မျိုးချစ်စစ်သည်

ပညာမဲ့သော ထိုသူသည်- ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက်တို့ကို ပြုသောကြောင့်လည်းကောင်း၊ အပြစ်နှင့်ယှဉ်သော အခြားအမှုကို ပြုသောကြောင့်လည်းကောင်း၊ ကုသိုလ်ကံကို မပြုပဲ အကုသိုလ်ကံကိုသာ အကြိမ်များစွာ ပြုခြင်းကြောင့်လည်းကောင်း၊ ခန္ဓာကိုယ် ပျက်စီးသောအခါ ငရဲသို့ရောက်ရ၏။

ခုကတော့ ...

User Online

လာလည်သူပေါင်း

Cabo Yachts

Wednesday, April 7, 2010

နိုင်ငံရေးလုပ်ကြံမှုထဲ တပ်မတော်ပါနေပြီလား

ကျတော်မှတ်မိသလောက်ပေါ့ ခုပြောမယ့် အကြောင်းအရာတွေမှာ ကျတော်မသိလို့ ကျန်ခဲ့တာတွေရှိပါလိမ့်မယ် ဘာလို့ဆိုတော့ အဲဒီတုန်းကကျတော်ဆိုတာ နိုင်ငံရေးဆိုတာဘာ လဲဆိုတာတောင်မသိသေးဘဲ ကျတော်တို့မ၀င်မနေရ၀င်ခဲ့ရတဲ့ ကြံ့ခိုင်ရေးဆိုတဲ့အသင်းက ဟောခဲ့ ၊ ပြောတာတွေလောက်ကိုပဲ အော်ဟုတ်မှာပါ ၊ အော်ဟုတ်တယ် ဒါကတော့ မဖြစ်သင့် ဘူးဒီလောက်ပဲ မဖြစ်စလောက်ဦးဏှောက်လေးနဲ့ သုံးသပ်ပြီးအမှားလား အမှန်လားဆိုတာကို သေချာမသိခဲ့ဘူး ။
အဲဒီတုန်းကပေါ့ဗျာ ဘယ်နေ့ဘယ်ရက်ဆိုတာကိုတော့ သေချာမမှတ်မိဘူး သေချာတာက ဒေါ်အောင်ဆန်းစုကြည် ကျတော်တို့ ကချင်ပြည်နယ်ဘက်က သူ့ပါတီတွေဆီ လာတယ်ဆိုတာတော့ သိတယ် ။ ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒီတုန်းက ကျတော်ဆိုတာ အစိုးရသတင်းစာနဲ့ ဟိုးအတိတ်ဟောင်းက တပ်မတော်သမိုင်းတွေလောက်ဖတ်တာဆိုတော့ အများသိတဲ့အတိုင်းပဲ အစိုးရသတင်းစာမှာ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားရေးကိုဖျက် ဆီးနေတာလိုလို တိုင်းပြည်ကိုကျွန်ဇာတ်သွင်းနေတာလိုလို နဲ့ရေးသားဖော်ပြကြတာကိုး ။ ဒီတော့ ကျတော်ကလည်းတပ်မတော်ဆိုတာကိုပဲတွေးပြီး ဘယ်သူကဘာလုပ်လို့ တပ်မတော်ပျက်နေပြီဆိုတာကို မခွဲခြားနိုင်သေးဘဲ မျက်စိစုံမှိတ်လို့ လေးစားအားကျနေချိန် ဖြစ်တာကတစ်ကြောင်း အသိပညာ ဗဟုသုတနည်းနေ သေးတာကတစ်ကြောင်းကြောင့် အဲဒါတွေကိုယုံခဲ့တယ် ။ တကယ်ပြောတာပါ အဲဒီတုန်းကဆို ဘယ်လိုမှကြည့်မရခဲ့တာအမှန်ပါ ။ ဒါကျတော်အမှန်အတိုင်း ၀န်ခံတာပါ ။ အဲဒီတုန်းက ကျတော်မှတ်မိတာကတော့ ဒေါ်အောင်ဆန်းစုကြည် အဲလိုလာမယ်ဆိုတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ကနေဘာလုပ်သလဲဆိုတော့ ပြည်သူအနေနဲ့ ဆန္ဒပြဖို့စီစဉ်ကြပါတယ်(သဘောကတော့ ဒေါ်အောင်ဆန်းစုကြည်ခုလိုလာတာကို ပြည်သူတွေကမလိုလားဘူးပေါ့ဗျာ) ။ ပြီးတော့ လာမယ့်လမ်းမှာရှိတဲ့ တံတာတွေကိုချိုးပစ်တာတွေကိုလည်း လုပ်ခဲ့ကြပါတယ် ။ ကျတော်တို့ကျတော့ မြစ်ကြီးနားကိုလာရင်ဆန္ဒပြဖို့ဆိုပြီးအသင့်လုပ်ခိုင်ထားပါတယ် ။ ကျတော်ကတော့ ၁၀ တန်းလည်း ၁၀တန်း ဆိုတော့ ကျူရှင်အကြောင်းပြပြီး မသွားတော့ပါဘူး။
အဲဒီတုန်းကတော့ ကြံ့ခိုင်ရေးအသင်းကြီးကို အားကျမိခဲ့သေးတယ် ။ ဘာလို့ဆို မြို့နယ် မှူးလား ဘာလားတော့မသိဘူး သေနတ်ကိုင်တယ် ။ ၉ မမ ပစ္စတိုနဲ့ ။ သိတဲ့အတိုင်းပေါ့ဗျာ လူငယ်ဆိုတော့ သေနတ်မြင်တော့ စိတ်ဝင်စားတာတော့ အမှန်ပဲ ။ ပြီးတော့ သူကဒီအုပ်ချုပ်ရေးပိုင်းတွေကိုလည်းအမိန့်ပေးလို့ရနေတယ် ။ ဥပမာ - ကြံ့ခိုင်ရေးကနေ လူထုဆန္ဒခံယူပွဲလုပ်ချင်တယ်ဆို မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနက လုပ်ပေးရတယ် ။ သိတဲ့အတိုင်း တစ်ရပ်ကွက်ကိုဘယ်နှစ်ယောက်ပေါ့ဗျာ ။ ပြီးရင်ဌာနဆိုင်ရာတွေ ကိုပါခေါ်ပြီး စင်ပေါ်ကဖတ်ပြတာကို သေချာနားလည်လည် မလည်လည် နောက်ဆုံးမှာ “ ထောက်ခံပါသလား ” ဆိုရင် ” ထောက်ခံပါတယ် ” ဆိုပြီးအော် ။ အဲဒါပြီးရင်တော့ အောင်မြင် စွာပြီးစီးပါကြောင်းတို့ဘာတို့ ပေါ့။ အဲသေချာတာကတော့ အဲဒါတွေကိုပြီးရင် ပြည်သူလူထုက လိုလိုလားလား တောင်းဆိုတာလိုလို ဘာလိုလို လုပ်ပြီးသတင်းစာမှာ တခမ်းတနားဖော်ပြပါတော့တယ် ။
ကျတော်အဲဒီတုန်းကတော့ ဒါဟာတပ်မတော်အစိုးရရဲ့မှန်ကန်တဲ့လုပ်ရပ်လို့ထင်ခဲ့ပါ တယ် ။ ကျတော်တို့နားလည်ထားသလိုလေးပဲပြန်ပြောပါမယ် (နားလည်ထားတာ ဒီလိုဆိုတာကလည်း ဒီလိုပဲရိုက်သွင်းခံလာရတာ ၂၂ နှစ် ကျတော့ တစ်သက် လို့ပြောလို့ရပါတယ်)။ ဒီတော့မွေးကတည်းက ဒါတွေပဲမြင်တွေ့ ကြားနေရတော့ အဟုတ်ထင်မိ တာပါပဲ ။ ကျတော်သိထားသလိုကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ခေတ်နောက်ပြန်စွဲနေတယ်လို့ထင်ခဲ့မိပါတယ်။ အဖေက