မျိုးချစ်စစ်သည်

ပညာမဲ့သော ထိုသူသည်- ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက်တို့ကို ပြုသောကြောင့်လည်းကောင်း၊ အပြစ်နှင့်ယှဉ်သော အခြားအမှုကို ပြုသောကြောင့်လည်းကောင်း၊ ကုသိုလ်ကံကို မပြုပဲ အကုသိုလ်ကံကိုသာ အကြိမ်များစွာ ပြုခြင်းကြောင့်လည်းကောင်း၊ ခန္ဓာကိုယ် ပျက်စီးသောအခါ ငရဲသို့ရောက်ရ၏။

ခုကတော့ ...

User Online

လာလည်သူပေါင်း

Cabo Yachts

Wednesday, April 7, 2010

NLD ဆုံးဖြတ်ချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် ၀မ်းမြောက် ကိုထွေး Wednesday, April 07, 2010

ပါတီ မှတ်ပုံတင်ခြင်း မပြုရန် နှင့် ရွေးကောက်ပွဲ ၀င်ခြင်း မပြုရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဆုံးဖြတ် လိုက်သည့် အတွက် ၀မ်းမြောက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောကြားလိုက်သည်။
ဒေါ်အောင်ဆန်း စုကြည်ထံသို့ ရှေ့နေများ ဖြစ်သော ဦးဉာဏ်ဝင်းနှင့် ဦးကြည်ဝင်း တို့က ယနေ့ နေ့လယ် ပိုင်းတွင် သွားရောက် တွေ့ဆုံရာတွင် ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

ရှေ့နေဖြစ်သူ ဦးကြည်ဝင်းက “တရားမျှတမှု မရှိတဲ့ ဥပဒေတွေကို ဥပဒေဘောင် အတွင်းက ဆက်လက် လုပ်ဆောင်သွားဖို့လည်း ပြောပါတယ်” ဟု ဆိုသည်။

NLD ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဒု ဥက္ကဋ္ဌ ဦးတင်ဦးတို့က တရားသူကြီးချုပ်ထံ စာရေးသား ပေးပို့နိုင်ဖွယ် ရှိကြောင်း ဦးကြည်ဝင်းက ဆက်လက် ပြောဆိုသည်။

ပြီးခဲ့သည့်လက NLDသည် စစ်အစိုးရ ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ဥပဒေမှာ တရားမျှတခြင်း မရှိသဖြင့် တရားစွဲဆိုရန် တရားရုံးသို့ သွားရောက်ခဲ့သော်လည်း တရားရုံးက ယင်းကိစ္စ စီရင်ပိုင်ခွင့် အာဏာ ၎င်းတို့တွင် မရှိကြောင်း ပြောဆိုပြီး အမှုကို လက်ခံခြင်း မရှိခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံတင်ရေးကို ထည့်သွင်း စဉ်းစားခြင်း မရှိကြောင်း ပြောကြားခဲ့ပြီးနောက် NLD ခေါင်းဆောင်များနှင့် နိုင်ငံတ၀န်းရှိ ဗဟိုဦးစီး အဖွဲ့ဝင် ၁၁၃ဦး တို့သည် ပြီးခဲ့သည့် သတင်းပတ်က စုဝေး ဆွေးနွေးပွဲတွင် ပါတီ ပြန်လည် မှတ်ပုံတင်ခြင်း မပြုရန်နှင့် ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

ယနေ့ ရှေ့နေများနှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် ပြင်ဆင်ရေး၊ နေအိမ် အကျယ်ချုပ် အတွက် အယူခံဝင်ရောက်ရေးနှင့် ပတ်သက်၍ လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယခင်တွေ့ဆုံမှုများတွင် ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီ အပြင် တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်များကလည်း ရွေးကောက်ပွဲ ဥပဒေကို ဆန့်ကျင်သွားရန် မှာကြားကြောင်း NLD နှင့် နီးစပ်သူများထံမှ သိရသည်။

http://irrawaddy.org/bur/index.php/news/1-news/2962-nld---- မှကူးယူဖော်ပြသည်။

No comments:

Post a Comment