊ ချမ်းငြိမ်းမြ၀ါ၊ ကုမုဒါတြာသို့၊
မျက်နှာရွှေစင်၊ မမြင်မခြင်း၊ မျှော်တင်းဆိုခိုး၊
ရောက်နိုးနိုးနှင့်၊ လွမ်းမိုးထွေလာ၊ လက်ဆောင်စာကို၊
ထပ်ခါထားပြန်၊ ချစ်အားသန်၍၊ စုန်ဆန်သွားမြောက်၊
ကြည်းရေ ရောက်လည်း၊ ရှေ့ နောက်မြောက်တောင်၊ ကုန်အောင်နုံမျှ၊
စုန်ဆန်ရသည်၊ ရှုတနောင်မင်း၊ မေးတင်းရက်ရေ၊
စုံထွေမှာလိမ့်မည်တမုံ့။

ရှင်သံခို
ဇေယျ ရ န္တမိတ်၏တူကား ရှင်သံခိုတည်း။ ရှင်သံခိုသည် ရတုဆိုရာတွင် အရှင်သခင် ဖြစ်သော နတ်သျှင်နောင်၏နည်းနာကို လိုက်သောအားဖြင့် သိပ်သည်းကျစ်လျစ်ပေသည်။ စာဆိုများ၏ သွေးသည် ရှင်သံခို၏ ကိုယ်တွင်ကိန်းဝတ်နေရကား ရှင်သံခို၏ ရတုများသည် ချိုမြိန်လှ၏။ ရှင်သံခိုထွန်းကားရာခေတ်ကား ညောင်ရမ်းခေတ်ဦးဖြစ်လေသည်။ စစ်မက်ရေးရာ မင်းရေးရာကြောင့် လညောင်းနှစ်မြင့် လုနီးပြီဖြစ်၍ အိမ်သူဇနီးသည်လည်း စိတ်ကွက်ပေလိမ့်မည်။ ရင်သွေးများသည်ပင်လျှင် ဖခင်မှန်းမသိ ရိုင်းပျံ့ လေသည်။ ရွှေဘုန်း တော်ပွင့်လန်းမှ ရွှေနန်းသို့ အမြန်ရောက်ပေလိမ့်မည်။ ရှေးအခါက ယခုကဲ့သို့ စစ်ကစားမှုသည် မကြာတင်ပလေ။ အရှင်သခင် ဘုရင်မင်းမြတ်သည် မည်သည့် အချိန်အခါမှ ပြန်မည်မသိ၍ ဆောင်းနွေ ကုန်မြောက်ပြီး မိုးရာသီတိုင်အောင် ကြာမြင့်ပေလိမ့်မည်တကား ဟု ဤသို့ ဖွဲ့ နွဲ့ ခဲ့လေသည်။

ချစ်သူသူ့ဆီ၊ မှတ်ဖွယ်ပြီတည်း၊ ကုံးသီရစ်ခွေ၊
လကိုရေမူ၊ နှစ်ကျေလုနီး၊ ဝေးကြီးမြေတာ၊
မင်းရေးရာကြောင့်၊ ကွေကွာကွေလွင့်၊ ရွှေဘုန်းပွင့်၍၊
နှစ်မြင့်မဟူ၊ ပြန်လွယ်ကူလော့၊ အိမ်သူပျော်ပိုက်၊
ခေါ်ကြိုက်လှည့်ဖြား၊ သားလည်း စိတ်ချဉ်၊ မယဉ်ဝေးစွာ၊
ဖင့်နှေးရှာလိမ့်၊ ရှေးခါစစ်တိုင်း၊ သို့မနှိုင်းတည့်၊
နန်းပိုင်းပွင့်ချိန်၊ ရဲနရိန်လျှင်၊ စက်ရှိန်လျှံညိ၊
ပြန်မသိ ၍၊ ဆောင်းထိနွေရှောင်၊ ရက်ရှည်ခေါင်သည်၊
မိုးတောင်ကြာရာ၊ ဘိတော့သည်။


စိ န္တ ကျော်သူ ဦးသြ
အရည်အသွေးနှင့်ပြည့်စုံသော စာဆိုစစ်သားများထွန်းကားသည့် တောင်ငူခေတ် ညောင်ရမ်းခေတ်တို့ ကျော်လွန်လာသောအခါ ကုန်းဘောင်ခေတ်ဦး တိုင်းပြုပြည်ြ့ပု အခါတွင် စိ န္တ ကျော်သူ ဦးသြ သည်ဘုရင့်စာဆိုဖြစ်လေသည်။ ရှင်ဘုရင်ထံပါး နီးကပ်စွာ ခစားရသဖြင့် မင်းလိုလိုက် မင်းကြိုက်စီကုံးရေးသားရသည်ကများ၏။ စာဆို၏ဥာဏ်ကို ဘုရင်၏ဘုန်းက တားမြစ်သကဲ့သို့ ရှိချေသည်။ ဘုန်းတော်ဘွဲ့ များကို နှုန်းဖွဲ့ ရာ၌ အမြှောက်အပင့်များပြီး စိတ်ကူးနယ် ပျံ့ ပျူးပုံမရချေ။ သို့ရာတွင် ဘုရင့်ဘုန်းရိပ်လွတ်သော အဖွဲ့ များ၌ကား ဦးသြ၏ ပင်ကိုယ်ဥာဏ်သည် ထွန်းလင်လျှင်ရှိ၏။ ဦးသြကား စာဆိုသက်သက်မျှမဟုတ်ချေ။ ဘုရင်မင်း မြတ်နှင့်အတူ စစ်မြေပြင်သို့လိုက်ပါရသော “စစ်မြေမှုထမ်း” ပင်ဖြစ်ချေသည်။ အလောင်ဘုရားသည် “နိုင်ငံချဲ့ ရွှေဘို” အဖြစ်တိုင်းသစ်ပြည်သစ် တည်ထောင်လို သဖြင့် စစ်ကစားရာတွင် စစ်သည်ရဲမက်တို့သည် နေ၀င်ရီတရောတွင်ရောက်ကြသည်။ ထိုအခါ ရေဆိတ်ရေကြောင်း ရေဆိပ်မသင့်ရကား ဗိုလ်ချေတို့သည် ပင်ပန်းနွမ်းနယ်ကြကုန်သည်။ ဆိုက်ကပ်သည့်အချိန်နှောင်းသဖြင့် ထမင်းရေစာနှင့် ကွာဝေးလျှက် ရေရွတ်သံတို့သည် ပလူ ပျံနေ၏။ ဤသို့ဖြင့်မပြီးသေး အောက်မိုးအောက်လေပီပီ မိုးကလေးလည်း ဖျဉ်းအိုးကို ရိုက်သွန်းလောင်းရွာချသဖြင့် ခိုက်ခိုက်ခွဲဘိသည့်အလား တုန်ချမ်းအေးကြပေသည်။ လွမ်းသူကို ပိုမိုလွမ်းအောင် ဖန်တီးသကဲ့သို့ ရှိချေသည်။ ဤကဲ့သို့ ကသိကအောက် ဒုက္ခအတန်တန် အဆင်းရဲခံနေရသည်ကို နှမပြာဖြူချစ်သည့် သူသည် စစ်ကစားရာ၌ ပျော်ရွှင် နေသည်ဟုထင်မည်ကို စိုးရိမ်ပါတော့သည်။ နေ၀င်မှ နေထွက်အထိ မှတ်ခြင် ဖြုတ်ရဲတို့သည် ခြောက်လှန့် နှင်ထုတ်ပါသော်လည်း အနည်းငယ်မျှ မဖြုံ သဲကိုဆုပ်ပက်သည့်အလား တပ်ချီ ကာ ၀ိုင်းအုံပြီး သွေးသားကို ၀ါးမျိုလျှက်ရှိကြသည်။ ခြင်ထောင်များ ပါရှိသော်လည်း ထိုမှတ်ခြင် ဖြုတ်ရဲတို့ ရန်မှ မလုံခြုံခဲ့ပေ။ စေးခြုံပိတ်ပေါင်း ကိုင်းတော ကျူတောတွင် နေရ၍ မိုးသက်လေပြင်းတို့ ဆော်မြူးသည်မှာ လွမ်းအားသည်းစေတော့သည်။ အောက်ရပ် အောက်ဒေသကား ဤသို့နေခက်အောင် ဆိုးရွားလှသည်ဟု ရှေးကကြားဖူးသည်နှင့် ကိုက်ညီ ပေတော့သည်။

ဓနုဖြူတွင် စစ်ချီရတု
ဗိုလ်ပါရဲမက်တို့သည် စစ်ချီတက်ရာ၌ ဓနုဖြူသို့ရောက်ရှိကြရာ တွေ့ ကြုံရသော ဆင်းရဲ မှုကို စိ န္တ ကျော်သူ ဦးသြက ကွက်ကွက်ကွင်းကွင်း ထင်လင်းစွာဖော်ပြခဲ့သည်။ အလွမ်းဇာတ် ကြောင်းကို ထိမိခဲ့၏။ ယခုပြည်ထောင်စုမြန်မာနိုင်ငံတော်သည်လည်း တိုင်းသစ်ပြည်သစ် တည်ထောင်ခါစဖြစ်သည်။ စိ န္တ ကျော်သူ ဦးသြကဲ့သို့ စစ်မြေပြင်အနေအထားကို ဖော်ပြသည့် စာဆိုစစ်သည်များလည်းရှိပေမည်။ အကြောင်းတမူ ဒုတိယ ကမ္ဘာစစ်ကြီး၏ နောက်ဆွယ် တော်လှန်ရေး ခေတ်အတွင်း၌ စိ န္တ ကျော်သူ ဦးသြကဲ့သို့စာဆိုအမြောက်အများ ပေါ်ပေါက်ခဲ့ သည်ဟုကြားသိရ၏။ ထိုစာဆိုများ၏လက်ရာကား အသို့နည်း။ စစ်လမ်းဖြစ်သော ဓနုဖြူ၌ စခန်းပြုလုပ် ရပ်နားနေခိုက် တွေ့ ကြုံကြရသည့် အကြောင်းအချင်းမှာ ဤသို့တည်း။

ဓနုဖြူတွင်၊ ထွတ်သိုက်ဝင်လျှင်၊ စက်ရှင်ထွန်းတောက်၊
စံကွန်းထောက်က၊ တောင်မြောက်အုံ့ မှိုင်း၊ ရှေ့ အတိုင်းလျှင်၊
မှီခိုင်းကမ်းယပ်၊ တင်းကျမ်းစပ်မျှ၊ မလပ်ဆိပ်ခင်း၊
လေပြင်းလှိုင်းရိုက်၊ ၀ဲဒိုက်ကျလိုင်၊ မနိုင်ခိုင်းမက်၊
ပဲ့တက်မစား၊ ထိုးဝါးမမှီ၊ ခတ်ချီမပါ၊
ရေကြီးရာတွင်၊ ရှုပ်လာလှေချင်း၊ ဦးသွင်းပဲ့ဆုတ်၊
ချိတ်ကုတ်မမြ၊ ရေထဲကူးသန်း၊ မြုပ်မွန်းစုပ်ဖွါး၊
ကြိုးဖျားငင်နွဲ့ ၊ ခုန်ဆွဲဖေါင်းကိုင်း၊ ကမ်းယိုင်ခိုင်း၍၊
လှေတိုင်းပဲ့ပန်း၊ စခန်းမလှ၊ ဆိုက်ကြရသည်၊
ချုပ်ည မှိုင်းဝေရီတော့ ၏။

တစုသူရှင်၊ အတင်တင်ဘိ၊ ဘယ်တွင်မလပ်၊
လှေချင်းကြပ်၍၊ ကမ်းယပ်မှီတွဲ၊ ဆိုဆဲမနာ၊
ညစာဝေးလံ၊ မြစ်ယံကမ်းမှေး၊ ရွှံစေးထူထပ်၊
မြေလပ်ကုန်းခင်၊ မမြင်မြောက်တောင်၊ ညဉ်းမှောင်ရီနက်၊
ဗိုလ်ရဲမက်တို့၊ စိတ်စက်ကွဲပြို၊ ရှိသည်ကိုလည်း၊
တိမ်ညိုယှက်စေ့၊ မိုးလုံးဝေ့၍၊ ညဥ့်နေမစဲ၊
ဖြန့်ကြဲဆွတ်ရွှမ်း၊ အလွမ်းရှိဟောင်း၊ အချမ်းလောင်းခဲ့၊
သိန်းသောင်းလူမျိုး၊ မရွှင်ညှိုးသည်၊
အောက်မိုးအောက်လေ ပီတော့၏။

ယခုပင်ပူ၊ သို့ဖြစ်အင်ကို၊ ပန်းရင်မသည်၊
မြိတ်စို့စည်းက၊ နောင့်ချည်း ကြင်ချစ်၊ မေတ္တာရစ်သား၊
ကျစ်လစ်စောင့်ကြပ်၊ ပြစ်မစပ်မူ၊ တပ်အပ်မသိ၊
ပျော်ဖွယ်ရှိ၍၊ ဇာတိသူ့ခွင်၊ စစ်မှာရွှင်ဟု၊
မှတ်ထင်လေနိုး၊ စိုး၍လောင်လင်၊ သို့ရာတွင်ကို၊
နေ၀င်မိုးသောက်၊ နှင်ချောက်မဆုတ်၊ မှက်ခြင်ဖြုတ်လည်း၊
ကိုက်စုတ်သွေးရဲ၊ ဆုပ်၍ကြဲသို့၊ ထူထဲခြင်ရန်၊
ကာတန်မလုံ၊ ဆင်းရဲပုံခဲ့၊ စေးခြုံပိတ်ပေါင်း၊
ကိုင်းဖေါင်းဖေါင်ကြူ၊ ထပ်တူမှိုင်းဝေ၊ မိုးလေဆော်မြူး၊ လွမ်းစေနူးသည်၊
ကြားဖူးသည်နှင့် ညီတော့၏။

ကုန်းဘောင်ခေတ်ဦးကား ရဲစိတ်ရဲမာန်တက်ကြွချိန်ဖြစ်သည့် အလျောက် စိ န္တ ကျော်သူ ဦးသြ နှင့်ခေတ်ပြိုင်စာဆိုတော် အများ ထွန်းကားခဲ့ပေသည်။ ထိုစာဆိုတော်ကြီးများအနက် လက်ရုံးရည် နှလုံးရည် ထက်မြက်သော ရွှေတိုက်စိုးဦးတိုး၊ လက်ဝဲသုန္ဒရဦးမြတ်စံ၊ မြ၀တီမင်းကြီးဦးစ၊ ဆီမီးခုံရွာစားဦးရွှန်းတို့သည် ရတုရကန် တတန်ဘွဲ့ ကြိုး ပတ်ပျိုးယိုးဒယား ပျို့ လင်္ကာများဖြင့် မြန်မာစာပေကို ချီးမြှင့်ခဲ့ကြသော “စစ်မြေမှုထမ်း” တို့ဖြစ်ပေသည်။ ဤကဲ့သို့ မြန်မာနိုင်ငံ သမိုင်းစဉ်း တလျောက်နှင့် လက်ရုံရည် နှလုံးရည်ပြောင်မြောက်ခဲ့သော စာဆို စစ်သည်များသည် ထင်ရှားစွာ ထွန်းပေါ်သကဲ့သို့ တိုင်းသစ်ပြည်သစ် ထူထောင်ကာစဖြစ်သော ယခုခေတ်သမယ၌ စာဆိုစစ်သားအများကို တွေ့ မြင်ကြရလိမ့်မည်ဟု မြှော်လင့်ရပေသတည်း။

(စစ်နှလုံး စာဆိုတော်နေ့ အထူးစာစောင်မှ ကောက်နှုတ်ဖော်ပြသည်။)
ဦးစိန်ဝင်း(မဟာဝိဇ္ဇာ)ရေးသည်။ ၁၉၅၂ ခုနှစ်ဒီဇင်ဘာလထုတ် မြ၀တီမဂ္ဂဇင်း အတွဲ (၁)၊ အပိုင်း (၂) ။

ရှေးခေတ် စစ်သားစုဆောင်းရေး

Those battling sons of Thunders, Now at their returning back;
I know they will be for Plunder, Virginities go to wrack.
- D’ Urfey (1653-1723)


