မျိုးချစ်စစ်သည်

ပညာမဲ့သော ထိုသူသည်- ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက်တို့ကို ပြုသောကြောင့်လည်းကောင်း၊ အပြစ်နှင့်ယှဉ်သော အခြားအမှုကို ပြုသောကြောင့်လည်းကောင်း၊ ကုသိုလ်ကံကို မပြုပဲ အကုသိုလ်ကံကိုသာ အကြိမ်များစွာ ပြုခြင်းကြောင့်လည်းကောင်း၊ ခန္ဓာကိုယ် ပျက်စီးသောအခါ ငရဲသို့ရောက်ရ၏။

ခုကတော့ ...

User Online

လာလည်သူပေါင်း

Cabo Yachts

Friday, April 2, 2010

ရှေ့တန်းပျော်တဲ့လား

တစ်နေ့ကျနော်သင်တန်းမှခေတ္တပြန်ရောက်ပြီး၁၅ ရက်ခန့်အကြာတွင် မိမိတို့တပ်ရင်းမှူးမှ မိမိတပ်ကွပ်ကဲမှုအောက်ရှိ ရှေ့တန်းအမြောက်စခန်း များသို့သွားရောက်စစ်ဆေးရန်ရှိကြောင်းကြားသိလေရာ ကျနော်လည်း“ အင်း စစ်သည်တွေ နောက်တန်းမှာမနေချင်ဘဲ ရှေ့တန်းချည်းလိုက်ချင် နေ ကြတာဘာလို့လဲမသိဘူး၊ငါစခန်းစစ်လိုက်ရအောင် တပ်ရင်းမှူး သွားပြော ဦးမှပဲ ” ဆိုပြီး တပ်ရင်းမှူးထံရောက်သွားလေသည်။ တပ်ရင်းမှူးနှင့်တွေ့တော့ “ဗိုလ်ကြီးရဲထက်ဘာကိစ္စရှိလို့လဲ”ဟု ကြိုမေးခံလိုက်ရတော့ နည်းနည်း တော့ဝမ်းသာသွားသည်။ ဒီတော့လာရင်းကိစ္စကိုတင်ပြရမည်က ကျနော့် တာဝန်ကိုး ဒါနဲ့“ဟုတ်ကဲ့အဘကျနော်အဘနဲ့အတူ ရှေ့တန်းစခန်းစစ် လိုက်ချင်လို့ပါအဘ” လို့လည်းဆိုလိုက်ရော တပ်ရင်းမှူးမှာ အံ့သြ သောမျက်လုံးများဖြင့် ကြည့်ရင်း“ ဘာလို့လဲ” ဟုသာမေးနိုင်လေသည်။ ဒါနဲ့ကျနော်လည်း “ ဟုတ် ကျနော်က သင်တန်းတွေပဲတက်နေရတော့ ရှေ့တန်းအတွေ့အကြုံလည်းမရှိဘူး ဒါကြောင့်အတွေ့အကြုံရအောင် လိုက်ချင်လို့ပါ” ဆိုပြီးပြန်ပြောလိုက်တော့ နဲနဲစဉ်းစားကာ “မင်းခွင့် ပြန်မလို့်ဆို သင်တန်းကဘယ်နေ့အရောက်လည်း ” ဟုမေးလာတော့ စိတ်ထဲတွင်“ အော်တော်တော်စေ့စပ်တာပဲ ” လို့တွေးရင်း “ ဟုတ် မပြန်တော့ပါဘူးအဘ အိမ်ကိုက ၃ ညအိပ် ၄ ရက်ဆိုတော့ သင်တန်းပြန်သွားမှာနဲ့ဆိုမထူးဘူးအဘဒါကြောင့် ရှေ့တန်းစခန်းစစ်ပဲလိုက် ပါ့မယ် ၊ ပြီးတော့ သင်တန်းကလည်းနောက်၁၅ ရက်မှ အရောက်သွားရမှာပါ အဘခရီးစဉ်က ၁၀ ရက်ထဲဆိုတော့ မှီပါတယ်ခင်ဗျ” လို့ဖြေလိုက်တော့ တပ်ရင်းမှူးမှသေချာစဉ်းစားပြီး “ အေး ဒါဆိုလိုအပ်တာတွေတော့ပြင်ထား လိုက်ရမယ် မလိုက်ရဘူးတော့မပြောသေးဘူး၊ မင်းတာဝန်တောင်းတာတို့ လူစားလိုက်တာတို့ဆိုတာမကောင်းဘူးဆိုတာသိတယ်မလား ” ဟုစိုးရိမ်စွာနဲ့ ကျနော့်ကိုမေးလိုက်တဲ့အခါကျနော်တပ်ရင်းမှူးကို လေးစားသထက် လေးစား သွားရပါသည်။ ကျနော်လည်းချက်ချင်း“ ဟုတ်သိပါတယ်အဘ၊ ဒါပေမယ့် ဒါကစခန်းစစ်သက်သက်ဆိုတော့ ဘာမှတော့အန္တရာယ်မဖြစ်နိုင်ပါဘူးခင်ဗျ ၊ ကျနော်လိုအပ်တာတွေပြင်ထားလိုက်ပါ့မယ်”ဆိုပြီးအလေးပြုထွက်လာ ပါ တော့တယ်။
ကျနော်သိပ်မျှော်လင့်တဲ့ အဲဒီနေ့လည်းရောက်ရော နံနက်တန်းစီမှာ ဆရာ၊ ဆရာကြီးတွေက ထူးဆန်းတဲ့ မျက်လုံးတွေနဲ့ကျနော့်ကိုကြည့်ပြီး ဆရာတစ်ယောက်က “ ဗိုလ်ကြီးဒီပုံစံနဲ့ ရှေ့တန်းလိုက်မလို့လား” ဆိုပြီးလာမေးတော့ “ ဟင် ဘာကိုလဲ ကျနော်ဘာမှမသိပါလား” ဆိုတော့ “ ဟင်ဗိုလ်ကြီးမသိသေးဘူးလားမနေ့က ရှေ့တန်းချိန်းမယ့်စစ်သည်တွေကို တပ်ရင်းမှူးက ပွိုင့်-၁၉၂၁ နဲ့ မြတ်လေးက ဗိုလ်ကြီးအုပ်ချုပ်မှု အောက်မှာရှိမယ်ဆိုပြီးပြောနေတာ။ ဆက်သွယ်ရေးကလည်း မနေ့ညနေကပဲ စခန်းချိန်းစစ်သည်အမည်စာရင်းနဲ့စခန်းစစ်သွားမယ့် စာရင်းပို့တာ ဗိုလ်ကြီး ပါတယ် ” ဆိုတော့ “ ဟုတ်လား ကျနော်တကယ်မသိတာ အင်းပါတပ်ရင်းမှူးပြောတော့မှ လုပ်တာပေါ့ဆိုပြီး ပုံမှန်တန်းစီဝတ်စုံနဲ့ပဲ ( ရွှေရောင်အပွင့် ၊ ရှူး ၊ ဘယ်ရီ သို့ တောစောင်း ) ၀င်တန်းစီလိုက်ပါတယ်။ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း အလေးပြု၊ သစ္စာဆိုပြီးတော့ တပ်ရင်းမှူးက တန်းအပ်လက်ခံ ပြီးတော့ မှာစရာရှိတာမှာပြီးတန်းဖြုတ်တော့မှ ကျနော့်ကို တပ်ရင်းမှူးက“ဗိုလ်ကြီးရဲထက်မင်းပစ္စည်းတွေပြင် ယူနီဖောင်းချိန်းအဆင် သင့် လုပ်ထား ပြီးရင် ငါမှာထားတဲ့အတိုင်း လက်နက်ထုတ်တာကိုမင်းကြီးကြပ် သေနတ်နံပါတ်တွေ စာရင်းအတိုင်းလူနဲ့ သေနတ်နဲ့မှန်ပါစေမလွဲစေနဲ့ ” ဆိုပြီးမှာတော့ကျနော်ကလည်း“ဟုတ် ကျနော်ကောဘယ်သေနတ် ထုတ်ရမ လဲခင်ဗျ၊ အရင်သေနတ်ပဲလားခင်ဗျ ” ဆိုတော့ နဲနဲ စဉ်းစားပြီး “ ထုတ်မနေပါနဲ့ကွာ တပ်မှာ လက်နက်က မကျန်ဘူးဖြစ်နေတယ် ဂိတ်လည်းလုံခြုံရေးရှိသေးတယ်”လို့ပြောလာပါတယ်။ကျနော်လည်းတပ်ရင်း မှူး မှာတဲ့အတိုင်းစီစဉ်ဆောင်ရွက်ပြီးလို့ အားလုံးအသင့်ဖြစ်ကြောင်း သတင်းသွားပို့တဲ့အခါမှာတော့ တပ်ရင်းမှူးမှ မိမိအား“ အေး တပ်ကြပ် ၀ဏ္ဏသေဆုံးမှုအပေါ်မှာငါသတင်းရထားတဲ့အမှန်ကတမျိုးဖြစ်နေတယ် ဒါကတော့ ငါတို့သိထားဖို့ပဲ တကယ်လုပ်ရ မှာက ရှေ့တန်းက ပို့လာတဲ့ဖြစ်စဉ်အရ စုံခုံမှာလက်မှတ်ထိုးဖို့ကျန်နေတဲ့သူတွေ လက်မှတ်ထိုး ဖို့နဲ့ ခြေလျင်စစ်ကြောင်းက ဆေးမှူးထွက်ဆိုချက်ယူဖို့ပဲ အဲဒါအချောသတ် လုပ်ရမယ်အဲဒါမင်းတာဝန်ယူရမယ်” ဆိုပြီးသီးခြားတာဝန်ပေးအပ်လာပါတယ်။
ကျနော်လည်း သိကြတဲ့အတိုင်းရှေ့တန်းဆိုတာကို နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ရတော့မှာဆိုတော့ ကြည်နူးသလိုလို ဘာလိုလိုနဲ့ ခံစားချက်ကရှိန်း ရှိန်းနဲ့ မိမိတာဝန်အရလုပ်ရမှာတွေကို သေချာရေးမှတ်ပြီး မိမိအုပ်ချုပ်မှု အောက်မှာရှိကြမယ့် စစ်သည်တွေကိုမှာစရာရှိတာမှာပြီး ယာဉ်တန်းကိုစောင့် နေပါတော့တယ်။ ဒီလိုနဲ့ ရင်ခုန်စွာစောင့်စားခဲ့ရတဲ့ ကျနော်တို့ရဲ့ ယာဉ်တန်း ဟာနေ့လည် ၁၃၃၀ နာရီမှာ ရောက်ရှိလာပါတယ်။ ဒီနောက်တော့ ကျနော်တို့ ကိုပါတင်ဆောင်ပြီး ၃ နာရီသာသွားရတဲ့ ကော့ကရိတ်-မြ၀တီ ခရီးကိုတစ်ညအိပ်ချီတက်ခဲ့ကြပါတယ်။ စခန်းချညအိပ်ရပ်နားခဲ့တဲ့ နေရာက တော့၎င်းလမ်းပိုင်းက ကျောက်တစ်လုံးအရပ်မှာဖြစ်ပါတယ်။ အဲဒီနောက် နောက်နေ့ နံနက်၀၇၀၀ နာရီမှာ ဆက်လက်ထွက်ခွာလာကြရာ သင်္ဃန်းညီ နောင်ကိုရောက်ရှိကြပါတယ်။ ၎င်းကိုရောက်တော့ မိမိတို့သက်ဆိုင်ရာအ လိုက်စစ်ကြောင်းခွဲထုတ်လိုက်ပြီးတော့ မိမိတို့လည်း ရှေ့တန်းတပ်မ(၂၂) ကိုဝင်သတင်းပို့ပါတယ်။ ဒီအချိန်မှာပဲ နွားချေး နဲ့ ဆား ရောစပ်ပြုလုပ် ထားတဲ့ Bio Battery တွေကိုရှေ့တန်းစခန်းတစ်ခုလျှင် ၂ လုံးကျဖြင့် ဝေပေး ရာမိမိမှ ပွိုင့်-၁၉၂၁ စခန်းအတွက်တာဝန်ခံကာ ထုတ်ယူပေးခဲ့ပါသည်။( ၎င်း Battery များနှင့်ပတ်သက်၍လည်း သီးခြားတင်ပြသွားပါမည်။ စာရေးသူ)
