မျိုးချစ်စစ်သည်

ပညာမဲ့သော ထိုသူသည်- ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက်တို့ကို ပြုသောကြောင့်လည်းကောင်း၊ အပြစ်နှင့်ယှဉ်သော အခြားအမှုကို ပြုသောကြောင့်လည်းကောင်း၊ ကုသိုလ်ကံကို မပြုပဲ အကုသိုလ်ကံကိုသာ အကြိမ်များစွာ ပြုခြင်းကြောင့်လည်းကောင်း၊ ခန္ဓာကိုယ် ပျက်စီးသောအခါ ငရဲသို့ရောက်ရ၏။

ခုကတော့ ...

User Online

လာလည်သူပေါင်း

Cabo Yachts

Friday, April 2, 2010

မှတ်သားဖွယ်ရာစစ်ပညာ

မြန်မာ့ စစ်ပညာတွင် စစ်တိုက်ခိုက်နည်းမှာ အခြေခံအပိုင်းဖြစ်သည့် စစ်အစီအရင် (၇)ပါး ဖြစ်သည်။ ထိုစစ်အစီအရင် (၇)ပါးမှ တဆင့် ဖြာထွက်လာသော သရုပ်သကန်များဖြစ်သည်။

စစ်အစီအရင် (၇)ပါး

စစ်အင်္ဂါ(၇)ပါး (သေနင်္ဂ)
စစ်ချီခြင်း(၄)ပါး (သေနာဂတိ)
စစ်ကပ်ခြင်း(၂)ပါး (သေနုပဂ)
စစ်ထိုးခြင်း(၆)ပါး (သေနာယုဒ္ဓ)
စစ်ခံခြင်း(၆)ပါး (သေနာပဋိဂ္ဂဟ)
စစ်ဖျက်ခြင်း(၆)ပါး (သေနာဗေဒ)
စစ်ပြန်ခြင်း(၃)ပါး (သေနာနိဝတ္တန)
[ပြင်ဆင်ရန်​ ]စစ်အင်္ဂါ(၇)ပါး
စစ်အစီအရင် (၇)ပါး မှ စစ်အင်္ဂါ(၇)ပါးသည် စစ်စတင်တိုက်သည် ဆိုသည်နှင့် သုံးစွဲကိုင်တွယ်ရသည့် အချက်အလက်များ ဖြစ်သည်။

