မျိုးချစ်စစ်သည်

ပညာမဲ့သော ထိုသူသည်- ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက်တို့ကို ပြုသောကြောင့်လည်းကောင်း၊ အပြစ်နှင့်ယှဉ်သော အခြားအမှုကို ပြုသောကြောင့်လည်းကောင်း၊ ကုသိုလ်ကံကို မပြုပဲ အကုသိုလ်ကံကိုသာ အကြိမ်များစွာ ပြုခြင်းကြောင့်လည်းကောင်း၊ ခန္ဓာကိုယ် ပျက်စီးသောအခါ ငရဲသို့ရောက်ရ၏။

ခုကတော့ ...

User Online

လာလည်သူပေါင်း

Cabo Yachts

Sunday, April 11, 2010

တပ်မှူးတပ်သားပြောစကား(၃)

မကြာသေးသခင်ကထွက်ရှိလာခဲ့တဲ့ ကလောင်အမည်ဟံသာဝတီဦးဝင်းတင်အမည်နဲ့ ရေးသား ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် သတင်းစာဆရာကြီးဦးဝင်းတင်ရဲ့ စာအုပ်ရဲ့အမည်ကတော့ “ဘာလဲဟဲ့လူ့ငရဲ” ဆိုတဲ့စာအုပ်ပါ။ အဲဒီစာအုပ်ထဲမှာ အင်းစိန် ထောင်ထဲက အထူးတရားရုံးရဲ့ နောက်ဖက်သီးသန့် လုံးချင်းတိုက်ဟာ ၀ိုင်းဖွဲ့စားသောက်ရယ်မောဟားတိုက်နေကြ တဲ့ စစ်အရာရှိကြီးတွေရဲ့ရှေ့မှောက်ကို တရားသူကြီးကသွားသွားပြီတော့ နိုင်ငံရေးပြစ်မှုတွေနဲ့စွဲဆို ခံရသူတွေကို ပြစ်ဒဏ်ထောင်ဒဏ်ဘယ်လောက်ချမှတ်ရမယ်ဆိုတာ အမိန့်ခံယူရပုံတွေပါရှိပါ တယ်။ ခုလိုဗြောင်ကျကျ တရားရုံးကိုစစ်တပ်က ကွပ်ကဲတဲ့“တပ်မတော်သာအမိ ၊ တပ်မတော် သာအဖ” ခေတ်မတိုင်ခင် “ပြည်သူသာအမိ ၊ ပြည်သူသာအဖ”ပြည်သူကိုဦးထိပ်ထားတဲ့ ခေတ်က တပ်မတော်အရာရှိကြီးတစ်ဦးဖြစ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ သူရဦးတင်ဦးက နိုင်ငံရေးအရတိုင်းပြည်အတွက်လုပ်တာပဲဆိုပြီး တရားခွင်တစ်ခုမှာ ၀င်ရောက်စွက်ဖက်မိခဲ့လို့ သူတရားရင်ဆိုင်ခဲ့ရတဲ့ အတွေ့အကြုံကို အခုလို ပြောပြပါတယ်။
ကျတော်ဟာ စစ်တွေမှာ တပ်ပေါင်းဗိုလ်မှူးဘ၀နဲ့နေတယ် ။ နေတော့ အဲဒီတုန်းက ခိုးဝင်တဲ့သူတွေနဲ့ပတ်သက်ပြီးတော့ အတားအဆီးအပိတ်အပင်တွေလုပ်ကြတယ်။ ဟိုဘက်က ၀င်တဲ့သူတွေက ဒီဘက်ရောက်တဲ့ဟာတွေကိုကျတော်ကပြန်လည်ပြီးတော့ ထုတ်ရမယ်ဆို တာမျိုးဖြစ်တော့ အဲဒါကျတော်တို့လုပ်ခဲ့ရတယ်။ ဒီတော့ အဲဒီမှာ case တစ်ခုဖြစ်တော့က ----- ဆိုတာကမရှိဘူးပေါ့ ။ ---- မှာအဲဒီလိုပဲ နှစ်ယောက်ကိုကျတော်တို့ကနေပြီးတော့ တရားဆွဲတယ် ။ ---------- နဲ့ ---- နဲ့ဆွဲတယ် ။ကျတော်တို့က ကျတော်တို့ရဲ့စွဲချက်ပေါ့ဗျာ သူ့ ကိုကျတော်တို့ကညှိထားတာက ဒီနှစ်ယောက်ဟာခိုးဝင်လာတဲ့လူနှစ်ယောက် သူတို့ကိုအပြစ် ပေးလို့ အမိန့်ချလိုက်ရင် ကျတော်က ---- order ထုတ်ပြီးတော့ ဟိုဘက်က -------- ပြန်ပို့ရမယ် ဟိုတုန်းက -------- ကိုး ပြန်ပို့မယ်ဆိုပြီးတော့ အမိန့်ထုတ်လိုက်ပြီးတော့ အဲလိုလုပ်လိုက်တာ လုပ်တော့ ဟိုအောက်တရားရုံးမှာကျတော်တို့ အတိုင်ရတယ်ဗျ ဒါပေမယ့် သူတို့ကအပြီးလုပ်တာ ဟို---------နည်းနဲ့ဆိုအပြီးထင်တယ်ဗျ အပြီးထင်တော့ကာ အပြီးမှာ တရားသူကြီးက ---- ကိုကိုကြီးဗျ ဒီတော့ ကျတော်ကလည်းပဲ ဒါနဲ့ သူ့ကိုစည်းရုံးကြည့်ပြီးတော့ ဒီ case တင်လိုက်လို့ရှိရင်ခင်ဗျား ဒါနဲ့ပတ်သက်လို့ -------လုပ်ပေးပါ ကျတော်တို့ဒါဘာလို့လဲ ဆိုဒါနိုင်ငံရေးအရဖြစ်နေတာ ဒီလောက်တောင်လူတွေကိုနှင်ချင်တာကိုဥပဒေမဲ့ နှင်တာ ဖြစ်မှာစိုးတဲ့အတွက် ခင်ဗျားဥပဒေအရဒါကို -----လုပ်ပေးတဲ့အနေနဲ့ ကျတော်တို့က ---- သဘောအနေနဲ့ ဒါကိုထုတ်ချင်တယ် ဒါကြောင့်မို့ခင်ဗျား လုပ်ပါ ။ သူကတော့ ကောင်းကောင်း မွန်မွန်ပဲ ဟုတ်ကဲ့ဘာညာပြောတာပေါ့ဗျာ ။ အဲဒီနေ့ကျတော့ တရားရုံးမှာ သူကဒီတရားစွဲတဲ့ ဥပဒေမှာတဲ့ အောက်ကဒီတရားခံနှစ်ယောက်ရဲ့ထုချေချက်ထဲမှာ အချက်အလက်တွေကို ထောက်ထား၍သော်လည်းကောင်း အဲဒါကိုပြန်ပြီးတော့ ကျတော်တို့ဒီ ခိုင်ခိုင်မာမာသက်သေ ပြုနိုင်တဲ့ဘက်ကို လုံလောက်မှုမပေးဘူးတဲ့ ဒီ--------- ကျတော်တို့ စွဲတဲ့ဘက်က ဒါကြောင့်မို့ သူ့ကိုလွတ်စေဆိုပြီတော့ ချလိုက်တယ်ဗျ ။ ကျတော်ကဒေါသဖြစ်တာပေါ့ဗျာ လူငယ်လည်းလူငယ်ကိုး ဒီတော့ကျတော်က ဦးကိုကြီးကို ခင်ဗျားဘာလုပ်တာလဲ ခင်ဗျားနိုင်ငံရေးနဲ့ ပတ်သက်လို့နားမလည်ဘူးလားလို့ ကျတော်ဒီလိုပြောတော့ သူကပြုံးပြုံးပဲဗျ။ ဗိုလ်မှူးတဲ့ သူကဟိုအင်္ဂလိပ်လိုပြောတယ် ဗိုလ်မှူးတဲ့ မင်းက Contact the Court ဖြစ်နေပြီတဲ့ ။ ငါတရားစွဲနိုင်တယ်တဲ့ သူကအဲဒီလိုပြောတယ်ဗျ ။ ပြောတော့ ကျတော်က