သေနတ်ကိုင်ထားတဲ့ သူပုန်မှန်သမျှအားလုံးကို ကြောက်နေကြရတယ်၊ ပြည်သူလူထုရဲ့ ပစ်စည်းတွေဆိုပြန်ရင်လည်း သူတို့ မလိုချင်တာမှဘဲ ကျန်တော့တယ်၊ လိုချင်တာမှန်သမျှအားလုံး အလုခံကြရတာဘဲ၊ နောက်ပြီးတော့လည်း သူပုန်တွေဟာ ဥပဒေအရ အုပ်ချုပ်တာမဟုတ်ဘဲ ထင်သလို အုပ်ချုပ်နေကြတာဖြစ်တဲ့အတွက် အပြစ်ဘာမှမရှိဘဲနဲ့လည်း အသတ်ခံချင်ခံရတာဘဲ၊ အချုပ်အနှောင် အဖမ်းအဆီး ခံချင်ခံရတာဘဲ၊ အစိုးရနယ်မြေမှာဆိုရင် ဒီလိုမဟုတ်ဘူး၊ လက်နက်ကိုင်ပြီး သူပုန်ထရမယ်ဆိုတာကိုသာ မပြောနဲ့ ကျန်တာတွေ အကုန်ပြောလို့ရတယ်၊ အစိုးရကို စင်မြင့်ပေါ်ကဖြစ်ဖြစ်၊ စာနယ်ဇင်းတွေထဲကဖြစ်ဖြစ်၊ ကြိုက်သလို ဝေဖန်နိုင်တယ်၊ ဆနပြပြီးကြိုက်သလို ရှုတ်ချနိုင်တယ်၊ ပြည်သူလူထုဟာ ဥပဒေကို မချိုးဖောက်သရွေ့ သမတကိုလည်း ကြောက်စရာမလို ဝန်ကြီးချုပ်တို့ ဝန်ကြီးတို့ကိုလည်း ကြောက်စရာမလို၊ မတရား သဖြင့် အဖမ်းအဆီး အချုပ်နှောင်ခံရတယ်ထင်ရင် တရားလွှတ်တော်ချုပ်အထိ အယူခံနိုင်ခွင့်ရိတယ်၊ သေနတ်ဝါဒရဲ့ အောက်မှာ လူတွေဟာ သင်းထားတဲ့ နွားတွေပမာ နေကြရပြီး။ ဥပဒေဝါဒအောက်မှာတော့ ပြည်သူလူထုဟာ ဂုဏ်ရှိတဲ့သိက်ခါရှိတဲ့လူတွေလို တင့်တင့်တယ်တယ်၊ ထယ်ထယ်ဝါဝါ နေနိုင်ကြပါကလား
No comments:
Post a Comment