၎င်းနောက်တော့ ရှေ့တန်းတပ်မမှစီစဉ်ပေးသော ချောကားဖြင့် ရွှေကုကများနှင့်ပတ်သက်၍လည်း သီးခြားတင်ပြသွားပါမည်။ စာရေးသူ)
၎င်းနောက်တော့ ရှေ့တန်းတပ်မမှစီစဉ်ပေးသောချောကားဖြင့် ရွှေကုက္ကိုလ်ရွာ ဘက်ရှိ ခွေးအတု လမ်းဆုံဘက်သို့ဆက်လက်ထွက်ခွါလာပြီး ၎င်းအနီးရှိမြတ်လေးစခန်းကုန်းသို့ စခန်းချိန်းစစ်သည်နှင့် ထောက်ပံ့ရေးပစ္စည်း များချပေးပြီးနောက် မိမိတို့၏ရည်မှန်းချက်ဖြစ်သော ပွိုင့်-၁၉၂၁ သို့ ဆက်လက်ထွက်ခွါခဲ့ကြပါသည်။၎င်းနောက် မိမိတို့ ရည်မှန်းချက်သို့ရောက်ရှိ ခဲ့ကြရာ ၎င်းနေ့တွင်မိမိတပ်ရင်းမှူးမှ မိမိတို့ ရှေ့တန်းစခန်းနှင့် တွဲလျက်ရှိ ခြေလျင်စစ်ကြောင်းကုန်းသို့ သွားကာ စစ်ကြောင်းမှူးနှင့်တွေ့ဆုံပြီး မိမိအားလည်း ရန်သူမိမိ စခန်းမြေပုံညွှန်းများအား မိမိတပ်ရင်းမြေပုံတွင်မြေပုံ တင်ခိုင်းပါသည်။ ကျနော့်သူငယ်ချင်းမှာလည်း ၎င်းစစ်ကြောင်းတွင် ဒုတပ်ရင်း မှူး IO လုပ်နေသဖြင့် တော်တော်အဆင်ပြေသွားပါသည်။
ညနေရောက်သောအခါ စစ်သည်များမှာ ကိုယ်လက်လှုပ်ရှားသဘော ပိုက်ကျော်ခြင်းခတ်ခြင်း ဘုရားဝတ်တက်ခြင်းများပြုလုပ်ကြပြီးနောက် လွတ်လွတ်လပ်လပ်နေထိုင်နေကြပါသည် ။ ထို့နောက် စခန်းအောက်ခြေတွင် ကားသံများကြား၍ ဘာပါလိမ့်ဟုမေးရာ ၎င်းကားများမှာ သစ်ခိုးထုတ်တဲ့ကား များဖြစ်ကြောင်း တရားဝင်လိုင်စင်ယူထားသော်လည်း လိုင်စင်ပါထက် ပိုမိုခိုးထုတ်ကြကြောင်း ၎င်းကားများရှိနေ၍ စစ်သည်များအသက်ရှူချောင် ကြောင်းပြော၍ သဘောပေါက်လာပါသည်။ အင်းဒါကြောင့် စစ်သည်တွေ နောက်တန်းမှာ မနေပျော်ပဲ ရှေ့တန်းချည်းလိုက်ချင်နေကြတာကိုး ။ ပြီးတော့ ၎င်းတောထဲတွင် အရက်ရှာမရပေ ။ ၎င်းအတွက် လည်သောစစ်သည်များမှာ သင်္ဃန်းညီနောင်တွင် အရက်ဆီ များကိုဝယ်လာပြီး ပြန်ရောင်းကြရာ ၎င်းတို့ အတွက် စီးပွါးလည်းဖြစ်နေပါသည်။
