မျိုးချစ်စစ်သည်

ပညာမဲ့သော ထိုသူသည်- ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက်တို့ကို ပြုသောကြောင့်လည်းကောင်း၊ အပြစ်နှင့်ယှဉ်သော အခြားအမှုကို ပြုသောကြောင့်လည်းကောင်း၊ ကုသိုလ်ကံကို မပြုပဲ အကုသိုလ်ကံကိုသာ အကြိမ်များစွာ ပြုခြင်းကြောင့်လည်းကောင်း၊ ခန္ဓာကိုယ် ပျက်စီးသောအခါ ငရဲသို့ရောက်ရ၏။

ခုကတော့ ...

User Online

လာလည်သူပေါင်း

Cabo Yachts

Saturday, April 10, 2010

သန်လျင်ရင်ခွဲရုံက အလောင်းတွေကို ဘယ်သူဖျက်ဆီးနေလဲ ငြိမ်းဇေ Saturday, April 10, 2010

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်တိုက်နယ်ဆေးရုံရှိ ရင်ခွဲရုံမှ အလောင်းများ မကြာသေးခင်က ပျက်စီးမှုများရှိခဲ့ရာ ယင်းပျက်စီးမှု နှင့် ပတ်သက်ပြီး ဒေသခံများကြားတွင် အမျိုးမျိုးသော ကောလာဟလများပျံ့နှံ့ခဲ့သည်။

ဧပြီလ ပထမအပတ်အတွင်း၌ပင် ယင်းဆေးရုံတွင် လာရောက်ထားရှိသည့် ရေနစ်သေဆုံးသွားသူ တဦး၏ အလောင်းကို ထုတ်ပိုး ထားသော အဝတ်များအား အမျိုးသမီးတဦးက ညအချိန်မတော် ရင်ခွဲရုံအတွင်းဝင်၍ ဖယ်ရှားနေသည့် မြင်ကွင်းများ CCTV ကင်မရာ မှတဆင့် တွေ့ကြရသည် ဆိုသည့် ကောလာဟလများ ထွက်ပေါ်ခဲ့သေးကြောင်း သန်လျင်ဒေသခံများက ပြောသည်။

ထိုသို့ အလောင်းများ ပျက်စီးသည့် သတင်းများကြောင့် သန်လျင်မြို့သူမြို့သားများ ထိတ်လန့်နေကြပြီး ည အချိန် အပြင်သို့ မထွက်ရဲ ကြကြောင်းလည်း ဆိုကြသည်။

ယင်း သန်လျင်ဆေးရုံအနီးတွင် နေထိုင်သူတဦးက“အဲဒီဆေးရုံမှာ ထားတဲ့အလောင်းတွေမှာ နားရွက်ပြတ်နေတာတို့၊ လက်မောင်း သားတွေ၊ ပေါင်သားတွေမှာ အကိုက်ခံထားရတာမျိုးတို့ ဖြစ်နေတာ နည်းနည်းကြာပြီ၊ နောက်ပိုင်းမှာ လူတယောက်ကလုပ်နေတာ ဆိုတဲ့ သတင်းတွေ ထွက်လာတော့ အိမ်သားတွေ မနေရဲကြတော့ဘူး”ဟု ပြောသည်။

ထိုအလောင်းများပျက်စီးခြင်းနှင့်ပတ်သက်ပြီး လူအများထိတ်လန့်မှု ဖြစ်လာသည့်အတွက် သန်လျင်မြို့နယ် ရဲတပ်ဖွဲ့က ဆေးရုံဝင်း နှင့် ရင်ခွဲရုံကို အစောင့်ချထားပြီး ကင်မရာများနှင့် ရိုက်ယူကြောင်း၊ ထိုသို့ စောင့်ကျပ် ရိုက်ယူခဲ့ရာ ရင်ခွဲရုံအောက်တွင် ကျင်းဖြင့် အိမ်ဖွဲ့နေသော မြွေပါကဲ့သို့ တိရစ္ဆာန်က ညဘက် တက်စားခြင်းဖြစ်ကြောင်း တွေ့ရသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူ တဦးက ပြော သည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ သန်လျင်မြို့နယ် ရဲစခန်းကို ဆက်သွယ် မေးမြန်းရာ ဖြေကြားခြင်း မရှိပေ။

သန်လျင်ဆေးရုံနှင့် နီးစပ်သူတဦးကလည်း“ဒီသတင်းက တော်တော်လေးပျံ့နေတယ်၊ တကယ်တော့ မြွေပါလို အကောင်ကြောင့် ဆိုတာ သိရပါပြီ၊ ဒါပေမယ့် လူတွေကတော့ ကောလာဟလ ပုံစံနဲ့ အမျိုးမျိုး ချဲ့ထွင်ပြီး ပြောနေကြတုန်းပဲ”ဟု ဆိုသည်။

သန်လျင်ဈေးအနီး နေထိုင်သည့် ကျောင်းဆရာတဦးကမူ“သန်လျင်ဆေးရုံမှာ ရေခဲတိုက်မရှိဘူးလေ၊ အလောင်းတွေကို ရေခဲနဲ့ ဒီအတိုင်း ထားရတာကြောင့် ကြွက်ကိုက်တာလည်း ဖြစ်နိုင်တယ်လို့ စဉ်းစားမိပါတယ်၊ ဒါမှမဟုတ်ရင် တယောက်ယောက်ရဲ့ နောက်ပြောင်မှုလည်း ဖြစ်နိုင်တယ်ပေါ့၊ ကျနော်ကတော့ သိပ်မယုံပါဘူး”ဟု ပြောဆိုသည်။


http://irrawaddy.org/bur/index.php/news/1-news/2997-2010-04-10-10-29-17 မှ

No comments:

Post a Comment