မျိုးချစ်စစ်သည်

ပညာမဲ့သော ထိုသူသည်- ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက်တို့ကို ပြုသောကြောင့်လည်းကောင်း၊ အပြစ်နှင့်ယှဉ်သော အခြားအမှုကို ပြုသောကြောင့်လည်းကောင်း၊ ကုသိုလ်ကံကို မပြုပဲ အကုသိုလ်ကံကိုသာ အကြိမ်များစွာ ပြုခြင်းကြောင့်လည်းကောင်း၊ ခန္ဓာကိုယ် ပျက်စီးသောအခါ ငရဲသို့ရောက်ရ၏။

ခုကတော့ ...

User Online

လာလည်သူပေါင်း

Cabo Yachts

Sunday, April 4, 2010

တပ်မှူးတပ်သားပြောစကား ( ၂ )

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက် နဲ့ ၂၈ ရက်နေ့တွေမှာ ဗွီအိုအေမြန်မာပိုင်းကထုတ်လွှင့်သွားခဲ့တဲ့ တပ်မှူးတပ်သားပြောစကား အပတ်စဉ်ကဏ္ဍအသစ်မှာ မြန်မာ့တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီးသူရဦးတင်ဦး ကဒီကနေ့မြန်မာ့တပ်မ တော်ရဲ့ ဆောင်ပုဒ်ဟာ “ တပ်မတော်သာအမိ တပ်မတော်သာအဖ ” ဖြစ်နေပုံနဲ့ သူဖြတ်သန်း ခဲ့တဲ့ “ပြည်သူသာအမိ ပြည်သူသာအဖ ” ပြည်သူကိုဦးထိပ်ထားခဲ့တဲ့ တပ်မတော်အကြောင်း နိဒါန်းပျိုးပြောကြားခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီးတဲ့နောက် ဗမာ့တပ်မတော်ရဲ့ အကြီးအကဲဟာ ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပေမယ့် ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ပါလီမန်လွှတ်တော်က ကာကွယ်ရေးဝန်ကြီးဌာနအတွက် ပါလီမန် Security ခေါ်ပါလီမန်အတွင်းဝန် ၂ ယောက်ခန့်အပ်ထားရှိပြီးတော့ ကာကွယ်ရေးဦးစီးချုပ်အထက်က နေဗမာ့တပ်မတော်ကြီးကို ထိန်းကွပ်သွားပုံတွေကို အငြိမ်းစားဗိုလ်ချုပ်ကြီးသူရဦးတင်ဦးက အခုလိုဆက်လက်ပြောပြပါတယ်။
တစ်ယာက်က ပါလီမန် Security Secretary For Defence မြ ဒါတစ်ယောက် နောက် တစ်ယောက်က Se---- For Defence ဒါကကျတော်တို့ ကက်ဘိနက်ကလာတာ။ Defence Secretary ကဦးမောင်မောင်ဗျ။ ဒီ ၂ ယောက်ကကျတော်တို့တပ်မတော်ကြီးနဲ့ပတ်သက်တဲ့ အုပ်ချုပ် စီမံရမယ့်အပိုင်းတွေမှာလူဖြစ်စေ ငွေဖြစ်စေ ပစ္စည်းဖြစ်စေ ဘာဖြစ်စေ နိုင်ငံတော်နဲ့ ပတ်သက်တဲ့ ပြည်သူလူထုတွေဆီက ------ မယ့် အခွန်နဲ့ ကျတော်တို့ဒါ တပ်မတော်ဖွဲ့ထားတာဖြစ်တဲ့အတွက် တပ်မတော်လည်းအကျိုးရှိရာရှိကြောင်း ပြည်သူလူထုနဲ့ ပတ်သက်တဲ့အခွန်ကြေးငွေကိုလည်း