မြန်မာတို့ ကိုယ့်မင်းကိုယ့်ချင်း ဘ၀၌ ရပ်တည်ခဲ့စဉ်က နိုင်ငံတော်ကာကွယ်ရေး အလို့ငှာ၊ မည်သို့ မည်ပုံ စစ်သားစုဆောင်းသည်ကို သုတေသနပြုဖွယ်ကောင်းသည်။ ထို့ကြောင့် ဤရည်ရွယ်ချက်ဖြင့် ကျနော်သည် ရှာဖွေမှုတို့ကို ပြုခဲ့ပါ၏။ သို့ရာတွင်မအားလပ်သောကြောင့် မြန်မာရာဇ၀င် အရပ်ရပ်တို့ကို စနစ်တကျ လေ့လာခွင့်မရနိုင်သေး။ သို့သော် ကျနော်ယခု အစဖော်ပေးသောကြောင့် ယခုအခါ စစ်မှုထမ်းနေကြသော မြန်မာလူငယ်တစ်စုတို့က လက်ရှိ စစ်သားစုဆောင်းဖွဲ့ စည်းပုံ ဖွဲ့ စည်းနည်းကို ရှေးခေတ်က နည်းနိသယများနှင်ယှဉ်၍ သုတေသနပြုကြမည်ဆိုလျှင် ကျနော်၏ဆောင်းပါး ရည်ရွယ်ချက်သည် အထမြောက်၏ဟုဆိုရပေမည်။
ဤဆောင်းပါးအဖို့ကား ကျနော်သည် အထက်ပါ ခေါင်းစည်းစာသားနှင့် လျော်သော အကြောင်းအရာ အစုံကိုမပြနိုင် တစိတ်တဒေသလောက်သာ ပြနိုင်ဦးမည်။ ရှေးမြန်မာ့ခေတ်က စစ်သားစုဆောင်း ဖွဲ့ စည်းတာဝန်ချထားပုံ အကျဉ်းမျှကိုသာ ပြပြီးလျှင် အင်္ဂလန်ပြည်ဘုရင်မ အင်(န်) ( Queen Anne ) လက်ထက်က စစ်သားစုဆောင်းနည်းကို ပြလိုပါသည်။
စာရှုသူ ရဲဘော်နှင့် အရပ်သားတို့ကသာလျှင် ယခုစုဆောင်းရေးသားသော စာကို အခြေခံပြု၍ ဥပဒေသ ထုတ်လိုက ထုတ်ကြစေ၊ တရားကျလိုကလည်း ကျကြစေ၊ သံဝေဂယူလိုသူတို့ကလည်း ယူကြစေ။ ယောနိသော မနသိကာရ ဖြင့်သာ နှလုံးသွင်းနိုင်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်။
ရှေးမြန်မာဘုရင့်ခေတ်က နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်တပ်ဖွဲ့ စည်းသည် ဟူရာ၌ ယခုခေတ်နှောင်းကဲ့သို့ ပင်တိုင်တပ်မတော် တည်ထောင်ထားခြင်းမရှိခဲ့ဟု ရာဇ၀င်ဆရာတို့က အမှတ်အသားပြုကြသည်။ သို့ရာတွင် ရာဇ၀င်၏ သဘောသွားတို့ကို လေ့လာကြည့်လိုက်သောအခါ ခရစ်နှစ် ၁၁၃၇ ခုနှစ်မှစ၍ ပင်တိုင်စစ်သည်တော်များထားရှိရန် မြန်မာဘုရင်တို့သဘောပေါက်ခဲ့ကြောင်းကို တွေ့ ရှိရပေသည်။
အကြောင်းမှာ ဤသို့ဖြစ်၏။ နရသိင်္ခ (၁၁၇၀ - ၇၃) တွင် နရသိင်္ခသည် ညီတော် နရပတိစည်သူကို ငဆောင်ချမ်းအရပ်၌ ပုန်ကန်ထကြွသည်ဟု အကြောင်းပြု၍ စစ်ချီစေသည်။ သို့သော နရသိင်္ခအဖို့ ခယ်မတော် ဝေဠုဝတီ မင်းသမီးကို အရချိုင်ခြင်းသည် ငဆောင်ချမ်းထက် အရေးကြီးပေသည်။ ဤအချက်ကို ရိပ်စားမိလေသော် ညီတော် နရပတိစည်သူသည် စစ်မြေပြင်မှ ပြန်လာ၍ ငယ်ကျွန်လူပေါင်း ရှစ်ဆယ်ခန့်နှင့် နန်းတော်တွင်း သို့ ၀င်လေ၏။ အဆင်သင့်လှသောကြောင့် နန်းတော်တွင်းအ၀င်တွင် နရသိင်္ခ တပါးတည်း နန်းဦးထက်၌ စံစားလျှက်ရှိသည်ကိုတွေ့ ရလေရာ နောင်တော်ကို နန်းထက်မှ ဆွဲချ၍ လုပ်ကြံသတ်ဖြတ်လိုက်လေ၏။
နရပတိစည်သူ နန်းတက်သောအခါ၊ သူ၏နောင်တော်ကို လုပ်ကြံခဲ့သည့် အခါက နန်းတော်တွင်း၌ ဟာလာဟင်းဖြစ်နေပုံကို သတိမူခဲ့သဖြင့် သူ၏လက်ထက်တွင် ကျေးကျွန်ရင်း အမှုထမ်း လက်နက်ကိုင်တပ်ဖွဲ့ ကိုဖွဲ့ စည်းလိုက်လေသည်။ ရှေးက ထိုအဖွဲ့ အစည်းကို ပါဠိဆန်ဆန် “မောလ” ဟုခေါ်ကြသည်။ မင်းတုန်းခေတ် သီပေါခေတ် တို့၌ အပါးတော်မြဲ ကိုယ်ရံတော် တပ်ဟုခေါ်ဟန်တူပေသည်။ နရပတိစည်သူ၏ ကိုယ်ရံတော်တပ် မှာ သုံးထောင်ရှိသည်ဟုဆိုပေသည်။
သို့ရာတွင် ပင်တိုင်တပ်မှာ နိုင်ငံတော်ကို ကာကွယ်သည့်တပ်မဟုတ်၊ ထိုခေတ်က နိုင်ငံတော်နှင့် အလားထပ်တူ ယူဆရသော ဘုရင်မင်းမြတ်၏ ကိုယ်ကို ကာကွယ်စောင့်ရှောက် သည့် တပ်မျှသာဖြစ်သည်။ နိုင်ငံတော် တ၀ှမ်းလုံးကို ထိပါးနှောက်ယှက်လာသောအခါ ယခုခေတ်၌ “လဲဗီး” တပ်များစုဆောင်းသည်နှင့် မတိမ်းမယိမ်း အရေးပေါ်တပ်တို့ကို စုဆောင်းကြရသည်။
သို့သော် တပ်ဖွဲ့ စည်းရာတွင် စစ်သည်တော်တို့မှာ အခစားနားနှင့် လိုက်ပါအမှုထမ်းကြ သည်မဟုတ်။
၁။ ဘုရင့်အမိန့်ကို မလွန်ဆန်၍ ၄င်း
၂။ မိမိနိုင်ငံကို ထိပါးနှောက်ယှက်သူအား မိမိတို့ကိုယ်တိုင် ခုခံကာကွယ်ရမည့် ၀တ္တရား ကို သိ၍၄င်း မိမိထမင်းကို မိမိစား၍ စစ်မှုတော်ကို ထမ်းကြသည်က များပေသည်။ ရှေးဘုရင်ခေတ်က ဓနစနစ်မှာ ငွေကြေးစနစ်မဟုတ် ပစ္စည်း စနစ်ဖြစ်သည်။ ထို့အတွက်ကြောင့်လည်း ယခုခေတ်ကဲ့ကို လခစားများ ပေါ်ပေါက်ခဲ့ခြင်းမရှိချေ။ ထိုခေတ်က နန်းရင်းဝန် အမတ်ကြီးပင်လျှင် လခ စားနားနှင့်အမှုထမ်းသောခေတ် မဟုတ်သေးချေ။
စစ်တပ်ဖွဲ့ စည်းရာ၌ အခြေခံအားဖြင့် လူ ၅ ယောက်လျှင် တစ်ဆိုင်းဖြစ်သည်။ လူ ၅ ယောက်လျှင် တအိုးစားဟုခေါ်သည်။ ထိုတအိုးစား၏ ခေါင်းဆောင်မှာ အိုးစားကြီးဟုတွင်၏။ ထိုတအိုးစားအတွက် စစ်မက်ဆိုင်ရာ ကကြိယာပစ္စည်းတို့မှာ ကြေးအိုးနှစ်လုံး၊ မိုးကာတလိပ်၊ သံချွန်ရှစ်ချောင်း၊ ပုစိန်တစ်လက်၊ တူမတလုံး၊ လွှတစင်း၊ ဓားမတချောင်း၊ ဓားလွယ်ငါးစင်း၊ သေနက်နှစ်လက် ပါမြဲဖြစ်သည်။ သို့သော် စင်စစ်အားဖြင့်သေနက်မှာ တပင်ရွှေထီးလက်ထက် မှစ၍ စနစ်တကျသုံးသည်ကိုတွေ့  ရ၏။ တပင်ရွှေထီးခေတ် အလျင်ကဆိုလျှင် ကာ၊ ဒိုင်းနှင့် လေးတို့ကိုသာ အရေးထားပေသည်။ ခရစ်နှစ် ၁၅၃၁-၅၀ အတွင်း တန်ခိုးကကြီးခဲ့သော တပင်ရွှေထီးလက်ထက် တွင် ပေါ်တူဂီလူမျိုး ခုနှစ်ရာတို့ကို သေနက်ကိုင်စစ်သားအဖြစ်ဖြင့် ငှားရမ်း၍ ပါဠိအခေါ် “သခါ” မည်သော စစ်ကူလက်နက်ကိုင်တပ်ကို ဖွဲ့ စည်းသည်။ ဘုရင့်နောင် ၁၅၅၁-၈၁ လက်ထက်၌လည်း ပေါ်တူဂီကြေးစား စစ်တပ်တို့မှာ ပင်တိုင်စစ်တပ် ပမာဖြစ်လာခဲ့သည်။
ထို့နောက် နှစ်အိုးစားအတွက်လူ ဆယ်ယောက် အပေါ်တွင် ကြီးကြပ်အုပ်ချုပ်ရန် တပ်ကြပ်ဟူ၍ထားသည်။ တပ်ကြပ်သည် လှံမတချောင်း၊ ဓားလွယ်တစင်း ကိုကိုင်၍ ဆော်မောင်း တလက်ကို ခါးပုံစတွင် ညှပ်မြဲဖြစ်သည်။ ဆော်မောင်းမှာ ကြေးနောင်ဝိုင်းတွင် တွေ့ ရသော အလောတော်မောင်းအရွယ် ဖြစ်၍ အမိန့်ပေးရာ အချက်ပေးရာ ဆော်သြရာ၌ အသုံးပြုသည်။ထို့ပြင် ငါးကြပ် (ငယ်သား ၅၀ + အကြပ် ၅ယောက်) လျှင် တသွေးသောက်ဖွဲ့ ၍ သွေးသောက်ကြီးက အုပ်ချုပ်လေသည်။ သွေးသောက်ကြီးမှာ ထီးနီမိုးခွင့်ရသည်။ ငွေဓား ကိုင်ဆောင်ခွင့်ရသည်။ မြန်မာစစ်ချီရာဇ၀င်တွင် ယခုခေတ် ဆာဂျင် မေဂျာများသည် ဥဒါန်း တွင်ရစ်သကဲ့သို့ ရှေးခေတ်က သွေးသောက်ကြီးတို့၏ ဆောင်ရွက်မှုမှာ မြန်မာ့ဝထ္ထု ပုံပြင် ရာဇ၀င်တို့တွင် ဥဒါန်းတွင်ရစ်ခဲ့ပေသည်။
၎င်းမှ တဆင့်တက်၍ ဖွဲ့ စည်းပြန်သော် နှစ်သွေးသောက်လျှင် တတပ်၊ ငါးတပ်လျှင် တဗိုလ်ဟူ၍ဖြစ်သည်။ တပ်ကိုအုပ်ချုပ်သူမှာ တပ်မှူးဖြစ်သည်။ ငါးတပ်ကိုအုပ်ချုပ်သူမှာ ဗိုလ် ဖြစ်သည်။ ငါးရာတပ် (ဗိုလ်တရာ)ကို အုပ်ချုပ်သူမှသာလျှင် တပ်ဗိုလ်ဟုခေါ်ရပေသည်။ တခါတရံ ၄င်းအား တပ်မင်းကလေးဟူ၍ လည်းခေါ်သည်။ သို့သော် စစ်တက်စစ်ချီရာတွင် ငါးရာတပ်နှင့်သာ ပြီးသည်မဟုတ်။ ငါးရာတပ်ပေါင်းအများ ချီတက်ရသည့်အခါလည်း ရှိသည်။ ထိုအခါ တပ်အားလုံကိုပေါင်း၍အုပ်ချုပ်ရသည်။ ထိုအုပ်ချုပ်သူကို တပ်ပေါင်းဗိုလ်ဟု ခေါ်ပြန်သည်။ တပ်ပေါင်းဗိုလ် နှစ်ဦး သုံးဦးကို ပေါင်းစပ်အုပ်ချုပ်ရသူမှာ ဗိုလ်ချုပ်ဖြစ်သည်။ ဗိုလ်ချုပ် နှစ်ဦးသုံးဦးပေါင်းကိုမူ ဘုရင်ကိုယ်တိုင်ဖြစ်စေ၊ ဘုရင်က အာဏာလွှဲအပ်ခံရသော မင်းညီမင်းသား ဘုရင်ခံများက ဖြစ်စေ စစ်ဘုရင် အဖြစ်ဖြင့်အုပ်ချုပ်ရသည်။
ထိုသို့ဖွဲ့ စည်းသည့် တပ်မတော်သို့ စစ်သားစုဆောင်းသည့်အခါ မင်းကြီး မဟာဗန္ဓုလ ၏ဆင့်ဆိုသည့် စနစ်အရ၊ “ရဲမက်တို့မှာ၊ မျက်စေ့မှုန်မွဲ၊ တိမ်မျက်ခမ်းစပ်၊ ပန်းနာ၊ ဒူလာ အားကြီး၊ ကြက်ဝက်မှင်တက်ရောဂါ၊ အိပ်ရာယောင်ယမ်း၊ ဦးဆံရှုပ်ထွေး၊ ကိုယ်ထက်ဒူးရှည်၊ ပေါင်ရှည်၊ ခြေသိမ် လက်သိမ်၊ အသက် ၂၀ မပြည့်၊ ၅၀ ကျော်သူ” တို့ကိုအခန့်အထားမရှိ ဟုပညတ်သည်။ ယခုပြဆိုခဲ့သော စစ်တပ်ဖွဲ့ စည်းနည်းမှာ အတန်ငယ်နှောင်းကျသေးသည်။ ၄င်းစနစ်ထက် ရှေးကျသော စနစ်အရမှာ မည်သို့ရှိလိမ့်မည်ကို သေချာစေ့ငုစွာ မရှာဖွေဘဲ၊ ကျွန်ုပ်တို့ အလွတ်မပြောနိုင်။ သို့ရာတွင် ရာဇဓမ္မ သင်္ဂဟကျမ်းလာ စစ်သည်ရဲမက် လက်နက်ကိုင် ခြောက်မျိုးဖွဲ့ စည်းပုံကိုကြည့်ရလျှင် အလောင်းမင်းတြားမှ သီပေါမင်းတြားအထိ နှောင်းခေတ်၏ ဖွဲ့ စည်းပုံထက် လျော့လျော့ယဲယဲ ဖြစ်သည်ဟု မှန်းဆနိုင်ပေသည်။
ရှေးခေတ်ကမူ
(၁) မျိုးရိုးစဉ်ဆက်အားဖြင့် အမှုထမ်းဖြစ်ပြီး ယုံကြည်စိတ်ချရသော ကျေးရင်း ကျွန်ရင်း ကိုယ်ရံတော် တပ်ကို “မောလ” ဟုခေါ်သည်။ ထိုကိုယ်ရံတော်တပ်မှာ ဘုရင့်အတွက်သာဖြစ်သည်။
(၂) နိုင်ငံတော် အတွက်မူ ကိုယ့်နိုင်ငံအတွင်း မိမိအမျိုးသားတို့ကို စစ်တိုက်စေရန် အခကြေးငွေ ပစ္စည်းပေးထားသော လက်နက်ကိုင် ဟူသမျှတို့ကို “အခစားလက်နက်ကိုင်” ဟု ခေါ်သည်။ ပါဠိလို “ဘူတ” ဟူသတည်း။ ၄င်းတပ်မှာ တပ်ရင်းဖြစ်သည်။ များသောအားဖြင့် ၄င်းသည် နိုင်ငံအတွက် ပင်တိုင်တပ်ဖြစ်သည်။
(၃) သို့သော် အရေးအကြောင်းဟူ၍ ပေါ်ပေါက်လာက ကောက်ခါ ငင်ကာရအောင် အသစ်ပြင်ဆင် စည်းကြပ်ထားသော လက်နက်ကိုင်တပ်ကို “သင်းလက်နက်ကိုင်” ဟုခေါ်ဆိုသည်။ ပါဠိလို “သေဏိ” ဟူသတည်း။ ယခုခေတ်အခေါ်နှင့်ခေါ်ရလျှင် အရံတပ် ဟူ ၍ ပင် ခေါ်ရမည် ထင်သည်။
(၄) ထိုမှတပါးလည်း မဟာမိတ်နိုင်ငံသားတို့ကို အခကြေးငွေ ပစ္စည်းဖြင့် ခေါ်ယူငှားရမ်း၍ “သခါ”မည်သော စစ်ကူလက်နက်ကိုင်တပ် ရှိသေးသည်။ ၄င်းကို “အဆွေ ခင်ပွန်းလက်နက်ကိုင်” ဟူ၍လည်းခေါ်သေးသည်။
(၅) စစ်သုံ့ပန်းတို့ကိုပင် မိမိဘက်သို့ ပါအောင်စည်းရုံး၍ စည်းကြပ်ထားသော လက်နက်ကိုင်တပ်လည်း ရှိသေးသည်။ ၄င်းမှာ ပါဠိလို “ရိပု” ဟုခေါ်၍ မြန်မာလိုရိုးရိုးဖြင့် “ရန်သူလက်နက်ကိုင်” ဟုခေါ်ပြန်သည်။
(၆) တော်တောင်ကြီးမား၍ အဖျားအနားထူထပ်သော အရပ်သို့ ချီတက်ရာတွင် ထိုအရပ်သူ အရပ်သားများကိုပင် တပ်ဦးကထား၍ ယခုခေတ် ရန်သူ့အရိပ်အခြေကို စုံစမ်းသော “စကောက်တပ်” များပမာ အသုံးချရသည့် “အဋ၀ိက” တပ်သားများလည်းရှိသေး သည်။ ၄င်းတို့ကို တောသားလက်နက်ကိုင် ဟူ၍ခေါ်ဆိုသည်။
စစ်တပ်ဖွဲ့ စည်းစုဆောင်းရာ၌ အခကြေးငွေ ပစ္စည်းတို့ကို ပေးကမ်းပြီး ဖွဲ့ စည်းကြောင်း နှောင်းခေတ်ရာဇ၀င် တို့ကဆိုပေသည်။ သို့သော် လက်တွေ့ သဘောတွင် နေရာတကာတိုင်း အခကြေးငွေ ရသည်ဟုမဆိုသာ။ ကျနော်မှတ်သားမိသမျှ ပါးစပ်ရာဇ၀င်အရ ဆိုလျှင် ရှေးက စစ်သည်တော် အဖြစ် အမှုထမ်းရာ၌ များသောအားဖြင့် ကိုယ့်စီးပွါးကိုယ်ရှာစားရင်း အမှုထမ်းကြသည်က များသည်။ တရပ်တကြေးသို့ စစ်ချီတက်သည့်အခါ မှသာလျှင် စားနပ်ရိက္ခာ ဟူ၍ ရကြသည်။ ထိုစားနပ်ရိက္ခာမှာလည်း ရောက်လေရာအရပ်တွင် ရွာသူကြီး မြို့ သူကြီးတို့က ဆင့်ဆို၍ ရသော စားနပ်ရိက္ခာမျိုး ဖြစ်သည်။
