မျိုးချစ်စစ်သည်

ပညာမဲ့သော ထိုသူသည်- ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက်တို့ကို ပြုသောကြောင့်လည်းကောင်း၊ အပြစ်နှင့်ယှဉ်သော အခြားအမှုကို ပြုသောကြောင့်လည်းကောင်း၊ ကုသိုလ်ကံကို မပြုပဲ အကုသိုလ်ကံကိုသာ အကြိမ်များစွာ ပြုခြင်းကြောင့်လည်းကောင်း၊ ခန္ဓာကိုယ် ပျက်စီးသောအခါ ငရဲသို့ရောက်ရ၏။

ခုကတော့ ...

User Online

လာလည်သူပေါင်း

Cabo Yachts

Tuesday, April 13, 2010

ကျတော်နဲ့ ထိုတစ်နေ့တာ

“ရပ်ဘယ်သူလဲ” ဆိုသောဗဟိုကင်းကင်းသမားအသံက ကျယ်လောင်စွာထွက်ပေါ်လာ ပါတယ်..ကျတော်လည်း “ အရာရှိ” ဆိုပြီးပြန်ဖြေလိုက်ပါတယ်.. အမှန်ကတော့ ကျတော်ဒီနေ့ တာဝန်မှူးမဟုတ်ပါ သို့သော် တပ်ရင်းရှိအရာရှိတစ်ယောက်အနေဖြင့် မိမိတပ်လုံခြုံရေး ၊ သက်သာချောင်ချိရေးတို့အတွက် တာဝန်ရှိသည်မဟုတ်ပါလား ။ ပြီးတော့ ယနေ့တာဝန်မှူးကျ သောဗိုလ်ကျော်မျိုးမှလည်း “ ရဲထက် ညီအကို့ကိုတစ်ခုလောက်ကူညီကွာ” “ဟုတ်အကို ပြောလေ ” “ အကို လုပ်စရာလေးရှိလို့ အဲဒါ ၉ နာရီကျရင် မင်းအကို့အစား ဗဟိုကင်းကို တစ်ချက်လောက်ဝင်ကြည့်ပေးကွာ အကိုနောက်ကျနေရင်လည်းမင်းခဏစစ်ထားလိုက်” အကိုပြန်ရောက်တော့လည်း မင်းနဲ့တွေ့တာပေါ့ ” “ ဟုတ်အကို ရတယ်လေ ကျနော်ရိပ်သာ ပြန်တဲ့အခါ တစ်လက်စတည်း ၀င်စစ်ပေးလိုက်မယ်” ဆိုပြီး အကူအညီတောင်းခံလာတော့ လည်းမိမိတို့အချင်းချင်းကူညီဆောင်ရွက်ပေးရမည်မဟုတ်ပါလား။ သို့နှင့် ကင်းသမားမှ“ ရပ်..စကားဝှက် ” ဆိုပြီးစကားဝှက်တောင်းတော့ ကျတော်လည်း ထိုနေ့က တနင်္လာနေ့ ဆိုတော့ စကားဝှက်က “ ကျားမင်း၁၊၂ ”ပါ သို့သော်ကျတော်မှ “ ကျားသစ် ၂၊ ၁ ” လို့ပြောလိုက်ပါတယ် ။ ဒါကိုတောင် ဘသားကင်းသမားက “ လာနိုင်ပြီ” ဆိုပြီးထအော်ပါသေး တယ်။ ဒါနဲ့ “ ကင်းသမား လာဦး” “ ဟုတ်ဗိုလ်ကြီး” “ အေး ကင်းစာအုပ်ပါယူလာ” ဆိုတော့ ယူလာတယ် ကြည့်လိုက်တော့ စကားဝှက်ကိုရေးမထားပေ ။ ဒါနဲ့ “မင်းစကားဝှက်သွားမ ယူဘူးလား” ဆိုတော့ “ ဟုတ်ကျတော်သွားတော့ ရုံးဆင်းသွားပြီ” ဆိုပြီးဆင်ခြေတက်ပါတယ်။ “ ဟ ရုံးဆင်းတော့ကော ဆရာကြီးRSMကိုသွားမေးလို့မရဘူးလား ၊ မင်းတို့တွေ အလှည့်ကျ သက်သာဆိုင်ကိုသွားနေတာပဲ သွားရင်းမေးခဲ့ပေါ့ကွ” ဆိုပြီးကျတော်လည်းဆူတာပေါ့ ။