သို့နှင့် မိမိ၏တာဝန်ဖြစ်သော တပ်ကြပ်ဝဏ္ဏသေဆုံးမှုကို စစ်ဆေးရန် အတွက် မေးမြန်းကြည့်ရာ ကျနော့်တပ်ရင်းမှူးထင်ထားသည့်အတိုင်းပင် ။ သာမန်ရေခပ်ဆင်းရင်း သစ်ပင်ပိသည်မဟုတ်ပဲ အလှည့်ကျ သစ်ကားများအား ပိုက်ဆံတောင်းစဉ် ဖြစ်သည်ကိုသိရှိရလေသည်။ အော် နိုင်ငံတော်ရဲ့ လုံခြုံရေး အတွက် စစ်သည်တွေကိုရှေ့ တန်းပို့ကာ မှ တိုက်ရင်းမသေပဲ ငွေတောင်းရင်းသေရသည်တဲ့ လေ ။ဒါတွေဟာ တကယ်တော့ အုပ်ချုပ်ထောက်ပံ့မှုနဲ့ ပတ်သက်ပြီး သေချာမစီစဉ်းပေးတဲ့ အတွက်ခုလိုဖြစ်ရတာပါပဲ ။ ၂၀၀၉ ခုနှစ်အတွင်းလား ၂၀၀၈ အကုန်ကိုလားသေချာမမှတ်မိတော့ပါ တပ်မတော်ရိကခါထဲမှ ပဲကိုလျှော့လိုက် ပြီး ကျန်ရိကခါ ခြောက်များအစားလည်း ငွေကျပ် ၃၀၀ ကိုအစားထိုးပေးပါသည်။ ဤသို့သာဆက်လုပ်နေလျှင် တပ်မတော်မိသားစု များမှာ ငတ်ဖို့သာရှိပါသည်။ ထို့အတွက် ရှေ့တန်းစခန်းများတွင် ဤသို့ဖြစ်ပျက်နေသည်က စစ်သည်များ၏ အပြစ်မဟုတ် ။ သောက်သုံးမကျ ကိုယ်ကျိုးရှာနေသော မိမိတို့ နိုင်ငံနှင့် တပ်မတော်ကို ဆင်းရဲတွင်းသို့ဆွဲချပြီး ကိုယ်တိုင်ကိုယ့်မိသားစုများကျတော့ ချမ်းသာပြီးရင်းချမ်းသာနေသော အာဏာရှင်တစ်စုတွင်စယတာဝန်ရှိပေသည်။ သို့သော် လက်ရှိအနေအထား အရ တိုက်ပွဲတွေကိုတိုက်ရင်း တိုင်းပြည်အတွက်အသက်ပေးချင်လို့ ပျော်ကြတဲ့ ရှေ့တန်းပျော်များမဟုတ်တော့တဲ့ အော် ရှေ့တန်းပျော်တွေကို ကြည့်ရင်း မိမိနိုင်ငံတော်ရဲ့ လုံခြုံရေးအတွက် ရင်လေးမိပါသည်။ဘာပဲဖြစ်ဖြစ် စစ်သည်တွေရှေ့တန်းပျော်နေရခြင်းကို သုံးသပ်သော်……….
( ၁ ) နောက်တန်းတွင် အရည်မရအဖတ်မရ ပုံမှန်လုပ်နေကြရသော လူကြီးစစ်ခံရန် လုပ်ပြီး လက်တွေ့တွင် ဘာမှဖြစ်မလာသော သြ၀ါဒများကြောင့်သော်လည်းကောင်း။
( ၂ ) နိုင်ငံတော်စီမံချက်ဆိုသည့် အာဏာရှင်များ၏ ယတြာလိုလို ဘာလိုလို ကိုလိုက်ပါအကောင်အထည်ဖော်နေရမှုများကြောင့်လည်းကောင်း။
( ၃ ) ရှေ့တန်းတွင်ကား ရှင်းသည် မိမိတို့ လေ့ကျင့်ခန်းကို လုပ် ပြီးလျှင် အလှည့်ကျ စခန်းခံစစ်တည်ဆောက်ရေးကိုလုပ် အုပ်ချုပ်မှုကိစ္စလုပ် ပြီးလျှင်အေးအေးလူလူနားနေရုံသာရှိသည်.နောက်တန်းကဲ့သို့ လူကြီးလာမှာ မို့တို့ဘာတို့ဆိုတာမရှိဘူး။
စတဲ့ စတဲ့ ……….

No comments:

Post a Comment