မျိုးချစ်စစ်သည်

ပညာမဲ့သော ထိုသူသည်- ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက်တို့ကို ပြုသောကြောင့်လည်းကောင်း၊ အပြစ်နှင့်ယှဉ်သော အခြားအမှုကို ပြုသောကြောင့်လည်းကောင်း၊ ကုသိုလ်ကံကို မပြုပဲ အကုသိုလ်ကံကိုသာ အကြိမ်များစွာ ပြုခြင်းကြောင့်လည်းကောင်း၊ ခန္ဓာကိုယ် ပျက်စီးသောအခါ ငရဲသို့ရောက်ရ၏။

ခုကတော့ ...

User Online

လာလည်သူပေါင်း

Cabo Yachts

Sunday, April 4, 2010

တပ်မှူးတပ်သားပြောစကား(၁)

VOA မြန်မာပိုင်းရဲ့ အပတ်စဉ်ကဏ္ဍအသစ်တစ်ခုဖြစ်တဲ့ တပ်မှူးတပ်သားပြောစကားဆိုတဲ့ ခေါင်းစဉ်နဲ့ အစီအစဉ်အသစ်အတွက်အခုအခါမှာ အသက် ၉၁ နှစ်ထဲရောက်ရှိနေပြီဖြစ်တဲ့ ခေတ်သစ်ဗမာ့တပ်မတော်ကိုစတင်တည်ထောင်သူတွေထဲကတစ်ဦးဖြစ်သူ ရဲဘော်သုံးကျိပ်ဝင်အငြိမ်းစားဗိုလ်မှူးချုပ်ကျော်ဇော ကအသံဖိုင်နဲ့ အမှာစကားချီးမြှင့်ပေးပို့်ခဲ့ပါတယ် ဗိုလ်ချုပ်ကျော်ဇောက ဗမာ့တပ်မတော်ကို ဦးစီးဦးဆောင်စတင်တည်ထောင်ခဲ့တဲ့ ဗမာ့လွတ်လပ်ရေးဗိသုကာနဲ့ ဗမာ့တပ်မတော်ရဲ့ ဖခင်ဗိုလ်ချုပ်အောင်ဆန်းကို မမေ့မလျော့ကြဖို့ အခုလိုအမှာစကားပြောကြားပါတယ် ။
“ ဗိုလ်ချုပ်ဟာ လွတ်လပ်ရေးကို လက်နက်နဲ့ တိုက်ယူဖို့လိုတယ်လို့ သဘောပေါက်လာတော့ တခြားတိုင်းချစ်ပြည်ချစ် ခေါင်းဆောင်များ နဲ့စုစည်းပြီးဗမာ့တပ်မတော်ကိုတည်ဆောက်တဲ့တဲ့သူပါ။ ဗိုလ်ချုပ်ရဲ့ စိတ်နေစိတ်ထားဟာ အလွန်ရိုးသားဖြောင့်မတ်ပြီး ဒီမိုကရေစီကိုလည်း ယုံကြည်သူဖြစ်ပါတယ်။ ဒီအချက်အရလည်းတိုင်းပြည်ကို နှစ်အနည်းအငယ်အတွင်းမှိာုစည်းရုံးသိမ်းသွင်းနိုင်သူဖြစ်ပါတယ် ဒါ့ကြောင့်ဗိုလ်ချုပ်ရဲ့ အခြေခံတိုင်းချစ်ပြည်ချစ်နဲ့အရည်အချင်းတွေကို ယခုခေတ်တပ်မတော်သားများအပါအ၀င်ဗမာပြည်သူအားလုံး လေ့လာအတုယူသင့်ပါတယ်။ တပ်မတော်သားများကိုလည်းပြည်သူသာအမိ ပြည်သူသာအဖ၊ ပြည်သူကိုရန်သူလိုသဘောမထားကြပါနဲ့ လို့ ပန်ကြားလိုပါတယ်။ ဗမာပြည်ရဲ့ မပြီးဆုံးသေးတဲ့ဒီမိုကရေစီတိုက်ပွဲအတွက် တစ်ခန်းတစ်ကဏ္ဍကပါဝင်လှုပ်ရှားနေကြတဲ့ သတင်းဌာနအသီးသီးကို ကျေးဇူးအထူးတင်ပါတယ်။ တပ်မတော်သားများနဲ့ ပြည်သူလူထုကြားနားလည်မှုရအောင် ယုံကြည်မှုရအောင်ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါတယ်။ ပြည်သူအများလိုလားတဲ့ ဒီမိုကရေစီစနစ်အမြန်ဆုံးရရှိနိုင်ပါစေ။ ” ဗမာ့တပ်မတော်ကိုစတင်တည်ထောင်ခဲ့သူတွေထဲက တစ်ဦးအပါအ၀င်ဖြစ်တဲ့ ဗိုလ်ချုပ်ကျော်ဇောရဲ့ ပြောစကားတွေကို တင်ဆက်ပေးခဲ့တာပါခင်ဗျာ။ ၁၉၄၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှာ BIA(ဗမာ့လွတ်လပ်ရေးတပ်မတော်)အဖြစ်စတင်ပေါက်ဖွားခဲ့ရာက ဆက်လက်တည်ရှိလာခဲ့တဲ့ခေတ်သစ်မြန်မာ့တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ် အဆက်ဆက်ထဲက ၁၉၇၄ ခုနှစ်ကနေ ၁၉၇၆ ခုနှစ်အထိ မြန်မာ့တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးရဲ့ ပြောစကားတွေကိုဆက်ပြီးတော့ တင်ဆက်ပေးပါရစေခင်ဗျာ။ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးက သူတပ်သားကလေးအဖြစ်ဗမာ့ကာကွယ်ရေးတပ်မတော်(BDA) ကို မ၀င်ရောက်မီ နောက်ခံသမိုင်းအကျဉ်းနဲ့ ဂျပန်ခေတ်မင်္ဂလာဒုံဗိုလ်သင်တန်း အပတ်စဉ်(၃) တက်ရောက်ခဲ့ပုံတွေကို စပြီးပြောပြပါတယ်။
“ ဗမာ့လွတ်လပ်ရေးတပ်မတော်ခေတ်ကိုကျနော် မမှီပါဘူး။ ၁၉၄၃ ခုနှစ် ကျနော်တို့ သြဂုတ်လ (၁) ရက်နေ့မှာ မြန်မာနိုင်ငံတော်ကို ဂျပန်ကပေးတဲ့လွတ်လပ်ရေးအတုရတယ်ပေါ့ဗျာ၊ လွတ်လပ်ရေးအတုရတဲ့အချိန်မှာ အရင်တုန်းက ဖွဲ့စည်းထားတဲ့ ဗမာ့တပ်မတော်ကိုပြန်လည်ပြီးတော့ ဗမာ့ကာကွယ်ရေးတပ်မတော်ဖွဲ့ပါတယ် ။အသက် ၁၆ နှစ်ပြည့်ပြီးတော့ ၁၇ နှစ်ထဲမှာပေါ့အဲမှာစပြီးဝင် တာပဲလေ ကျနော်က တပ်ထဲကိုဝင်တာပေါ့ စစ်ထဲဝင်တဲ့အခါကျတော့လည်းပဲ မိခင်က ကျနော့်ကို ဆောင်းတွင်းကြီးပေါ့၊အဲပုသိမ်ဘူတာကို