ကျတော်တို့ချွေတာရာချွေတာကြောင်း တော်တော်လေးထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်တဲ့အတွက် တပ်မတော်မှာ တစ်ခါတည်းငွေရေးကြေးရေးပိုင်း အတော်လေးစီစီစစ်စစ်လုပ်တယ်… Defence Security က သိပ်ကျစ်တာ သူတို့ကတကယ့်ကိုသိပ်နားလည်တယ် ဟို ငွေရေးကြေးရေးကိစ္စနဲ့ပတ်သက် လို့ဘယ်လိုမှ ကျတော်တို့ ကလှည့်စားလို့မရဘူး သူတို့မပေးဘူးဆိုမပေးဘူး ဒါပဲ ပါလီမန် Secrity အတုကြီးဗျ ။ Defence ကိုလာပြီးကွပ်ကဲတာပဲ မရဘူး သူ့ကိုလည်းဟိုက ကက်ဘိနက်ကနေပြီးတော့ သူ့ကိုဟုတ်လား ထိန်းထားတာ။ ဟိုကျတော်တို့ဟိုဒင်းပေါ့ ကက် ဘိနက်အတွင်းဝန်ချုပ်ပေါ့ဗျာ။ အတွင်းဝန်ချုပ်အောက်မှာသူက ဒီ Defence နဲ့ပတ်သက်လို့ တာဝန်ခံရတော့ ဟိုကလည်းတကယ့်ကိုထိန်းထားတာ မရဘူး ။ အတွင်းဝန်ချုပ်ဦး---- တို့ဘာ တို့ဆိုတာ နာမည်ကြီးတွေ ဒါကတပိုင်း ------- ဆိုတာက တပ်မတော်နဲ့ပတ်သက်တဲ့ ပြည်သူ လူထုကိုဆက်ဆံတဲ့အပိုင်းမှာ ဒီပြည်သူလူထုတွေဟာအဓိကအင်အားစု ခေါင်းဆောင်သူရှိ တယ်ဆိုတာကိုသဘောပေါက်အောင် ဆိုပြီးတော့ ထားတဲ့အဖွဲ့ ။
ကိုရော်နီ။ ။ အသက် ၂၇ နှစ်အရွယ်မှာ ဒုတိယဗိုလ်မှူးကြီးအဆင့်နဲ့ တပ်ရင်းမှူးဖြစ်ခဲ့တဲ့ ဦးတင်ဦးဟာ နွားတစ်ကောင်ကိုသတ်မိတဲ့အတွက် ပါလီမန်လွှတ်တော်အထိ သွားရောက်ဖြေရှင်းခဲ့ရပုံတွေကို အခုလိုဆက်ပြီးပြောပါတယ်။
သူရဦးတင်ဦး။ ။ ကျတော်ပြောပြမယ်အတွေ့အကြုံတစ်ခုနော် ကျတော်တပ်ရင်းမှူးဘ၀ တုန်းက ကျတော်လည်းတပ်ရင်းမှူးငယ်ငယ်နဲ့ဆိုတော့ ဒုဗိုလ်မှူးကြီး ဆိုတော့ လျှမ်းလျှမ်း တက်ပေါ့ဗျာ သိပ်စိတ်ကြွတယ်ပေါ့ နော် တက်ကြွနေတော့ မန္တလေးမှာဘယ်လိုဖြစ်လဲဆိုတော့ ကျတော်ကကျတော့တပ်ကြီးကို မန္တလေးတောင်ခြေမှာ လှလှပပထားလိုက်တာ ဥပမာပေါ့ ဗျာခြံနဲ့ အကာနဲ့ အရံနဲ့ နောက်ပြီးတော့ မီးဘေးအတားအဆီးနဲ့ နောက်ပြီးတော့ ကျတော်တို့ ဆိုင်းဘုတ်တွေဘာတွေထားလိုက်သေးတာ အဲဒီမှာ ကျတော်တို့တပ်ရဲ့ ဘေးမှာဟိုဗတလ တပ်ပေါ့ဗျာ ဟို ဗမာနိုင်ငံတောင်သူလယ်သမားအသင်းပေါ့ အဲတော့သူတို့ ကအဲဒီမှာက သူတို့နွားတွေက လယ်သမားတွေနွားတွေပေါ့ဗျာ နွားကျောင်းတာတွေရှိတယ် ပေါ့ဗျာ နွားတွေကတစ်ခါတစ်ရံမှာ ဟိုစားကျက်ကလွတ်လွတ်ပြီးတော့လာတယ် လာရင်းနဲ့ တပ်ထဲဝင်ရင်းစားရင်းနဲ့ ဟိုတိုးဒီတိုးနဲ့ အဲဒါ ဆိုင်းဘုတ်တွေကျိုး ဘာတွေပြုတ်နဲ့ဆိုတော့ အဲလိုဖြစ်တော့ အဲဒါနဲ့ ကျတော်သူ့ကိုပြောခဲ့တယ် မထိန်းရင်နော်ခင်ဗျားတို့နွားကိုကျနော် သတ်စားမှာ လို့ကျတော်ကပြောတာ အဲဒါနဲ့ နောက်တစ်ခါကျတော့နွား ကလာစားတယ်ပေါ့ ဗျာ။ လာစားတော့ အဲဒီမှာ နွားသတ်ပြီးတော့တပ်ရင်းမှာ ဖွယ်ဖွယ်ရာရာလုပ်စားလိုက်တာပေါ့ ။
ဒါနဲ့ ဗတလ သားကဘယ်နေမလဲဗျ သူက သူကတိုင်တာပေါ့ဗျာ သူ့ရဲ့------ တွေဘာတွေနဲ့
တိုင်တာပေါ့ ။ တိုင်တော့ ရန်ကုန်ကစစ်ရုံးကကြားတာပေါ့ ။ ကြားတော့အဲဒိတော့ ပါလီမန်လည်းမေးခွန်းလာစစ်တာပေါ့ ဒီဘက်မန္တလေးမှာကျတာ တပ်ရင်း - ၁ အဲဒီကတပ်ရင်း မှူးကနေပြီးတော့ အဲဒီမှာသူတို့နွားကိုသတ်စားပြီးတော့ ပိုက်ဆံမပေးဘူးပေါ့ဗျာ။ ဒါကျတော် တို့သိပါသလားပေါ့ ။ ဒါကိုလည်းပြီးရင်ဘယ်လိုအရေးယူထားသလဲပေါ့။
ကိုရော်နီ။ ။ လာမေးတော့ ပါလီမန်ထဲထိရောက်သလား အန်ကယ်.
သူရဦးတင်ဦး။ ။ ဟာရောက်တာပေါ့ အာ ကျတော့်ဆီတော့ပါလီမန် Security ကခေါ်တယ်လာပါဆိုတော့ မြန်အောင်သခင်ချစ်မောင် အဲဒီတော့ သူ့ဆီသွားရတာပေါ့ ။ တော်တော်ကျိန်းတာပဲဗျ ။ လုပ်သင့်လုပ်ထိုက်လို့--- မင်းတို့ဟာကသိပ်ပြီးတော့ တရားလွန် တယ်ပေါ့။ ဒီလိုမလုပ်ရဘူး ဒါနဲ့ ပတ်သက်ပြီတော့ဘယ်လိုပြေပြေလည်လည်လုပ်ရမယ်။ အဲတော့ လုပ်ပုံလုပ်နည်းလေးမှားတယ်။ ကျတော့်ကိုကျိန်းမောင်းဆူပူတာတွေခံရတယ်ဗျ။ ရဲဘော်ရဲဘက်စိတ်နဲ့ပြောတာပဲ ဒါပေမယ့် ပြောတဲ့အခါမှာ ပြည်သူလူထုရဲ့ နစ်နာမှုက ဘယ်လိုဖြစ်တယ်ဆိုတာအပေါ်မူတည်ပြီတော့ မင်းတို့ကိုယ်တိုင်ကပင်လျှင်ပြည်သူပြည်သား ဖြစ်တယ် ဒါကြောင့်မို့လို့ပြည်သူပြည်သားဖြစ်တဲ့အတွက် နော် အရပ်ဘက်စည်းကမ်းကို ချိုးဖောက်လို့မရဘူး ။ မင်းတို့ကတပ်မတော်စည်းကမ်းလည်းထိန်းရမယ် အရပ်ဘက်ရဲ့ ဓလေ့ထုံးစံ ထုံးတမ်းအစဉ်အလာကိုလည်းရိုသေရမယ် ဒါမျိုးတွေသင်တာဗျ။ အဓိပ္ပါယ်က ကာကွယ်ရေးဦးစီးချုပ်ကကျတော့်ကိုပြောရင်လည်းရတာပဲလေ။ကာကွယ်ရေးဦးစီးချုပ် ကလည်းပြောတော့ပြောတာပေါ့လေ ဒါပေမယ့် ပါလီမန်Security ကသူတို့ရဲ့ ဟိုကျတော်တို့ ပြည်သူ့ဆန္ဒနဲ့စိုးမိုးတဲ့ပုဂ္ဂိုလ်က တဖက်လှည့်နဲ့ ပါလီမန်--- လွှတ်တော်သူကပြောဖို့တာဝန်ရှိတော့ သူကပြောတာပေါ့ဗျ။အဲတော့ ဒိလိုဟာမျိုးတွေရှိတယ်လေ။ အဲတော့ ကျတော်ကလည်းဘယ်လိုပြောလည်းဆိုတော့ နောင်ကိုတော့ ဘယ်လုပ်ရဲမလဲဗျ။