များသောအားဖြင့် စစ်ထဲသို့ဝင်ရန် အတွက် ဘုရင့်အမိန့်တော်အတိုင်း နာခံကြသည် ကများဟန်တူ၏။ မိမိတို့အလိုအလျောက် စစ်ထဲသို့ဝင်၍ အမှုထမ်းကြသည်က များဟန်တူ၏။ စစ်သားစုဆောင်းရေးတွင် တရားဟောပြော သိမ်းသွင်းခြင်းများ လက်ဆောင်ဖြင့် ဖျားယောင်း သိမ်းသွင်းခြင်းများ စပေါ်ငွေပေးပြီး သိမ်းသွင်းခြင်းများကို ရာဇ၀င်တို့တွင်၎င်း မှတ်တမ်း တို့တွင် ၄င်း မတွေ့ ရချေ။
ထို့ပြင်မြန်မာဘုရင့် ခေတ်ကစစ်သားတို့၏ ဟော့ရမ်းမှုတို့ကိုလည်း များစွာမတွေ့ ရ။ ထိုအချက်နှင့်ပတ်သက် ၍စဉ်းစားစရာရှိသည်။ ရှေးခေတ်က စစ်သားမှန်လျှင် မိမိတို့ စစ်နိုင်သည့် မြို့ ရွာနယ်ပယ်ရှိ မိန်းမများကို ကျူးလွန်ခြင်း ယောကျာ်းများကို သုံ့ပန်းအဖြစ်ဖမ်း ၍ ကျွန်အရာထားခြင်း ရန်သူ့ပစ္စည်းများကို လုယက်ယူငင်ခြင်းတို့မှာ ထုံးစံပမာဖြစ်နေ၍ အထူးပြဆိုဖွယ်မရှိသောကြောင့် ရာဇ၀င်တွင် အကျယ်တ၀င့်မဆိုလေ ဟုတွေးဆဖွယ်ရှိ၏။
စစ်သားဟူသည်မှာ ထိုအမူအကျင့်ရှိသည် ဆိုသောသဘောကို ထိုခေတ်က လက်ခံသောကြောင့်လည်း ဖြစ်နိုင်သည်။ သို့တည်းမဟုတ် ရာဇ၀င်ကိုနှောင်းမှ ရေးသည်ဖြစ်ရကား ရာဇ၀င်တွင် အသေးအဖွဲ အပြစ်အနာအဆာတို့ကို မြှုပ်နှံချွင်းချန်ထား ခဲ့သည်လည်း ဖြစ်နိုင်၏။ သို့တည်းမဟုတ် မြန်မာမင်းတို့ အချင်းချင်း စစ်ထိုးရာတွင် ခေါင်သူကြီး ကျလျှင် စစ်ငြိမ်းစမြဲဖြစ်လေရာ နောက်လိုက်ငယ်သားတို့မှာ မိမိတို့ခေါင်းဆောင်ချင်း ဖြစ်ကြသည့် အရေးကိစ္စတွင် ခေါင်းဆောင်နှစ်ဦး၏ ကံကြမ္မာသည် ဆုံးခန်းတိုင်ရောက်သည် နှင့်တပြိုင်နက် နောက်လိုက်တို့မှာ အချင်းချင်းပြေငြိမ်းကြပြီးလျှင် ဘီလူးစည်း လူ့စည်း စောင့်ရှောက်သောကြောင့် ဟူ၍လည်း ဆိုနိုင်၏။ ဤကားမိမိကိုယ်တိုင် ထင်မြင်ချက်မျှသာဖြစ်သည်။
လက်တွေ့ သဘောတွင်ကား ရခိုင်အမျိုးသားတို့က၄င်း ကသည်းမဏိပူ အမျိုးသားတို့ က၄င်း ယိုးဒယား အမျိုးသားတို့က၄င်း ဗမာဟူသော အမည်ကို ယခုတိုင် အတော် အငြိုးမပြေပုံ ထောက်ရလျှင် ကျွန်ုပ်တို့၏ ဘိုးဘွား စဉ်းဆက်တို့သည် ရမ်းကားသည့် ခေတ်ကလည်း အတော်ပင်ရမ်းကားခဲ့လိမ့်မည်ဟု ထင်မြင်သဘော ရရှိပြန်ပါသည်။ ဤဆောင်းပါး၏ သဘောမှာ ရှေးခေတ်က အဖြစ်သနစ်တို့ကို ပြန်ဖော်ပြီး အနာဟောင်းကို ဆွသော ဆောင်းပါးမျိုး မဟုတ်ပေ။ အမှန်ကို အမှန်အတိုင်း ရှုပြီး သဘာဝကို ထင်အောင်မြင်အောင် သုံးလျှင် ရန်ပြေ မာန်ပြေသဘောမျိုး ဖြစ်နိုင်သည်ကို ယုံကြည်သဖြင့် အထက်ပါ စကားကို ဆိုရခြင်းဖြစ်သည်။ စင်စစ် ယခုခေတ်တွင် စည်းကမ်းတကျဖွဲ့ စည်းထားသော စစ်သားများ ကိုယ်ပိုင်ရှိသည့် နိုင်ငံကြီးသား တို့ပင်လျှင် နုစဉ်အခါက အဘယ်သို့ ရှိလေသနည်းဟု ကျွန်ုပ်တို့ စဉ်းစားကြည့်ကြစေလို၏။
ထိုစဉ်းစားဘွယ်ကို ယခုကျနော် တင်ပြပါမည်။ သို့သော်မတင်ပြမီ ကျွန်ုပ်တို့နိုင်ငံသည် အမြဲတမ်း စစ်ခင်းခဲ့သော နိုင်ငံဖြစ်လင့်ကစား နိုင်ငံတော်၏ တပ်ပေါင်းစု စစ်သားဦးရေမှာ သူ့ခေတ် အလျောက် မည်မျှ ရှိသည်ကိုဖော်ပြပါဦးမည်။ သို့မှသာ အတိုင်းအရှည်ကို ခန့်မှန်း ချင့်ချိန်နိုင်ကြပေလိမ့်မည်။ ကျွန်ုပ်တို့ နိုင်ငံတွင် မည်မျှ ပြည်ထောင် အချင်းချင်း စစ်ခင်းခဲ့သည် ဖြစ်စေကာမူ နယ်ချဲ့လိုသော ၀ိသမလောဘဖြင့် စစ်ခင်းခဲ့သည်မှာ နည်းပါးလှသည်။ မရှိဟု မဆို။ နှစ်မင်း သုံးမင်းတို့ ခေတ်တွင် သူတပါးနိုင်ငံကို စစ်ချီခဲ့သည်မှာ မှန်၏။ သို့သော် ရည်ရွယ်ချက်ကို အရင်းအတိုင်း စစ်ချလိုက်သော် သူတပါးတိုင်းပြည်ကို အပိုင်သိမ်း၍ ကျွန်စာရင်း သွင်းရန် စိတ်ကူးများစွာမရှိ။ သို့သော် မိမိတို့၏ နိုင်ငံသည် ဘုန်းတန်ခိုးကြီးမား ကြောင်းပြလိုသော အာသီသကား ရှိခဲ့ပေ၏။
ဤသည်ကိုရည်ရွယ်၍လည်း လူမျိုးခြားတို့က ကျွန်ုပ်တို့ မြန်မာများသည် တန်ခိုး အာဏာ မက်မောတတ်သည်ဟု အကဲဖြတ်ကြပေသည်။ အာဏာ မက်သည်ဟုပြောပြော မမက်မောဟုပြောပြော လူမျိုးတမျိုး အနေဖြင့် ကျွန်ုပ်တို့သည် ရှေးခေတ် အစဉ်အလာအရ လောဘဇောမကြီးခဲ့သည်မှာ ကျွန်ုပ်တို့ အတွက် ဂုဏ်ယူစရာဖြစ်သည်ဟု ယူဆလိုပေသည်။ ယင်းကဲသို့လောဘဇော ထကြွခြင်းမရှိမှုကြောင့်လည်း ရှေးရှေးက စစ်တပ်ဆိုသည်မှာ နိုင်ငံတွင် ရှိသင့်ရှိထိုက်သည်ထက် မပိုခဲ့ဟု ကျနော်ယူဆလိုပေသည်။ ဥပမာ မိမိရာဇ၀င်ကို မိမိရေးရာတွင် မည်မျှပင် အပိုအဖျင်းများဖြင့် လိုရင်းထက်ကြွားပြီး ပြောကြစေကာမူ နိုင်ငံခြားသားတို့ ရေးမှတ်သော ရာဇ၀င်မှတ်တမ်းများအရ စစ်ကြောကြည့်သော် လောဘဇော ကြွ နိုင်လောက်သော စစ်သားအရေအတွက် များစွာမရှိချေ။ ခရစ်နှစ် ၁၃ ရာစုတွင် ကူဗလိုင်ခန်၏ “တရက်” (Turks) စစ်သည်တော်တို့သည် အာရှတတိုက်လုံးကို မွှေနှောက်နေချိန်ဖြစ်သည်။ သို့သော် ၁၂၇၇ ခု နရသီဟပတေ့မင်း လက်ထက် တရုပ်နှင့် တရက်တို အန္တရာယ် ကြီးမာလျှက်ရှိစေကာမူ မြန်မာစစ်တပ်မှာ ငဆောင်ချမ်းတိုက်ပွဲ အတွက် စစ်သည် လေးသောင်းသာရှိသည်။ တရုပ်တရက်တို့ဘက်မှမူ စစ်သားတစ်သောင်းနှစ်ထောင် ရှိသည်။ ကျယ်ဝန်းလှသော အာရှစစ်မြေပြင်တွင် စစ်သား တသောင်းနှစ်ထောင်ကို ဖြန့်ထားနိုင်သည်မှာ တရုပ်ပြည်၌ တော်တန်ရုံ လူဦးရေသာ ရှိလျှင် မဖြစ်နိုင်ချေ။
ခရစ်နှစ် ၁၃၆၈ - ၁၄၀၁ ခုနှစ် မင်းရဲကျော်စွာလက်ထက် ၌ စစ်သားဦးရေ တသောင်း နှစ်ထောင်သာရှိသည်ဟုဆိုသည်။ ၁၅၅၁-၁၅၈၁ ဘုရင့်နောင်လက်ထက်၌ကား စစ်သားဦးရေ တသိန်းစာရင်းပြုနိုင်ခဲ့သည်။ ထိုအခါက စစ်သည်တော်ထဲတွင် မြန်မာ ရှမ်း ယိုးဒယား လူမျိုးတို့ ပါဝင်ခဲ့ကြသည်။ခရစ်နှစ် ၁၆၁၃ ခုတွင် အနောက်ဘက်လွန်မင်းတြားသည် နတ်ရှင်နောင်နှင့် ငဇင်ကာတို့ကို လက်ရဖမ်းရန် တညင်သို့ စစ်ချီခဲ့ရာ၌ စစ်သား တသောင်းနှစ်ထောင်မျှ လာသည်ဟု အဆိုရှိသည်။ ထှိုမျှလောက်သော စစ်တပ်သည်ပင်လျှင် များလှသည်။ အလောင်ဘုရား ၁၇၅၂ - ၆၀ နှင့် ဆင်ဖြူရှင် ၁၇၆၃ - ၇၆ ခေတ်တွင် စစ်သား နှစ်သောင်းမှ လေးသောင်းအထိပင်တိုင် ထားခဲ့သည်။ မဟာဗန္ဓုလ၏ စစ်တပ်သည် ၁၈၂၄ ခု ဒီဇင်ဘာလ ၇ ရက် ဓနုဖြူတိုက်ပွဲ ဖြစ်ချိန်တွင် စစ်သားခြောက်သောင်းနှင့်ဖွဲ့ စည်းသော စစ်တပ်ဖြစ်သည်။ ၄င်းတို့အနက် သုံးသောင်းမှာ မတ်စကတ် ခေါ် သေနက်ကိုင်စစ်သားများဖြစ်သည်။ မဟာဗန္ဓုလ စစ်တပ်၏စွမ်းရည်မှာ မြေကတုတ်ဖြင့် စစ်ကိုခံခြင်း မြို့ ကိုခံတပ်ဆောက်ပြီး ကာကွယ်ခြင်း၌ အလွန်ထူးချွန်သည်ဟုဆိုပေသည်။ သူ၏စစ်တပ်တွင် တောင့်တင်းခိုင်မာ သန်စွမ်းသူတို့သာ များသည်ဟုဆိုသည်။
ဤအချက်တို့ကိုထောက်သော် ရှေးခေတ်က မြန်မာစစ်တပ်တို့၌ စစ်သားဦးရည်မှာ အဆမတန် များပြားခြင်းမရှိခဲ့ဟု ဆိုရပေမည်။ ဤအချက်ကို ထင်ရှားအောင်ပြနေသည်မှာ အခြားကြောင့်မဟုတ် အင်္ဂလန်ကျွန်း ဘုရင်မ အင်(န်) လက်ထက် ခရစ်နှစ် ၁၆၉၇ ခုနှစ်၌ ပြီးဆုံးသော စပိန်နှင့်ဖြစ်ကြသည့် စစ်ပွဲခေတ်တွင် ရှိနေသော အင်္ဂလန်စစ်တပ်များ အခြေအနေနှင့် ယှဉ်ကြည့်စေလိုသောကြောင့်ဖြစ်၏။ ယခုကျနော်ပြဆိုလတ္တံသော အချက်အလက်တို့မှာ ဂေါ့ဒ်ဖရေး ဒေးဗီးစ် (Godfrey Davies) ရေးသားသော “ဘုရင်မ အင်(န်)လက်ထက် စစ်သားစုဆောင်းရေး ဆောင်းပါးမှ ကော်နုတ်ချက်များဖြစ်သည်။
စပိန်နှင့် စစ်တိုက်နေသောခေတ်တွင် အင်္ဂလန်နှင့် အိုင်ယာလန် ကျွန်းများတွင် လူဦးရေ ခုနှစ်သန်းမျှ ရှိမည်ဟုခန့်မှန်းသည်။ ထိုခုနှစ်သန်းကိုကာကွယ်ရန် အတွက်စစ်တပ်မှာ တသိန်းခွဲမှ နှစ်သိန်းအထိ လိုလိမ့်မည်ဟုဆိုသည်။ သို့ရာတွင် စစ်တိုင်နေသော အချိန်၌ စစ်သား အများဆုံးရှိခဲ့သည်မှာ ခုနှစ်သောင်းမျှ ရှိလိမ့်မည်။သို့ရာတွင် စစ်ပြီးသော ၁၆၉၇ ခု၌ စစ်သားလက်ကျန်မှာ နှစ်သောင်းငါးထောင်မျှသာ ကျန်ခဲ့သည်။ ထို့ကြောင့် ပင်တိုင်ထားရသော တပ်အတွက် စစ်သားစုဆောင်းရန်လိုသည်ဟု ဆိုခဲ့ပါလျှင် နောက်ထပ် လေးသောင်း ငါးထောင်စုရန်ရှိသည်။ သို့ရာတွင် လိုအပ်သော စစ်သားဦးရေ ခုနှစ်သောင်းကိုစုရန် အတော်ပင်ခဲယဉ်းခဲ့သည်။ တနှစ်တနှစ်လျှင် စစ်သား တသောင်းခန့်မှန်မှန်စုရန် အမြဲလိုနေသည်။
စစ်သားစုဆောင်းသည့်အခါ ၀ါဒဖြန့်ရသည်လည်းရှိ၏။ နပိုလီယန်သည် စာမတတ်သူတို့ အဖို့ ကာတွန်းကျေညာစာတမ်းများ ဝေငှပြီး စစ်သားစုဆောင်းခဲ့ရာ အလွန်အထမြောက်ခဲ့သည်။ သို့သော် ဘုရင်မ အင်(န်)၏လက်ထက်၌ စစ်တိုက်ခြင်းကို ခရစ်ယာန် သာသနာပြုအင်အားစုတို့က သဘောမတူကြချေ။ တိုရီကဲ့သို့သော နိုင်ငံရေးအဖွဲ့ စည်း ဂိုဏ်းဝင်တို့ကပင်လျှင် ပြည်ပသို့ စစ်ချီရေးကို ကြိုက်နှစ်သက်ကြဟန်မတူ။ စစ်သားစုဆောင်းရာတွင် အခရာဖြစ်သော တရားသူကြီးတို့ကပင်လျှင် စစ်ထဲဝင်လိုသူတို့ကို အားမပေးသည့်အပြင် စိတ်မပါအောင်ဟောပြောကြသည်။ လူထု၏ သဘောဆန္ဒအရမှာလည်း ပင်တိုင်ထားအပ်သော တပ်ရင်းဖွဲ့ စည်းခြင်း ကိစ္စကို သဘောမမျှကြချေ။
ထို့ကြောင့် စစ်သားစုဆောင်းရေးမှာအတော်ပင်ခက်ခဲသည်။ ထိုခေတ်က ထုတ်ဝေသော စာရွက်စာတမ်းများကို လေ့လာသည်ရှိသော် မိမိဝမ်းစာကို မိမိကောင်းမွန်စွာ ရှာကြံစားသောက်နေသော ကျွမ်းကျင်သည့်အလုပ်သမားတဦးအား ဘုရင်နှင့် တိုင်းပြည်အတွက် အငတ်ငတ် အပြတ်ပြတ် ဘ၀၌ အမှုတော်ထမ်းရွက်ရန် ဖြားယောင်းသွေး ဆောင်ရသော အလုပ်မှာ တာဝန်ကြီးလှသည်ဟုဆိုသည်။ စစ်သားဆိုသူကို သန်းနှင့် ပြည့်တန်ဆာ များကသာ ပိုမိုလေးစားသည်ဟု မှတ်ချက်ချကြသည့်အပြင် စစ်သားဘ၀နှင့် ကိုယ့်ဝမ်းကိုယ်ထိန်းကျောင်းရာ၌ တောင်းခံစားသောက်တတ်ရမည်။ သို့မဟုတ် ခိုးတတ်ဝှက်တတ်ရမည် သို့မှသာလျှင် အနှစ် နှစ်ဆယ်ခန့်စစ်မှုထမ်းပြီး ဆာဂျင်ရာထူး ရနိုင်မည်။ အနှစ် နှစ်ဆယ်အတွင်းမသေ ကျန်ရစ်ခဲ့ပြီး အသက် ခြောက်ဆယ်တိုင်အောင် နေရပါမူကား အကျိုးအကန်းဘ၀နှင့် ဂုဏ်ထူး ဘွဲ့ ထူး ရနိုင်ပေလိမ့်မည်ဟု စိတ်ပျက်လောက်အောင် ရေးသားထားပေသည်။
အထူးသဖြင့် “ခရီးသည် ဂါလီဗာ”၏ ၀ထ္ထုကို ရေးသားသူ ဆွစ်ဖ်ထ် (Swift) ကစစ်သားဟူသည် မိမိနှင့်ရန်ဘက်မဟုတ်သော လူသားအချင်းချင်းကို သတ်ဖြတ်ရသော လူမျိုးစားဟု ရေးသားခဲ့ပေသည်။ ဤကား ထိုခေတ်က ဘုရင်တို့အတွက် စစ်ပွဲများတွင် လူထုက သဘောထားပုံဖြစ်သည်။ လူထုသည် လူထုအနေဖြင့် မိမိဘာသာ ဧဧနေနိုင်သော အလားအလာရှိခဲ့သည်။ ထို့ကြောင့်ဘုရင်တို့က သူတို့အကျိုးငှာ တန်ဆာခံစေခိုင်းသော အခါ စိတ်မပါကြချေ။ ဤခေတ်တွင်ကား ထူထုသည် လူထုလုံခြုံရေးအတွက် တိုက်ခိုက်နေကြလေရာ ဘုရင်စနစ်ကို အလုပ်အကြွေး ပြုသော စိတ်ထားမျိုးဖြင့် ငါနှင့်မဆိုင် ဟု သဘောထား၍ မရနိုင်ပြီ။