နောက်တော့ ကျတော်လည်း “သွားကင်းမှူးသွားခေါ်”ဆိုပြီးခေါ်ခိုင်းရပါတော့တယ်” ကင်းမှူးရောက်တော့ ကျတော်က “ ကဲ ကင်းမှူး ခင်ဗျားကင်းသမားတွေ ဘယ်လိုဖြစ်တာလဲ ခုချိန်ထိကင်းစကားဝှက်မသိသေးဘူး ” ဆိုတော့ ကင်းမှူးက“ ဗိုလ်ကြီး တကယ်တော့ ကလေး တွေအပြစ်မဟုတ်ပါဘူး သူတို့လည်းခုနလေးတင်မှနားကြရတာပါ ” ဗိုလ်ကြီးသိတဲ့အတိုင်းပဲ ကျတော်ကလည်း ကင်းမှူး တာဝန်လည်းယူရတယ် ပြီးတော့ လူကြီးလာရင်အစစ်ခံဖို့ရိပ်သာ (၃)မျိုးဇယားလည်းဆွဲနေရတယ် ကလေးတွေလည်းလုပ်နေရတာပါ ဒါကြောင့်ခုလိုဖြစ်သွားတာ ပါ ကျတော်ဆုံးမပါ့မယ် နောက်ကိုမဖြစ်စေရပါဘူး ” ဆိုပြီးတာဝန်ခံပါတယ် ။ ဒီတော့ကျတော် လည်း “ အေး ပင်ပန်းတာတော့ ပင်ပန်းတာပေါ့ ဒါပေမယ့် မူလတာဝန်ကိုလည်းမမေ့နဲ့ ဒါက ခုမှလုပ်တာလည်းမဟုတ်ဘူး အမြဲလုပ်လာတာပဲ ဟုတ်တယ်မလား နောက်ကိုမဖြစ်စေနဲ့ သွားခုတစ်ယောက်နဲ့ သွားတောင်းခိုင်းလိုက် ” ဆိုပြီးဆူပြီးထွက်လာပါတယ်။
ဆူသာဆူရတယ် စိတ်ထဲမတော့ တကယ်မကောင်းပါ ။ တကယ်တော့ ကျတော်ပြော သလိုသူတို့တွေလုပ်လို့ရတာတော့ဟုတ်ပါတယ် ။ ဒါပေမယ့် ကြည့်ပါတပ်မှာလူအင်အားရှိရင်း က အရာရှိ/စစ်သည်အားလုံးပေါင်း ၁၁၉ယောက် ရှေ့တန်း/သင်တန်းတက်/တွဲဖက်ဖယ်တော့ တပ်မှာလက်ကျန်က ၄၀ ကျော် ။ ဒီထဲမှာ ယာယီတာဝန်တွေ ၊ ချောစာပို့တွေ ၊ တပ်သားသစ်စု တွေထပ်နှုတ်တော့ ၂၉၊၃၀ လောက်နဲ့ ဒီထဲမှာမှ ဗဟိုကင်းဆိုတာကလည်း ကင်းတာဝန်တွေ ကော ၊ ဗဟိုကင်းသန့်ရှင်းသာယာလှပရေးကော ၊ တပ်လုပ်ငန်းကော ဒါတွေကိုတစ်နေကုန် မနားတမ်းလုပ်ပြီးတော့ ဒီညဆိုတဲ့အချိန်လေးမှာတောင် ၆ နာရီကနေ ၉ နာရီကြားလေးကို သက်သာဆိုင်ကို သွားခွင့်ပေးထားတာလေ။ င်္ဒီလိုအခွင့်အရေးလေးတွေနဲ့ မနားတမ်းလုပ်နေရ တာတောင်ညည်းညူခြင်းမရှိ ။ ဗဟိုကင်းသာပြောတာ ကင်းသစ်လည်းသူတို့လေးတွေပဲ၊ ကင်းဟောင်းလည်းသူတို့လေးတွေပဲ ။ လူကျတော့လည်းမပြည့် ဗဟိုကင်းဆိုတာ (၁၀) ယောက်ရှိရမယ်ဆိုပေမယ့် ၈ ယောက်ထဲနဲ့ သူတို့တွေလုပ်နေတယ်သူတို့မှာ သတ်မှတ်ချက် တွေထက်ကို