ကိုရော်နီ ။ ။ ဟုတ်ကဲ့ အဲဒီတော့ ဒီကနေ့ခေတ်နဲ့ပြန်ကြည့်ရင် ကျတော်တို့ တပ်မတော်က နေတပ်ရင်းမှူးတစ်ယောက်ရဲ့အမိန့်နဲ့ နွားတစ်ကောင်ကိုသတ်စားတာဟာ..ပါလီမန်ထဲထိ လွှတ်တော်ထဲထိ တက်ပြီးဖြေရှင်းရတယ်ဆိုတာ အခုခေတ်တပ်မတော်သားတွေအနေနဲ့ ယုံချင်မှတောင်ယုံမယ်။ အဲစနစ်ကဘယ်လိုကွာခြားတယ်ဆိုတာ။
သူရဦးတင်ဦး။ ။ ကွာခြားတာပေါ့ဗျာ ဘယ်လုပ်ရဲတော့မလဲ။ ကျတော်တို့တင်ပြောတာမ ဟုတ်ဘူး လယ်သမားရုံးကလည်းသူတို့ကိုပြောတယ်။ မင်းတို့ဘက်ကလည်းပဲ ဒါနဲ့ပတ်သက်တာအားလုံးကို သူ့တပ်ဝန်းထဲမှာလုံခြုံရေးယူပေးထားတဲ့မြို့ထဲမှာ မင်းတို့နွားကိုလည်းမင်းတို့ထိန်းဦးမှပေါ့။ ဘယ်မင်းတို့ကဘယ်လိုလဲ ၀င်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက် နေလို့ကတော့ သူတို့ကလည်းဘယ်ခံမလဲ ဘယ်ကြိုက်မလဲ သူတို့က လည်းလုံခြုံရေးနဲ့ပတ်သက်လို့ ကြည့်ရရှုရတာရှိမှာပေါ့ ။ သူတို့ဘက်ကလည်းအတားအဆီး ဖြစ်သွားတယ်လေ။ကျတော်တို့ ဘက်ကလည်းပဲဒီဟာနဲ့ပတ်သက်တာ စည်းကမ်းထိန်းသိမ်း တာဖြစ်သွားတယ်လေ ဆိုတော့ ကောင်းသွားတာပေါ့ အဲရွာမျိုးတွေကရှိတယ်လေ..
ကိုရော်နီ။ ။ ဟုတ်ကဲ့အန်ကယ် ဟုတ်ကဲ့
သူရဦးတင်ဦး။ ။ နောက်တစ်ခုပြောပြဦးမယ်ဗျာ့ ပြည်သူလူထုရဲ့ စိုးမိုးမှုကဘယ်လောက် ထက်သန်လဲဆိုတော့ ကျတော်ပြောပြမယ်။
ကိုရော်နီ။ ။ တစ်ခါ ရာထူးအရှိန်အ၀ါပေါ်မှာ ၀င့်ဝါပြီးတပ်မတော်အရာရှိတစ်ဦးအနေနဲ့ အမှတ်မထင်လုပ်ဆောင်ခဲ့မှုအပေါ် ပြည်သူလူထုကိုအကာအကွယ်ပေးထားတဲ့ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့ သူအရေးယူခံခဲ့ရပုံကိုလည်း အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးက အခုလိုနောက်ထပ်အတွေ့အကြုံတစ်ခုကိုပြောပြပါတယ်။
သူရဦးတင်ဦး။ ။ ပေါက်မြို့မှာ ကျတော်ကတပ်ခွဲမှူးဆိုတော့ ဗိုလ်ကြီးပေါ့ဗျာ အဲတော့ တစ်နေ့ကျတော့ ကျတော့ဆီကိုကြေးနန်းဝင်လာတယ်ဗျ။ ကျတော့ကိုဗိုလ်မှူးအဖြစ်ခန့်အပ် လိုက်တယ် အဲဒီတပ်ရင်းမှာပဲ ဒုတပ်ရင်းမှူးအဖြစ် ဗိုလ်မှူးအဖြစ်တာဝန်ခန့်လိုက်တယ် မင်းကပေါက်မြို့မှာတာဝန်ထမ်းဆောင်နေတဲ့အတွက် မင်းအမြန်ဆုံးတပ်ရင်းရှိတဲ့ မန္တလေးကို သတင်းပို့ ဆိုတဲ့အမိန့်စာကရောက်လာတယ်ဗျ..