ကျတော့်ဘေးနားရှိတဲ့Lawerကိုမေးတယ် ။ Contact the Court ဆိုတာဘာလဲလို့ မေးတော့ အဲဒါတရားရုံးကိုမထီမဲ့မြင်ပြုတဲ့အတွက် တရားစွဲနိုင်တယ်လို့ပြောတာ ဆိုတော့ ကျတော်က ဒေါသထောင်းကနဲ့ ဖြစ်သွားတာပေါ့ အေး Contact the Court မကလို့ ဘာနဲ့စွဲစွဲ ဂရုမစိုက်ဘူး ။

အဲဒီတော့ ဒါနဲ့ပတ်သက်တာအားလုံး လက်မခံဘူး။ မကြိုက်ဘူး။ ကျနော်ကလည်း စစ်ဗိုလ် ဆိုတဲ့ မာနပေါ့ဗျာ။ အဲဒါနဲ့ပြောပြီး ကျနော်ထွက်လာတယ်။ နှစ်ရက် သုံးရက်ကြာတော့ ကျနော့်ကို ခေါ်တာပဲဗျ ရန်ကုန်က။ ပြီးတော့ Contact the Court နဲ့မင်းကိုစွဲထားတယ်တဲ့။ ဆိုပြီးတော့ အဲဒီမှာသွားတော့ ကာနယ်လ် ဆော်လမွန်ကြီးက ကျနော်တို့ဘက်က judge advocate general ဗျ။ အဲဒါနဲ့ ကျနော်က အဲဒီ ကျနော့်ဘက်က ကာနယ်လ် ဆော်လမွန်က သူလိုက်ပါပြီးတော့ ပြောတယ် ဆိုတယ်ပေါ့ဗျာ။ အဒါနဲ့ပတ်သက်ပြီးတော့ နောက်ဆုံး တရားရုံးက ဒီအမှုကို ရုတ်သိမ်းလိုက်တယ်ဗျ အဲတော့သဘောပြောချင်တာကဘာ လဲလို့ဆိုတော့မင်းစစ်ဗိုလ်ကြီးဘာကြီးဘယ်လောက်ပဲဖြစ်ဖြစ် The Rule of Law အရပြည်သူ Rule ဗျ ပြည်သူကအုပ်ချုပ်တာအဲဒီတော့ “ပြည်သူသာအမိ ၊ပြည်သူသာအဖ” ပြည်သူကအဓိကဗျ ဘာမဆိုပြည်သူ့ဆန္ဒနဲ့ ဖြစ်ရမယ့်သဘော အဲဒီတော့ကျတော်တို့ ၀န်ထမ်းပဲ ၀န်ထမ်းဟာ ရှိပြီးသားဥပဒေနဲ့အညီလိုက်နာပြီးတော့ တရားဥပဒေရဲ့ စိုးမိုးရေးအတိုင်းဆောင်ရွက်ပေးရမယ် ဘယ်လောက်ပဲရာထူးကြီးကြီးနေနေ တရားဥပဒေကို ဖောက်ဖျက်တယ်ဆိုရင်တော့ ဒီဥပဒေ ဖောက်ဖျက်ရာဖောက်ဖျက်ကြောင်းအတွက်တော့ ဟုတ်လား မင်းဟာကျတော်တို့တရားဥပဒေနဲ့အညီတော့ တရားမျှတမှုရအောင်လုပ်ပေးရမယ် ဆိုတာ သဘောပေါက်တယ်ဗျ။
ကိုရော်နီ။ ။ မြန်မာနိုင်ငံတွင်းကိုခိုးဝင်သူတွေကိုတစ်ဖက်နိုင်ငံဖြစ်တဲ့အဲဒီအချိန်တုန်းက အရှေ့ပါကစ္စတန် အခု ဘင်္ဂလားဒေရ့်နိုင်ငံဘက်ကိုပြန်ပို့ရေးအတွက် တရားရုံးစီရင်ချက်ကိုဝင် ပြီးစွက်ဖက်ခဲ့လို့ တရားရုံးကိုမထေမဲ့မြင်ပြုမှုနဲ့ စွဲဆိုခံရတဲ့အတွက် စစ်ဥပဒေချုပ်နဲ့အတူ အရပ်ဖက်တရားရုံးမှာသွားပြီး တရားရင်ဆိုင်ခဲ့ရပုံကို အငြိမ်းစားဗိုလ်ချုပ်ကြီးသူရဦးတင်ဦးက