ဘုရင်မ အင်(န်) ခေတ်က စစ်သားစုဆောင်းရာတွင် စစ်သားဟောင်းတို့အား စစ်ထဲဝင်လျှင်ဝင်ချင်း သျှီလင် ၄၀ ပေးသည်။ လူသစ်တို့အား သျှီလင် ၃၀ ပေးသည်။ စစ်မှုထမ်းကြသော အခါ တပတ်လျှင် သုံသျှီလင် ခြောက်ပဲနီမျှသာရကြသည်။ ဘုရင်မ၏ အစိုးရကမူ စစ်သားတိုင်းအတွက် လိုအပ်သော ၀တ်စုံများကို တစုံစီ ချီးမြှင့်သည်။ ရေတပ်သားတို့မှာ တလလျှင် ၁၈ သျှီလင်ရသည်။ အစားအသောက် အလကားစားရသည်။ ကြည်းတပ်မတော်သားတို့မှာ တခါတရံ တနှစ်လျှင် ၁၀ပေါင်မျှသာ စည်လေသည်။ ထို့ကြောင့်လည်း စစ်သားစုဆောင်၍ကောင်းကောင်း မရနိုင်ဖြစ်ခဲ့သည်။
များသောအားဖြင့် စစ်သားစုဆောင်းနည်းမှာ ဂျပန်တို့ ချွေးတပ်စုဆောင်းသလို စုဆောင်းနည်းဖြစ်သည်။ စပေါ်ငွေ သျှီလင် ၄၀ကို စာရင်းသွင်းလျှင် သွင်းချင်း ပေးလေရကား လူရည်လည်သော စစ်သားဟောင်းတို့မှာ နာမည်အမျိုးမျိုးဖြင့် တပ်အမျိုးမျိုးသို့ သွားရောက်ကာ ခဏခဏ စာရင်း သွင်းခြင်းဖြင့် တနှစ်လျှင် ပေါင် ၆၀ မျှစည်အောင် စာရင်းလိမ်သွင်းကြသည်။ စစ်သားစုဆောင်းရာ၌ အခက်အခဲတရပ်မှာ စစ်ထဲဝင်လာသူအား နေရာချမထားရသေးမီ ကောင်းစွာ ကျွေးမွေးသုတ်သင် နေထိုင်စေရန် နေရာမရှိခြင်းဖြစ်သည်။ ထို့ကြောင့် စစ်သားလောင်းများထွက် မပြေးနိုင်အောင် ထောင်ထဲတွင် အကျင်းချထားသည်။ စစ်သားလောင်းတို့ကို သယ်ယူပို့ဆောင်ရန် ယဉ်မရှိသည့် အတွက်ကြောင့် လပေါင်းများစွာ ဆင်းရဲဒုက္ခရောက်ကြရပြီးလျှင် ရောဂါသယ်နှင့် များစွာသော သန်မာသူလူငယ်တို့ သေကြေ ပျက်စီးကြရသည် ဟူ၍လည်း ရာဇ၀င်မှတ်စု မှတ်တမ်းတို့က ဖော်ပြထားသည်။
စစ်သားစုဆောင်းရာတွင် မိမိတို့ဘက်ပါလာအောင် သွေးဆောင်၍ ကတိဝါဒ ဖြန့်ရသော သဘောလည်း ရှိသည်။ ဥပမာ စိတ်နှလုံးကောင်းပြီး ကြင်နာတတ်သော ဘုရင်မအား ခစားရန် ဟူ၍၄င်း အ၀တ်အစားနှင့်တကွ သျှီလင် ၄၀ အပြင် စစ်သားလောင်းရရှိ နေသော လခကိုပါ ရစိမ့်မည်ဟု၍၄င်း မိမိတို့ သခင်ဖိနပ်ကို တိုက်ပေးရသော ဘ၀မှ ကျွတ်စေ ရန်ဟူ၍၄င်း မိန်းမတို့နှင့် ပျော်ပျော်ပါးပါး ဟားတိုက်၍နေနိုင်သော ကပ္ပတိန်ရာထူးသို့ ချက်ခြင်း တိုးမြှင့် ပေးမည်ဟူ၍၄င်း ကတိအမျိုးမျိုးပေးကြသည်။ ထိုကတိပေးချက်တို့ထက် ပိုမိုပြီး စိတ်ကို စွဲဆောင်စေနိုင်သော ကတိမှာ ကြွယ်ဝ ချမ်းသာသော မြို့ များကို သိမ်းပိုက်သည့်အခါ စစ်သားတို့လိုချင်ရာကို လုယက်ယူငင်နိုင်စေရန် မြို့ ရွာတို့ကို ဖွင့်ပေးမည်ဟူသောကတိ ပင်ဖြစ်သည်။
သို့ပါသော်လည်း ဖိနပ်ချုပ်ရချုပ်ရ အမဲသတ်သမားလုပ်ရလုပ်ရ စစ်သားတော့ မလုပ်ပါရစေနဲ့ ဟူသော အဓိပ္ပါယ်ရှိသည့် သီချင်းများသည် ထိုခေတ်က ခေတ်စားခဲ့ပုံကို ထောက်သော် ထိုကတိများသည်ပင်လျှင် များစွာ အရာမရောက်ဟုဆိုရန်ရှိနေသည်။ ထို့ကြောင့် စစ်သားစုဆောင်းရေး အာဏာပိုင်တို့သည် အကျဉ်းသမားများဆီသို့ ခြေဦးလှည့်ခဲ့ ကြရပြန်သည်။ အင်္ဂလိပ် ဘုရင်စနစ်၌ ကြွေးတင်သူသည် ကြွေးမဆပ်နိုင်ပါက ထောင်ချခံရ သည်။အကျဉ်းထောင်တွင် ကြွေးမှုကြောင့် ထောင်ကျခံနေရသော အကျဉ်းသမားများရှိသည်။ အသက် ၄၀ မကျော်သေးသော အကျဉ်းသမားသည် စစ်ထဲဝင်လိုသော် ထောင်မှ လွတ်ခွင့် ရသည်။ “ရော်ဘင်ဆန် ကရူးဆိုး ” ရေးသူ ဒီဖိုး၏ မှတ်စုများအရဆိုလျှင် ယခင်ကနည်းဖြင့် ကြွေးမှုကြောင့် ထောင်ကျနေသော အကျဉ်းသမားများသည် ငါးထောင် ခြောက်ထောင်မက ထောင်မှ လွတ်ခဲ့ကြပါ၏။ သို့သော် တကယ် စစ်ထဲဝင်ပြီး အမှုထမ်းသူတို့မှာ ၁ ရာပင်မပြည့် ဟုဆိုခဲ့ကြသည်။ များသောအားဖြင့် ထောင်မှ လွတ်သောအခါ အကျဉ်းသမားများက ဆိုင်ရာ စစ်ဗိုလ်များကို ၁၀ ဂီနီမှ ဂီနီ ၄၀ လဘ်ထိုးသည်ရှိသော် ထောင်ကလည်း လွတ်ပြီး စစ်တပ် ကလည်း လွတ်လေတော့သည်။ စစ်သားစုဆောင်းရာတွင် ကျွန်ုပ်တို့ မြန်မာဘုရင်ခေတ်က မောင်းတဒူဒူနှင့် စုဆောင်းသကဲ့သို့ အင်္ဂလိပ်ဘုရင်များသည်လည်း ဘင်တီးပြီး စုဆောင်းကြ သည်။ သို့သော် သီချင်းသံဖြင့် စိတ်ကို လှုပ်ရှားထကြွအောင် လုပ်မရသောအခါ အရပ်သားတို့ ကို အရက်မူးအောင်တိုက်ပြီး စစ်ထဲသို့ ခေါ်သွားသည်လည်း ရှိသည်။
ထို့ပြင်လည်း မြို့ နှင့် ကျေးရွားများတွင် မြို့ သူကြီး ရွာသူကြီးတို့က ရုံးထိုင်ပြီး မည်သူ မည်ဝါသည် စစ်မှုထမ်းသင့်သည်ဟု ဆုံးဖြတ်ကာ စစ်ထဲသွင်းသည်လည်း ရှိသည်။ ထိုကဲ့သို့သော အရပ်များတွင် လူထုအင်အား ကောင်းသည်ရှိသော် လူစု၍ စစ်သားလောင်းကို ပြန်လုသည့် အမှုအခင်းများလည်းပေါ်ပေါက်ခဲ့သည်။ ထိုမှတပါးလည်း ပြင်သစ်တို့ကို အလွန် မုန်းတီးသော လူမျိုးရေး စိတ်ရှိသူတို့အတွက် ပြင်သစ်ရှင်ဘုရင်ကို ဆွဲချရန် စစ်ထဲလိုက်ပါ ကြပါ ဟုတရားဟောကာ သိမ်းသွင်းခြင်းများလည်းရှိပေသည်။ ထိုသို့မှ မရလျှင် ပုလိပ်နှင့် တရားသူကြီးတို့က ချွေးတပ်ဆွဲ သကဲ့သို့ အတင်းဆွဲလေတော့သည်။ ထိုခေတ်က ထိုစနစ်ဖြင့် စု၍ရသော စစ်သားကို လူထုက အဘယ်သို့ သဘောထားပါသနည်း။
လူထုသဘောထားမှာ စစ်သား၏ အပြုအမူပေါ်မူတည်သည်။ အထက်ပါနည်းအမျိုးမျိုး တို့ဖြင့် ဆွဲဆောင်ပြီး ရတတ်သမျှသော စစ်သားတို့၏ အပြုအမူမှာ မည်သို့ရှိလေမည်ကို ကျနော်ထုတ်ဖော်ပြောမပြမီပင် အများက အကဲခပ်ပြီး ဖြစ်ပေလိမ်မည်။ ထိုဧကရာဇ် စနစ်အရ ဘုရင်မကြီးအတွက်ဟု ရည်ရွယ် ချက်ပြုကာ စစ်ချီရသော ခေတ်တွက် စစ်သားဟူသည်မှာ ကျနော်တို့မြန်မာစကားနှင့် ဆိုလေသော် “လူလွန်မသား ကာသားငါးရာ” မျှသာဖြစ်သည်။ ထို့ကြောင့် စစ်သားဘ၀ကို ထိုဘုရင်မလက်ထက်၌ အာဇာနည်ပမာ မချီးကျူးလိုကြဘဲ စစ်ထဲ လိုက်မည့်သူဆိုလျှင် မိဘမောင်ဖွား ဆွေမျိုးသားချင်းတို့က ၀ိုင်းတားကြသည်။ ချစ်မည့် ခင်မည့် သူကင်းမဲ့သော တကောင်ကြွက်တို့ကို သာလျှင် စစ်ထဲ အတင်းဆွဲထည့်နေချိန်တွင် ထိုစစ်သားတို့ဘ၀မှာ ကျနော်တို့ မြန်မာသီချင်း တစ်ခုတွင်ပါဝင်သော ယိုးဒယား ချီရသည့် စစ်သားကလေး၏ဘ၀နှင့် အလားသဏ္ဌန် တူပေလိမ့်မည်။
ထိုသီချင်းမှာ အခြားမဟုတ် မွေးမေလေး သူမသနားလို့၊
ရွှေသားကိုတဲ့ ထည့်လိုက်လေ၊
ယိုးဒယားပြေ။
ဟူသော လေးဆစ်ကဗျာ ဖြစ်ပေသည်။ “အမေက မသနားလို့ စစ်ထဲထည့်လိုက် သည့်နောက် အမေ့ကို မလွမ်းပါဘူး” ဟူသော အဓိပ္ပါယ်ရသည်။ စင်စစ် ထိုခေတ်က စစ်သားတို့ကားအမေကိုလွမ်းသော စစ်သားမဟုတ်သဖြင့် အမေကလည်း သူ့ကိုပြန်မလွမ်း ချေ။ ရွာတရွာကို ၀င်စီးမိပြီဟုဆိုလျှင် ကျဆုံးသော ရန်သူ၏ မုဆိုးမများ သမီးများ ကိုသိမ်းပိုက်ကြရန်သာ စိတ်စောလျှက် ရှိကြပေသည်။ ရွာလုံကျွတ်လုယက်ရန်သာ စိတ်စောလျှက်ရှိကြပေသည်။ ထို့ကြောင့်လည်း ထိုခေတ်က စစ်သားကို မြတ်နိုးသူမှာ ပြည့်တန်ဆာနှင့် သန်းများဖြစ်သည်ဟု အင်္ဂလိပ်စာပေသမားတို့က စာချိုးပြီး မှတ်တမ်းတင် ကြခြင်းဖြစ်သည်။ ပြည့်တန်ဆာတို့က စစ်သား၏လခ တည်းဟူသော အဆီအသားကိုစုပ်ယူသည်။
ဤဆောင်းပါဖြင့် ကျနော်သည်ရှေးဘုရင်ခေတ် အခြေနေကို ပြောပြနေသဖြင့် စာရှုသူတို့ သည် ယခုခေတ် အခြေကို ပြန်ပြောင်းတွေမိကြပေလိမ့်မည်။ ဥပမာအားဖြင့် အင်္ဂလန် ပြည်တွင် နုစဉ်အခါက စစ်တပ်ဖွဲ့ စည်းမှုမှာ ကျွန်ုပ်တို့ထက် အဆအရာ အထောင်မျှ အခြေဆိုးသည်ကို သတိပြုကောင်းပြုမိကြလိမ့်မည်။ ယင်းသို့သတိပြုမိခြင်းကြောင့် မိမိ၏ အမျိုးသား စစ်တပ်အပေါ် သဘောထားကြီးကြီးထားလိုသော စိတ်များ ၀င်စားကောင်း ၀င်စားလာကြပေလိမ့်မည်။ ယင်းသို့ဆိုလျှင် ကနော်၏ဆောင်းပါးမှာ တချက်ခုတ် နှစ်ချက်ပြတ် ဆိုသလိုအကျိုးရှိရာ ရှိကြောင်း ဖြစ်ပေလိမ့်မည်။ သို့ရာတွင် ကနော်ကား စစ်တပ်ဘက်မှ သက်သက် ရှေ့ နေလိုက်ပေးရန် ရည်ရွယ်ချက်မထားပါ။ ရှေးရှေးတုန်းက စစ်သားဆိုသည်မှာ ဥရောပ အင်္ဂလန် စသည့် တိုင်းပြည်များမှ စစ်သားများပင် ဖြစ်စေကာမူ ချို့ ယွင်းချက်များ ရှိပါကလား ဟူသော ထင်မြင်ချက်ဖြင့် ချွတ်ယွင်းသူတို့ကို နမူနာယူစေလိုသည့် သဘောထားမျိုးလည်း မရှိစေလိုပါ။ ထို့ကြောင့် ချွတ်ယွင်းချက်တို့ကို ဖော်ပြနေစေကာမူ ကောင်းသော နှလုံးသွင်းမှု ရှိစေရန်ကိုမူကား ကျနော် အထပ်ထပ် အခါခါ တိုက်တွန်းလိုပါသည်။
အကြောင်းသောတမူကား ယခုကျနော်တို့ရောက်ရှိနေသောခေတ်သည် ဘုရင်မ အင်(န်) ၏ခေတ်ကကဲ့သို့ ဘုရင့်အတွက် စစ်တိုက်နေသော ခေတ်မဟုတ်တော့ပြီ။ ကျနော် အထူး လေးနက်စွာဖော်ပြလိုသော အချက်မှာ ဤအချက်ဖြစ်သည်။ ဤခေတ်ကား ထူထုခေတ် ပင်ဖြစ်သည်။ လူထုတည်းဟူသော အသိုက် အ၀န်းထဲတွင် မိဘ ဆရာသမား ဆွေမျိုးသားချင်း အကြီးအကဲ တပည့်တပန်း စသည့် အစိတ်အပိုင်းတို့ ပါဝင်လျှက်ရှိသည်။ နိုင်ငံတော်ကာကွယ်ရေးဆိုသည်မှာ ထိုအသိုက်အ၀န်း၏လုံခြုံမှုပင်ဖြစ်သည်။ စစ်သားဟူ သည်မှာ မိမိတို့မိဘ ဆရာသမား ဆွေမျိုးသားချင်း အကြီးအကဲ တပည့်တပန်းများ အတွက် လုပ်ဆောင်နေရသော ယောကျာ်းအာဇာနည်တို့ဖြစ်သည်။ ပြုပြင်ရေးဆိုသည်မှာ မိမိဘ၀ အခြေမှန် အနေမှန် ကို မိမိကိုယ်တိုင်သိလာမှ သာလျှင် ထိရောက်သော ပြုပြင်ရေးဖြစ်နိုင် သည်။
ကျနော်တို့ တပ်မတော် ဖြစ်စဉ်ကိုပြန်ကြည့်လျှင် ထိုတပ်မတော်သည် အမျိုးသားတို့၏ လွတ်မြောက်ရေး စိတ်ဆန္ဒဖြင့် ယှဉ်ပြီး ပေါ်ထွန်းလာသော တပ်မတော် ဖြစ်သည်။ ဤအချက်မှာ အလွန်မွန်မြတ်လှပေသည်။ ထိုမွန်မြတ်သော ရည်ရွယ်ချက်ဖြင့် ကျွန်ုပ်တို့၏ တိုင်းပြည်ရှိ လူ့  အဖူးအညှောက် များသည် ဓားမတို တချောင်းမျှပင် ကိုင်ဆောင်နိုင်ခွင့်မရှိ ခဲ့သော အခြေမှသည် ခေတ်မီလက်နက် အမျိုမျိုး တို့ကို စည်းကမ်းတကျ ကိုင်ဆောင်နိုင်သည့် အခြေသို့ ရောက်အောင် ကြိုးပမ်းခဲ့ကြသည်။ ယင်းသို့ ကြိုးပမ်းရာတွင် ကနော် တို့ လူငယ် အဖူး အညှောက်များ၏ အသက်ပေါင်းများစွာတို့ကို ပူဇော်ခဲ့ရသည်။ နှောင်းလူတို့၏ ဘ၀ တည်မြဲရေးအတွက် ရှေးလူတို့ အသေခံသွားကြရာ၌ အသေခံသူတို့ သေရကျိုးနပ်အောင် အသက်ရှင်နေသူတို့က ကျိုးပမ်းရန်တာဝန်ရှိနေသည်။ တပ်မတော်ထဲတွင် ထိုတာဝန်သိ ပုဂ္ဂိုလ် တို့ အများပင်ရှိသည်ဟု ကျွန်ုပ်တို့ ယုံကြည်ပေသည်။ ထို့ကြောင့်ဤ ဆောင်းပါးသည် တာဝန်သိသူတို့အားပူဇော် သော ဆောင်းပါး ဖြစ်ပါစေသတည်း။