တိုင်းပြည်ရဲ့လွတ်လပ်ရေးဖခင် ဖြစ်တာနဲ့ သူကပါလိုက်ပြီး နိုင်ငံအုပ်ချုပ်ချင်နေတယ်ပေါ့ ။ အဲဒီအတွက်တပ်မတော်အစိုးရအနေနဲ့ ခေတ်နောက်ပြန်စွဲတဲ့အယူအဆကိုလက်မခံတာ မှန်ကန်တယ်ပေါ့ ကျတော့မဖြစ်စလောက်ဦးဏှောက်လေးနဲ့တွေးခဲ့တာပေါ့ ။ NLD ပါတီဝင်တွေကိုလည်း စည်းရုံးမဲဆွယ်ပြီး အတင်းနှုတ်ထွက်ခိုင်းခဲ့ပါတယ် ။အဲဒါတွေအတွက်လည်း ကျတော်ထင်တာက သူတို့တွေကိုလမ်းမှန်ရောက်အောင် အစိုးရအနေနဲ့လုပ်ပေးတာပေါ့ ။ ပြီးတော့ အထက်ကကျတော်ပြောသလို ကျောင်းတွေကိုသွား ကျောင်းအပ်ရင် ၅ တန်းဆိုတာနဲ့ စပြီ ။ ကြံ့ခိုင်ရေးအသင်းဝင်ရတာ ။ ပြီးတော့ ကျတော်ပြောသလိုဟောပြောစည်းရုံးတယ် ဒီတော့ နုနုနယ်နယ် ဘာမှမသိသေးတဲ့အရွယ် ၊ အတွေးတွေကိုစတင် ချဲ့ထွင်တဲ့အရွယ် စူးစမ်းစအရွယ်မှာကတည်းက ခုလို ပြောသမျှယုံ ပြီးခိုင်သမျှလုပ်တတ်နေပါပြီ ။ မြန်မာပြည်ကဆွေးနွေးပွဲဆိုတာ ပြောတဲ့သူပြောသမျှကို နာခံခေါင်းညိတ်လုပ်ယုံလောက်ပါပဲ ။ မဆွေးနွေးနိုင်လို့တော့ မဟုတ်ဘူးနော် မဆွေးနွေးရဲတာ ။ ဘာမဟုတ်တာလေးနဲ့ ကိုယ့်ဘ၀ကိုအပျက်မခံကြတော့တာ ။ ဥပဒေဆိုတာ နိုင်ရာစား ၊ ကြီး နိုင်ငယ်ညှင်းသဘောတရားတွေဟာ ကျတော်တို့နိုင်ငံမှာတော်တော်ခေတ်စားပါတယ် ။ တက်သစ်စသွေးကြွတဲ့အရွယ်မှာ မဟုတ်တမ်းတရားတွေပြောပြီး အားလုံးလွတ်လပ်ဖို့ လုပ်နေတဲ့သူတွေကို သမိုင်းတရားခံတွေလိုပြောလိုပြောနဲ့ စည်းရုံးခဲ့ကြတဲ့ထဲမှာ အသက်ကြီးပြီးအချိန်မစီးတဲ့ တက်တဲ့သူကိုအဖေခေါ်မယ်ဆိုတဲ့ ၊ နီးရာဓါးကိုးကွယ်မယ်ဆိုတဲ့ ခပ်ညံ့ညံ့စိတ်ဓါတ်နဲ့ ဖော်လန်ဖား သမားတွေကလည်းရှိပါသေးတယ် ။ တကယ်ပါ ကျတော် မလိမ်မညာမကွယ်မ၀ှက်ပဲပြောရရင် ၁၀ တန်းအောင်တဲ့အထိ နိုင်ငံရေးဆိုတာဟာ ယုတ်မာ တဲ့သူတွေ လူလိမ်လူညာတွေလုပ်တဲ့အရာလို့ ထင်ခဲ့မိပါသေးတယ် ။ ကျတော်သိလာတဲ့အချိန် မှာတော့ ကိုယ့်ကိုယ်ကို တော်တော်ကိုရှက်မိပါတယ် ။ တကယ်တော့လည်း လက်ရှိ စစ်အစိုးရ က နိုင်ငံရေးလုပ်သူတွေနဲ့ပတ်သက်သူတွေကို ဖမ်းဆီးထောင်ချတာတွေ ၊ စီးပွါးရေးအရ သော် လည်းကောင်း လူမှုရေးအရသော်လည်းကောင်း နောက်ကွယ်ကတစ်မျိုး ရှေ့တင်တစ်ဖုံ နှောင့် ယှက်မှုတွေလုပ်ဆောင်လို့နေတော့ ကျတော်တို့ သိထားတာက အစိုးရက မကောင်းတဲ့သူတွေ တရားဥပဒေနဲ့မညီညွတ်တာတွေကိုသာ ခုလိုအရေးယူတယ်လို့ သိထားတာကြောင့်ပါ ။
