မျိုးချစ်စစ်သည်

ပညာမဲ့သော ထိုသူသည်- ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက်တို့ကို ပြုသောကြောင့်လည်းကောင်း၊ အပြစ်နှင့်ယှဉ်သော အခြားအမှုကို ပြုသောကြောင့်လည်းကောင်း၊ ကုသိုလ်ကံကို မပြုပဲ အကုသိုလ်ကံကိုသာ အကြိမ်များစွာ ပြုခြင်းကြောင့်လည်းကောင်း၊ ခန္ဓာကိုယ် ပျက်စီးသောအခါ ငရဲသို့ရောက်ရ၏။

ခုကတော့ ...

User Online

လာလည်သူပေါင်း

Cabo Yachts

Thursday, April 8, 2010

လယ်ယာမြေ ပြန်လုပ်ခွင့်ပေးရန် လယ်သမားများ တောင်းဆို

နန်းခမ်းကယောက် ၇ ဧပြီ ၂ဝ၁ဝ - စစ်တပ်နဲ့ ကြံစိုက်ဌာနက သိမ်းထားတဲ့ သူတို့ပိုင် လယ်ယာမြေ တွေကို ပြန်လည် လုပ်ကိုင်ခွင့်ပေးဖို့ နတ်မောက်နဲ့ အောင်လံဒေသက လယ်သမား တွေက မြေစာရင်းဌာနဆီ စာရေးတောင်းဆို လိုက်ပါတယ်။ အိုင်အယ်လ်အိုဆီ တိုင်ကြားမှုနဲ့ ဖမ်းဆီးခံရပြီး မကြာသေးခင်ကမှ ပြန် လွတ်လာတဲ့ အောင်လံနဲ့ နတ်မောက်က လယ်သမားတွေက ဒီနှစ် မတ်လအတွင်း က တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ ဒီစာကို ဂျီနီဗာရှိ အိုင်အယ်လ်အို ရုံးကိုပါ အသိပေးထားတယ်လို့ လယ်သ မားတွေကို ကူညီပေးနေသူ ဥပဒေအကြံပေး ကိုဖိုးဖြူက ပြောပါတယ်။ ကိုဖိုးဖြူ အပါ အဝင် လယ်သမား တချို့ ပြန်လွတ်လာပြီ ဖြစ်ပေမယ့် ဒါနဲ့ဆက်စပ်ပြီး ဖမ်းဆီးခံရသူ ၆ ဦးကတော့ သရက်ထောင်မှာ ကျန်နေဆဲပါ။ ပြန်လွတ်လာသူတွေဟာလည်း ပြန်လုပ်စရာ လယ်မရှိ ဖြစ်နေတဲ့အတွက်ရော၊ မကြာခင် မိုးဦးကျတော့မှာ ဖြစ်လို့ ထွန်ယက် စိုက်ပျိုးခွင့်ပြန်ပေးဖို့ တောင်းဆို တာလို့ ဆိုပါတယ်။ အထူးသဖြင့် သိမ်းထားတဲ့ မြေယာတွေကို အာဏာပိုင်တွေက မြေလွတ်၊ မြေရိုင်းဆိုပြီး မြေစာရင်းဌာနဆီ လုပ်ခွင့် တောင်းထား အတွက် စာတင် တာလို့ ကိုဖိုးဖြူက ပြောပါတယ်။ “နတ်မောက်က တောင်သူတွေထဲမှာ အိုင်အယ်လ်အိုကို တိုင်းကြားခဲ့တဲ့ တောင်သူတွေ အနေနဲ့ သူတို့ဆုံးရှုံးသွားတဲ့ မြေတွေယာတွေကို ပြန်မရကြသေးဘူး။ ဒါ့အပြင် အောင်လံနယ်မှာရှိတဲ့ တောင်သူတွေကလည်းပဲ မြေစာရင်းဦးစီးဌာနကို တိုင်းမြေစာရင်းကို စာတင်ပြီးတော့ ကန့်ကွက် လျှောက်ထားစာတွေ တင်တယ်၊ ကြံဌာနက စိုက်ပျိုးပါ့မယ် ကြံဌာနက လျှောက်ထားနေတဲ့ မြေတွေဟာ မြေလွတ်မြေ ရိုင်း တွေလို့ အဆိုရှိတဲ့ မြေတွေဟာ မြေလွတ်မြေရိုင်း မဟုတ်ပါဘူး။ “ဒါတွေဟာ တောင်သူတွေ လက်ငုတ်လက်ရင်း နှစ်သုံးဆယ်ကျော်ကြာ စိုက်ပျိုး ထွန်ယက်နေတဲ့ မြေတွေပဲ ဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့ ကြံဌာနကို မပေး သင့်ပါဘူး။ တောင်သူတွေ စိုက်ပျိုးထွန်ယက်ခွင့် ရထိုက်ပါတယ် ဆိုပြီးတော့ ကန့် ကွက် လျှောက်ထားစာ တင်သွင်းထားတာ ဖြစ်ပါတယ်။” နတ်မောက်မှာ ဒေသခံစစ်တပ်က လယ်ယာ သိမ်းခဲ့တာ လွန်ခဲ့တဲ့ ၂ နှစ် ကပါ။ အောင်လံမှာတော့ စမ်းကလေးကျောင်းရွာက လယ်သမားပိုင်ဧက ၁ဝဝ ကျော် ရှိ စမ်းတောင် ၃၉ စီကွင်းကို ကြံစိုက်ဌာနက လွန်ခဲ့တဲ့ ၃ နှစ်က သိမ်းယူထားတာ ဖြစ်ပါတယ်။ အရဆကခိုင်းစေရာကနေ မြေသိမ်း ထောင်ချခဲ့ပေမယ့် အခုထိ သူတို့မြေယာ တွေ ကိုတော့ ပြန်မပေးချင်တဲ့ သဘော ရှိနေပါတယ်။ ထောင်ချနေချိန် ဒီနှစ် ဇန်နဝါရီလကုန်က အဲဒီ လယ်ယာမြေအစား တခြားမြေရိုင်းမှာ ပြန်လည်ပေးမယ်လို့ ထောင်တွင်းမှာရော အပြင်မှာရှိတဲ့ မိသားစုဆီကို ဗိုလ်မှူးကြီးယုလွင်အောင် က လာရောက် စည်းရုံးခဲ့တယ်လို့ အောင်လံက လယ်သမား တဦးက အခုလို ပြောပြ ဖူးပါတယ်။ “၃၁ ရက်နေ့မှာ ဗိုလ်မှူးယုလွင်အောင်က ထောင်ထဲမှာ သွားပြီး ကိုသန်းစိုး တို့ အဖွဲ့ကို လက်မှတ် ထိုးခိုင်းတယ်၊ ဒါပေမယ့်လို့ ကိုသန်းစိုးတို့က မိဘ လက်ငုတ် ဖြစ်တဲ့ စမ်းတောင် ၃၉ စီကွင်းထဲက ယာမြေကိုသာလျှင် ယူနိုင်တယ်၊ တခြားယာမြေ အသစ်ကို ခွဲဝေပြီးတော့ ပေးမယ် ဆိုရင် ကျနော်တို့အနေနဲ့က လုံးဝ မယူနိုင်ဘူး ဆို ပြီးတော့ ကိုသန်းစိုးတို့က ၃၁ ရက်နေ့မှာ လက်မှတ်ထိုး မပေးလိုက်ဘူး။ “အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကလည်းပဲ သိတဲ့အခါကျတော့ ၁ ရက်နေ့မှာ လာထိုးခိုင်ပေမယ်လို့ ကျနော်တို့အနေနဲ့ လုံးဝအဲဒီကိစ္စကို လက်မှတ် ထိုး မပေးနိုင်ဘူးပေါ့။ ဒါ စမ်းတောင် ၃၉ စီကွင်းဆိုတာက အိုင်အယ်လ်အိုနဲ့ ဗိုလ်မှူး ယုလွင်အောင်တို့က ၁၂ ရက် ၃ လ ၂ဝဝ၉ ခုနှစ်မှာ တရားဝင် ကျနော်တို့ကို ပြန် လည်ပေးထားတဲ့ အကွက်တွေ ဖြစ်တာကိုး။ ဒါကြောင့် ကျနော်တို့ အနေနဲ့ ဝင် ရောက်ပြီးတော့ လုပ်ကိုင်တာ။” တောင်သူတွေက ဒီလို ငြင်းပယ်တဲ့အတွက် လတ်တလော အခြေအနေမှာ အဲဒီမြေယာတွေကို ပြန်မပေးလိုတဲ့ အာဏာပိုင်တွေက စိုက်ပျိုးလို့ မရနိုင်အောင် မြေယာတွေ ဖျက်ဆီးပစ်နေပြီလို့ ကိုဖိုးဖြူက ပြောပြသွားပါတယ်။ “မြေလွတ်မြေရိုင်း မြေပါလို့ စွပ်စွဲပြီးတော့ အဆိုရှိပြီးတော့ ဒီမြေတွေကို ဘိုတူဇာနဲ့ ထိုးပြစ်တယ်၊ မြေတွေကို ကွင်းညှိပြစ်လိုက်တဲ့ အတွက်ကြောင့် ဆည်ရေ သောက် လက်တူးကန်တွေ၊ ခြံတွေ၊ ရေစီး ရေထိန်းထားတဲ့ မြေဘောင်တွေ အကုန် လုံး ပျက်ဆီးသွားတယ်။ “ကွင်းပြောင်ကြီး ဖြစ်သွားတဲ့ အတွက်ကြောင့် တကယ်လို့များ မိုးပြန်ကျ လာရင် ကွင်းကြီးဟာ ဆည်ကြီးလို ဒယ်စောက်ကြီးလို ကွင်းမျိုးဖြစ်တဲ့ အတွက် ရေ တွေဟာ အထိန်းနဲ့ အကာနဲ့ သွားတော့မှာ မဟုတ်ဘဲ ရေပြောင်း မြေပြောင်းတွေ ဖြစ်ပေါ်တယ်။ နောက်ပြီးတာ့ မြေတွေယာတွေနဲ့ ပတ်သက်ပြီးတော့ ထူးတွေလို့ ခေါ် တဲ့ ကျင်း အနက်ကြီးတွေ ဖြစ်ပေါ်နေပြီ၊ ယခုလည်း ဖြစ်ပေါ်နေပြီ၊ အဲဒါတွေဟာ တောင်သူအတွက် ပြန်လည် ကုစားလို့ မရတော့တဲ့ ဆုံးရှုံးမှုတွေလို့ ကျနော် ပြော ချင်ပါတယ်။” မြေယာသိမ်းထားတဲ့ အောင်လံ အမှတ် ၅ သကြားစက်က ကြံဌာနဟာ လည်း စစ်အစိုးရရဲ့ ကျောထောက်နောက်ခံ၊ နောက် စီးပွားရေးဦးပိုင်လီမီတက် ကျောထောက်ခံဌာန ဖြစ်တယ်လို့ သိရပါတယ်။ သူတို့အနေနဲ့ကတော့ ဒီကိစ္စကို ရန်ကုန် နဲ့ ဂျီနီဗာရှိ အိုင်အယ်လ်အိုဆီ ဆက်လက် တိုင်ကြားသွားမယ်လို့ ကိုဖိုးဖြူက ပြော သွားပါတယ်။
http://burmese.dvb.no/textonly/index.php မှကူးယူဖော်ပြေသည်။

No comments:

Post a Comment