မောင်ထင်ရေးသည်။ ၁၉၅၂ ခုနှစ် ဒီဇင်ဘာလထုတ် မြ၀တီမဂ္ဂဇင်း အတွဲ (၁)၊ အပိုင်း (၂) ။

Saturday, April 17, 2010

သမိုင်းလှလွန်းသည့်စာတပိုဒ်

ရေးသူ-တက္ကသိုလ်ဘုန်းနိုင်



(၁)
ဦးပေါ်ဦးကို မြန်မာ့သမိုင်း၌ အလွန်ထင်ရှားသော ပညာရှိအမတ်ကြီးအဖြစ်မြန်မာတိုင်းလိုလို သိကြသည်။ ကဗျာစာဆိုကြီးအဖြစ် သိသူကား နည်းပါးသည်။သိသူများပင်လျှင် ဦးပေါ်၏စာကို နှုတ်တက်ရွရွ ရွတ်ဆိုပြပါဟု ဆိုလျှင်န၀ဒေးတို့၊ နတ်သျှင်နောင်တို့၊ လက်ဝဲသုန္ဒရတို့၏ စာတွေကို ရွတ်ဆိုပြနိုင်သကဲ့သို့ လွယ်လွယ်ကူကူ ရွတ်ဆိုမပြ နိုင်ကြ။ဦးပေါ်ဦး၏စာက ရိုမင်းတစ် စာမျိုးမဟုတ်။ ခံစားမှုမပါမဟုတ်ပါသော်လည်းလက်ဝဲသုန္ဒရ၏ခံစားမှုမျိုးပင်မဟုတ်။ သူ့စာက ပုဂ္ဂလိက အဇ္ဈတ္တ ခံစားမှုကိုဖော်သည့် လိုင်းရစ် ကဗျာမျိုး မဟုတ်သောကြာင့် သာမန်လူတို့အတွက်ရင်ခုန်ဖွယ် မတွေ့။ သည်တော့..... အသည်းမစွဲ...... ။၁၉၇၉ခုနှစ်မှစကာ စာဆိုတော် ဟောပြောပွဲများတွင် 'သွေးငင်ကြမ္မာ၊၀ါသနာကြောင့်' ဟူသော ခေါင်းစဉ်ဖြင့် ကျွန်တော် ဟောပြောခဲ့သည်။ဝါသနာဆိုသော စကားကိုလည်း လူအများက ပေါ့ပေါ့ဆဆ နားလည်ထားကြသည်။အရှင်မဟာရဌသာရ ဆိုလိုသည့် နက်နဲသော အဓိပ္ပါယ်ကို မသိကြ။
ပါဠိပညာရှင်ကြီး ချီး(လ်)ဒါး(စ်) [Childers] က ၀ါသနာကို-Vasana- Impression remaining on the mind from past good or evil actions and producing pleasure or pain.
ဝါသနာဟူသည် [ပစ္စုပ္ပန်ဘ၀] စိတ်၌ အတိတ်ဘ၀မှ ကုသိုလ်၊ အကုသိုလ်ကံတို့၏
အာနိသင်ကြောင့် ရှိနေသော အကျိုးတရားဖြစ်သည်။ သုခဝေဒနာကိုလည်းကောင်း၊
ဒုက္ခဝေဒနာကိုလည်းကောင်း ပေါ်စေတတ်သည်- ဟု အဓိပ္ပါယ် ဖွင့်ဆိုသည်။စာဆိုတို့၌ ဤသို့လျှင် လေးနက်သော ၀ါသနာမျိုး ရှိကြသည်။မြင့်မြတ်ကြီးကျယ်သော စာဆိုကြီးများ၌ မြင့်မြတ်ကြီးကျယ်သော ၀ါသနာရှိကြသည်။ အမှန်တရားကို တွေ့လျှင် သုခဝေဒနာ ပေါ်ပြီး၊ အမှားကို တွေ့လျှင်ဒုက္ခဝေဒနာပေါ်ကာ... ချီးမွမ်းသင့်သည်ကို ချီးမွမ်း၍ ကဲ့ရဲ့သင့်သည်ကို
ကဲရဲ့လျက် စာရေးဖွဲ့တတ်ကြသည်။ ဤ၀ါသနာသဘောကား အလွန်တွန်းအားကြီးသည်။
ကိုယ်ကျိုးကိုပင် စွန့်လွှတ်ရဲစေတတ်သည်။ဤကဲ့သို့ စာဆိုကြီးများ၏ ၀ါသနာအကြောင်း ဟောပြောတိုင်း ဦးပေါ်ဦး၏အဖြစ်နှင့် သူ့စာနှစ်ပိုဒ်ကို ရွတ်ပြလျက် ကျွန်တော် ဟောပြောလေ့ရှိပါသည်။စာတပိုဒ်က သူ့ ရတု၏ အစပိုဒ်မှ အဖွင့်စကား။"တင့်တိုးကျက်သရေ၊ မြင့်ဖြိုးဝေသား၊ စက်နေပမာ၊ ချက်မြေချာဝယ်၊တေဇာကွန့်မြူး၊ ကြယ်သောက်ရှူးနှင့်၊ ပျံ့လူးဥက္ကာ၊ ကဲ့ပမာသို့......."ဤအပိုဒ်က 'အကျိုး' ကို ရည်ညွှန်းသည်။နောက်တပိုဒ်က.. သူ့ရတု၏ အဆုံးပိုဒ်မှ နိဂုံးကောက်ချက်စကား။"ကျင့်မျိုးခက်ဝေ၊ မြင့်တိုးစေ သား၊မိုးမြေတုတ်ခွန်၊ ယုတ်မလွန်အောင်၊အမွန်ရှည်ကြာ၊ တည်စိမ့်ငှာဟု"
ဤအပိုဒ်က 'အကြောင်း' ကို ပြသည်။အမျိုးဘာသာ သာသနာနှင့် မြန်မာ့လူ့ဘောင်အကျိုး ချစ်မြတ်နှိုးသည့် မေတ္တာ၊စေတနာ၊ ၀ါသနာ တို့မှ ပေါက်ဖွား ပေါ်ထွန်းလာသည့် ကဗျာ.......။

(၂)
ကျွန်တော်တို့ မြန်မာတိုင်းရင်းသားတို့သည် အဆင့်မြင့်သော ယဉ်ကျေးမှုဖြင့်အချုပ်အခြာ အာဏာပိုင်စိုး ၍ ကမ္ဘာပေါ်တွင် နေလာခဲ့ကြသည်မှာ ကြာခဲ့ပြီ။ကျွန်တော်တို့၏ ယဉ်ကျေးမှုသက်သည် ယနေ့ ဥရောပသားအများ၏ ယဉ်ကျေးမှုသက်ထက်ပိုကြီးသည်။
ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အမျိုးသားသွင်ပြင်လက္ခဏာ၊ ကိုယ့်ထီး၊ကိုယ့်နန်း၊ ကိုယ့်ကျငှန်းဟု ခေါ်သော အချုပ်အခြာ အာဏာပိုင်မှုတို့ဖြင့်နှစ်ပေါင်းထောင်ကျော် ကမ္ဘာမြေပေါ်၌ ရပ်တည်နိုင်ခဲ့ကြသည်မှာအကြောင်းမဲ့မဟုတ်။ အကျိုးမှန်သမျှ၌ အကြောင်း ရှိသည်သာတည်း။ဂျီအိုပေါ်လစ်တစ် [Geopolitic] ခေါ် ပထ၀ီနိုင်ငံရေးပညာအရဆိုလျှင်
အင်္ဂလိပ်လို စတိတ်[State] ခေါမလို ပေါ်လီတီးယား[Politeir]၊ မြန်မာလိုနိုင်ငံဟုခေါ်သော လူ့အဖွဲ့အစည်း အမြင့်စားတခု ပေါ်ပေါက်လာရန်ပထ၀ီဒေသတခုအတွင်း အတူနေကြသူ လူတို့အားလုံး၏ စိတ်အတွင်း၌ စတိတ်အိုင်ဒီယာ[State idea] ဟုခေါ်သည့် နိုင်ငံသဘော ပေါ်လာရသည်။ နိုင်ငံသဘောဆိုသည်မှာလည်း လူ၏ အသိဥာဏ်တမျိုး ဖြစ်လေ သည်။ အားလုံးအကျိုးအတွက်အားလုံးစောင့်ရှောက် လိုက်နာကြရမည့် စည်းကမ်းစနစ် လိုအပ်သည်ဟုနားလည်လာသော အသိဥာဏ်ဖြစ်သည်။ ထိုအသိဥာဏ်သည်လည်း လူတို့၏ တူညီသောရည်ရွယ်ချက်များကို သဘောတူ ဖော်ပြခြင်း [statement of purpose] မှ
ထင်ရှား ပေါ်လာရသည်။စည်းကမ်းစနစ်များ ချမှတ်ခြင်း၊ ထိုချမှတ်ထားသော စည်းကမ်းစနစ်များကိုအကောင်အထည်ဖော်ရန်၊ ထိန်းသိမ်းကာကွယ်စာင်ရှောက်ရန် ထက်မျက်သောအဖွဲ့အစည်း၊ထိရောက်သော စီမံခန့်ခွဲမှု စသည်တို့ တည်ထောင်ခြင်းသည် နိုင်ငံတခု၏ရည်ရွယ်ချက်များပင် ဖြစ်လေသည်။ ထိုရည်ရွယ်ချက်များကိုပင် အင်္ဂလိပ်လို
ဗိုင်းအေးဗလစ်တီအော့(ဖ်)စတိတ် [viability of state] ဟု ခေါ်သည်။မြန်မာလိုတော့.... နိုင်ငံ၏ အမြစ်ခိုင်ရှင်သန်ကြီးပွါးခြင်း၏အကြောင်းခံတရား ဟုခေါ်သည်။ ရှေးပဝေသဏီ တည်းက မြန်မာတို့၌ နိုင်ငံသဘောခေါ် အသိဥာဏ်ရှိသည်။ နိုင်ငံ၏အမြစ်ခိုင်ရှင်သန်ကြီး ပွါးခြင်း၏ အကြောင်းခံတရားတွေ ရှိပြီး...ထိုအကြောင်းခံတရားတွေကို ကောင်းစွာ စောင့်ရှေက်သည်။ဦးပေါ်ဦး၏စာသည် ထိုသို့သော အကြောင်းခံတရားတွေကိုထိန်းသိမ်း စောင့်ရှောက်မှုနှင့်ပတ်သက်နေသည်။