တကယ်တော့ ကျတော်တို့နိုင်ငံဟာ တရားဥပဒေနဲ့ ကင်းကွာနေတယ်ဆိုတာကို ကျတော်မသိခဲ့ပါ ။ တရားဥပဒေရဲ့အထက်မှာဘယ်သူမှမရှိရဘူးဆိုတာ အားလုံးသိပြီးသားပါ။ ပြီးတော့ ဥပဒေဆိုတာကျတော်သိသလောက်ကတော့ ပြည်သူလူထုကိုကာကွယ်ပေးနိုင်ရမယ် ဆိုတာပါပဲ ။ တရားစီရင်ရေးနဲ့ပတ်သက်ရင်လည်း ဘာမှတိကျတဲ့ဥပဒေမရှိပါဘူး ။ ခုကျတော် လေ့လာမိသလောက်ဆိုရင် ခုလက်ရှိမြန်မာနိုင်ငံထဲမှာဖွဲ့စည်းထားသမျှအဖွဲ့တွေဟာ နိုင်ငံတော်ရဲ့အရံအင်အား ဆိုပြီးသုံးနှုံးထားတာကိုတွေ့ကြရပါတယ် ။ အရံအင်အားဆိုပြီး တော့လက်နက်တပ်ဆင်ဖို့ကြိုးစားနေတာတွေ နိုင်ငံရေးမှာ ခုတုံးလုပ်နေတာတွေကိုတွေ့ကြရ ပါတယ် ။ ယခုနောပိုင်းဆို စွမ်းအားရှင်တို့ ၊ ကြံ့ခိုင်ရေးတို့က နိုင်ငံရေးမှာ ၀င်ရောက်လုပ်ကိုင် နေတာကိုတွေ့ကြရပါတယ် ။ ဥပမာ လူတစ်ဦးတစ်ယောက်တည်း ဆန္ဒပြတဲ့နေရာတွေမှာ ကျတော်သိသလောက်ကတော့ ဒါဟာ ရဲတပ်ဖွဲ့နဲ့ပဲ ဆိုင်ပါတယ် ။ တစ်နည်း ပြည်ထဲရေးဝန်ကြီးဌာနပေါ့ ။ ခုတော့ အများမြင်ကြတဲ့အတိုင်းပဲ ဒီလူထုလှုပ်ရှားမှုတွေကိုလည်း လူမှုရေးအသင်းအဖွဲ့တွေက လိုက်ပါဆောင်ရွက်နေပါတယ် ။ ဒါပေမယ့်အဲဒါတွေကို အစိုးရက ဘာမှဝင်ရောက်ပြောဆိုခြင်း မရှိတာကိုတွေ့ကြရပါတယ် ။ တကယ်တော့ လူမှုရေးအမည်ခံ လက်ရှိအစိုးရရဲ့ လက်ကိုင်တုတ်အဖွဲ့တွေပါပဲ ။
ရင်နာစရာလေးတစ်ခုပေါ့ဗျာ ။ တပ်မတော်ဆိုတာက “ ပြည်သူ့ဆန္ဒအရတင်မြှောက် ထားတဲ့အစိုးရရဲ့ မူဝါဒတွေကိုလိုက်ပါဖော်ဆောင်ပေးရသလို ၊ အစိုးရရဲ့မူဝါဒဟာ အများပြည် သူကိုထိခိုက်နစ်နာစေမယ့်အမိန့်ဆိုရင် ဆန့်ကျင်ပိုင်ခွင့်ရှိပါတယ် ။ ” ကျတော်တို့နိုင်ငံတော် တော်များများကိုလေ့လာကြည့်ရင် စစ်တပ်က လူထုရဲ့ လိုလားချက်အတိုင်းပဲ လုပ်ကိုင်ပေးတာကိုတွေ့ကြရပါတယ် ။ အနီးကပ်ဆုံးဥပမာပေးရရင် ထိုင်းမှာဖြစ်သွားတဲ့ စစ်တပ်ကအာဏာသိမ်းမှုကိုပဲ ကြည့်ပါ ။ လူထုကမလိုလားတဲ့ အခြေခံဥပဒေကိုပြင်ဖို့အတွက် လူထုဘက်ကရပ်တည်ပြီး အာဏာရအစိုးရကိုဖြုတ်ချပေးခဲ့ပါတယ် ။ ကျတော်တို့ဆီမှာတော့ လူထုကမကျေနပ်လို့ အစိုးရကိုဆန္ဒပြတာကို အစိုးရက မိမိတို့တပ်ကိုအမိန့်ပေးစေခိုင်းခဲ့ပါ တယ် ။ အဲဒီအတွက်တပ်ကတော်တော်လေးကိုအပြောခံခဲ့ရပါတယ် ။ ဒါကိုတချို့တပ်မတော် သားတွေကလည်းမကျေနပ်ဘူး ။ စစ်သားဆိုတာတော့ အမိန့်ပေးရင်လုပ်ရမှာပါ ။ ဒီတော့ တပ်မတော်တာဝန်တစ်ခုတည်းပဲ တာဝန်ယူထားတဲ့ စစ်ခေါင်းဆောင်ကြီးများကို အစိုးရဲ့အသုံး ချခံမဖြစ်စေဖို့လက်ကိုင်တုတ်မဖြစ်စေဖို့ သတိထားစေချင်တာပါ ။အစိုးရကလည်းတော်တော် တော့လည်တယ်ဗျ ။ ကျတော်သိသလောက်ပေါ့ တပ်ဖက်မှာရာထူးကြီးကြီးရလာရင် အလိုအလျောက်ပဲ အစိုးရအဖွဲ့ဝင်ဖြစ်သွားတယ် ။ ဒါကလည်းတပ်မတော်သားတွေအနေနဲ့ စဉ်းစားရမယ့်အချက်တစ်ချက်လဲ ဖြစ်ပါတယ် ။ ဦးနေ၀င်းလက်ထက်ကစလို့ ယနေ့ န၀တ ၊ နအဖ လက်ထက်တွေထိပေါ့ တပ်မတော်ဟာ ပြည်သူနဲ့ကင်းကွာနေပြီး လူတစ်စုရဲ့ လက်ကိုင် တုတ်ဖြစ်နေတာပါပဲ ။ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ထင်ထင်ပေါ်ပေါ်ဝင်ရောက်နှိမ်နှင်းခဲ့သလို လူမသိသူမသိ လုပ်ဆောင်မှုတွေကလည်း ရှိခဲ့ပါတယ် ။ နိုင်ငံရေးအရ တခြားတစ်ဖက်ကိုတိုက်ခိုက်လုပ်ကြံဖို့ အတွက်တပ်မတော်ကိုသုံးခဲ့ပါတယ် ။ ဒီတော့ မိမိတို့တပ်မတော်ဟာ ဒီနိုင်ငံရေးလုပ်ကြံမှုတွေထဲမှာ ပါဝင်ပတ်သက်နေခဲ့ပြီလား ။ မိမိတို့တပ်မတော်ရဲ့ မူလခံယူချက်တွေဘယ်ရောက်ကုန်ပြီလဲ ။ ဒီတော့ တပ်မတော်ဆိုတာ မိမိနိုင်ငံရဲ့ အချုပ်အခြာအာဏာ ၊ မိမိနိုင်ငံသူ နိုင်ငံသား များရဲ့ အကျိုးစီးပွားကိုရှေးရှုတာပါ ။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့ အုပ်စုတစ်စုအပေါ်သစ္စာခံခြင်းမဟုတ်ပါဘူး ။ဆိုတာကို တပ်မတော်သားများ ဖြန့်ကျက်တွေးတော ကြပါလို့တောင်းဆိုရင်း သမိုင်းကောင်းခဲ့တဲ့ တပ်မတော်ဟာ အာဏာရှင်လူတစ်စုရဲ့လုပ်ရပ်ကြောင့် သမိုင်းစောင်းခဲ့ရပြီ ။ သွေးစွန်းခဲ့ရပြီ ။ ဒါကြောင့် ကျတော်စဉ်းစားမိတာကတော့ လက်ရှိအဖြစ်အပျက်တွေကြောင့် တပ်မတော်ဟာ နိုင်ငံရေးလုပ်ကြံမှုတွေထဲမှာ ပါဝင်ပတ်သက်နေပြီလားဆိုတာ …………..




ဗိုလ်ရဲထက်(၇-၄-၂၀၁၀)။

No comments:

Post a Comment