ရောက်လာတော့ကျတော်ကလည်း အဲဒါနဲ့ပတ်သက်ပြီးတော့ ပြန်ဖို့အတွက် လေယဉ်ပျံကွင်းတွေဘာတွေလုပ်တော့ လေယဉ်ပျံ ဆင်းတယ်ခင်ဗျ။ လေယဉ်ပျံဆင်းလာပြီးတော့ ဒီလေယဉ်ပျံက ရန်ကုန်ပြန်ရမှာ လူတွေလာခေါ် ရင်းနဲ့ရန်ကုန်ပြန်ရမှာ အဲတော့ ကျတော်က ကျတော်လည်းလိုက်မယ် လို့ ကျတော်မန္တလေးကိုပြန်ရမယ် အဲတော့ ကျတော့်ကိုမိတ္ထီလာ မှာချပေးပါ ပြီးတော့မှ ခင်ဗျား ရန်ကုန်ပြန်ပါဒီလိုပြောတော့ ဟို လေယဉ်ပျံမောင်းတဲ့မောင်းသမားက အမေရိကန်ဗျ သူက Mr.Hair တဲ့အဲတော့ သူကပြောတယ် မင်းဒီ------- လေးကို လက်မှတ်ထိုးလိုက အဲဒီ---- အတိုင်းဆိုငါ လေယဉ်ပျံဆင်းပေးမယ်ပြောတော့ ကျတော်ကလည်းပဲဗျာ ချက်ချင်းခန့်လိုက် တဲ့Major ဆိုတော့ သွေးလေးကလည်းနားထင်ရောက်နေတာ့ ဒီ----- မှာရေးတာတောင် ဘယ်လိုရေးတယ်အောက်မေ့လဲ တစ်ခါထဲ မေဂျာတင်ဦး အဲတော့ Capital Letter နဲ့ရေးတယ်ဗျ။ အဲတော့ ကျတော့်ရဲ့ နံပါတ် BC- 3651 အောက်ကထည့်လိုက်သေးတယ်ဗျ။ Recently Promoted Major ဆိုပြီးတော့ Blank Cap နဲ့ထည့်လိုက်သေးတယ် သေချာအောင် ဆိုပြီးတော့ လူရည်မလည်တာပေါ့ဗျာ။ ကျတော့ကိုတင်လာတယ်ဗျ ကျတော်ကလည်းလိုက် သွားတော့ မိတ္ထီလာမှာသူချပေးတယ်။ ချပြီးလေယဉ်ပျံကတော့ သူရန်ကုန်ပြန်သွားတယ်။ ဒါပေမယ့်လို့ သူ့ရဲ့ Schdue ကပေါက်ကနေပြီးတော့ ရန်ကုန်တိုက်ရိုက်ပြန်ရမှာကိုး ကျတော်ကမိတ္ထီလာကိုဆင်းခိုင်းတဲ့ Order ပေးလိုက်တဲ့အတွက် ဟိုကနေပြီးတော့ဘာပြောလဲ ဆိုတော့ ဒီလေယဉ်ပျံဟာရန်ကုန်ပြန်ရောက်ပြီးရင် ထားဝယ်ကိုတစ်ခေါက်သွားမယ့် သယ်ရမယ့်လေယဉ်ပျံ အဲဒီတော့ ထားဝယ်ကိုမသွားဖြစ်လိုက်တဲ့ကြောင့်မို့လို့ မိတ္ထီလာကို ဆင်းလိုက်တဲ့အတွက် ထားဝယ်ကိုသွားဖို့အတွက်နောက်ကျလိုက်တဲ့အတွက်ကြောင့်မို့ ဒီသွားလိုက်ပေမယ့် ရလာမယ့်ဝင်ငွေဟာ သူတို့ရဲ့ ဒီဌာနက ဒီထိခိုက်ပါတယ် ဒါကြောင့် သက်ဆိုင်ရာတွေ အမိန့်ပေးတဲ့ အရာရှိကိုအရေးယူပေးပါလို့လာတယ်ဗျ။
ကိုရော်နီ။ ။ အန်ကယ်အဲဒါ အရပ်ဘက်----- လေယဉ်ပျံCompany ကလား ။
သူရဦးတင်ဦး ။ ။ အရပ်ဘက် UBA လေယဉ်ပျံ ကျတော်တို့ အဲဒါ ကျတော်ကနေပြီးတော့ မိတ္ထီလာကိုဆင်ခိုင်းတာ သူသွားရမယ့် Schdue ကရန်ကုန် ဒါပေမယ့် ကျတော်ကတော့ ကျတော့ကိုယ်ကျတော်စစ်ဗိုလ်ပေါ့ဗျာ ။ ဗိုလ်မှူးတောင်ဖြစ်နေပြီပဲ ဒါနဲ့ပတ်သက်တာက ငါအမိန့်ပေးလို့ရတယ် ဒါဆင်းပေးရမှာပေါ့ဗျာ အဲဟိုကလည်း အဲဆင်းပေးမယ် --------------