ပိုပြီးတာဝန်ထမ်းဆောင်နေရတယ်၊ ဒီကြားထဲမှာပဲ တပ်ရင်းမှူးက သူတို့တွေကို သက်သာရာ သက်သာကြောင်းလေးတွေကို စီစဉ်ပေးတတ်တယ်။ ဒါလေးတွေကိုပဲ သူတို့တွေကကျေနပ်နှစ်သက်နေကြရတယ်။ မကျေနပ်လို့လဲမရဘူးလေ ဘာလုပ်နိုင်မှာမို့လို့လဲ ဒါလေးတွေကိုမြင်တော့ သူများတွေပြောတဲ့ “ကြည့်ပါလား စစ်တပ်ကပဲကောင်းစားနေတာ”ဆို တာလေးကိုသတိရမိပါတယ်။ ကျတော်တို့ကျောင်းမှာတုန်းက ဆရာတစ်ယောက်ပြောတာ လေးကိုပြန်သတိရမိတယ် “ ဒို့တွေလစာ ၁၅၀၀၀ တုန်းကကျတော့ အင်းစစ်ဗိုလ်တွေသနားစ ရာကောင်းလိုက်တာ နော်တဲ့ ၊ ဟောခုလစာ၁၅၀၀၀၀လည်းဖြစ်ရော ဟင်းသူတို့ပဲကောင်းစား တယ်တဲ့ ၊ တကယ်တော့ စစ်သားတွေဒုက္ခရောက်တာ စစ်သားတွေပဲသိပါတယ်တဲ့ ” အဲဒီတုန်းကတော့ ဟာသတစ်ခုလိုပေမယ့် လက်တွေ့တပ်ရင်းတွေမှာ နဖူးတွေ့ ဒူးတွေ့ရင်ဆိုင် ရတော့ တကယ်ကိုပဲ စစ်သည်မိသားစုများရဲ့ဘ၀ဟာ သနားဖို့ကောင်းပါတယ်။ ဒီကြားထဲ ထောက်ပို့ကပေးကတည်းကမပြည့်တဲ့ ရိက္ခာကိုလည်းတပ်ရင်းမှူးခမျာ စစ်သည်မိသားစုတွေ လောက်အောင်ဖန်တီးပေးရရှာတယ်၊ ဟောဒီကြားထဲ တပ်မတော်ရိက္ခာထဲက ကုလားပဲ ကိုလျှော့လိုက်တယ်အဲဒါအစားတဲ့ ရိက္ခာစိုငွေ တစ်နေ့ကို ၁၀၀ ထောက်ပံ့တယ် အင်းသူတို့ကျတော့ နိုင်ငံတော်ပိုက်ဆံတွေကို ကိုယ်ပိုင်ပိုက်ဆံလိုသဘောထားပြီး သုံးချင်သလိုသုံးနေလိုက်တာ တကယ်ပြည်သူအတွက် အသက်နဲ့ ခန္ဓာကိုပေးလှူထားတဲ့ သူတွေကျတော့ ဟိုဟာဖြတ်လိုက် ဒီဟာဖြတ်လိုက်နဲ့ ။ တပ်မတော်သားချင်းအတူတူဗျာ လုပ်ရက်လိုက်တာ ။ ခုတော့ ရိက္ခာစိုငွေကို တစ်ရက် ၃၀၀ တဲ့ ဒါပေမယ့် စဉ်းစားကြည့်ပါဦး ဒီနေ့မြန်မာပြည်ကုန်ဈေးနှုံးနဲ့ လောက်ပါ့မလားလို့ ။ သူတို့ကိုပဲပေးသုံးလိုက်စေချင်တယ်။
လမ်းတွေမှာ လုံခြုံရေးထိုင်တော့( မတရားလောဘ အာဏာအခွင့်အရေးကိုအသုံးချ သူများမပါ ) ပြည်သူကသနားလို့ ပေးကမ်းတာမျိုးကိုကျတော့လည်းလက်မခံ ကိုယ်တိုင်ကျ တော့မှောင်ခိုသမားတွေနဲ့ပေါင်းပြီး ကြီးပွါးနေပြီးကိုယ့်အောက်ခြေစစ်သည်ကျတော့ အငတ်ထား ပြီးရင်အရှက်မရှိပြောပါလိမ့်မယ် အရှေ့တောင်အာရှမှာ ငါတို့တပ်မတော်လောက် ဒုက္ခခံနိုင်တဲ့တပ်မတော်မရှိဘူးတို့ အပင်ပန်းအဆင်းရဲခံနိုင်တာမရှိဘူးတို့ ။ တကယ်ကိုပါပဲ စစ်သည်တွေမှာ ပင်ပန်းဆင်းရဲကြတာကတော့ အမှန်ကိုပါပဲ ။ ဒီကြားထဲ သူတို့တွေအရူးထလို့ လုပ်ချင်တာမှန်သမျှခိုင်း စဉ်းစားကြည့်ပေါ့ ။ တစ်ခါက ကျတော်တို့တပ်ကို ကစထမှူးနဲ့ ကျတော်တို့ညွှန်မှူး လာစစ်မယ်ဆိုတော့ ကစထမှူးရဲ့ အစစ်ဆေးခံဖို့အတွက်ကို ကျန်တာတွေတော့မပြောတော့ဘူး ဗဟိုကင်းစစ်ရေးပြကွင်းကိုအောက်ခံအနီမထားရဘူးဆိုပြီး ကြေးနန်းဝင်တယ် ။ ကျတော်တို့ ကက(မ)ကတော့ အောက်ခံအရောင်အနီရောင်သုတ်ဖို့ကြေး နန်းဝင်တယ် ။ ကက(မ)ကအရင်ဝင်တော့ သုတ်ပြီးသွားပြီ။ ဒါပေမယ့်အဆင့်အရ ကစထမှူးဆိုတာက ဒုတိယဗိုလ်ချုပ်ကြီး ၊ ညွှန်မှူးဆိုတာက ဗိုလ်ချုပ် ကဲကျတော်တို့ဘာလုပ် ရမလဲ ။နောက်ဆုံးတပ်ရင်းမှူးက အရဲစွန့်ဆုံးဖြတ်လိုက်ဟန်တူပါတယ်။ ကဲ ကက(မ) ကသုတ် ကစထမှူးအတွက်ကတော့မသုတ်နဲ့ဆိုတော့မတတ်နိုင်ဘူး ဒို့က အမြောက်တပ် ဒီတော့ ညွှန်မှူးခိုင်းတာပဲလုပ်မယ် ပြီးတော့ စာစောင်တွေမှာလည်း ဒါကဆေးသုတ်ဖို့ပြောထားတာရှိ တယ်ဆိုပြီး ဆက်သုတ်ခိုင်းပါတယ်။ ဒီနေရာမှာစဉ်းစားကြည့် စာစောင်တွေမှာတောင် သုတ်ရမယ်ဆိုတာကို ဒီကစထမှူးက ဘာအရူးထပြီး မသုတ်ခိုင်းတာလဲ ။ ဘာလဲသူကစထမှူး ဖြစ်တာနဲ့ စာစောင်ပါအချက်တွေကိုလုပ်ချင်တိုင်းလုပ်လို့ရရောလား၊ ပြင်ရတော့မှာလား ။ တော်သေးတာပေါ့ မြန်မာ့တပ်မတော်က တစ်ခုတည်းရှိလို့ ကျောင်းတုန်းက ဗိုလ်မှူးကြီးတစ်ယောက်ပြောသလိုသ်ာတရုတ်ကလိုတပ်မတော်တွေများရင် ဘယ်လိုနေ မယ်မသိဘူး။ ဒီလိုခိုင်းသမျှတွေကို မညည်းမညူလုပ်နေကြတဲ့ တပ်မတော်သားတွေဟာဘယ် သူတွေအတွက်လုပ်နေတာလဲ ဆိုတာမသိနိုင်အောင်ပါပဲ ။ ၂၀ ကျော်သောလူအင်အားမှာ ရုံးက ၇ယောက်လောက်ပါနေသေး တယ် ကျန်တာကလည်းသူ့တာဝန်ခံနဲ့သူကရှိသေး ဒီတော့ ကျန်တဲ့သူက မြက်ပေါက်လည်းသူ တို့ ကင်းစောင့်လည်းသူတို့ ဆူခံတော့လည်းသူတို့ ကြာတော့ စစ်သည်တွေကဘာပြောလာ သလဲဆို ရှေ့တန်းပဲတက်ချင်တော့တယ်တဲ့ဗျာ ။ ကဲ အင်းရှေ့တန်းကျတော့ ဘယ်ဗိုလ်ချုပ်ကြီးမှ သူတို့အသက်ကို စတေးပြီးလာစစ်တာမှမဟုတ်တာကိုး ဒီတော့ မဟုတ်တာတွေလည်းမလုပ်ရတော့ဘူးပေပါ့ဗျာ။
