မျိုးချစ်စစ်သည်

ပညာမဲ့သော ထိုသူသည်- ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက်တို့ကို ပြုသောကြောင့်လည်းကောင်း၊ အပြစ်နှင့်ယှဉ်သော အခြားအမှုကို ပြုသောကြောင့်လည်းကောင်း၊ ကုသိုလ်ကံကို မပြုပဲ အကုသိုလ်ကံကိုသာ အကြိမ်များစွာ ပြုခြင်းကြောင့်လည်းကောင်း၊ ခန္ဓာကိုယ် ပျက်စီးသောအခါ ငရဲသို့ရောက်ရ၏။

ခုကတော့ ...

User Online

လာလည်သူပေါင်း

Cabo Yachts

Thursday, April 8, 2010

မဲဆန္ဒရှင်များအတွက် ပညာပေးလုပ်ငန်း လုပ်ဆောင်မည့် အဖွဲ့ တည်ထောင်

အံ့ဘုန်းမြတ် ၇ ဧပြီ ၂ဝ၁ဝ - အမျိုးသားနိုင်ငံရေး ဦးဝင်းနိုင်က နအဖစစ်အစိုးရ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲ ကာလအတွင်း မဲဆန္ဒရှင်တွေအတွက် ပညာပေးရေး လုပ်ငန်းတွေကို လုပ်ဆောင်နိုင်ဖို့ တသီးပုဂ္ဂလအမျိုးသား နိုင်ငံရေးသမားများ အဖွဲ့ကို ထူထောင် လိုက်ပါတယ်။ ဦးဝင်းနိုင် ဦးဆောင်တဲ့ တသီးပုဂ္ဂလ အမျိုးသားနိုင်ငံရေးသမားများအဖွဲ့ကို နိုင်ငံရေး စိတ်ဝင်စားတဲ့ လူတွေနဲ့ ဖွဲ့စည်းလိုက်တာပါ။ ဒီအကြောင်းကို ဦးဝင်းနိုင်က æ “နာမည်ကတော့ ကျနော်တို့ တသီးပုဂ္ဂလအမျိုးသားနိုင်ငံရေးသမားများ ဆိုပြီးတေွာ့မသကစ (အုပ်စု)လေးတခု ဖွဲ့ထားတာပါ။ မြန်မာပြည်မှာ ကျနော့်လိုပေါ့ ပါတီမဖွဲ့ဘဲနဲ့ အမျိုးသားနိုင်ငံရေးကို ဆက်ပြီးတော့ လုပ်ချင်ကြတဲ့ လူကြီး၊ လူငယ်၊ လူလတ် နိုင်ငံရေးသမားတွေ အများကြီး ရှိတယ်။ အဲဒီတော့ ကျနော်က အဲဒါကို သူ တို့နဲ့ တိုင်ပင်ပြီးတော့ ကျနော်တို့ စုရပ်ကလေး တခု လုပ်ကြရအောင် ဆိုပြီး စုရပ်ကလေး တခု လုပ်လိုက်ပြီးတော့ ကျနော်တို့က တိုင်းပြည်အတွက် လိုအပ်တဲ့ ကိစ္စလေးတွေကို ဆောင်ရွက်ကြမယ်ဆိုပြီးတော့ လူစုလိုက်တာပါပဲ။” တသီးပုဂ္ဂလအမျိုးသားနိုင်ငံရေးသမားများ အဖွဲ့အနေနဲ့ ရွေးကောက်ပွဲ ဝင် ရောက် ယှဉ်ပြိုင်မှာ မဟုတ်ဘဲ ရွေးကောက်ပွဲမှာ ပြည်သူတွေအနေနဲ့ ဘယ်လို မဲ ထည့်သင်တယ်။ ဒီမိုကရေစီအခြေခံက ဘာတွေဆိုတဲ့ ပညာပေးကိစ္စတွေကို ဦးစား ပေး လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။ “လူထုကို တိုက်ရိုက်ကိုယ်စားပြုတဲ့ လုပ်ငန်းတွေ ကျနော်တို့ လုပ်မယ်။ အ ခု အရေးတကြီးကတော့ ဖွဲ့စည်းပုံ လုပ်ထားတဲ့ ဟာတွေက ဘယ်လိုဟာတွေဆို တာကို ကျနော်တို့ အသိပေးမယ်။ တကယ်လို့များ ရွေးကောက်ပွဲ ဖြစ်လာခဲ့သည် ရှိသော် ရွေးကောက်ပွဲမှာ အကောင်းဆုံးရွေးကောက်ပွဲအနေနဲ့ ဘာတွေ လုပ်သင့်တယ်။ ဘယ်လို အရည်အချင်းရှိတဲ့ လူတွေကို ရွေးသင့်တယ်၊ မဲဆန္ဒရှင်တွေရဲ့ အခွင့်အရေးဆိုတာ ဘာတွေလဲဆိုတဲ့ အဲဒါတွေကို အသိပေး ပညာ ပေးမယ့် လုပ်ငန်းကို ကျနော်တို့ ပထမဦးဆုံး လုပ်ဖို့ ကြိုးစားနေတယ်။ အဲဒါက ကျနော် နာမည်ပေးထားတာက မဲဆန္ဒရှင်များ ပညာပေးရေး လုပ်ငန်းစဉ် လောလော ဆယ်တော့ အဲဒါကို အရဆကသအိးက လုပ်ဖို့ စီစဉ်နေပါတယ်။” ဒီလို ပညာပေးလုပ်ငန်းတွေကို လုပ်တဲ့နေရာမှာ အာဏာပိုင်တွေဘက်က ဘယ် အတိုင်းအတာ အထိ အပြုသဘောနဲ့ လုပ်ခွင့်ပေးမလဲ ဆိုတာ စောင့်ကြည့်ရ မှာ ဖြစ်တယ်လို့လည်း ဦးဝင်းနိုင်က သုံးသပ်ပါတယ်။ အမျိုးသားရေး ဦးဝင်းနိုင်ဟာ ၂ဝဝ၇ ခုနှစ် ကုန်ဈေးနှုန်းကြီးမြင့်မှု အပါအဝင် လူထု တွေ့ကြုံနေရတဲ့ အထွေထွေအကျပ်အတည်းတွေ ပြေလည်အောင် ၈၈ မျိုး ဆက်ကျောင်းသား ခေါင်းဆောင် ကိုထင်ကျော်တို့နဲ့အတူ ဆောင်ရွက်ခဲ့ပြီး ၂ဝဝ၇ စက်တင်ဘာသံဃာလှုပ်ရှားမှုအတွင်း လူရွှင်တော်ကိုဇာဂနာ၊ သရုပ်ဆောင် ကို ကျော်သူတို့ နဲ့အတူ ရဟန်းသံဃာတော်တွေကို ဆွမ်းကပ် လှူခဲ့တာကြောင့် အာ ဏာပိုင်တွေရဲ့ ဖမ်းဆီးစစ်ဆေးမှုတွေ မကြာခဏ ခံခဲ့ရတဲ့ ပုဂ္ဂိုလ်တဦးလည်း ဖြစ်ပါ တယ်။

No comments:

Post a Comment