စစ်ဖျား စစ်လျင်
စစ်၏ ရင်ဝ
စစ်၏ ပခုံး
စစ်၏ နံပါး
စစ်၏ ၀မ်း
စစ်၏ ကျောက်ကုန်း(ကျောကုန်း)
စစ်ခံတပ် တို့ဖြစ်သည်။
[ပြင်ဆင်ရန်​ ]စစ်ချီခြင်း(၄)ပါး
စစ်ဗျား၊ စစ်လယ်၊ စစ်နောက်အညီအမျှချီခြင်း (သမဒဏ္ဍဗျူဟာ)
ပြာသာဒ်ဆောင်ပေါက်သကဲ့သို့ အထပ်ထပ် နောက်အားကြီး၍ချီခြင်း၊ (ပါသာဒိကဗျူဟာ)
ပန်းပုံတောင်းကဲ့သို့ စစ်ဖျားကြီး၍ နောက်စစ် တရွေ့ရွေ့ ချီခြင်း၊ (စင်္ကောဋက ဗျူဟာ)
မရိုးစည်ကဲ့သို့ စစ်ရင်း စစ်ဖျားသေး၍ စစ်လယ်အားကြီးကြီးချီခြင်း။ (ဒိင်္ဂဗျူဟာ)
[ပြင်ဆင်ရန်​]စစ်ကပ်ခြင်း(၂)ပါး
နေမင်းပုံစစ်ကပ်ခြင်း။ (ပတင်္ကရဗျူဟာ) နေမင်းကဲ့သို့ ကြယ်နက္ခတ်ခြံရံမရံဘဲ မင်းတပ်က ရှေ့ မှာနေ၊ နောက်မှ အခြားစစ်တပ်များ လိုက်ပါရသည်။
လမင်းပုံ စစ်ကပ်ခြင်း။ (စန္ဒကဗျူဟာ) လမင်းကို ကြယ်နက္ခတ်များ ၀န်းရံထားသကဲ့သို့ မင်းတပ်ကို အလယ်မှာထားကာ အခြားတပ်များဝန်းရံပြီးလိုက်ခြင်း။
[ပြင်ဆင်ရန်​ ]စစ်ထိုးခြင်း(၆)ပါး
ဒိဇာဒိပဗျူဟာ- ဂဠုန်တောင်ဖြန့်သကဲ့သို့ စစ်ဆင်စစ်ထိုးနည်း၊
ဝါရိဝေဂဗျူဟာ- ရေအယဉ်စီးဆင်းသကဲ့သို့ စစ်ဖြန့်ကာ နောက်မဆုတ်ဘဲ စစ်ထိုးနည်း၊
ဥသဘဗျူဟာ- နွားလားဥသဘကဲ့သို့ အော်ဟစ်ခြိမ်းချောက်ကာ ဟန်ရေးပြ၍ အပြင်းအထန် စစ်ထိုးနည်း၊
ဓနုက ဗျူဟာ- တင်ထားသော လေးညှို့ကဲ့သို့ ပ*** လရေး ကွေးပုံ စစ်ထိုးနည်း၊
မကာရဗျူဟာ- မကာရ်းကွက်ကဲ့သို့ အထပ်ထပ် စစ်ထိုးနည်း၊
ဘုဇဗျူဟာ- မြွေတွားသကဲ့သို့ ကောက်တကျစ် စစ်ထိုးနည်း။
[ပြင်ဆင်ရန်​]စစ်ခံခြင်း(၆)ပါး
နဒီစရဗျူဟာ- ရင်ပေါင်တန်း၍ တံတားပမာခံခြင်း၊
ဝိစ္ဆိကဗျူဟာ- ကင်းမြီးကောက်လက်သကဲ့သို့အလယ်ပင်းစေပြီးလျှင် ၀ဲယာထောင်၍ခံခြင်း၊
သကဋဗျူဟာ- လှည်းဦးကင်းကဲ့သို့ ၀ဲယာထား၍ ရှေ့တပ်လွန်ခံခြင်း၊
မဓုဝတ္တနဗျူဟာ- ပျားအုံကဲ့သို့ တ၀န်းတစုတည်းခံခြင်း၊
စင်္ကပါဒဗျူဟာ- ကျီးခြေကဲ့သို့ရှေ့ ၃-တပ်၊ နောက် ၁-တပ်၊ အလယ်၌ မင်းစစ်သူကြီးနေ၍ ခံခြင်း၊
ဥဒ္ဓနဗျူဟာ- ခုံလောက်ကဲ့သို့ ၃-တပ် ဆိုင်ခံခြင်း။
[ပြင်ဆင်ရန်​]စစ်ဖျက်ခြင်း(၆)ပါး
[ပြင်ဆင်ရန် ​]စစ်ပြန်ခြင်း(၃)ပါး
အဂ္ဂိ ဇာလ ဗျူဟာ မီးတောက်မီးလျှံကဲ့သို့ ထင်ထင်ရှားရှား ၀ါးမျိုဖျက်ဆီး၍ ဆုတ်ပြန်ခြင်း၊
အမာဝါသီ ဗျူဟာ- လကွယ်သကဲ့သို့ မသိမသာဆုတ်ပြန်ခြင်း၊
သီဟဂတိ ဗျူဟာ-ခြင်္သေ့သွားသကဲ့သို့ ရဲရဲတင်းတင်း ရှေ့တက် နောက်ဆုတ်ပြန်ခြင်း၊
သတ္ထနာဒိ ဗျူဟာ လက်နက်သံပေးဟစ်ကြွေးကြိမ်းမောင်း၍ ပြန်ခြင်း၊
မဂ္ဂဆိန္န ဗျူဟာ- လမ်း တံတားတို့ကို ဖျက်၍ပြန်ခြင်း၊
စိရတ္တ ဗျူဟာ- ကြာမြင့် ဖြေးနှေးစွာနေ၍ပြန်ခြင်း။

No comments:

Post a Comment