လိုက်ပို့တယ် ပို့တဲ့အခါကျတော့မိခင်က သူ့ကိုကန်တော့တယ် ကန်တော့တဲ့အခါကျတော့ အမေ ပြောတဲ့စကားလေးက ကနေ့ထိကျနော့်မှာအသည်းစွဲနေတာက သူကကျနော့်ကန်တော့တော့ ငိုတယ်မျက်ရည်တွေကျနေတာပေါ့ အမေက မျက်ရည်မကျနဲ့ နော်မင်းက သေမြေကြီးရှင်ရွှေထီးနောက်ပြီးတော့ စစ်သွားတိုက်တာကိုစစ်တိုက်ရမှာကိုကြောက်ပြီးတော့ ငါတို့အိမ်ကိုပြန်လာလို့ရှိရင်အမေရှက်တယ် အဲဒီတော့ မိခင်က ပြောလိုက်တာအဲဒါစိတ်ထဲမှာစွဲနေတယ်ဗျာ့ စမ်းချောင်းပဒုမ္မာကွင်းမှာရှိတဲ့ အဲကျနော်တို့ စစ်ဝန်ကြီးကင်းတပ်မှာကျနော်တို့ဝင်လိုက်တယ်ဗျ တပ်သားသစ်အဖြစ်ဝင်လိုက်တယ်ပေါ့ဗျာ တပ်သားသစ်မ၀င်ခင်မှာ ကျနော့်ပုသိမ်ကလာကတည်းက စာတိုက်က ကျနော်တပ်မတော် တတိယပတ်ဗိုလ်သင်တန်းကျောင်းတက်ဖို့အတွက် လျှောက်လွှာလေးရေးပြီးတစ်စောင်ယူလာခဲ့တယ်ဗျ အဲဒီစစ်ဝန်ကြီးရုံးမှာ ကျနော်တို့က စာတိုက်က ပို့ထားတာရှိတယ်နောက်ထပ်ကျနော်တို့လျှောက်ထားတဲ့သူတွေ ခေါ်ပြီးတော့ စာမေးပွဲဖြေခိုင်းတယ် နောက်ဆုံးစာမေးပွဲစစ်လို့result ကသူတို့ လူ(၃၀) ယူတာမှာ ကျနော်က position 31 ဗျ ။ ဆိုတော့ ကျနော်မပါဘူး။ အဲဒါနဲ့ အဲဒီမှာ ၁၀ တန်းအထိသင်ခဲ့ဖူးတဲ့ လူတွေကို ကျနော်တို့ဗမာ့တပ်မတော်အချက်ပြတပ်ရင်း signal ပေါ့အဲဒါဖွဲ့တယ်။ အဲဒီဖွဲ့ရာမှာ ကျနော်တို့ပညာတတ်တဲ့ကလေးတွေကိုအဲဒီကိုပို့မယ်ဆိုပြီးတော့မှ ကျနော်က အဲဒီမှာပါသွားပြီးတော့ ဆက်သွယ်ရေးတပ်ရင်းမှာ တာဝန်ထမ်းဆောင်ရတာပေါ့ အိုပညာသင်ရတာပေါ့ဗျာ ဆက်သွယ်ရေးပညာပေါ့training ပေါ့အဲတော့ ဂျပန်မွတ်စ်တွေကော ဗမာမွတ်စ် တွေကော သင်ရတယ်ဗျ အဲတော့ သင်နေတုန်းမှာပဲဗျာ ရပ်ပြီးတော့ဗိုလ်သင်တန်းကျောင်းတတိယပတ်လူနဲ့ပတ်သက်လို့သက်လို့တချို့လျော့သွားတာတွေရှိပါလိမ့်မယ် အဲတော့ ကျနော်ကနံပတ် ၃၁ ဆိုတော့ ကျနော့်အရေးသန်တော့ တတိယပတ်ဗိုလ်သင်တန်းကျောင်းတက်ရတယ်ဗျ ။ဗိုလ်သင်တန်းကျောင်းက ရဲဘော်သုံးကျိပ်ပေါ့ ကျနော်တို့ ဗိုလ်မှူးလေးဇေယျ အဲတော့သူက ကျောင်းအုပ်ကြီး အဲတော့ သူ့ဆီမှာတက်ရတယ်ဗျ။သင်တန်းပြီးခါနီးတ၀က်လောက်ကျတော့ အဲဒီနေရာကိုဗိုလ်ရန်နိုင်ရောက်လာတယ် အဲဗိုလ်ဇေယျကပြန်သွားတယ် အဲတော့ကျောင်းဆင်းတော့ ဗိုလ်ရန်နိုင်နဲ့ ဆင်းရတယ်။ကျောင်းဆင်းပြီးတော့က ကျနော် အနောက်မြောက်တိုင်းကိုကျနော်ရောက်တယ် ” အခုလိုသက်ရှိထင်ရှားရှိနေဆဲ ဗမာ့တပ်မတော်ခေါင်းဆောင်ဟောင်းနှစ်ဦးရဲ့ ကိုယ်တိုင်ပြောစကားတွေကိုတင်ဆက်ပြီးတဲ့အခါမှာ ခေါင်းဆောင်တွေရဲ့ အမြင်သဘောထားတွေကိုတင်ပြသွားမှာဖြစ်ပါတယ်။အသက်အရွယ်အရ အငြိမ်းစားဗိုလ်မှူးချုပ်ကျော်ဇောနဲ့ အပြန်အလှန်ဆွေးနွေးမှုကို တင်ပြနိုင်ခြင်းမရှိတာ နားလည်ပေးဖို့တောင်းပန်အပ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ အငြိမ်းစားဗိုလ်ချုပ်ကြီးသူရဦးတင်ဦးနဲ့ တပ်မတော်ရေးရာဆွေးနွေး တင်ပြချက်တွေကိုဆက်ပြီးတော့ တင်ဆက်ပေးပါရစေ။
ကိုရော်နီ။ ။ အန်ကယ်ကိုယ်တိုင်လဲ မင်္ဂလာဒုံဗိုလ်သင်တန်းအပတ်စဉ် ၃ မှာ ဗိုလ်လောင်းအဖြစ်နဲ့ တပ်မတော်ထဲကိုဝင်တဲ့အခါမှာ အဲအချိန်မှာ တပ်မတော်စစ်အရာရှိတစ်ယောက်ဖြစ်လာအောင် ကိုယ့်ကိုယ်ကို ဘယ်လိုမွေးမြူမယ် ဒီအထဲကိုဘယ်လို ၀င်မယ်ဆိုတဲ့စိတ်ဓာတ်မျိုးရှိခဲ့ပါသလဲခင်ဗျ။
ဦးတင်ဦး။ ။ အဲ ကျနော်တို့ငယ်ငယ်တုန်းကတော့ ဒီပုသိမ်ဗဟိုအမျိုးသားအထက်တန်းကျောင်းပေါ့ အဲတော့ ကျောင်းဆရာကြီးတွေကလည်းသိတဲ့အတိုင်းပဲ သူတို့ကလည်းလစာရတာမဟုတ်ပဲနဲ့ တကယ့် National ကျောင်းမှာ အဲတုန်းကလည်းဦးဖိုးကျားတို့စသဖြင့် ပေါ့ဗျာ အမျိုးသားကျောင်းပညာဝန်တွေဘာတွေဖြစ်တော့ တော်တော်လေးပဲ ကျနော်တို့က အဲချိန်ခါက အမျိုးသားရေးနဲ့ ပတ်သက်လို့ တော်တော်လေးမျိုးချစ်စိတ်ထက်သန်ဖို့ စပြီးတော့ဒီလိုကျနော်တို့ စိတ်ဓာတ်တက်ကြွအောင် သင်ကြားပေးတဲ့ကျောင်းပေါ့လေ။ အဲဒီမှာဘာတွေထူးခြားလာလည်းဆိုတော့ ကျောင်းမှာက ကျနော်တို့ကျောင်းသားသမဂ္ဂရှိတယ်
ပုသိမ်လုံးဆိုင်ရာကျောင်းသားသမဂ္ဂပေါ့လေ အဲဒီမှာကျောင်းသားကိစ္စတော့လှုပ်ရှားမှုတွေရှိကြတော့ ဒီမှာလှုပ်ရှားသူတွေထဲမှာပဲ ကျနော်တို့ ပါကြ ၀င်ကြ လုပ်ကြတာပေါ့ဗျာ။ ဒီဟာတွေက စိတ်ဓာတ်တွေတက်ကြွစေတဲ့ သဘောတွေရှိတယ်ဗျ
ကိုရော်နီ။ ။ ဟုတ်ကဲ့ အန်ကယ် အကုန်လုံးကိုခြုံငုံပြီး ကြည့်လိုက်မယ်ဆိုရင် ဗိုလ်သင်တန်းကျောင်းကို အန်ကယ်ခုလိုမျိုးတက်ဖြစ်သွားတဲ့ အဓိကစေ့စော်ချက်က ကိုယ်ကြီးပွါးဖို့လား ကိုယ်စစ်ဗိုလ်ဖြစ်ရင်နေရာကောင်းရမယ် ရာထူးရမယ် အဲလိုရည်ရွယ်ချက်နဲ့လား
ဦးတင်ဦး။ ။ ဟာ ဘယ် အဲလိုမျိုးတွေ ဘယ်တော့မှ ခေါင်းထဲမရောက်ဘူးဗျ ၊ ဘယ်တော့မှ ခေါင်းထဲမရောက်ဘူး ။ ဒီကျနော်တို့ တပ်ထဲဝင်မယ်နောက်ပြီးတော့ ဒီတပ်မတော်မှာ တာဝန်ထမ်ဆောင်မယ် နောက်ပြီးတော့ အမိမြန်မာနိုင်ငံအတွက်လုပ်မယ် ဒီလိုနဲ့ ကျောင်းသားတွေစိတ်ဓာတ်နဲ့ ပါလာတာပဲ နောက်ပြီးတော့ ကျောင်းရောက်တော့ ဗိုလ်သင်တန်းကျောင်းရောက်တော့ လည်းပဲ ဥပမာဆိုလို့ရှိရင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်လည်း စစ်သေနာပတိအနေနဲ့လည်းကျောင်းကိုလာလာပြီးတော့ စိတ်ဓာတ်ရေးရာနဲ့ ပတ်သက်လို့ ဟောတယ် ပြောတယ်ဗျ။ ဟောတဲ့ ပြောတဲ့ထဲမှာ သူပြောနေတာ အမြဲတမ်း ပြောတာက ငါပေးနိုင်တာက မင်းတို့ကိုဟုတ်လား စားဖို့သောက်ဖို့ဆိုရင်ပေါ့ ငါ့အနေနဲ့ခု ကျောက်ခဲ သလဲပဲပေးနိုင်မယ်ပေါ့ ဒါမျိုးတွေ ပေါ့လေ နောက်တစ်ခုက ဒီတပ်မတော်ထဲမှာ ကျနော်တို့ဒီစစ်သည်ကောင်းဖြစ်ဖို့ဆိုတဲ့ ဟာတွေနဲ့ ပတ်သက်ပြီးတော့လည်း နောက်နိုင်ငံတော်နဲ့ ပတ်သက်တဲ့အတွက်ရှေ့ ကျနော်တို့ တည်ဆောက်ရမယ့်ကစ္စအပိုင်းတွေမှာ လွတ်လပ်ရေးရပြီးရင် ဘယ်လိုတည်ဆောက်မယ် စသဖြင့် ဒါတွေကို ဟောတယ် ပြောတဲ့ အခါမှာ အင်မတန်တက်ကြွတယ် နောက်ပြီးတော့ ----ဆရာတွေကိုယ်တိုင်ကလည်းပဲ ကျနော်တို့ဒီကျနော်တို့ဒီ တပ်စုမှူးတွေဘာတွေ က ပြီးခဲ့တဲ့သင်တန်းပတ် ပထမပတ် ၊ ဒုတိယပတ် ဆင်းတဲ့သူတွေ အဲဒီလိုစိတ်ဓာတ်တွေနဲ့ ပြောဟောနေတာတွေက တကယ့်ကိုပဲ ပင်ပန်းတာက တကယ်ပင်ပန်းတယ်ခင်ဗျ ကျနော့်အသက်ရွယ်နဲ့ ကျနော်အဲတုန်းက ၁၆ နှစ်ပြည့်ပြီးခါစ ၁၇ နှစ်ထဲမှာဆိုတော့ အရမ်းပင်ပန်းတယ် နောက်ပြီးတော့ သူတို့ လက်နက်ကြီးတွေတက် သေနတ်ကြီးတွေတက် ဒါပေမယ့်လို့ပျော်တယ်ဗျ။ ပျော်တာမျိုးက အမိမြန်မာနိုင်ငံတွက် ရည်မှန်းချက်ကြီးကရှိနေလို့ ပျော်တယ်ဗျ။ သိပ်ပျော်တာပဲ။
ကိုရော်နီ။ ။ အန်ကယ်တို့ဒီတပ်မတော်ထဲကိုဝင်တဲ့သူအပိုင်းမှာရော နောက် အန်ကယ်တို့လေ့ကျင့်ပျိုးထောင်ပေးတဲ့ ဗိုလ်သင်တန်းကျောင်းကကော ရည်ရွယ်ချက်က ကိုယ်ကျိုးမဖက် တိုင်းပြည်အတွက်လုပ်ဖို့ သက်သက်ပဲ ဒါပေမယ့်
ဦးတင်ဦး။ ။ သေချာတယ် သေချာတယ် ဒါရာခိုင်နှုန်းအပြည့်လောက်ပဲ ရာခိုင်နှုန်းအပြည့် အဲဒီကိစ္စက အဲဒီကိစ္စက ဒီဘက်အထိပါလာတာ ဗျကျနော်တို့က
ကိုရော်နီ ။ ။ ဟုတ်ကဲ့ အန်ကယ် ကျနော်ထပ်သိချင်တာက ၁၉၅၇ ခုနှစ်မှာ အန်ကယ်ကိုယ်တိုင်ဗိုလ်သင်တန်းကျောင်းအုပ်ကြီးဖြစ်တယ် အဲဒီတုန်းက အန်ကယ်အသက် ၃၀ ပဲ ရှိသေးတယ် အဲဒီတော့ အန်ကယ်ကိုယ်တိုင် ဒုဗိုလ်မှူးကြီးအနေနဲ့ ဒီဗိုလ်သင်တန်းကျောင်းအုပ်ကြီးဖြစ်တဲ့အခါမှာ အန်ကယ်မွေးထုတ်မယ်ဆိုတဲ့ ဒီ ဗိုလ်သင်တန်းအပတ်စဉ်တွေအပေါ်မှာ အန်ကယ်ဘယ်လို စေတနာမျိုး ဘယ်လိုတိုင်းပြည်အတွက်ရည်ရွယ်ချက်မျိုး အန်ကယ်ထားရှိခဲ့ပါသလဲ
ဦးတင်ဦး။ ။ ဟိုကျနော်တို့ အရာရှိတွေဟာ သူတို့ရဲ့ မူလတာဝန်ဖြစ်တဲ့ ကျနော်တို့ စစ်ပညာကိုကောင်းစွာသင်ပြီးတဲ့နောက်ပေါ့လေ ကျနော်တို့ရဲ့ အမိမြန်မာနိုင်ငံတော်ကြီးရဲ့ အန္တရာယ်ရန်စွယ် မှန်သမျှကို ၀န်ထမ်းကောင်းပီပီ တစ်ယေက်အနေနဲ့ ကျနော်တို့ တာဝန်ကျေပွန်အောင် စစ်မြေပြင်မှာဖြစ်ဖြစ် စစ်မြေပြင်မဟုတ်တဲ့ နေရာမှာဖြစ်ဖြစ်ပေါ့လေ ပြည်သူလူထုရဲ့ ကြည်ညိုမှုရအောင် နောက်ပြီးတော့ ပြည်သူနဲ့ ဆက်ဆံတဲ့ အခါမှာ တသားတည်းဖြစ်အောင် ဒါတွေကိုကျနော်တို့တတ်နိုင်သမျှ ပြောဟောပြီးတော့ ပို့ချတာပဲဗျ။