လက်မှတ်ထိုး ဆိုတော့ ထိုးပေးတယ် ခုနလိုပေါ့ဗျာ မေဂျာတင်ဦး ၊ BC-3651 Recently Promoted Major တွေဘာတွေရေးပေးလိုက်တာပေါ့ ။ အဲဒါနဲ့ကျတော်တခါတည်း တပ်ရောက် ပြီး ၃ ၊ ၄ ရက်ကြာတော့ ရန်ကုန်ကခေါ်တာပဲဗျ။ လာခဲ့ဆိုသွားရတာပေါ့ဗျာ။ သွားတော့ဟိုရောက်တော့ ဒီိလိုဒီလိုပဲဆိုတော့ ဟုတ်တယ် မှန်တယ် ဟ မင်းကဘာဖြစ်လို့ ဒါကိုဒီဟာနဲ့ပတ်သက်လို့ဒါကိုမိတ္ထီလာဆင်းဖို့ အမိန့်ပေးရတာလဲ မင်းကဘာဖြစ်လို့အမိန့်ပေးနိုင်တဲ့အာဏာရှိလို့လဲ ခွင့်တောင်းပါဦးလား ငါတို့အထက်ဌာနတွေကို ခွင့်တောင်းပြီးမှလုပ်ပါလား မင်းခွင့်မတောင်းပဲ လုပ် အဲဒါနဲ့ဗျာ တရားတဘောင်ဖြစ်တာ မသိနားမလည်တဲ့အရာရှိငယ်တစ်ယောက်အနေနဲကဖြစ်တာမို့ဆို ပြီးတော့ ကျတော့်ကှိုဗျာ လစာဖြတ်တယ်ဗျ။ လခဖြတ်တယ် တစ်ထောင်ကျော်ကျော်လောက် ဖြတ်လိုက်တယ် အဲတော့ ကျတော့်မှာလစဉ်လေ တစ်လထုတ်တဲ့လစာထဲက ၁၀၀ ၊ ၁၀၀ နှိမ်ပြီးမှ UBA ကိုပေးရတယ်ဗျာ ။ အဲလိုကျတော်တို့မှာက အုပ်ချုပ်ခံခဲ့ရတယ် ကျတော်တို့ လုပ်ချင်တိုင်းလုပ်လို့ မရဘူးဗျ။
ကိုရော်နီ ။ ။ ဟုတ်ကဲ့ ဟုတ်ကဲ့ ။ မိမိစီးလာတဲ့လေယဉ်ကိုစစ်ဗိုလ်ဆိုတဲ့အရှိန်အ၀ါသုံးပြီး မိမိဆင်းစေလိုတဲ့မြို့မှာဆင်းစေဖို့ အမိန့်စာရေးပေးခဲ့ရာက လေကြောင်း Company ကိုနစ်နာ မှုလျော်ကြေးပေးခဲ့ ရပုံတွေကိုသတိတရပြန်ပြောပြပြီးတဲ့နောက်မှာ နိုင်ငံရေးအရတိုင်းပြည် အတွက်လုပ်တာပဲဆိုပြီး စစ်ဗိုလ်အရှိန်အ၀ါနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာတရားစီရင်ရေးမှာ လည်း ၀င်ရောက်စွက်ဖက်မိလို့ ပါလီမန်ဒီမိုကရေစီခေတ်က တရားဥပဒေနဲ့ သူရင်ဆိုင်ခဲ့ရပုံကို အငြိမ်းစားဗိုလ်ချုပ်ကြီးသူရဦးတင်ဦးပြောစကားတွေကို လာမယ့် ဧပြီလ ၁၁ ရက်နေ့ တနင်္ဂနွေနေ့နံနက် တပ်မှူးတပ်သားပြောစကားအစီအစဉ် မှာပဲဆက်ပြီးထုတ်လွှင့် သွားမှာဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်ခင်ဗျာ


voa မြန်မာပိုင်းမှ ကူးယူဖော်ပြသည်။အချို့နေရာများတွင်နားမလည်ပါသဖြင့် ချန်လှပ်ခဲ့သည်များကို နားလည်ပေးစေလိုပါသည်။

No comments:

Post a Comment