မျိုးချစ်စစ်သည်

ပညာမဲ့သော ထိုသူသည်- ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက်တို့ကို ပြုသောကြောင့်လည်းကောင်း၊ အပြစ်နှင့်ယှဉ်သော အခြားအမှုကို ပြုသောကြောင့်လည်းကောင်း၊ ကုသိုလ်ကံကို မပြုပဲ အကုသိုလ်ကံကိုသာ အကြိမ်များစွာ ပြုခြင်းကြောင့်လည်းကောင်း၊ ခန္ဓာကိုယ် ပျက်စီးသောအခါ ငရဲသို့ရောက်ရ၏။

ခုကတော့ ...

User Online

လာလည်သူပေါင်း

Cabo Yachts

Friday, April 9, 2010

ဆိုက်ဘာမှုခင်း သတင်းဖလှယ်ရေး တိုးမြှင့်စီစဉ် နရီလင်းလက် Friday, April 09, 2010

ပြည်ပရောက် မြန်မာနိုင်ငံ သားများနှင့် ပတ်သက်သည့် သတင်းအချက် အလက်များ ရယူရန် (Cyber Crime ) ဆိုက်ဘာ မူခင်းများဌာန ဖွဲ့စည်းကာ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံများနှင့် ဆက်သွယ်၍ သတင်းဖလှယ်မှု အစီအစဉ် တိုးမြှင့် ဆောင်ရွက် နေကြောင်း တာဝန်ရှိသူများက ပြောသည်။

အိမ်နီးချင်း ထိုင်း နိုင်ငံ အပါအ၀င် မလေးရှား၊ စင်ကာပူနိုင်ငံများနှင့်မူ အစောပိုင်းကတည်းက သတင်းဖလှယ်မှုများ ဆောင်ရွက် နေကြောင်းသိရသည်။

နိုင်ငံဖြတ်ကျော်မှုခင်းများဌာနမှ ရဲအရာရှိကြီးတဦးက“စင်ကာပူမှာ မြန်မာနိုင်ငံသားတွေနဲ့ ပတ်သက်တဲ့ မှုခင်းတခုပေါ်တယ် ဆိုရင် ချက်ချင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို သတင်းအချက်အလက် ပို့ပေးတာမျိုး၊ ဒီအတိုင်းပဲ မြန်မာနိုင်ငံမှာ စင်ကာပူနိုင်ငံသားနဲ့ ပတ်သက်တဲ့ ပြဿနာပေါ်ရင် သတင်းပို့ပေးတာမျိုးတွေ လုပ်တာမျိုး”ဟု ပြောသည်။

၂၀၀၀ ပြည့်နှစ် အောက်တိုဘာလတွင် Cyber Crime (ဆိုက်ဘာမှုခင်း)ဌာနကို ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန ၀န်ကြီး ဦးဆောင်ပြီး ဖွဲ့စည်းခဲ့ကြောင်း ၎င်းကဆိုသည်။

“၁၉၈၀ ပြည့်နှစ်နောက်ပိုင်းကစပြီး အိုင်တီ နည်းပညာတွေ တရှိန်ထိုး ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိလာတယ်၊ ဒါနဲ့ ဆက်နွယ်လို့ ဘလော့ဂ်တွေမှာ၊ ၀က်ဘ်ဆိုက်တွေမှာ လူတဦး၊ အဖွဲ့အစည်း တခုအပေါ် ဂုဏ် သိက္ခာ ထိခိုက်အောင် မမှန်မကန် ရေး သားမယ် ဆိုရင် တည်ဆဲ ဥပဒေများနဲ့အညီ အရေးယူခံရမှာဖြစ်တယ်”လို့ ဆိုက်ဘာမှုခင်း အဖွဲ့မှ ဒု ရဲအုပ်တဦးက ဆိုသည်။

အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာကို အသုံးပြု၍သတင်းအချက်အလက်ပေးပို့ခြင်း၊ လက်ခံရယူခြင်း၊ သိုမှီးထိန်းသိမ်းခြင်းများအား ဆိုက်ဘာခရိုင်းအဖွဲ့မှ အဓိက စိစစ်နေကြောင်း ဆက်သွယ်ရေးဝန်ကြီးဌာနရှိ တာဝန်ရှိသူ တဦးက ပြောသည်။

မှုခင်းဌာနမှ အရာရှိကြီးတဦးကလည်း“နိုင်ငံတော်ရဲ့လုံခြုံရေး၊ ဆက်သွယ်ရေးကို ထိခိုက်အောင် လုပ်မယ်ဆိုရင် ပိုပြီးပြင်းပြင်း ထန်ထန်အရေးယူသွားမှာ၊ နိုင်ငံရေးနဲ့ ပတ်သက်တယ်ဆိုရင် အရေးယူမှုမှာလည်း ပြင်းထန်လိမ့်မယ်”ဟု ဆိုသည်။

