မျိုးချစ်စစ်သည်

ပညာမဲ့သော ထိုသူသည်- ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက်တို့ကို ပြုသောကြောင့်လည်းကောင်း၊ အပြစ်နှင့်ယှဉ်သော အခြားအမှုကို ပြုသောကြောင့်လည်းကောင်း၊ ကုသိုလ်ကံကို မပြုပဲ အကုသိုလ်ကံကိုသာ အကြိမ်များစွာ ပြုခြင်းကြောင့်လည်းကောင်း၊ ခန္ဓာကိုယ် ပျက်စီးသောအခါ ငရဲသို့ရောက်ရ၏။

ခုကတော့ ...

User Online

လာလည်သူပေါင်း

Cabo Yachts

Friday, April 2, 2010

သီရိမင်္ဂလာဈေး ပြောင်းရွှေ့မည် နရီလင်းလက် Saturday, April 03, 2010

ရန်ကုန်မြို့ရှိ အကြီးဆုံးကုန်စိမ်းဈေးဖြစ်သော သီရိမင်္ဂလာဈေးကို မကြာမီပြောင်းရွှေ့တော့မည်ဟု ရန်ကုန်တိုင်းစစ်ဌာနချုပ် နှင့်နီးစပ်သည့် အဆင့်မြင့် အရာရှိတဦးထံမှ သိရသည်။

“မေလထဲမှာ ရန်ကုန်-အင်းစိန် ကားလမ်းမကြီးဘေးက လှိုင်မြို့နယ်ကို ပြောင်းဖို့ အပြီးလုပ်မယ်”ဟု ယင်း အရာ ရှိကြီးက ပြောသည်။

လှိုင်မြို့နယ်တွင် အသစ်တည်ဆောက်နေသည့် ဈေးအဆောက်အအုံမှာ တထပ် ဟောခန်း ဖြစ်ပြီး ခန့်မှန်းခြေ ၁၀ ဧက ခန့် ကျယ်ဝန်းကြောင်းသိရသည်။

“ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကတော့ ဒီဈေးအရွေှ့အပြောင်းကို ရေငုံနှုတ်ပိတ်နေပေမယ့် လှိုင်မြို့နယ်မှာ ဈေးသစ်ကြီးတခု ဆောက်နေတယ်ဆိုတာကိုတော့ အစည်းအဝေးတခုမှာ အတည်ပြုသွားပါတယ်”ဟု တာဝန်ရှိသူများနှင့် နီးစပ်သူ တဦးကပြောသည်။

ဈေးတည်ဆောက်နေသည့် အဆောက်အအုံ မပြီးသေးသည့်အတွက် ဈေးသူဈေးသားများအား အကြောင်းမကြားရ သေးကြောင်း ယင်းကပြောသည်။

“အရင်တုန်းက ရွေးကောက်ပွဲရှိနေလို့ မလုပ်ဘဲ နေပါဦးလို့ တားထားတဲ့ စီမံကိန်းတွေကို ခုရက်ပိုင်းမှာ ကက (ကြည်း)- (ကာကွယ်ရေးဝန်ကြီးဌာန တပ်မတော်ကြည်း) က ပြန်အကောင်အထည်ဖော်ခိုင်းနေတာ အံ့သြစရာပဲ ''ဟု ရန်ကုန်မြို့မှ တပ်မတော်အရာရှိကြီး တဦးကပြောသည်။

ယင်းစီမံကိန်းများထဲတွင် လမ်းချဲ့ခြင်း၊ ဈေးပြောင်းခြင်း၊ ရပ်ကွက်ရွှေ့ပြောင်းခြင်းတို့ပါဝင်ကြောင်း ၎င်းက ဆိုသည်။

ဈေးသစ်သို့ပြောင်းရွှေ့မည့်ထဲတွင် မြေညီထပ်နှင့် ပထမထပ်ရှိ ဈေးဆိုင်ခန်းများသာပါဝင်ပြီး အပေါ်ပိုင်းတွင်ရှသည့် တည်းခို ခန်း များ၊ ဟက်ပီးဝေါလ် အပန်းဖြေစခန်းနှင့် တခြား စီးပွားရေးလုပ်ငန်းများ မပါဝင်ကြောင်းသိရသည်။

ယင်းသို့ပြောင်းရွှေ့ပါက အသားကျနေသည့် ဈေးသည်များအနေနှင့် စရိတ်စက ပိုမိုကုန်ကျမည်ဖြစ်ပြီး သယ်ယူ ပို့ဆောင်ရေး နှောင့်နှေးသွားနိုင်ကာ လက်ရှိတွင်လည်း ဈေးသည်များအရောင်းအ၀ယ် ထိခိုက်နစ်နာနိုင်ကြောင်း အလုံမြို့နယ်ရှိ စည်ပင် အရာရှိတဦးက ပြောသည်။

“တမြို့လုံးက ကုန်စိမ်းရောင်းသူတွေ လာဝယ်ကြသလို ပဲခူး၊ ဧရာဝတီနဲ့ ရှမ်းပြည်က ကုန်တွေဝင်ပြီး အရောင်းအ၀ယ် လုပ်နေတာ၊ အပြောင်းအရွှေ့လုပ်ရင် ဘယ်လိုပဲဖြစ်ဖြစ်နေ့စဉ်ရောင်းနေ၀ယ်နေတဲ့ သူတွေ၊ နောက် စားသုံးသူတွေပါ အခက်အခဲတွေရှိလာမယ် ''ဟု သူက ဆိုသည်။

သီရိမင်္ဂလာ ကုန်စိမ်းဈေးသည် ၁၉၈၈ မတိုင်မီက ကီလီဈေး ဟု နာမည်ကြီးခဲ့ပြီး ယင်းနောက်ပိုင်းတွက်တော့ အလုံ အမှိုက်ပုံ အနီးသို့ ယာယီကီလီဈေးအနေဖြင့် ပြောင်းရွှေ့ရခဲ့သည်။

အထပ်ပေါင်း (၅) ထပ်မြင့်သည့် သီရိမင်္ဂလာဈေးကို လွန်ခဲ့သည့် ၁၉၉၈ ခုနှစ်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မြေညီထပ်နှင့် ပထမ ထပ်တွင် ဆိုင်ခန်းပေါင်း (၂,၅၀၀) ခန့် ရှိကြောင်း သိရသည်။


http://irrawaddy.org/bur/index.php/news/1-news/2934-2010-04-03-05-29-55 မှကူးယူဖော်ပြသည်။

No comments:

Post a Comment