(၃)
ဘိုးတော်မင်းတြားကား မြန်မာ့သမိုင်းမှ မင်းကောင်းမင်းမြတ်တပါး ဖြစ်လေသည်။သို့ရာတွင်... ပုထုဇဉ်ဖြစ်သောကြောင့် မှားနိုင်သည်။ တခါတွင် ဘိုးတော်မင်းတြားသည် 'ပညာရှိ သတိဖြစ်ခဲ' အမိန့်တခု ချမှတ်ခဲ့လေသည်။မြစ်တော်လေး ညောင်ရမ်းမင်းအတွက် မြဧယဉ်ပြုလုပ်ရန် သဿမေဓဆိုင်ရာမှ ငွေတော်ရှစ်သိန်း ရွှေတိုက်မှ ထုတ်ယူစေဟု မင်းကြီးတို့အား အမိန့်တော်
ထုတ်ပြန်သည်။ ဤသည်ကို အမတ်ကြီး ဦးပေါ်ဦး ကြားသောအခါ-"မင်းကြီးများ၏ ရှင်ဘုရင်သည် ရှင်ဘုရင်ပါးမ၀သေးပါဘူး" ဟု ဆိုလေသည်။[မြန်မာစာညွန့်ပေါင်းကျမ်း။ စတုတ္ထတွဲ။ စာမျက်နှာ ၂၂၉]ဘိုးတော်မင်းတြား မျက်တော်မူသောကြောင့် ရာထူး အဆောင်အယောင်တို့ကို နှုတ်ပြီး ဦးပေါ်ဦးအား သိန္နီမြို့နယ်သို့ အကျဉ်းနှင့် ပို့စေသည်။
အမှန်ကား... ဦးပေါ်ဦးပြောပုံမှာ နင့်သီးလွန်းသောကြောင့် ရုတ်တရက်သော်မင်းတြားကြီးကို အပြစ်မဆိုသာ။ လောက၀တ်၊ ရာဇ၀တ်၊ ဓမ္မ၀တ်ဟူ၍မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေ ရှိသည်။ ဤသည်တို့ကို ဦးပေါ်ဦး သိသည်။သိလျက်နှင့် ဘာကြောင့် နင့်နင့်သီးသီး ဆိုခဲ့သနည်း.....။ငယ်ကျွန်ယုံဖြစ်သောကြောင့် သခင့်အပေါ် ဂရုဏာဒေါသောနှင့် ပြောမိ ဟန်လည်းတူသည်။ ထို့ထက်... သမိုင်းရှေ့ရေးတွေးမျှော်ပြီး "လေးနက်ရန်သွေးထွက်ခံပြီး" ပြောသည်ဟု ယူဆရသည်။နင့်သီးသော်လည်း ဦးပေါ်ဦး၏ စကား၌ ပညာပါနေသည်။ နှုတ်မထိန်းနိုင်၍ လွှတ်ခနဲထွက်သောစကားမျိုး မဟုတ်။ရှင်ဘုရင်ဆိုသည်မှာ... ဘာနည်း။ ရှင်ဘုရင်ပါးဝသည် ဆိုသည်မှာ ဘာနည်း။ကဗျာသတ္တိ အနက် ကိန်းဝင်နေသော စကားဖြစ်လေသည်။ နောင်လာနောက်သားတို့စကားတလုံး တင်ကျန်ရစ်အောင် ပြောခြင်း လည်း ဖြစ်နိုင်သည်။သိန္နီရောက်မှ ဦးပေါ်ဦးသည် ရတု ၆ ပိုဒ်ရေးပြီး ဘုရင့်ထံပို့၍ သူ့စေတနာကိုရှင်းပြသည်။သူ့စေတနာကို မရှင်းပြမီ... ရှေးအစဉ်အလာကို လိမ္မာပါးနပ်စွာ ဖော်ပြသည်။"... ညဥ့်ရောင်ဆည်းဈာ၊ နေ့ညီလာ၌၊ ရွှေဗျာလှစ်ကြူ၊ မိန့်တော်မူလျက်၊
ယူလျှင်ယူသင့်၊ မယူသင့်ဖြင့်၊ ရှင်ပင့်မေးတော်၊ အရေးပေါ်လျှင်၊တွေးမြှော်မဆိုင်း၊ ဥာဏ်ချင့်နှိုင်း၍၊ ဟုတ်တိုင်းထင်ထင်၊တင်လျှောက်အင်ကို၊ နေ့စဉ်မသွေ၊ မှတ်ရချေ၍...."
ဘုရင်သည် ကိစ္စပြဿနာများ၌ အတ္တနောမတိ မလုပ်တတ်။ သင့်၏ မသင့်၏ မှန်၏
မမှန်၏ကို ညညီလာ၊ နေ့ညီလာများ၌ မှူးမတ်များနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေး တတ်သည်။ ဦးပေါ်ဦးကဲ့သို့ တာဝန်သိသော မှူးမတ်များကလည်းတွေးခေါ်စဉ်းစားပြီး ဟုတ်တိုင်းမှန်ရာ ဖြောင့်ဖြောင့်တင်ကြသည်။လောကဓမ္မတာ နန်းတွင်း၌ ဖြစ်တတ်ကြသည့် သဘာဝကိုလည်း -
"သံကျူးသံသာ၊ သံချိုဝါနှင့်၊ သာယာသမှု၊ နန်းရတုကို၊ နန်းမှုကုန်အောင်၊
နန်းဘုံဆောင်၌၊ နန်းယောင်မတ်များ၊ သိနိုးနာနှင့်၊ စကားပြေစွာ၊မရေရာပင်......" ဟု ဝေဖန်ပြသည်။ဘုရင့်အကြိုက် နောကျေအောင်လေ့လာပြီး အပြောကောင်း အပြောလှတွေနှင့်
လိမ်ညာစားနေသူ မှူးမတ်များလည်း ရှိကြသည်။ သူတို့သည် တကယ်တမ်း ဘာမျှ
ဟုတ်ဟုတ်ပတ်ပတ် မသိကြ။ အကြိုက်လိုက်ပြောတတ်ကြသည်သာ ဖြစ်သည်။မိမိကတော့ ထိုသူမျိုးတွေထဲ မပါ။ မိမိစကားသည်.. နင့်သီးကောင်းနင့်သီးမည်ဖြစ်သော်လည်း... မိမိ၏ စေတနာကား -"ကျင့်မျိုးခက်ဝေ၊ မြင့်တိုးစေ" ရန်ဖြစ်သည်။သူ့စာမှ 'ဥာဏ်ခလုပ်ကိုနှိပ်ပြသော' စကားနှစ်လုံးကား...'ကျင့်မျိုး' နှင့် 'မြင့်တိုး' ဟူသော စကားနှစ်လုံး ဖြစ်လေသည်။
ကျင့်မျိုးဆိုသည်မှာ.. အကျင့်ကောင်း အကျင့်မြတ်မျိုးတွေ ဖြစ်လေသည်။ထုံးစံကောင်း ထုံးစံမြတ်၊ စည်းကမ်းကောင်း စည်းကမ်းမြတ်တွေကား..ကျင့်မျိုးတွေ ဖြစ်လေသည်။ သစ်ပင်ကြီး တပင်၌ အကိုင်းအခက် အရွက်တွေဝေဖြာနေမှ ရှင်သန်ပွါးစည်နေသော သစ်ပင်ဟု ခေါ်ရသည်။ နိုင်ငံတခုတွင်လည်းအကျင့်မြတ် အကျင့်ကောင်းတွေသည် ဝေဖြာနေရမည်။ ဦးပေါ်ဦးက [viability ofstate] ခေါ် နိုင်ငံ၏ အမြစ်ခိုင် ရှင်သန်ကြီးပွါးခြင်း၏ အကြောင်းခံတရားကိုမြန်မာလို ပြောခြင်းဖြစ်သည်။ "မြင့်တိုးစေ" ဟူသောစကားက အနာဂတ်ကိုညွှန်သည်။ ကျငိ့မျိုးတွေသည် ပစ္စုပ္ပန်တွင်မက အနာဂတ်အဆင့်ထိ ဆင့်ပွါးတိုးတက်မြင့်မားသွားရမည်။ သို့မှသာ... ရှေးစကားနှင့် ဆိုလျှင် သားတော်စဉ် မြေးတော်ဆက် ထီးသက်နန်းသက် ရှည်မည်။ ယခု ခေတ်စကားနှင့်ဆိုလျှင်နိုင်ငံတော် တည်တံ့ခိုင်မြဲ ကြီးပွါးမည်။ ဘုရင်နှင့် မှူးမတ်များတွင်ဤပစ္စုပ္ပန်တာဝန်နှင့်အနာဂတ် တာဝန်တွေ ရှိသည်။ ရှေ့ဆောင်နွားလားဖြောင့်သွားရမည်။ မသွားသော် နောက်နွားတွေ လမ်းကြောင်းကောက်၍လမ်းပျောက်သွားနိုင်သည်။ယခု ဘိုးတော်မင်းတြားသည်'သတိမမူ သဖြင့်၊ ဂူမမြင် ဖြစ်ခဲ့ရသည်၊' အနီးရှိမှူးမတ်များကလည်း 'ဥဏ်ချင့်ချိန်၍၊ ဟုတ်တိုင်းထင်ထင်' မတင်လျှောက်ကြ။မှူးမတ်တွေ တာဝန်ပျက်လေသည်။ယခု မြဧယဉ်အတွက် ငွေတော် ရှစ်သိန်းကိစ္စမှာ နိုင်ငံတော် အရေးမဟုတ်။ ဘုရင်၏
ကိုယ်ရေးကိုယ်တာအရေး ဖြစ်လေသည်။ဤကိစ္စမျိုးတွေနှင့် ပတ်သက်သည့် စည်းကမ်းဘောင် စည်းကမ်းမြတ်တွေကို-"ကမ္ဘာဦးနတ်၊ သူ့ဥက္ကဌ်တို့၊ ပညတ်တော်မှန်၊ ဝေဖန်ဟန်ကား..." - အစချီလျက်ဦးပေါ်ဦးက လျှောက်လဲ လေတော့သည်။ ကမ္ဘာဦး နတ်ဆိုသည်မှာ ကမ္ဘာဦးက ဘုရားအလောင်းတော် မဟာသမ္မတ မင်းကြီးဖြစ်လေသည်။ လူအပေါင်းနှင့် နောက်မင်းအားလုံး၏ ဥက္ကဌကြီး ဖြစ်လေသည်။ထိုမင်းမြတ်ကြီးက မည်သို့ စည်းကမ်းသတ်မှတ်ခဲ့ ပါသနည်း။"ကမ္ဘာဦးနတ်၊ သူ့ဥက္ကဌ်တို့၊ ပညတ်တော်မှန်၊ ဝေဖန်ဟန်ကား၊ လေးတန်ဓမ္မ၊သင်္ဂဟတွင်၊ သဿမေဓေါ်၊ ခွန်သီးတော်မူ၊ စစ်သူရိက္ခာ၊ ဖြစ်စေရာ၏။ 'သဿမေဓမှ... သဿ ဟူသောစကားက ကောက်၊ ကောက်စပါးဟု အဓိပ္ပါယ်ရှိသည်။ကိုယ်ပိုင်လယ်ယာလုပ်သူ ပြည်သူတွေထံမှ ကောက်ယူခွင့်ရှိသော
အခွန်ငွေဖြစ်လေသည်။ ရှေးခေတ်ကဆိုလျှင် ထိုအခွန်မျိုးကား.. နိုင်ငံတော်၏အများဆုံးဝင်ငွေ ဖြစ်လေသည်။ ထိုငွေတွေကို ဘုရင့်ကိုယ်ရေးအတွက်သော်လည်းကောင်း၊ အခြား ဘာရေးအတွက် သော်လည်းကောင်း မသုံးရ။ ထိုငွေတွေကိုစစ်သူရိက္ခာ အတွက်သာ သုံးရမည်။ ယခုခေတ်စကားနှင့် ဆိုလျှင်..ကာကွယ်ရေးအသုံးစရိတ်၊ အလွန်အရေးကြီးသမျှ၊ စည်းကမ်းကြီးလှသော အသုံးစရိတ်၊နိုင်ငံ့အတွက် သေရေးရှင်ရေး ဘဏ္ဍာတော်...။
ဘုရင့် ကိုယ်ရေးကိုယ်တာအတွက် လုံးဝသုံးခွင့်မရှိသောအခွန်တော်ငွေတွေကိုလည်း ဦးပေါ်ဦးက ရေတွက်ပြသည်။မြို့ပေါ်ရှိ အိမ်များ၊ ဈေးများ၊ ကုန်သွယ်မှုများ၊ သူကြွယ်သူဌေးများထံမှကောက်ခံရသော အခွန်ကို အသည်ဝန်သို့ အပ်ရသည်။ သူက "လမ်းရေးသာယာ၊မြို့တန်ဆာဖြင့်၊ ပြင်ရာနေရာချွန်" တို့အတွက်သုံးရသည်။စည်ပင်သာယာ ရေးအတွက် ဘဏ္ဍာတော်...။ဘုရားကျောင်းကန်စသော မြေတို့မှ ရရှိသည့် အခွန်ကို ဦးပေါ်ဦးက'၀တ္ထုဂါမ်ထွက်၊ ခွန်ဆီနက်' ဟု ခေါ်သည်။ ထိုငွေဖြင့်"ဘုရားဂူဟောင်း၊ တန်ဆောင်းပြဿဒ်၊ စရပ်ကျောင်းဘုံ၊ ထူပါရုံကို၊ကုံလုံမကျန်၊ ပြင်ဆင်ရန်..." သုံးရသည်။ သာသနာ့ အဆောက်အအုံများအတွက်ဘဏ္ဍာတော်တည်း။နောက်ပိတ်ဆုံး -"မြေသုဿန်မှ၊ စဏ္ဍာလတွင်၊ ရသည့်ခိုင်ခွန်၊ အရွတ်ဝန်က၊ ကြေပွန်အောင်သာ...."ဟု သုဿန်မြေမှ ရသော အခွန်ကို အရွတ်ဝန်က တာဝန်ယူပြီး သူ့ကိစ္စနှင့်သူသုံးစွဲရသည်။သည်အတိုင်းဆိုလျှင်တော့... ရှင်ဘုရင်တွင် ကိုယ်ရေးကိုယ်တာအတွက်ဘယ်ကငွေကို သုံးစွဲရမည် နည်း။"ပဏ္ဏာတော်ပန်း၊ မြို့တနန်းက၊ ပို့မြန်းဆက်လှာ၊ ဂါရိကာနှင့်၊ လယ်ရာမြေဟု၊အခြေပြုလျက်၊ ပြည်သူ့ခြားပိုင်း၊ တရားတိုင်းဖြင့်၊ လမိုင်းဆိုင်ရာ၊ထိုသည့်တာကို၊ ဘဏ္ဍာတော်မြတ်၊ မင်းသုံးမှတ်လော့..." - ဟု ဦးပေါ်ဦးကရှင်းပြသည်။အခြားမင်းများက ပဏ္ဏာဆက်သည့်ငွေများ၊ တရားဥပဒေအရ ဘုရင်၏ကိုယ်ပိုင်ဟုသတ်မှတ်ပေးထားသော လမိုင်းလယ်ယာမှ ရသောငွေများကိုသာ ဘုရင် သည်ကိုယ်ရေးကိုယ်တာအတွက် သုံးစွဲခွင့်ရှိသည်။ယခု.. ဤစည်းကမ်းကို ချိုးဖောက်ပြီး... ဘိုးတော်မင်းတြားက သဿမေဓငွေတော်ကိုကိုယ်ရေးကိုယ် တာ အတွက် သုံးသည်။ နိုင်ငံတော်၏ အရေးတကာအနက် ကာကွယ်ရေးထက်အရေးပိုကြီးသော အရာမရှိ။ ထီးသက်နန်းသက်ရှည်ရေး[အချုပ်အချာအာဏာတည်မြဲရေး]၊နိုင်ငံတော်မပြိုကွဲရေး၊နိုင်ငံတော် အေးချမ်းသာယာရေး၊တရားဥပဒေစိုးမိုးရေးတို့အတွက်ကာကွယ်ရေးတောင့်တင်းခိုင်မာမှုသည်
အဓိကအကျဆုံး ကိစ္စဖြစ်သည်။ ရှင်ဘုရင်လုပ်သူအတွက် သည့်ထက်အရေးကြီးသောကိစ္စ
ဘာရှိသနည်း။ ဤကိစ္စ၌ပင် ဂရုမထားခဲ့သော် အခြားကိစ္စတွေ၌ ဘာဖြစ်ကုန်မည်နည်း။
တဖန် ဤမသင့်သောအမှုသည် အစဉ်အလာဖြစ်သွား၍ သားတော်စဉ် မြေးတော်ဆက်
အတုခိုးမှားခဲ့သော် နိုင်ငံတော်၏အနာဂတ်သည် ရင်လေးဖွယ် ကောင်းလေစွ။ထို့ကြောင့် လေးနက်ရန် သွေးထွက်ခံပြီး 'ရှင်ဘုရင်ပါး မ၀သေးပါဘူး' ဟူသောစကားကို ဦးပေါ်ဦး ဆိုသည်။ အခြားစကားမရှိ။ဘိုးတော်မင်းတြားသည်လည်း အံ့ဖွယ်ကောင်းလှသည်။
ဤ ရတု(၆)ပိုဒ်ကို ဖတ်ရသည်တွင် သတိပညာဝင်လာပြီး ဦးပေါ်ဦးကိုပြန်ခေါ်တော်မူ၍ ချီးမြှောက်တော် မူမြဲ၊ ချီးမြှောက်တော်မူလေသည်။ရှင်ဘုရင်ဟူသည် မာန်ကြီးမြဲ ဖြစ်လေသည်။ အမှန်တရားနှင့်နိုင်ငံအကျိုးအတွက် မင်းမာန်ကို နှိမ့်ချကာ အမှားကို ပြင်ရဲသောမင်းတြားကြီး၏ သတ္တိကို ချီးမွမ်းရမည်သာ ဖြစ်လေသည်။စာဆိုလည်း တင့်တယ်သည်။ မင်းလည်း တင့်တယ်သည်။ သြော်... သမိုင်းလည်း တင့်တယ်သည်။
ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘ၀က တတိယနှစ်တွင်နိုင်ငံအုပ်ချုပ်မှုသဘောတရား၊ စီမံခန့်ခွဲမှု ပညာ၊ စည်းကမ်းဥပဒေအမျိုးမျိုးပါဝင်သည့် နိုင်ငံရေးသိပ္ပံ [political science] ကို သင်ယူခဲ့ရသည်။သင်ကြားခဲ့ရ သည်မှာလည်း ခေါမခေတ်မှ ယနေ့မော်ဒန်ခေတ်အထိ သူရို့ ဥရောပမှနိုင်ငံရေးသိပ္ပံတွေသာ ဖြစ်လေသည်။ မြန်မာအပါအ၀င် အာရှတိုက်မှ
နိုင်ငံရေးသိပ္ပံတွေ မပါ။ ကျွန်တော်တို့ မြန်မာနှင့် အာရှ ယဉ်ကျေးမှုကြီးများတွင် နိုင်ငံရေးသိပ္ပံ မရှိသယောင်ယောင်။ မြင့်မြတ်သော စည်းကမ်း၊ဥပဒေတွေနှင့် သဘောတရားတွေ မရှိလေဟန်...။သူရို့ဆီမှ ဥပဒေဘောင်တွင်းမှ ဘုရင်စနစ်ကို ပုံကြီးချဲ့ပြကြသည်။
မြန်မာနှင့် အရှေ့တိုင်းယဉ်ကျေးမှု တို့မှ ဘုရင်များကိုသက်ဦးဆံပိုင်တွေအဖြစ် တဘက်သတ် မြင်စေခဲ့သည်။ပဒေသရာဇ်၊ ဧကရာဇ်ခေတ်ကား သူ့ခေတ်နှင့် သူသာတည်း။ သို့ရာတွင်
မြန်မာမင်းတို့ကို ထိန်းကွပ်ထားသော တရားဓမ္မတွေ၊ သဘောတရားတွေ၊ ထုံးတမ်း စဉ်လာတွေ၊ ဥပဒေစည်းကမ်းတွေ များစွာရှိလေသည်။သမိုင်း၌ သမနိရှည်သော မြန်မာ တွေတွင်.. နိုင်ငံ၏အမြစ်ခိုင်ရှင်သန်ကြီးပွါးခြင်း၏ အကြောင်းခံတရား တွေ ရှိသည်။ ထို
အကြောင်းခံတရားတွေကို ထိန်းသိမ်းစောင့်ရှာက်တတ်သော ပညာ၊ သတိ၊ သတ္တိ နှင့်
အစဉ်အလာကောင်းတွေလည်း ရှိခဲ့သည်။ ထို့ကြောင့်လည်း ကမ္ဘာ့နိုင်ငံတကာနည်းတူ
လောကဓံတရားတွေ ကြုံသည့်အခါ ကြုံခဲ့ရသော်လည်း-"တင့်တိုးကြက်သရေ၊ မြင့်ဖြိုးဝေသား၊ စက်နေပမာ၊ ချက်မြေချာဝယ်၊တေဇာကွန့်မြူး၊ ကြယ်သောက်ရှူးနှင့်၊ ပျံ့လူးဥက္ကာ၊ ကဲ့ပမာသို့....."မြန်မာဟူသည် ကမ္ဘာပေါ်၌ ကျက်သရေရှိရှိ တည်ရှိနေနိုင်စွမ်းသည်။
ဦးပေါ်ဦးနှင့် ဘိုးတော်မင်းတြားတို့၏ သမိုင်းစစ် ဇာတ်မှန်ကိုသတိရမိတိုင်း... အထက်၌ ရေးခဲ့သကဲ့သို့..စာဆိုလည်း တင့်တယ်သည်။ မင်းလည်း တင့်တယ်သည်။ သြော်... သမိုင်းလည်းတင့်တယ်သည်....ဟုကျွန်တော်ဂုဏ်ယူမိပါကြောင်း....။

တက္ကသိုလ်ဘုန်းနိုင်။
[တက္ကသိုလ်ဘုန်းနိုင်- အမြင့်သို့ အာရုံညွန့်တက်ခြင်း(သို့မဟုတ်)ကဗျာ -
ပထမနှိပ်ခြင်း၊ ၂၀၀၂ ဇူလိုင် မှ ကူးယူဖော်ပြပါတယ်။]