တပ်ရင်းမှူးတွေခမျာလည်း လူကြီးလာစစ်မယ်ဆိုရင် ဘာပေးရမလဲဆိုပြီး စဉ်းစားရ တာကလည်း အလုပ်တစ်ခု မပေးလို့ကလည်းမရဘူးလေ ။ သူများတွေပေးပြီး ကိုယ်ကမပေး တော့ IP down သွားမှာပေါ့ ။အင်း ဗိုလ်မှူးကြီးထွန်းထွန်းတုကတော့ တစ်မျိုးဗျ မစခ ကနေတောင်လှမ်းတောင်းလိုက်သေး ။ သူ့သမီးစီးဖို့တဲ့လေ ဆိုင်ကယ်ဝယ်ခိုင်းတာ ပေးလိုက် တာက ၁၀ သိန်း ၀ယ်ခိုင်းလိုက်တာက ၁၄ သိန်းတန် ။ ဒီတော့သိတဲ့အတိုင်းပဲပေါ့ဗျာ ။ တပ်ရင်းမှူးပဲ စိုက်ပေါ့ ။ ဒါကိုလည်းဘယ်လိုရှာသလဲဆိုတော့ ဂိတ်ပေါ့ အောက်ခြေစစ်သည်နဲ့ အရာရှိတွေက အရှက်ဆိုတာကိုဘေးဖယ်တောင်းပြီး တပ်ကိုရန်ပုံငွေသွင်း အရင်ကဆိုရင် ဒီလိုတောင်းရတာက ကိုယ့်တပ်မိသားစုတွေရဲ့ သက်သာချောင်ချိရေးအတွက်လေ ကျတော်ပြောသလို မပြည့်တဲ့ရိက္ခာကိုကုစားပြီး ဖြည့်တင်းပေးတာ ။ ခုတော့ တပ်မမှူးသမီး ဆိုင်ကယ်စီးဖို့ပါဗျာ ။ ပြောခံရတော့ ဒီစစ်သည်တွေ အရာရှိတွေ ။ ကောင်းစားပြီး ပြောသမျှကို မကြားနိုင်တာက ကျတော်ပြောတဲ့ တပ်မတော်သားချင်းဂုတ်သွေးစုပ်နေတဲ့ အရာရှိကြီးများနဲ့ ကိုယ့်ကိုယ်ကိုယ် မရှက်မကြောက် တပ်မတော်ကိုခုတုံးလုပ်ပြီး နိုင်ငံတော်အာဏာကိုတက်ယူ ထားတဲ့ အစိုးရအဖွဲ့ဝင်များပေါ့ဗျာ။ သူတို့ ကဇိမ်ခံကားပေါ်မှာ တံခါးပိတ်ပြီးလေအေးစက်ကို ခံစားနေကြတော့ ဘာမှမကြားဘူးလေ။ တကယ်တော့ သူတို့တွေ စီးနေတာက စစ်သည်တွေရဲ့ အရှက် သိက္ခာ နဲ့ ပြည်သူရဲ့ချွေးစက်တွေပါ ။ ဒါကိုတောင် ပြည်သူကိုသတ်ဖို့ စစ်သည်တွေကို ခုတုံးလုပ်ရက်သေးတယ်နော် အော်တော်တော်တရားကျဖို့ကောင်းပါတယ် ။ ဒါကိုပဲ ကျေနပ်နေတဲ့ အရာရှိတွေက ရှိသေးတယ် ။ စစ်သည်တွေကတော့ထားတော့ ဒါတွေကိုမတွေးနိုင်လို့ တွေးနိုင်တဲ့ကျတော်တို့ အရာရှိတွေက လုပ်ပေးရမယ်လေ ။ ဘာလုပ်ပေးကြမလဲ ပြည်သူကိုဒါတွေဟာ အစိုးရကြောင့်ပါဆိုတာကိုရှင်းပြ ။ ကျတော်တို့တပ်မတော်ဟာ အမြဲတမ်းပြည်သူဘက်ကပါဆိုတာကို သက်သေပြရင်း ပြည်သူနဲ့ တွဲလို့ အနာဂတ်နိုင်ငံတော်ကြီးဆီကိုချီတက်ဖို့ရာ ဒီအာဏာရူးတွေကို ချေမှုန်းကြပါစို့လို့ ညီနောင်စစ်သည်များကိုတိုက်တွန်းလိုက်ရပါတယ်…………





ဗိုလ်ရဲထက်(၁၂-၄-၂၀၁၀)။

No comments:

Post a Comment