မျိုးချစ်စစ်သည်

ပညာမဲ့သော ထိုသူသည်- ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက်တို့ကို ပြုသောကြောင့်လည်းကောင်း၊ အပြစ်နှင့်ယှဉ်သော အခြားအမှုကို ပြုသောကြောင့်လည်းကောင်း၊ ကုသိုလ်ကံကို မပြုပဲ အကုသိုလ်ကံကိုသာ အကြိမ်များစွာ ပြုခြင်းကြောင့်လည်းကောင်း၊ ခန္ဓာကိုယ် ပျက်စီးသောအခါ ငရဲသို့ရောက်ရ၏။

ခုကတော့ ...

User Online

လာလည်သူပေါင်း

Cabo Yachts

Friday, April 2, 2010

ငါမှားလားမင်းမှန်လား

ငါမှားလားမင်းမှန်လား

သူငယ်ချင်းရေ
ငါ့ ရဲ့ခံစားမှုတစ်စိတ်တစ်ဒေသကို
ပြည်သူနဲ့မျှဝေလို့
ငါဆိုတဲ့တပ်မတော်ကိုဘေးထားပြီး
နားဆင်လှည့်ပါကွာ….
သူငယ်ချင်းရေ
မင်းသိတဲ့အတိုင်းပဲ ဒို့နိုင်ငံဟာ
တစ်ချိန်ကပေါ့ကွာ
စိန်ရွှေရတနာဆိုတာ ပြည်လိုက်တောင်းလိုက်ပါ
ဆင်းရဲတယ်ဆိုပေမယ့်မငတ်သေးဘူး
ခုတော့သူငယ်ချင်းရယ်
ထမင်းစားဖို့တောင်အနိုင်နိုင်ရယ်ကွယ်
အလုပ်လုပ်ဖို့ထမင်းစားကြရမယ့်အစား
ထမင်းစားဖို့အလုပ်လုပ်နေကြရတယ်
ကြိုးစားသလောက်အရာမထင်
လုပ်သလောက်မှအဖတ်မတင်တော့
တိုးတက်လာတဲ့ခေတ်စနစ်နဲ့အညီ
လိုအပ်လာတဲ့အသုံးအဆောင်ပစ္စည်းတွေအတွက်
ရသလိုရှာကြတာ ကြာတော့
ဒို့နိုင်ငံဟာ
သူခိုးနိုင်ငံရယ်လို့ ကမ္ဘာ့အလယ်မှာ
မျက်နှာငယ်ရတယ်သူငယ်ချင်း
ဒို့နိုင်ငံဟာ ခုထိလည်း
သယံဇာတပေါကြွယ်ဝလျက်ဆိုတာ
မင်းသိပါတယ်နော်…..
ဒါပေမယ့်ကွာ
ရေနံစိမ်း နဲ့ သဘာဝဓါတ်ငွေ့ကိုပဲကြည့်
ငါတို့နိုင်ငံမှာပေါပေါလောလောရပါလျက်နဲ့
ဈေးကြီးလို့မသုံးနို်င်တဲ့တို့ပြည်သူတွေ
အချုပ်အချာပိုင်နိုင်ငံဖြစ်လျက်
လွတ်လပ်စွာကိုယ့်အယူအဆကို
တင်ပြခွင့်မရှိတာတွေ
အစိုးရကျောင်းတွေရှိပါလျက်နဲ့
ပညာမသင်ကြရတဲ့ကလေးတွေ
အစိုးရဆေးရုံတွေရှိပါလျက်နဲ့
ဆေးဖိုးမတတ်နိုင်လို့ အသက်ပေးလိုက်ကြရတဲ့သူတွေ..
မင်းလည်းကြားဖူးမှာပေါ့
ရာထူး၊ ဥစ္စာ မှမရှိရင်
လူရာမ၀င်ဘူးဆိုတာကိုပေါ့ကွာ
ရာထူးရှိတော့ အာဏာပြတယ်
ဥစ္စာရှိတော့ လုပ်ချင်ရာလုပ်လို့ရနေတာတွေဟာ
တရားသဘောနဲ့ကြည့်ရင်ကို
တိရိစ ၦာန္သာသာ ပါကြာ
အများမိုးခါးသောက်လို့မှ လိုက်မသောက်ရင်
မဖြစ်တော့တဲ့ အနေအထားတွေကြားမှာ
မင်းတစ်ယောက်
မှန်ကန်စွာရပ်တည်နိုင်ပါစေကွာ…
တကယ်တော့ အနာသိဆေးရှိပါကွာ
ငါတို့မှာ ပုဂ္ဂိုလ်စွဲ ၀ါဒစွဲတွေကိုဖြုတ်လို့
တရားသောဘက်က ရပ်တည်လို့
မကောင်းတဲ့ခေါင်းဆောင်ကို ဖယ်ရှားကြရမယ်
ဒါကို မင်းတို့ကော ငါတို့ပါ
ပူးပေါင်းဆောင်ရွက်ပါမှ အောင်မြင်မယ်…
မင်းကတော့ပြောမှာပေါ့ကွာ
မင်းနဲ့ငါဟာ ဆန့်ကျင်ဘက်လို့
တကယ်တော့ မင်းစိတ်ဓါတ်ဟာ
ငါ့ထက်တောင်မွန်မြတ်ပါဦးမယ်
ပြည်သူကိုကာကွယ်ချင်တဲ့မင်း
အမှန်တရားကိုမြတ်နိုးတဲ့မင်း
ငါလည်းမင်းကိုမမှီတောင် မင်းနဲ့တော့ အတူတူပါပဲ
တို့တွေက ဦးတည်ချက်တစ်ခုတည်းကို
မတူတဲ့လမ်းကနေသွားနေကြတာပါ
ဒါလေးကိုမင်းစဉ်းစားစေချင်တယ်သူငယ်ချင်း….
ဒီလိုလမ်းကိုသွားနေတာကို
ငါမှားလားမင်းမှန်လားဆိုပြီးငြင်းနေရင်တော့
တို့တွေ ရောက်မှာမဟုတ်ဘူးဆိုတာပါပဲ.....

ဗိုလ်ရဲထက်(၃-၄-၂၀၁၀)။

No comments:

Post a Comment