မိတ်ဆွေတစ်ယောက်ပေးပို့သောမေးလ်ကိုပြန်လည်ဖော်ပြပေးပါသည်။
ဗိုလ်ရဲထက်(၄-၁၇-၂၀၁၀)။

Thursday, April 15, 2010

နိုင်ငံအတွက်အရေးကြီးတာက

ကျနော်ဒီဆောင်းပါးကိုရေးဖို့ တော်တော်လေးစဉ်းစားခဲ့ရပါတယ် ဘာလို့ဆိုတော့ ခုချိန်မှာတပ်မတော် ကိုအားလုံးကမလိုလားတော့လို့ပါ။ဒါပေမယ့်ကျနော်တို့ သတိထားရမှာက ကျနော်တို့နိုင်ငံရဲ့သမိုင်းတစ်လျှောက်ကိုပြန်လေ့လာသုံးသပ်ကြည့်ရင် နိုင်ငံရေးပြောင်းလဲမှု တွေမှာတပ်မတော်ဟာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်လာခဲ့တယ်ဆိုတာကိုမမေ့သင့်ပါဘူး တကယ်တော့ တပ်မတော်ဆိုတာက အုပ်ချုပ်သူအစိုးရနဲ့ အုပ်ချုပ်ခံပြည်သူကြား ထိန်းညှိပြီး အမှန်တရားဘက်ကရပ်တည်ရတဲ့ နိုင်ငံရဲ့အရေးပါတဲ့အဖွဲ့စည်းတစ်ရပ်ဖြစ်ပါတယ်။ဒါပေမယ့် အသုံးချသူတစ်ချို့ကြောင့် တပ်မတော်ဟာ သမိုင်းမှာသွေးစွန်းခဲ့ရပါတယ်။ဒါတွေကိုပြန်လေ့ လာသုံးသပ်ရင် အောက်ခြေစစ်သည်များနဲ့ အရာရှိငယ်များ ၊ အချို့သောအရာရှိကြီးများဟာ ဒါတွေကိုမနှစ်မြို့တာကိုကျနော်တပ်မတော်ထဲမှာနေစဉ်ကတည်းက တွေ့ခဲ့ဖူးပါတယ်။ကျနော် တို့နိုင်ငံသူ၊နိုင်ငံသားများအားလုံးဟာ လက်ရှိအခြေအနေမှာ တပ်မတော်သားများရဲ့အခက်အ ခဲတွေ တပ်မတော်ရဲ့မူဝါဒတွေ စည်းမျဉ်းစည်းကမ်းများကိုသေချာနားမလည်တာဖြစ်တဲ့အပြင် အုပ်ချုပ်သူအစိုးရနဲ့ တပ်မတော်ကိုမခွဲခြားနိုင်တာလည်းပါပါတယ်။
တပ်မတော်သားတို့ရဲ့အခက်အခဲများဟာ တကယ်တော့ သာမန်ပြည်သူတစ်ယောက် လိုအရပ်ဘက်ဝန်ထမ်းတစ်ယောက်လို မလွတ်လပ်တာကတော့အမှန်ပါ။ဘာကြောင့်ဒီလိုပြော လဲဆိုတော့ သာမန်မှာရုံးဖွင့်ရုံးပိတ်ဆိုတာရှိပေမယ့် တပ်မတော်မှာ ရုံးပိတ်ရုံးဖွင့်ဆိုတာ မရှိပါဘူး။လိုအပ်ချက်အရ လိုအပ်ရင်လိုအပ်သလို တာဝန်ထမ်းဆောင်ကြရပါတယ်။သေချာသိ ကြရမှာကတော့ အစိုးရနဲ့ တပ်ဆိုတာကိုခွဲခြားတတ်ကြဖို့ပါပဲ။တပ်ဆိုတာကတော့ လက်ရှိ အာဏာရအစိုးရရဲ့နိုင်ငံတော်တိုးတက်ရေး ဖော်ဆောင်မှုမူဝါဒတွေကို လိုက်ပါအကောင် အထည်ဖော်ဆောင်ပေးကြရပါတယ်။တကယ်တော့တပ်မတော်ဟာ ပြည်သူလူထုရဲ့ဆန္ဒကို အစဉ်ဦးထိပ်ထားရပါတယ်။ဟုတ်ကဲ့ဒါဆိုယနေ့တပ်မတော်ကဘာလို့ပြည်သူကိုနှိပ်စက်နေပါသ လဲလို့မေးစရာရှိပါတယ်။များသောအားဖြင့်တော့ အစိုးရရဲ့အမိန့်ပေးစေခိုင်းမှုများကိုစိတ်မပါ သော်လည်းလုပ်ခဲ့ကြရပါတယ်။ဥပမာအရပြောရရင် တကယ်လို့စေခိုင်းခံရတဲ့တပ်မတော်သား များဟာပြည်သူဘက်ကလိုက်မယ်ဆိုပါတော့ ဒီလိုဆိုအမှန်တရားအရပြောရင်တော့သူက မှန်တာကိုလုပ်တာပါ သို့ပေမယ့်တစ်ဖက်မှာလည်းသူဟာ ပေးအပ်တဲ့တာဝန်ကိုကျေပွန်စွာ မထမ်းဆောင်နိုင်ဘူးဆိုတာမျိုး အပြစ်ပေးအရေးယူခံရတာမျိုး တွေရှိနေပါတယ်။ကောင်းပြီ သူတို့ကိုတကယ်လို့အဲဒီလိုလုပ်လာရင်ကော ဘယ်ပြည်သူလူထုကမှသူတို့ကို အော်သူတို့ဟာ ငါတို့ဘက်ကရပ်တည်ပေးလို့ အမှန်တရားဘက်ကရပ်တည်ပေးလို့ဆိုပြီးတာဝန်မယူပေးနိုင်ပါ ဘူး။ဘာလို့ဆိုပြည်သူဟာခုချိန်မှာ ကိုယ်တိုင်တောင်ကိုယ့်ထမင်းတစ်နပ်အတွက်ရုန်းကန်နေ ရသူပါ။ပိုဆိုးတာက ကျနော်တို့က အစိုးရဟာတပ်မတော်ခေါင်းဆောင်များဖြစ်တာက တစ်ကြောင်း၊ အချို့ကိစ္စတော်တော်များများကိုတပ်မတော်ကသာ လက်နက်နဲ့ဖြေရှင်းခဲ့ကြရ တာကတစ်ကြောင်းဒီအကြောင်းတရားများကြောင့် ခုချိန်မှာ တပ်မတော်ထဲကဆိုတာနဲ့ ဒီပုတ်ထဲကပဲ ဒီပဲဆိုတဲ့သဘောမျိုးနဲ့လက်မခံကြတာပါပဲ။ကျနော်တို့ကဗုဒ္ဓဘာသာဝင်များပီပီ တချို့ကိစ္စများကို ရိုးရိုးကလေးတွေးကြရပါမယ်။ပြီးတော့ လူဆိုတာက ကိုယ့်ကိုလက်ခံတဲ့ သူတွေဆီမှာပဲနေပါတယ်။ဘယ်သူမှအမုန်းခံပြီးမနေချင်ပါဘူး။ခုတော့ ကျနော်တို့တော်လှန် ရေးလုပ်နေသူများကတပ်မတော်သားဆိုတာနဲ့ပဲ လက်မခံတာ၊ စစ်သားဆိုအတူတူပဲဆိုတာ ဟာအလွန်ကိုမှားယွင်းပါတယ်။တကယ်လို့ကျနော်တို့က ဒီလိုသတ်မှတ်မယ်ဆိုရင်တစ်ဖက်မှာ လဲနိုင်ငံရေးကိုခုတုံးလုပ်ပြီးကိုယ်ကျိုးရှာနေတဲ့သူတွေရှိနေတယ်ဆိုတာကိုသတိချပ်သင့်ပါတယ် တစ်ဖက်မှာတော့ နအဖစစ်အုပ်စုက တပ်မတော်ကိုခုတုံးလုပ်ပြီး နိုင်ငံရေးအာဏာကိုကိုင်ဆွဲ ပြီးကိုယ်ကျိုးရှာနေသလို တစ်ဖက်မှာလဲ တကယ်ကိုကိုယ်ကျိုးစွန့်လုပ်ဆောင်နေတဲ့ နိုင်ငံရေးသမားများ ၊တော်လှန်ရေးသမားများကိုခုတုံးလုပ်ပြီးကိုယ်ကျိုးရှာနေတဲ့သူတွေရှိနေ တယ်ဆိုတာကိုသတိထားကြရပါမယ်။ဒီအတွက် လက်တွေ့ကျကျ ကျနော်တို့လုပ်ရမှာက တော်လှန်ရေးသမားအစစ်အမှန်များနဲ့ တပ်မတော်ထဲကပြုပြင်ပြောင်းလဲရေးကိုလုပ်ချင်တဲ့ တပ်မတော်သားများဟာလက်ရှိစစ်အစိုးရပြောပြောနေတဲ့ အမျိုးသားနိုင်ငံရေးဆိုတာကို ဖော်ဆော်ပေးကြရမှာပါ။ တပ်မတော်ဟာလည်းကိုယ့်အမျိုးသားချင်းတိုက်ပွဲမ၀င်ချင်ဘူးဆို တာကိုလက်တွေ့သာဓကတွေနဲ့ပြောပြရမယ်ဆိုရင် ကျနော်တို့ဒီဘက်က တိုင်းရင်းသားလက် နက်ကိုင်တွေနဲ့ တပ်မတော်သားများဟာ အောက်ခြေမှာ နားလည်မှုယူပြီးစစ်ကြောင်းချင်း ထိပ်တိုက်မတွေ့အောင်ရှေင်ပေးကြပါတယ်။ဒါဟာပြောမယ်ဆို တကယ်တော့ဒီလိုတိုက်ခိုက် နေကြတာဟာ နိုင်ငံရေးအရမကျေနပ်လို့သာတိုက်ခိုက်နေတယ်ဆိုတာကို တပ်မတော်သား များအနေနဲ့နားလည်လာခဲ့ပါပြီ။ဒီလိုပဲ တစ်ဖက်အဖွဲ့အစည်းတွေဟာလည်း မိမိတို့ရဲ့နိုင်ငံရေး အရတော်လှန်မှုမှာတကယ်ဒုက္ခရောက်နေကြတာက အောက်ခြေအစိုးရစစ်သည်များနဲ့ မိမိတို့တော်လှန်ရေးတပ်သားများဆိုတာကို သဘောပေါက်နားလည်နေကြပါပြီ။သို့ပေမယ့် အစိုးရ အနေနဲ့ဒါကိုနိုင်ငံရေးအရမဖြေရှင်းပဲ တပ်ကိုသာအဓိကထားပြီးဖြေရှင်းနေပါတယ်။ခုချိန် မှာကျနော်တို့ တကယ်ကိုလုပ်သင့်တာက တပ်မတော်သားများအနေနဲ့လည်းအစိုးရကို တချို့နိုင်ငံရေးကိစ္စများကို နိုင်ငံရေးနည်းအတိုင်းဆွေးနွေးညှိနှိုင်းပြီးဖြေရှင်းဖို့လိုလာပြီဆိုတာ ကိုဖိအားပေးသင့်ပါတယ်။
ကျနော်ဒီစာကိုရေးနေစဉ်မှာပဲ ကြားရတဲ့သတင်းက တကယ်ကိုဝမ်းနည်းဖွယ်ရာပါ။အဲ ဒါကတော့ ရန်ကုန်သင်္ကြန်မှာ ဗုံးပေါက်ကွဲတယ်ဆိုတာပါပဲ။ သတင်းတွေမှာလည်းတွေ့နေရ တာက တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ပစ်တင်နေကြတာပါပဲ။ တကယ်တော့ ကျနောတို့နား လည်ထားကြရမှာက အစိုးရကိုလက်နက်ကိုင်ပြီးပဲတော်လှန်တော်လှန် ၊ အနုနည်းနဲ့ပဲတော် လှန်တော်လှန် ပြည်သူကိုမြေဇာပင်မဖြစ်စေတာအကောင်းဆုံးပါပဲ။ ကျနော်တို့အတွေ့အကြုံ အရတော့ ဒီလိုလုပ်တယ်ဆိုတာသေချာတာကတော့ အတိုက်အခံတွေဘက်ကမဖြစ်နိုင်သလို၊ တပ်မတော်လည်းမဟုတ်ဘူးဆိုတာပါပဲ။ကောင်းပြီးဒါဆိုတရားခံဘယ်သူလည်းလို့မေးစရာရှိပါ တယ်။ ဟုတ်ကဲ့ ကျနော့်မှာဖြေစရာရှိပါတယ်။အဲဒါကတော့ ၂ ဖက်စလုံးဘက်ကနေဖြေမယ်ဆို ရင်တော့ ပထမဦးစွာ အစိုးရအနေနဲ့ဖြေမယ်ဆိုရင် ကျနော်တို့ နအဖအစိုးရဟာ တိုင်းပြည်မှာ တည်ငြိမ်လာပြီဆိုရင်ဒီလိုလုပ်လေ့လုပ်ထရှိပါတယ်။ ကျနော်တို့ပေါက်ကွဲမှုတော်တော်များများ ကိုလေ့လာကြည့်ရင် သိနိုင်ပါတယ်။ဘာကြောင့်ဆိုတော့ ကျနော်တို့ လက်နက်ကိုင်တော်လှန် ရေးသမားများဟာ အစိုးရကိုတိုက်တာဖြစ်တဲ့အတွက် အစိုးရရုံးသို့မဟုတ် အစိုးရလက်အောက် ခံတပ်များကိုသာတိုက်မှာပါ။ ဒါပေမယ့်ပေါက်ကွဲမှုတွေကိုကြည့်လိုက်ရင်ပြည်သူတွေကိုပဲ ဦးတည်တိုက်ခိုက်နေတာကိုတွေ့ကြရပါတယ်။ တပ်အနေနဲ့ ဘာမှထိခိုက်မှုမရှိသလို အစိုးရအဖွဲ့ဝင်လူကြီးများလည်းဘာမှထိခိုက်မှုမရှိတာကိုတွေ့ကြရပါတယ်။ ဒီိလိုပြောလို့ တပ်နဲ့ လူကြီးတွေကိုထိခိုက်စေလိုလို့မဟုတ်ပါ။ ဘက်မလိုက်ပဲ စစ်ရေးသုံးသပ်ချက်အတိုင်း မိမိသာဆို ဘယ်ကိုတိုက်မလဲ ၊ ဘယ်သူကိုပစ်မှတ်ထားမလဲဆိုတာကို ဓမ္မဓိဋ္ဌာန်ကျကျ စဉ်းစားစေလိုပါတယ်။ နောက်တစ်ခု အတိုက်အခံလက်နက်ကိုင်တော်လှန်ရေးသမားများဘက် ကနေစဉ်းစားကြည့်ရင် ဒီဘက်မှာဒီလိုလုပ်ဖို့ဘယ်သူမှဆန္ဒမရှိတော့ပါ။ အထက်အမိန့်အရမ ဟုတ်ပဲ လုပ်မယ်ပဲထား ကျနော်တို့နိုင်ငံတွင်းကိုဝင်ဖို့ ဂိတ်တွေအများကြီးပါ။ ပူးပေါင်းဂိတ်များ ၊ လုံခြုံရေးဂိတ်များ၊ သီးခြားအကောက်ခွန်ဂိတ်များများစွာရှိပါတယ်။ဒီလိုလုံခြုံရေးအတားအဆီး များကြားကဖောက်ခွဲရေးပစ္စည်းကိုဘယ်လိုသယ်မလဲဆိုတာကိုလည်း စဉ်းစားစရာပါ။ နအဖအနေနဲ့ သတင်းထုတ်ပြန်လိုက်ရင်လည်း နိုင်ငံရေးအရသိက္ခာချချင်လို့ဆိုပြီးတော့ ပြောလေ့ရှိပါတယ်။ ဒီလိုအချိန်မျိုးမှာ အစိုးရရုံးများမှာ လုံခြုံရေးလျော့နည်းတယ်ဆိုတာကို အားလုံးသိပြီးသားပါ။ ဒီလိုသာ နိုင်ငံရေးအရသိက္ခာချချင်ရင် အစိုးရရုံးများကိုတိုက်ခိုက်မှာပါ။
နောက်တစ်ခုကျနော်ပြောချင်တာကတော့ တပ်မတော်ဟာ န၀တ ၊ နအဖ အစိုးရ လက်ထက် တွေမှာပြည်သူတွေကိုသွေးစွန်းခဲ့တယ်ဆိုတာငြင်းမရပေမယ့် ဒါဟာတပ်မတော်ရဲ့ ရင်ထဲကဆန္ဒမဟုတ်ဘူးဆိုတာတော့ ကျနော်အာမခံနိုင်ပါတယ်။ ကျနော်တို့တပ်မတော်သား များဟာ ကိုယ့်ရဲ့မူလကာကွယ်ရေးတာဝန်တစ်ခုထဲကိုပဲထမ်းဆောင်ချင်တဲ့ဆန္ဒရှိနေကြပါ တယ်။ ဒါပေမယ့် အာဏာမက်တဲ့ ခေါင်းဆောင်များကြောင့်တပ်မတော်ဟာနိုင်ငံရေးထဲမှာ ကိုးလို့ကန့်လန့်ပါနေရတာပါ။ ဒါကိုလည်းသေချာလေ့လာပြီးတော့ အစိုးရနဲ့ စစ်တပ်ကိုခွဲခြား ပေးစေချင်ပါတယ်။ အစိုးရ ဟာတပ်မတော်က စစ်ခေါင်းဆောင်ကြီးများဖြစ်နေတာက တစ်ကြောင်း၊ နိုင်ငံရေးအသိမကြွယ်ဝတဲ့ပြည်သူတွေကြားမှာ အတိုက်အခံများရဲ့နာမည်ကို အလွဲသုံးစားလုပ်ကာသွေးခွဲကြတာကတစ်ကြောင်း၊ ကိုယ်တိုင်တပ်မတော်အရာရှိများဖြစ်ကြ တဲ့အတွက်တော်ရုံနိုင်ငံရေးလှုပ်ရှားမှုတွေကိုတောင် တပ်မတော်ကိုခုတုံးလုပ်ဖြေရှင်းမှုများ ကြောင့်လည်းကောင်း တစ်ခုချင်းစီမှာ ရှိနေတဲ့အခက်အခဲများကိုမစဉ်းစားတော့ပဲ အစိုးရကလည်းစစ်တပ်ကပဲ ဒီတော့စစ်သားဆိုအတူတူပဲဆိုတဲ့ စိတ်တွေကြောင့်ပြသနာဟာ သေးလာရမယ့်အစား ပိုလို့သာကြီးထွားလို့လာပါတယ်။ ကျနော်တို့က ဒါကိုတကယ်လက်တွေ့ ကျကျဖြေရှင်းကြရမှာက တပ်မတော်ထဲက တကယ်ကိုဒီမိုကရေစီိလိုလားတဲ့သူတွေကို လက်ကမ်းလို့ နားမလည်သေးသူများကိုလည်းဒီမိုကရေစီဆိုတာဒီလိုပါဆိုတာမျိုးကိုအကြမ်း ဖျဉ်းလေးလည်းရှင်းပြပေးရပါမယ်။အဲဒါကတော့
၁။ နိုင်ငံတစ်နိုင်ငံဟာ လူတစ်စုသာပိုင်တဲ့ပစ္စည်းမဟုတ်ဘူး။ နိုင်ငံသူနိုင်ငံသား အားလုံးစုပေါင်းပြီးပိုင်တဲ့ အားလုံးပိုင်ပစ္စည်းဖြစ်တယ်။
၂။ ဒီလိုပိုင်တာကြောင့် နိုင်ငံသူနိုင်ငံသားလူများစုကာကြည်ကြည်ဖြူဖြူ ရွေးကောက် တင်မြောက်ခြင်းကိုခံရတဲ့ ပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့ကသာလျှင်ဒီတိုင်းပြည်ကို အုပ်ချုပ်ခွင့်ရှိတယ်။
၃။ အုပ်ချုပ်တဲ့အခါ ထင်သလိုအရမ်းအုပ်ချုပ်လို့မရဘူး။ ပြည်သူလူထုက ကြည်ကြည်ဖြူဖြူရွေးကောက်ထားတဲ့အမတ်တွေက ရေးဆွဲပြီးအတည်ပြုပြဌာန်းထားတဲ့ ဥပဒေအရသာအုပ်ချုပ်ရမယ်။
၎။ ပြည်သူလူထုဟာ ဂုဏ်သိက္ခာရှိတဲ့လူတွေလိုနေနိုင်အောင် လွတ်လပ်စွာ ဟောပြောခွင့်၊ ကိုးကွယ်ခွင့်၊ စီပွါးရှာခွင့်၊ ဖိနှိပ်ချုပ်ချယ်မှုများကို ဥပဒေ အရ တိုက်ဖျက်ပိုင်ခွင့်အစရှိတဲ့ပြည်သူတစ်ရပ်လုံးရဲ့ မွေးရာပါမူလအခွင့်အရေးများကို ခိုင်ခိုင်လုံလုံ အာမခံထားတဲ့ ဥပဒေတွေရှိရမယ်။
၅။ အရွယ်ရောက်သူတိုင်းမဲပေးခွင့်ရှိရမယ်။
၆။ပြည်သူလူထုရဲ့ထောက်ခံမှုကိုမရတဲ့အစိုးရဟာအလိုအလျောက်ရာထူးကနှုတ်ထွက် ပေးရမယ်။
၇။ အခုပြောခဲ့တဲ့ အဓိကအချက်တွေကိုလက်ခံနိုင်တဲ့သဘောတရားဟာ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဆိုတဲ့ လောကပါလသဘောတရားဖြစ်တယ်။ ဒီသဘောတရားကိုဒီမိုကရေစီလို့ခေါ်တယ်။ ဒီမိုကရေစီမရှိတဲ့နိုင်ငံတွေမှာ လူဖြစ်ရတာဟာ ဂွေးသင်းခံထားရတဲ့နွားဖြစ်ရတာနဲ့အတူတူပါဘဲ။ အဲဒါကြောင့်ဒီမိုကရေစီကို ဖျက်ဆီးသူ မှန်သမျှ ကိုမုချခုခံရမယ်။
စသဖြင့် အားလုံးကိုနားလည်လာအောင် ပြည်သူကိုကော တပ်မတော်ကိုပါစည်းရုံးကြရမှာပါ။ ဒီလိုမှမဟုတ်ပဲ တစ်ဖက်နဲ့ တစ်ဖက်အပြန်အလှန်ပြောနေကြမယ် အပြစ်တင်နေကြမယ်ဆိုရင် ကျနော်တို့တွေပြောနေကြတဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတာဟာလည်းဖြစ်လာမှာ မဟုတ်ပါဘူး။ပြီးတော့ တပ်မတော်ခေါင်းဆောင်ငယ်များကိုလည်း ဒီမိုကရေစီနဲ့ပတ်သက်ပြီး တဖြေးဖြေးလက်ခံလာအောင်ကျနော်တို့ကစည်းရုံးကြရမှာပါ။ လောလောဆယ်မှာ ကျနော်တို့ ဟာအစိုးရနဲ့ စစ်တပ်ကိုမခွဲနိုင်သေးတာဟာကျနော်တို့ရဲ့ ပထမ အမှားပဲဆိုတာကိုသတိချပ် သင့်ပါတယ်။ဒါကြောင့် တပ်မတော်အနေနဲ့ နိုင်ငံမှာ အမှားများကိုကျူးလွန်ခဲ့တယ်ဆိုရင် တောင်အဓိကတာဝန်ရှိသူဟာ အစိုးရပါပဲ။ တကယ်တော့ တပ်မတော်ဆိုတာက ဘယ်အစိုးရတက်တက် အဲဒီအစိုးရရဲ့အမိန့်ကိုနာခံရမှာပါ။ ဒီတော့ဖြစ်ပြီးသွားတာတွေကို မေ့ပစ်ပါလို့တော့မဆိုလိုပါဘူး။ အဓိကတရားခံကိုရှာဖွေဖော်ထုတ်စေချင်တာပါ။ တကယ်တော့ နအဖ နဲ့ အတိုက်အခံများကြား နိုင်ငံရေးအားပြိုင်မှုများကြားမှာ မြေဇာပင်ဖြစ်ခဲ့ကြတာက ပြည်သူတွေနဲ့ နအဖရဲ့အသုံးချခံဖြစ်ပြီး သမိုင်းမှာ ဖျက်မရတဲ့သွေးစွန်းခဲ့တာက တပ်မတော်ပါ။ တကယ်တမ်းအမြတ်ရသွားတာကတော့ နအဖ နဲ့ နိုင်ငံရေးကိုခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာနေသူ များဆိုတာကိုတော့ အားလုံးပဲသတိထားပြီး အစိုးရ နဲ့ တပ်မတော်ကိုခွဲခြားသိနိုင်ကြစေရေး ၊ အမှန်တကယ် ကိုယ်ကျိုးစွန့် တော်လှန်ရေးသမားများနဲ့ ကိုယ်ကျိုးရှာနိုင်ငံရေးသမားများ ကိုလည်းခွဲခြားသိမြင်နိုင်စေရေးတို့နဲ့ အများပြောနေတဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတာတွေ အမျိုးသားနိုင်ငံရေးဆိုတာတွေကို ကျနော်သိသလောက်နဲ့ အပြုသဘောဆောင်စွာတင်ပြလိုက် ပါတယ်။ နောက်တစ်ခုကတော့ ဘယ်လိုမှ နားချလို့မရတော့တဲ့ နအဖ တွေကိုတော့ထားလိုက် ပါတော့ ဒါပေမယ့် ဖျောင်းဖျလို့ရသေးတဲ့ တပ်မတော်အရာရှိငယ်များကိုမိမိတို့အနေနဲ့ ဒီမိုကရေစီဘက်တော်သားများဖြစ်လာရေးအတွက်စည်းရုံးရမယ့်အခြေအနေဆိုတာကိုမမေ့ဖို့နဲ့ ဦးနုပြောခဲ့တဲ့ဒီမိုကရေစီအန္တရာယ်ဆိုတာကတော့ ဒါတွေပါဆိုတာကိုတင်ပြရင်းနိဂုံးချုပ်ပါတယ် ခင်ဗျာ။
“သရက်သီးသီးလာအောင်စောင့်ရတဲ့ကိစ္စမျိုးမှာတောင် ချက်ချင်းမအောင်မြင်ဘူး။ နှစ်အတော်ကြာကြာစောင့်ရတယ်။ ဒီမိုကရေစီအမြစ်တွယ်အောင်လုပ်ရတဲ့ ကိစ္စဟာသရက်သီး သီးလာအောင်လုပ်ရတဲ့ကိစ္စထက်အဆပေါင်းများစွာ မနှိုင်းယှဉ်သာအောင်ပိုခက်တယ်။ ဒီကိစ္စ ဟာ အခုချက်ချင်းအောင်မြင်နိုင်တဲ့ကိစ္စမဟုတ်ဘူး။အနောက်ဘက်က နိုင်ငံတွေမှာပဲ ဖြစ်ဖြစ် ဒီမိုကရေစီဟာခပ်လွယ်လွယ် ခပ်မြန်မြန်အမြစ်မတွယ်ဘူး။ နောင်ကိုလည်းခပ်လွယ်လွယ် အမြစ်တွယ်မှာမဟုတ်ဘူး။ အဲဒါကြောင့်ဒီမိုကရေစီကို အမြစ်တွယ်လာအောင်လုပ်ပေးချင်တဲ့ သူတွေဟာ ဇွဲကောင်းကောင်းနဲ့ စိတ်ရှည်ရှည်ထားပြီး လုပ်ရမှာပဲ။ ဒီမိုကရေစီ အမြစ်တွယ်လာအောင်လုပ်ရတဲ့အလုပ်မှာ အဓိကအပိုင်းကြီးနှစ်ပိုင်းရှိတယ်။ တစ်ပိုင်းက ဒီမိုကရေစီ ကိုအန္တရာယ်ဖြစ်လာနိုင်တဲ့ပုဂ္ဂိုလ်တွေကို အမြင်မှန်ရလာအောင်လုပ်ပေးရတဲ့ အပိုင်းဖြစ်တယ်။ တခြားတစ်ပိုင်းကတော့ ပြည်သူလူထုတစ်ရပ်လုံးက ဒီမိုကရေစီကို အသက်ပေးပြီးကာကွယ်တဲ့ စစ်သားကောင်းတွေဖြစ်လာအောင် လုပ်ပေးရတဲ့ အပိုင်းဖြစ်တယ်။ အန္တရာယ်ဖြစ်လာနိုင်တဲ့ပုဂ္ဂိုလ်တွေဆိုတာ ဘယ်သူတွေလဲ။ ဒီမိုကရေစီအမြစ်တွယ်အောင် လုပ်ပေးနေရတဲ့ နိုင်ငံတွေမှာ အကြမ်းအားဖြင့် အန္တရာယ်သုံးမျိုးသုံးစားဖြစ်ပေါ်လာနိုင်စရာအကြောင်းရှိတယ်။ အဲဒီသုံးစားကိုအခုလိုဖော်ပြ ချင်တယ်
၁။ တချို့နိုင်ငံရေးသမားတွေဟာ အစတုန်းကတော့ ရွေးကောက်ပွဲနဲ့ အာဏာရလာသူတွေပါဘဲ၊ ဒါပေမယ့်တဖြည်းဖြည်းကြာလာတော့ သူတို့ရဲ့ ကိုယ်ကျင့်တရားပျက်ပြားမှုကြောင့်ပဲဖြစ်ဖြစ် သူတို့ရဲ့ ညံ့ဖျင်းမှုကြောင့်ပဲဖြစ်ဖြစ် နှစ်ခုစလုံးကြောင့်ပဲဖြစ်ဖြစ် ပြည်သူလူထုက သူတို့အပေါ်မှာ အကြည်ညိုပျက်လာကြတယ်။ ရွေးကောက်ပွဲလုပ်ရင်သူတို့ ဧကန်ရှုံးတော့မှာပဲဆိုတာကို သိတဲ့အခါ ဒီအာဏာရ နိုင်ငံရေးသမားတွေဟာ အကြောင်းအမျိုးမျိုးပြပြီးရွေးကောက်ပွဲကို ရွှေ့ဆိုင်းပစ်တတ်ကြတယ်။ အကယ်၍ဒီလိုရွှေ့ဆိုင်းလို့မရတော့တဲ့ ရွေးကောက်ပွဲလုပ်ရတော့မယ်ဆိုပြန်ရင်လည်း သူတို့ အနိုင်ရအောင် ညစ်ပတ်တဲ့နည်းမျိုးစုံကို သုံးတတ်တယ်။ အဲဒီညစ်ပတ်တဲ့နည်းတွေကလည်း သူတို့ကိုမကယ်နိုင်တော့ပဲ ရွေးကောက်ပွဲမှာ သူတို့ရှုံးသွားရင် ပြည်သူလူထုရဲ့ အဆုံး အဖြတ်ကိုဒီနိုင်ငံရေးသမားတွေက လက်မခံဘူး။ လက်နက်ကိုင်တပ်တွေကို အလွဲသုံးစား လုပ်ပြီးဒီလူတွေဟာ အာဏာသိမ်းတတ်တယ်။အဲဒီနိုင်ငံရေးသမားတွေက ပထမအန္တရာယ် ဖြစ်တယ်။
၂။ တချို့နိုင်ငံရေးသမားတွေရှိတယ် ။ သူတို့မှာ အရည်အချင်းလည်းမရှိ ကိုယ်ကျင့်တရား လည်းမရှိတဲ့အတွက် ပြည်သူလူထု ကြည်ညိုမှုကိုဘယ်အခါမှ သူတို့မရခဲ့ကြဘူး။ နောင်လည်းရဖို့အကြောင်းမရှိဘူး။ အဲဒီနိုင်ငံရေးသမားတွေဟာ ဒီမိုကရေစီကို ပုတ်ခတ်မယ်။ ဒီမိုကရေစီအရကျင်းပပေးတဲ့ ရွေးကောက်ပွဲစနစ်ကိုသူတို့ ရှုံ့ချမယ်။နောက်ပြီးတော့မှ သူတို့ထောက်ခံမယ့် နိုင်ငံခြားအစိုးရတွေဆီက သူတို့အာဏာသိမ်းဖို့ အကူအညီ တောင်းပြီးသူပုန်ထမယ်။ အဲဒီနိုင်ငံရေးသမားတွေက ဒုတိယအန္တရာယ်ဖြစ်တယ်။
၃။ တချို့စစ်ဗိုလ်တွေဟာ လောကီသားတွေဖြစ်တဲ့အတိုင်းနိုင်ငံရေးသမားတွေကို တဖြည်းဖြည်းအားကျလာပြီး အာဏာလိုချင်ပြန်တယ်။သူတို့ရဲ့ လက်ထဲမှာ လက်နက် အပြည့်အစုံရှိတာကြောင့် ဒီစစ်ဗိုလ်တွေအတွက်အာဏာ သိမ်းရတာဟာ ရွေးကောက်ပွဲမှာ လူထုဆီကအာဏာသိမ်းရတာထက် ပိုပြီးလွယ်နေတယ်။ ဒါဟာ တတိယ အန္တရာယ်ဖြစ်တယ်။
လွတ်လပ်ပြီးခါစ ဒီမိုကရေစီအမြစ်မတွယ်နိုင်သေးတဲ့ နိုင်ငံမျိုးတွေမှာ လူထုရော ခေါင်းဆောင်တွေပါ ဒီမိုကရေစီရဲ့ တန်ဖိုးကို သေသေချာချာသဘောမပေါက်သေးဘူး။ ဒီမိုကရေစီမရှိရင်ပြည်သူလူထုဟာ ဘယ်လောက်ဒုက္ခရောက်မယ်ဆိုတာကိုလည်း သူတို့ ကောင်းကောင်းမတွေးနိုင်သေးဘူး။ လက်နက်နဲ့ အာဏာလုတဲ့စနစ်ဆိုးဟာ အမြစ်တွယ် လာရင် နိုင်ငံဟာ ဘယ်လောက် နစ်နာမယ်ဆိုတာကိုလည်းသူတို့မမျှော်ကြည့်တတ်သေးဘူး။ နိုင်ငံခြားမှာ တပည့်ခံရတာဟာ လူ့ဂုဏ်သိက္ခာကိုဘယ်လောက် ထိခိုက်တယ် ။ မျိုးချစ်စိတ်တို့ ဇာတိသွေးဇာတိမာန်တို့ဟာ ဘယ်လောက်မြင့်မြတ်တယ်ဆိုတာလည်းသူတို့ မစဉ်းစား တတ်သေးဘူး။ စစ်တပ်ဆိုတာဟာ နိုင်ငံရေးထဲမှာ မပါရသေးဘူး ဆိုတဲ့ထုံးတမ်းစဉ်လာကလဲ အဲဒီနို်င်ငံတွေမှာ မခိုင်မြဲသေးဘူး။ အဲဒါကြောင့်လွတ်လပ်ပြီးခါစ ဒီမိုကရေစီ အမြစ် မတွယ်သေးတဲ့ နိုင်ငံမှာ ဒီအန္တရာယ်တွေဟာ တကယ်အထင်အရှားရှိနေတယ်။ ဒီမိုကရေစီအမြစ်တွယ်အောင်လုပ်ပေးရမယ့် လုပ်ငန်းတွေထဲမှာ အပိုင်းကြီးနှစ်ပိုင်းရှိတဲ့ထဲက ဒီမိုကရေစီ ရဲ့ အန္တရာယ်တွေဖြစ်လာနိုင်တဲ့ ပုဂ္ဂိုလ်တွေကို အမြင်မှန်အောင် လုပ်ပေးရမယ်ဆိုတဲ့ ပထမပိုင်းဟာ ပြည်သူလူထုကိုဒီမိုကရေစီ တည်တန့်ခိုင်မြဲရေးအတွက် အသက်ပေးပြီးတိုက်ကြမယ့်စစ်သားကောင်းတွေ ဖြစ်အောင် လုပ်ပေးရမယ့်ဒုတိယ အပိုင်းထက် ပိုခက်တယ်။ ဒါပေမယ့် ခက်တယ်ဆိုပြီး လက်ပိုက်ကြည့်နေလို့ မဖြစ်ဘူး။ ဒီအန္တရာယ်တွေဟာ ဒီမိုကရေစီကိုဖျက်ဆီးပစ်နိုင်တဲ့အတွက် ဒီမိုကရေစီဘက်တော်သား တွေဟာ ကျွမ်းကျွမ်းကျင်ကျင် လိမ်လိမ်မာမာ သတ္တိရှိရှိ ဇွဲကောင်းကောင်းနဲ့ ဒီပြသနာကို ဖြေရှင်းပေးရမယ်။ဒီလိုဖြေရှင်းတဲ့နေရာမှာ တခြားလိုအပ်တဲ့ ကိစ္စတွေကိုလုပ်ပေးတဲ့ အပြင်အန္တရာယ်ဖြစ်လာနိုင်စရာအကြောင်းတွေရှိနေတဲ့ ပုဂ္ဂိုလ်တွေကို ဒီမိုကရေစီအမြစ် တွယ်ပြီးသား နိုင်ငံတွေနဲ့ အာဏာရှင်နိုင်ငံတွေကိုအစိုးရစရိတ်နဲ့ ပို့ပေးရမယ်။ဒီပုဂ္ဂိုလ်တွေဟာ အဲဒီနိုင်ငံမှာ တခြားအချက်တွေအပြင်
၁။ အစိုးရက တိုင်းသူပြည်သားများကိုဘယ်လိုအုပ်ချုပ်တယ်။
၂။ တိုင်းသူပြည်သားတွေမှာ လူ့မူလအခွင့်အရေးဘယ်လောက်ရှိတယ်။
၃။ ဒီအခွင့်အရေးတွေကိုထိခိုက်လာရင် ပြည်သူလူထုဟာ ဘာတွေလုပ်တယ်။
၎။ ပြည်သူလူထုရဲ့ စားဝတ်နေရေး အဆင့်အတန်းဟာဘယ်လောက်ထိမြင့်တယ်။ ဘယ် လောက် အထိနိမ့်တယ်။
၅။ ပြည်သူလူထုဟာ ကိုယ်ရောစိတ်ပါ ဘယ်လောက်ထိချမ်းသာတယ် ဆိုတဲ့အချက် တွေကိုလေ့လာကြရမယ်။နောက်ပြီးတော့လည်းဒီမိုကရေစီနိုင်ငံတွေမှာနိုင်ငံရေးသမားတွေဟာ အာဏာရလာတဲ့အခါမှာလည်းသိပ်ပြီးစွာကျယ်ကျယ်မလုပ်ရဲဘူး။သူတို့ကို အတိုက်အခံအဖွဲ့ ၊ သတင်းစာ ၊ လွှတ်တော် ၊ဥပဒေဆိုတာတွေကထိန်းပေးထားတယ်။ အာဏာလက်လွှတ် ပြီးရာထူးကပြုတ်ကျသွားတဲ့အခါမှာလည်း ဒုက္ခရောက်မသွားဘူး။အားကိုးရာမဲ့ ဖြစ်မနေဘူး။ အာဏာကိုင်ထားသူတွေရဲ့ နှိပ်စက်တာကို မခံရဘူး။သူတို့မှာ သတင်းစာ၊ လွှတ်တော် ၊ ဥပဒေအစရှိတဲ့အားကိုး စရာတွေရှိနေတယ်။ အာဏာရှင်နိုင်ငံတွေမှာ နိုင်ငံရေးသမားတွေဟာ အာဏာရတဲ့အခါသိပ်စွာကျယ်စွာကျယ်လုပ်နိုင်တယ်။ ညစ်ပတ်တယ်။ ကိုယ်ကျင့်တရား တွေသိပ်ပျက်တယ်။ အစက ကုန်းကောက်စရာမရှိတဲ့ အာဏာရှင်ကြီး အာဏာရှင်လေး တွေဟာ နေ့ချင်းညချင်း သူဌေးကြီးတွေ သူဌေးလေးတွေဖြစ်ကုန်တယ်။ သူတို့ကိုထိန်းကျောင်းပေးမယ့် အတိုက်အခံအဖွဲ့လည်းမရှိဘူး ၊ သတင်းစာလည်းမရှိဘူး၊ လွှတ်တော်လည်းမရှိဘူး။ဥပဒေလည်းမရှိဘူး။ ဒီမိုကရေစီနိုင်ငံတွေနဲ့ အာဏာရှင်နိုင်ငံ တွေကိုရောက်တဲ့အခါ အခုပြောတဲ့အချက်တွေဟာဘယ်လောက်အထိမှန်တယ် မမှန်ဘူး ဆိုတာကိုလည်းဒီပုဂ္ဂိုလ်တွေဟာ အထူးအရေးပေးပြီးလေ့လာခဲ့ကြရမယ်။ဒီမိုကရေစီ အတွက် အသက်ပေးပြီးကာကွယ်မယ့်စစ်သားကောင်းတွေဖြစ်လာအောင် ပြည်သူလူထုကို လုပ်ပေး ဖို့ဆိုတဲ့ ဒုတိယအပိုင်းကိုအကောင်အထည်ဖော်တဲ့အခါ နိုင်ငံရေးခေါင်းဆောင်အမျိုးမျိုးဟာ သူတို့ကြိုက်ရာ နည်းအမျိုးမျိုးကိုအသုံးပြူနိုင်တယ်။”



ဗိုလ်ရဲထက်(၄-၁၆-၂၀၁၀)။