၁၉၉၆ ခုနှစ် စက်တင်ဘာလ ၂၀ ရက်တွင် ပြဌာန်းခဲ့သည့် ကွန်ပျူတာ ဖွံ့ ဖြိုးရေးနှင့်သက်ဆိုင်သည့် ဥပဒေအရ ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်သည်ဟု ၎င်းကပြောသည်။

ဆိုက်ဘာမှုခင်းဆိုင်ရာ ပြဿနာများအား ဖြေရှင်းမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ရုံးနှင့် မှုခင်းတပ်ဖွဲ့(CID) တို့ ပူးတွဲ ဆောင်ရွက်နေသည်။

“အရှိန်အဟုန်မြှင့်ဆောင်ရွက်ဖို့ အတွက် ပြည်ပသင်တန်းတွေအပြင် ပြည်တွင်းမှာလည်း ဆင့်ပွား သင်တန်းတွေ ပြန် ဖွင့်လှစ် သင်ကြားပေးနေတယ်”ဟု နိုင်ငံဖြတ်ကျော် မှုခင်းများဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းက ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းဌာန၏ သတင်းထောက် ကိုငွေစိုးလင်းနှင့် မလှလှဝင်း တို့ကို အာဏာပိုင်များက အီလက်ထရွန်နစ် ဥပဒေ များနှင့် ဆိုစွဲ၍ ထောင်ဒဏ်များချမှတ်ခဲ့သည်။

“မြန်မာပြည်က ဆိုက်ဘာခရိုင်းကတော့ အင်တာနက်ကနေ ဘာအချက်အလက်တွေပို့တယ်၊ ဘယ်သူနဲ့ ဆက်သွယ်တယ် ဆိုတာပဲ အဓိကထား စောင့်ကြည့်နေတာ”ဟု ဥပဒေ ပညာရှင်တဦးက ပြောသည်။

ဆိုက်ဘာမှုခင်းနှင့် ပတ်သက်သည့် ပြစ်မှုများတွင် ထောင်ဒဏ်များ ချမှတ်ခဲ့သော်လည်း ပုဒ်မ အတိအကျ တပ်ရန်မရှိသည့် အချိန်မျိုး၊ တိကျသည့် ပြစ်ဒဏ်သတ်မှတ်ချက်ရှိသော်လည်း နိုင်ငံတော်နှင့် ပတ်သက်သည့် အချိန်မျိုးတွင် ပြစ်ဒဏ် ပိုမို ချမှတ်ခြင်းမျိုး စသည့် ဥပဒေကြောင်းအရ ပုံသေ သတ်မှတ်ချက်များ မရှိကြောင်း ၎င်းက ဆိုသည်။

ဆိုက်ဘာမှုခင်း ဌာနလက်အောက်၌ ရုရှား ၊ အိန္ဒိယ နှင့်စင်ကာပူ နိုင်ငံများတွင် သင်တန်း တက်ရောက်ထားကြသည့် အင်အား ၁၅၀ ခန့်ဖြင့် ဖွဲ့စည်းထားကြောင်း၊ ယင်း ဌာန၏ အကြီးအကဲမှာ နိုင်ငံဖြတ်ကျော်မှုခင်းများဌာန အကြီးအကဲ ရဲမှူးကြီး စစ်အေး ဖြစ်ကြောင်းသိရသည်။

နိုင်ငံတကာတွင် Cyber Crime ဟု ခေါ်သော အဖွဲ့အစည်းများ ဖွဲ့စည်းထားပြီး ထိုအဖွဲ့အစည်းများသည် အင်တာနက် အသုံးပြု ၍ ငွေကြေးလိမ်လည်မှု၊ ရာဇ၀တ်မှု၊ အချက်အလက်များ ခိုးယူရောင်းချမှု၊ အရေးကြီး စာချုပ်စာတမ်းများအား အတုပြုလုပ်မှု၊ သူတပါးကို ဂုဏ်သိက္ခာချခြင်း စသည့် ရာဇ၀တ်မှုများအား ဖော်ထုတ်အရေးယူခြင်းတို့ကို ဆောင်ရွက် ကြောင်း သိရသည်။

http://irrawaddy.org/bur/index.php/news/1-news/2984-2010-04-09-07-29-14 မှကူးယူဖော်ပြသည်။

No comments:

Post a Comment