ပြောပြသွားခဲ့တာပါ ။ အရေးအကြောင်းဆိုရင် တပ်မတော်ကိုလူထုကြားထဲမှာဝင်ရောက် တပ်ဖျောက်ပြီး ရန်သူကိုတွန်းလှန်တိုက်ခိုက်မယ်လို့ မြန်မာစစ်ခေါင်းဆောင်တွေ တပ်မတော်အခမ်းအနားတွေမှာ မိန့်ခွန်းချွေလေ့ရှိပါတယ် ။ ပြည်သူလူထုကိုရန်သူလိုသဘော ထားပြီး “ တပ်မတော်သာအမိ ၊ တပ်မတော်သာအဖ ” တပ်မတော်ခေါင်းဆောင်တွေကိုသာ ဦးထိပ်ထားဖို့သွန်သင်ခြင်းခံနေရတဲ့တပ်မတော်ဟာ ဖက်ဆစ်ဂျပန်တော်လှန်ရေးအချိန်ကလို လူထုကြားမှာနေပြီးဝင်လို့ရပါ့မလား လူထုကဒီကနေ့တပ်မတော်အပေါ်ဘယ်လိုသဘောထား ရှိသလဲ အဲဒါတွေကိုဒီကနေ့စစ်ခေါင်းဆောင်တွေတကယ်ပဲမသိလို့ ဒီလိုပြောနေတာလား သိသိနဲ့ လူကြားကောင်းအောင်ပြောနေတာလားဆိုတာကိုတော့ လူထုကြားမှာဝင်ပြီး တပ်ဖျောက်မယ်လို့ပြောနေတဲ့ စစ်ခေါင်းဆောင်တွေကိုယ်တိုင်ပဲသိကြမှာဖြစ်ပါတယ်။ ဒီကနေ့ခေတ် “ တပ်မတော်သာအမိ ၊ တပ်မတော်သာအဖ ” ခေတ်နဲ့မတူတဲ့ “ပြည်သူသာအမိ၊ ပြည်သူသာအဖ”ခေတ်က တရုတ်ဖြူကျူးကျော်မှုကိုပြန်လည်တိုက်ထုတ်ရာ မှာပြည်သူကတပ်မတော်ရဲ့နောက်တန်းကနေတစ်ခဲနက်ထောက်ခံအားပေးပံ့ပိုးမှုတွေနဲ့ ပါဝင်ခဲ့ကြပုံကို အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးကဆက်ပြီးပြောပြပါတယ် ။
သူရဦးတင်ဦး။ ။ အဲဒီတုန်းကအတွေးအခေါ်က ကျတော်တို့ နှစ်မျိုးရှိတယ် ၊ တစ်မျိုးက ဟိုကတရုတ်ပြည်ကနေပြီးတော့ဟုတ်လား မော်စီတုန်းတို့ ကျတော်တို့ကွန်မြူနစ်တပ်နီတုန်းက တိုက်လိုက်တဲ့အတွက် ချန်ကေရှိတ်ရဲ့ကွန်မြူနစ် တပ်တွေကရှုံးပြီးတော့ဗမာပြည်ထဲကို ၀င်လာတယ်ဆိုပြီးတော့ အဲဒီရောက်လာတဲ့အင်အားဟာ ကွန်မြူနစ်ကိုတိုက်နေတာဖြစ်တဲ့ အတွက် ယခုဗမာနိုင်ငံအစိုးရလည်းကွန်မြူနစ်ကိုတိုက်နေတာမို့်လို့သူတို့ကိုမတိုက်ပဲထားပဲနဲ့ ပြန်လည်ပြီးတော့အင်အားဖြည့်အောင်ဖြည့်တင်းပေးခြင်းသည် မဟာဗျူဟာအရမှန်ကန်တယ် ဆိုတဲ့ အတွေးအခေါ်ကတစ်ခုခင်ဗျ ။ နောက်တစ်ခုကဘယ်လိုပဲဖြစ်ဖြစ်ဒီကောင်တွေ ဟာဒီတိုင်းပြည်ကိုဝင်လာတာ ကျူးကျော်သူတွေလို့သတ်မှတ်ပြီး မောင်းထတ်ရမယ်ဆိုတဲ့ အတွေးအခေါ်ကတစ်ခုဗျ ။ အဲဒီတော့ ပထမအတွေးအခေါ်နဲ့ သွားတိုက်တုန်းက ပြည်သူလူထုရဲ့အင်အားကမပါဘူး ပထမဦးဆုံး သွားတိုက်တဲ့ နဂါးနိုင်ဟာ နဂါးရှုံးဖြစ်တယ်၊ နောက်တစ်ခု နောက်တစ်ခါကျတော်တို့ ဗိုလ်ချုပ်ကျော်ဇောတို့နဲ့ ကျတော်တို့ တိုက်တဲ့အချိန်ကျတော့ ဘုရင့်နောင်စစ်ဆင်ရေး ၊ နောက် ရန်ကြီးအေင်စစ်ဆင်ရေး ဒါ ၂ နှစ်ဆက်တိုက်တာပဲ ဗိုလ်ချုပ်ကျော်ဇော နဲ့ ကျတော်တို့နဲ့တိုက်တာပဲ ။ ပြည်သူလူထုရဲ့အားက ပါလာတယ် ။အဲပြည်သူလူထုအားပါလို့နိုင်တာ ။ ပြည်တွင်းမှာလည်းပဲ ဒီကျူးကျော်တဲ့အဲဒီကိစ္စ ကိုမောင်းထုတ်ပစ်ရမယ်ဆိုတဲ့ လူသူတွေရဲ့ လူထုလိုလားမှုဖြစ်တဲ့အတွက်တစ်ခဲနက်ကိုပဲ နောက်ကနေပြီးတော့ ပံ့ပိုးကူညီတာ ။ ကျတော်တို့တွေအားလုံးကိုသူတို့ကတစ်ခဲနက် ကူညီတာဗျ ။
ကိုရော်နီ။ ။ ဗိုလ်မှူးချုပ်ကျော်ဇောဦးဆောင်ပြီးဆင်နွှဲခဲ့တဲ့ ဘုရင့်နောင်စစ်ဆင်ရေးနဲ့ကျမှ တရုတ်ဖြူတွေကို ဗမာ့တပ်မတော်ကအောင်မြင်စွာတွန်းလှန်တိုက်ခိုက်နိုင်ခဲ့ပုံတွေကို ပြောပြရင်း အဲဒီခေတ်ရဲ့ အလုပ်သမားသမဂ္ဂကြီးဖြစ်တဲ့ TUCB ရဲ့အစီအစဉ်နဲ့ တပ်မတော်ကြီးကိုချစ်ခင်ပြီး မိမိဆန္ဒအလျောက် လိုက်ပါလုပ်အားပေးသူများနဲ့ စစ်ဆင်ရေးဆင်နွှဲခဲ့ပုံတွေကို အငြိမ်းစားဗိုလ်ချုပ်ကြီးသူရဦးတင်ဦးက ဆက်ပြီးပြောပြပါတယ် ။
သူရဦးတင်ဦး ။ ။ အခုလိုအဓမ္မလုပ်အားခေါ်တာမရှိဘူးဗျ ။ ကျတော်တို့တုန်းကသွားတာက အဲဒီတုန်းက ပါလီမန်ဒီမိုကရေစီ ကသူတို့ဖွဲ့ထားတဲ့ TUCB တို့ဘာတို့ရှိတယ်။ ------ ရှိတယ် အဲတော့ သူတို့ကနေပြီးတော့ သူတို့နည်းသူတို့ဟန်နဲ့ မြို့နယ်တွေ မြို့တွေမှာရှိတဲ့--- နဲ့ဆက် သွယ်ပြီးတော့ အလှည့်နဲ့လုပ်အားပေးတာတွေရှိတယ်။ ပေးတဲ့အခါမှာသူတို့ကိုလည်းကျတော် တို့က သတ်မှတ်ထားတဲ့ရည်ရွယ်ချက်အတိုင်းပဲ တစ်ယောက်ကိုဘယ်သူ့မှ နှစ်ပတ်ကျော် သုံးပတ်ကျော် မခိုင်းဘူး ဟိုကအသစ်ဝင်လာရင်သူတို့ကိုလဲပေးလိုက်တယ် ။ ပြီးတော့ သူတို့ရရမယ့်ငွေနဲ့ပတ်သက်တာအားလုံးလည်းအထောက်အပံ့အကုန်လုံးအပြည့်ပေးတဲ့အပြင် ရိက္ခာကကိုက ကျတော်တို့နည်းတူလိုပေးတဲ့ရိက္ခာမျိုးဗျ ။ အဲတော့ အဲဒီတုန်းကကျတော်တို့ ဘယ်လိုပဲပြောပြောဒီလိုပေါ်တာတွေယူပြီးလာရငြားသော်လည်းပဲ ဒီလူတွေဟာကျတော်တို့ ကစစ်တပ်ကစွဲတာဆိုတာမဟုတ်ဘူးဗျ။ ကျတော်တို့အဲဒီခေတ်တုန်းက ကျတော်တို့မှာ ဥပဒေတွေနဲ့ ဆိုတော့ စွဲတာတွေကလည်းမရဘူးဗျ ။ နောက်ပြီးတော့ ကားတွေ ဘာတွေကိုလည်း command အရမ်းတရားသွားလုပ်လို့မရဘူးဗျ ။ ကျတော်တို့ ---- လုပ်မယ်ဆိုလို့ရှိရင် နယ်အုပ်ချုပ်ရေးကိုပြောရတယ်ဗျ ။ နယ်အုပ်ချုပ်ရေးကစီစဉ်ပေးတဲ့အ တိုင်း သူတို့သတ်မှတ်တဲ့ နှုံးထားဒါကိုယူပါ သတ်မှတ်တဲ့နှုံးထားတရားမျှတတယ်ဆိုတော့မှ သူတို့စီစဉ်ပေးတဲ့ယဉ်ကိုသုံးရတာဗျ ။ အဲတော့ သိပ်ခြားနားတယ်။ အခုဟာကဒီလိုမဟုတ်ဘူး တစ်ခါထဲဟိုရုပ်ရှင်ရုံပိတ်စွဲ ဟိုဟာပိတ်စွဲ လမ်းပိတ်စွဲမဟုတ်ဘူး ကျတော်တို့တုန်းကအဲဒီလိုကို မရှိဘူး ။ အဲဒါမျိုးကြားလည်းမကြားဖူးဘူး ကျတော်တို့ပြောလိုက်တာ သက်ဆိုင်ရာဒေသမှာရှိ နေတဲ့ ---- ကို သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းက ကျတော်တို့ကသူတို့ --- ကိုတိုက်ရိုက်ပြောတာ မဟုတ်ဘူး ။ အုပ်ချုပ်ရေးပိုင်းကို ကျတော်တို့စစ်ဆင်ရေးအတွက် အထမ်းသမားနဲ့ပတ်သက်လို့ ဟုတ်လား ကျတော်တို့ တပ်ခွဲတစ်ခွဲမှာ ၂၀ ၊ အစိတ်လိုတယ် ဒါကြောင့်မို့ အားလုံးပေါင်းရင်တော့ ၈၀၊ ၁၀၀ မျှလိုတယ်ဆိုရင် ကျတော်တို့က စွဲရတာမဟုတ်ဘူးဗျ။ အဲဒီ အုပ်ချုပ်ရေးပိုင်းကိုပြောလိုက်ရင် အုပ်ချုပ်ရေးပိုင်းကလူက သူက----- တို့ဘာတို့နဲ့ စီစဉ်ပြီးတော့ သူတို့ဟာသူတို့ volunteer လာတာဗျ ။ သူတို့လိုလိုလားလား နောက်ပြီးတော့ တရုတ်ဖြူကျူးကျော်မှုကိုတိုက်မယ်ဆိုတော့ ----- ဆိုတော့ ဒို့ရဲ့အချုပ်အခြာအာဏာကိုကျူး ကျော်တဲ့သူကိုတိုက်မှာပါလားဆိုတဲ့အသိက၀င်လာတဲ့အခါကြောင့်မို့လို့ သူတို့ကလည်း ၀င်ပြီးတော့ပါကြတယ် ပါရုံတင်မကဘူး တချို့ကအဲဒီက အရာရှိတွေဖြစ်ဘာတွေဖြစ်နဲ့ နောက် တပ်တွေမှာပြန်ပြီးအမှုထမ်းတဲ့သူတွေ ဖြစ်တဲ့သူတွေတောင်ဖြစ်လို့ ပြန်ပြီးတပ်တဲ့အရာရှိ တောင်ရောက်လာတာ ဒါဒီလိုရှိတယ် ။ ကျတော်တို့ --- ထုတ်ပြန်ပြီး ---- တို့ ---- တို့က သူတို့နဲ့ပတ်သက်တဲ့ သတ်မှတ်ချက်တွေကအပြည့်ဗျ ။ အဲတော့သူတို့ကိုပေးရတယ်ဗျ ။ စာရင်းရှိပြီးတော့ သူတို့ --- နဲ့လည်းပေးရတယ် အဲလိုသွားတာဗျ ။ပြီးတော့ နောက်တစ်ခုက သူတို့ကိုလည်းကျတော်တို့က ကတိတစ်ခုပေးတာက ဥပမာ ------ ပြီးရင်မင်းတို့ကိုပြန်ပို့မယ် နောက်လူက---- မှာဘယ်လောက်ရောက်နေမယ် အဲတော့ သူတို့ရောက်လာရင်မင်းတို့ ----- ပြန်ကြ ဆိုတော့ သူတို့ကလည်းသူတို့အသိက ----- ပြီးရင်ပြန်ရမယ်ဆိုတာသိတဲ့အတွက် သူတို့ကိုလည်းကျတော်တို့က ကတိအတိုင်းပြန်စေတယ် မပြန်လို့လည်းမရဘူးဗျ မပြန်ရင်ခင် ဗျား ----- က လွှတ်တော်တက်ပြီးအော်မှာခင်များ ။ ဒါဒီမိုကရေစီဗျ။ ပြည်သူလူထုရဲ့အသံကအဓိက အဲတော့ ကျတော်တို့အားလုံးကစစ်သည်တော်တွေဖြစ်ငြား သော်လည်းပဲ နော် ကျတော်တို့ကိုယ်တိုင်က ဗီဇ မိဘဖြစ်လာခဲ့တဲ့ ပြည်သူပြည်သား ရဲ့သဘောသဘာဝကို ခန္ဓာကိုယ်ထဲမှာ ငါပြည်သူပြည်သား ငါပြည်သူပြည်သား ငါပြည်သူပြည်သား ငါလူတန်းစားတစ်ရပ်မဟုတ်ဘူး ငါလူတန်းစားတစ်ရပ်မဟုတ်ဘူး ဆိုတာအစဉ်ရင်ထဲမှာ သိမ်းပိုက်ပြီးသားခင်ဗျ ။
ကိုရော်နီ ။ ။ ၁၉၆၀ ခုနှစ်ရွေးကောက်ပွဲကြီးမတိုင်ခင် တပ်မတော်အတွင်းမှာ ဖြစ်ပျက်ခဲ့ပုံတွေ ၊ တပ်မတော်က ကျောထောက်နောက်ခံပေးခဲ့တဲ့ တည်မြဲဖဆပလ ပါတီအတွက် မိမိကိုယ်တိုင်ဦးဆောင်စည်းရုံးခဲ့ပေမယ့် အဲဒီခေတ်ကလည်းစစ်တပ်ကဖွဲ့စည်းခဲ့ တဲ့ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ကြီးနဲ့ ပြည်သူလူထုကြီးကပါ သန့်ရှင်းဖဆပလ ပါတီကိုတစ်ခဲနက်မဲပေးခဲ့ကြပုံ ၊ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်စစ်အာဏာသိမ်းချိန်မှာ တက်တက်ကြွကြွရှိခဲ့ပုံ စတဲ့နိုင်ငံရေးနဲ့သွားပြီး ထိစပ်နေတဲ့ မြန်မာ့တပ်မတော်အရာရှိတစ်ဦးရဲ့ အတွေ့အကြုံတွေကို အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး ကဆက်ပြီးပြောပြထားပါတယ် ။ ဒါကိုတော့ နောက်တစ်ပတ် ဧပြီလ ၁၈ ရက် နှစ်ဆန်း ၂ ရက်နေ့ တနင်္ဂနွေ နေ့နံနက်မှာ ထုတ်လွှင့်သွားမှာဖြစ်ကြောင်း ကြိုတင်အသိပေးလိုက်ပါတယ်ခင်ဗျာ ။


www.voanews.com/burmese မှ

No comments:

Post a Comment