ကိုရော်နီ ။ ။ အန်ကယ်ခုရှင်ပြတဲ့အတိုင်းကျနော်ခုနားလည်သဘောပေါက် တာ အန်ကယ်တို့ အဲ့တုန်းကဆို တပ်မတော်အရာရှိ စစ်သားအားလုံးက ဒါပြည်သူလူထုကိုဦးထိပ်ထားတယ်ဆိုတာညွှန်ပြနေတာပေါ့ နော် ပြောချက်အရ အခုဒီတပ်မတော်ဗိုလ်သင်တန်းကျောင်းတွေက မွေးထုတ်လိုက်တဲ့အရာရှိတွေကျတော့ သူတို့မှာခုနတုန်းကသူတို့ ဒီလိုမျိုး စစ်ဗိုလ်ဖြစ်လာအောင်က ဒီအပေါ်က အာဏာရှင်စနစ်ကလုပ်ပေးတာဆိုတော့ ဒီစနစ်ကိုပဲ သူတို့က ဒီသစ္စာရှိရမယ်ဆိုတဲ့ ဟာလဲ ရိုက်သွင်းခံနေရတာ နောက်တစ်ခုက အန်ကယ်တို့ခေတ်က ဗိုလ်သင်တန်းကျောင်းက ဆင်းတဲ့ ဒီအရာရှိကြီးတွေဆီက ကျနော်ကြားဖူးတာ လေးရှိတယ် အန်ကယ်တို့ ဒီမိုကရေစီအရေးကိုကာကွယ်စောင့်ရှောက်ရမယ်ဆိုတာလည်း ဒီဗိုလ်သင်တန်းကျောင်းတွေမှာ ကျနော့်ကိုပြော တာတော့ ဒီစစ်တက္ကသိုလ် အပတ်စဉ်(၁) က ဗိုလ်ကြီး ဟောင်းခင်မောင်ညွန့်က ပြောတာ သူတို့မှာ အဲဒါရှိခဲ့တယ်တဲ့ အဲဒါက ကွာတာပေါ့နော် အန်ကယ်ကိုယ်တိုင်ဗိုလ်သင်တန်းကျောင်းအုပ်ကြီးဖြစ်ခဲ့တော့ အဲဒါ လေးကျနော်သိချင်ပါတယ်
ဦးတင်ဦး။ ။ ဟုတ်တယ်ခုနပြောသလို ဗိုလ်မှူးခင်မောင်ညွန့်တို့ ခေတ်တုန်းကလည်းဟုတ်တယ်အဲဒါ သင်ကြားပို့ချနေတဲ့အချိန်ကလည်းပဲ ကျနော်တို့ တိုင်းပြည်အတွက် အရာရှိဖြစ်ခဲ့ပြီဆိုလို့ရှိရင် ဒီအရာရှိရဲ့ တပ်မှူးကောင်းတစ်ယောက်အနေနဲ့ ဒါတိုင်းပြည်ကိုဘယ်လိုကာကွယ်မလဲဆိုတာကိုအာရုံထည့်ပြီးသင်ပေးတာ နောက်တစ်ခုက ---- ကပြောင်းသွားတယ်လေ ဆိုလိုတာက ဒီကြွေးကြော်သံက သူတို့က ဒီ တပ်မတော်သည်အမိ ၊ တပ်မတော်သည်သာအဖ ဆိုပြီးလုပ်တာကိုးဗျ အမှန်ကတော့ ပြည်သူသည်အမိ ၊ ပြည်သူသည်အဖ ပဲဟာ ပြည်သူရဲ့ အခန်းကသိပ်ကြီးမားတယ်ဗျ ”

voa တွင်ထုတ်လွှင့်ခဲ့သည်ကိုကူးယူဖော်ပြပါသည်။

No comments:

Post a Comment