မျိုးချစ်စစ်သည်

ပညာမဲ့သော ထိုသူသည်- ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက်တို့ကို ပြုသောကြောင့်လည်းကောင်း၊ အပြစ်နှင့်ယှဉ်သော အခြားအမှုကို ပြုသောကြောင့်လည်းကောင်း၊ ကုသိုလ်ကံကို မပြုပဲ အကုသိုလ်ကံကိုသာ အကြိမ်များစွာ ပြုခြင်းကြောင့်လည်းကောင်း၊ ခန္ဓာကိုယ် ပျက်စီးသောအခါ ငရဲသို့ရောက်ရ၏။

ခုကတော့ ...

User Online

လာလည်သူပေါင်း

Cabo Yachts

Wednesday, April 7, 2010

စစ်ဗျူဟာမှူးအား လာဘ်ငွေပေးပြီး သစ်ကုန်သည် (၃) ဦး လက်ဝါးကြီးအုပ် ပေါက်ပေါက်/ ၆ ဧပြီ ၂ဝ၁ဝ

တရုတ်နိုင်ငံသားပါဝင်သည့် သစ်ကုန်သည်ကြီး (၃) ဦး ဂိုဏ်းက နယ်မြေခံစစ်ဗျူဟာမှူးအား လာဘ်ငွေပေးပြီး ဗန်းမော်ခရိုင်အတွင်း တရားမဝင် သစ်ခိုးထုတ်ခွင့်ရနေသည်ဟု ဒေသခံသစ်လုပ်ငန်းရှင် တဦးက ပြောကြားသည်။

တရုတ်ပြည်ဘက် နယ်စပ်တလျှောက်တွင် သစ်စက်များ ထူထောင်ထားသည့် တရုတ်နိုင်ငံသား လီးမော်ရုန်း၊ တရုတ်နိုင်ငံသား ကချင်လူမျိုး ဘရန်နော်၊ ဗန်းမော်ဒေသဆိုင်ရာ အာဏာပိုင်များနှင့် နီးစပ်သည့် ဦးတုံဖောက်တန်ဂွန်း ဆိုသူ (၃) ဦး ပူးပေါင်းပြီး မိုးမိတ်စစ်ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဝင်းမင်းထွန်းအား လာဘ်ငွေပေးကာ မိုးမိတ်၊ မံစီ၊ ရွှေကူမြို့နယ်အတွင်းမှ ကျွန်းနှင့် သံမလန်း သစ်မာများကို သစ်ဖမ်းဆီးမှုများ လုပ်နေသည့်ကြားမှ နေ့စဉ် ခိုးထုတ်နိုင်ကြောင်း ဗန်းမော်သစ်လုပ်ငန်းရှင်တဦးက ပြောသည်။

၎င်းက “အစောပိုင်း မြောက်ပိုင်းတိုင်းမှူးကို သိန်း (၁,၅ဝဝ) ပေးတုန်းကလည်း ဗျူဟာမှူးကို သူတို့က သိန်းရာနဲ့ချီ ပေးထားပြီးပြီ။ အခုရက်ပိုင်းမှာ ထပ်ပြီး သိန်း (၅၄ဝ) ထပ်ပေးတယ်။ မံစီမြို့နယ်ထဲက နန့်ဟန်ရွာနားမှာ သစ်ကား (၇ဝ) လောက်ရှိတယ်။ သစ်တွေလည်း အပုံလိုက်ပဲ။ အဲဒီကနေ သယ်နေတာ ဘယ်သူမှ သွားမဖမ်းကြဘူး။ ကျန်တဲ့ ဒေသခံတွေကိုတော့ ဖမ်းနေတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်လအတွင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းအား ကျပ်ငွေ သိန်း (၁,၅ဝဝ) နှင့် ညီမျှသည့် ရွှေ (၃) ပိဿာခန့်ကို လာဘ်ငွေအဖြစ်ပေးခဲ့ပြီး ဗန်းမော်ခရိုင်အတွင်းမှ သစ်တန်ချိန် (၃,ဝဝဝ) ကို တရုတ်ပြည်ဘက်သို့ ပို့ဆောင်ခဲ့ပြီးဖြစ်သည်။ ယခုထပ်မံ ပို့ဆောင်နိုင်ရန် မိုးမိတ်စစ်ဗျူဟာမှူးအား ငွေသိန်း (၅၄ဝ) တန်ဖိုးရှိ ရွှေ (၁) ပိဿာခန့် လာဘ်ပေးခဲ့ခြင်းဖြစ်သည်ဟု သစ်လုပ်ငန်းရှင် (၃) ဦးအဖွဲ့နှင့်နီးစပ်သည့် ဗန်းမော်မှသစ်လုပ်ငန်းရှင်က ပြောသည်။

၎င်းက “ကြေးတခုသတ်မှတ်ပြီး ရွှေချောင်းတွေ ပေးရတယ်။ သိန်းရာနဲ့ချီရှိတဲ့ ငွေစက္ကူထုပ်ကြီး ဘယ်ပေးလို့ရမလဲ။ တိုင်းမှူး၊ ဗျူဟာမှူးတွေကို ရွှေချောင်းပေးရတယ်။ တောတိုး သစ်လိုက်ဖမ်းနေတဲ့ စစ်ကြောင်းမှူး၊ တပ်ရင်းမှူးတွေကျတော့ လက်တော့ပ် ကွန်ပျူတာတို့၊ (ရွှေ) ဟန်းချိန်း၊ လက်စွပ်တို့ ပေးမှရတယ်။ စစ်ကြောင်းကိုတော့ ရိက္ခာအနေနဲ့ နွားတို့၊ ဝက်တို့ ဒါမှမဟုတ် ဟင်းဝယ်စားဖို့ ငွေပေးရတယ်။ အဲလိုလုပ်နေကြတာ။ ကျနော်တို့ကျတော့ အခုနှစ် လုပ်လို့မရတော့ဘူး။ အဲဒီ (၃) ဦးအဖွဲ့ကပဲ လုပ်ခွင့်ရနေတာ” ဟု ပြောသည်။

ဖေဖော်ဝါရီလလယ်ပိုင်းမှစ၍ ဗန်းမော်ခရိုင်အတွင်း တရားမဝင် သစ်ခိုးထုတ်မှုကို မပခလက်အောက်ခံ စစ်တပ်များက တောနင်းရှာဖွေကာ ဒေသခံ သစ်လုပ်ငန်းရှင်များ၏ သစ်များကို ဖမ်းဆီးခဲ့ကြသော်လည်း အဆိုပါ သစ်လုပ်ငန်းရှင် (၃) ဦး ဂိုဏ်း၏ သစ်များမှာမူ အဖမ်းအဆီးမခံရဘဲ ၎င်းတို့သည် ယနေ့အချိန်အထိ သစ်ခိုးထုတ်သည့်လုပ်ငန်းကို ဆက်လက် လုပ်ကိုင်နေကြခြင်းဖြစ်သည်။


ခေတ်ပြိုင်မှကူးယူဖော်ပြသည်။

No comments:

Post a Comment