မျိုးချစ်စစ်သည်

ပညာမဲ့သော ထိုသူသည်- ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက်တို့ကို ပြုသောကြောင့်လည်းကောင်း၊ အပြစ်နှင့်ယှဉ်သော အခြားအမှုကို ပြုသောကြောင့်လည်းကောင်း၊ ကုသိုလ်ကံကို မပြုပဲ အကုသိုလ်ကံကိုသာ အကြိမ်များစွာ ပြုခြင်းကြောင့်လည်းကောင်း၊ ခန္ဓာကိုယ် ပျက်စီးသောအခါ ငရဲသို့ရောက်ရ၏။

ခုကတော့ ...

User Online

လာလည်သူပေါင်း

Cabo Yachts

Friday, April 2, 2010

MNL ဘောလုံးပွဲကြည့်သူများ ကင်မရာ ယူမလာရ

မြန်မာနေရှင်နယ်လိဂ်(MNL) ဘောလုံးပွဲကြည့်သည့် ပရိသတ်များကို ဘောလုံးကွင်းများအတွင်းသို့ ကင်မရာ ယူဆောင်ခွင့် ပိတ်ပင် လိုက်ကြောင်း သိရသည်။

ဘောလုံးကွင်း အ၀င်နေရာများတွင် ‘သတိပေးတာမြစ်ချက်’ ဟူသောခေါင်းစဉ်ဖြင့် ကြေညာချက် ထုတ်ထားရာ “ဗီဒီယိုကင်မရာ နှင့် တခြား မှတ်တမ်း တင်နိုင်သော ပစ္စည်းများ ခွင့်ပြုချက်မရဘဲ ယူဆောင်ခြင်းမပြုရ”ဟူသည့် အချက် ပါရှိသည်။

“ပြင်ပမီဒီယာတွေကို မလိုလားအပ်တဲ့ ဓာတ်ပုံတွေ ရောက်သွားမှာစိုးလို့ပါ၊ သူတို့က သိက္ခာကျမှာ စိုးတယ်လေ”ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ အမည်မဖော်လိုသော တာဝန်ရှိသူ တဦးကပြောသည်။

ဘောလုံး ပရိသတ်များကို ကင်မရာယူဆောင်ခွင့် အပြင် ရောင်စုံမီးပန်းများ၊ မီးခြစ်၊ အရက်ပုလင်း၊ ရေသန့်ဘူး၊ လောက်စာလုံး၊ လေးခွ၊ ဖန်ခွက်၊ ဘူးခွံ၊ စသည့် ပစ်ပေါက်နိုင်သော ကိရိယာများကိုလည်း ပိတ်ပင်ထားသည်။

“ရေသန့်ဘူးတွေ၊ အရက်ပုလင်းတွေက အရင်ကတည်းက ယူလို့မရပါဘူး၊ တွေ့ရင် သိမ်းပါတယ်၊ ဒါပေမယ့် ဒီတပတ်ပွဲကစပြီး မီးခြစ်ပါသိမ်းတယ်၊ ကင်မရာ သိမ်းတာမျိုးတော့ မတွေ့မိဘူး”ဟု ရန်ကုန်ဘောလုံး ပရိသတ်တဦးက ပြောသည်။

ခွင့်ပြုထားသည့် သတင်းထောက် ၃၀၀ ကျော်ကို ဓာတ်ပုံ ကင်မရာ ယူဆောင်ခွင့် ပြုကြောင်း၊ သို့ရာတွင် ဗီဒီယို ကင်မရာကိုမူ မည်သူ တဦးတယောက်ကိုမှ ခွင့်မပြုကြောင်း ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူ တဦးက ပြောသည်။

“ဗီဒီယို ကင်မရာကတော့ ဘယ်သူမှ ပေးမယူဘူး။ လက်ကိုင်ဖုန်းကတော့ ဘယ်သူမဆို ယူလို့ရပါတယ်”ဟု ဘောလုံး အဖွဲ့ချုပ် တာဝန်ရှိသူက ပြောသည်။

ဘောလုံးပရိသတ်များ၏ ရမ်းကား ရန်ဖြစ်သောသတင်းများမှာ ပြည်တွင်း သတင်းဂျာနယ်များတွင် ဖော်ပြခွင့် မရှိသော်လည်း ဓာတ်ပုံများ၊ ဗီဒီယို ဖိုင်များဖြင့် ပြည်ပ သတင်းဌာနများမှ တဆင့် ပြန့်နှံ့ခဲ့ဖူးသည်။ ၎င်းနောက်တွင် ဘောလုံးကွင်းအတွင်း ပရိသတ်များ ကင်မရာယူဆောင်ခွင့်ကို ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

ဘောလုံး ပရိသတ်များကို ကင်မရာယူဆောင်ခွင့် ကန့်သတ်လိုက်ခြင်းမှာ အဓိပ္ပာယ်မဲ့သော စည်းကမ်းချက်ဖြစ်ကြောင်း ရန်ကုန် အခြေစိုက် အားကစား သတင်းထောက်တဦးက ဆိုသည်။

ရန်ကုန် နှင့် မန္တလေး ဘောလုံးပရိသတ်များမှာ ဆိုးသွမ်းသည်ဟု နာမည်ကြီးနေပြီး ပရိသတ်များ အနေနှင့် ယဉ်ကျေးစွာ အားပေး တတ်စေရေးအတွက် မီဒီယာများက စည်းရုံးရေးသားပေးရန် ဘောလုံးအဖွဲ့ချုပ်က တောင်းဆိုထားကြောင်း သိရသည်။

သို့ရာတွင် ဘောလုံးကွင်းအတွင်း ဖြစ်ပျက်သမျှကို လွတ်လပ်စွာ ရေးသားခွင့် ပေးမထားဘဲ ပရိသတ်များကို ရာနှုန်းပြည့် ပညာပေး ရန် မဖြစ်နိုင်ကြောင်း အားကစား သတင်း အယ်ဒီတာတဦးက ဘောလုံး အဖွဲ့ချုပ် သတင်းစာ ရှင်းလင်းပွဲတခုတွင် ဥက္ကဌ ဦးဇော်ဇော် အား ပြောဆိုခဲ့သည်။

http://irrawaddy.org/bur/index.php/news/1-news/2935-mnl---- မှကူးယူဖော်ပြသည်။

No comments:

Post a Comment