မျိုးချစ်စစ်သည်

ပညာမဲ့သော ထိုသူသည်- ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက်တို့ကို ပြုသောကြောင့်လည်းကောင်း၊ အပြစ်နှင့်ယှဉ်သော အခြားအမှုကို ပြုသောကြောင့်လည်းကောင်း၊ ကုသိုလ်ကံကို မပြုပဲ အကုသိုလ်ကံကိုသာ အကြိမ်များစွာ ပြုခြင်းကြောင့်လည်းကောင်း၊ ခန္ဓာကိုယ် ပျက်စီးသောအခါ ငရဲသို့ရောက်ရ၏။

ခုကတော့ ...

User Online

လာလည်သူပေါင်း

Cabo Yachts

အချုပ်အချာအာဏာဆိုတာဘာလဲ

Thursday, April 15, 2010

ကန်​တော်​ကြီး​ X2O (Special One) မဏ္ဍပ်မှာ ​ပေါက်​ကွဲ​မှု​ဖြစ်​ပွား

ရန်​ကုန်​မြို့​ ​ကန်​တော်​ကြီး​စောင်း​တွင်​ ​ကျင်း​ပ​ပြု​လုပ်​သည့်​ မြန်​မာ​​ ရိုး​ရာ​ ​သ​ကြင်န်​ပွဲ​များ​ ကျင်း​ပ​ ​နေ​ချိန်​တွင်​ လူစည်ကားသည့် မဏ်ဍာပ်တစ်ခုဖြစ်​သော​ X2O (Special One) မဏ်ဍာပ်တွင်​ ဗုံး သုံးလုံး ပေါက်ကွဲ​ပြီး​၊​ ​မ​ပေါက်​ကွဲ​သေး​သည့်​ ​ဗုံး​တ​လုံး​တွေ့​ရှိ​ကြောင်း​ ​သ​တင်း​ရ​ရှိ​သည်​။ အ​ဆို​ပါ​ ​တွေ့​ရှိ​သော​ဗုံး​သည်​ လက်​လုပ်​ဗုံး​​ အ​မျိုး​အ​စား​ဖြစ်​ပြီး​၊​ (၉၀၅) စစ်မြေပင်​ အင်ဂျင်နီယာတပ်မှ​ ​တွေ့​ရှိ​ခဲ့​ခြင်း​ ဖြစ်​ကြောင်း​​ သိ​ရှိ​ရ​သည်​။

ပေါက်​ကွဲ​မှု​ကြောင့်​ ​အ​ခင်း​ဖြစ်​ပွား​ရာတွင်​ အ​မျိုး​သား​ ​၅​ ဦး​၊​ ​အ​မျိုး​သ​မီး​ ​၄​ ဦး​ ​နေ​ရာ​တွင်​ ​သေ​ဆုံး​ခဲ့​ပြီး​​၊​ ​အ​ယောက်​ ​၅၀​ ​ထက်​မ​နည်း​ ​ဒါဏ်​ရာ​ ​ရ​ရှိ​ခဲ့​ကြောင်း​​ သိ​ရှိရ​သည်​။ ​နောက်​ဆုံး​ရ​ရှိ​သော​သ​တင်း​အ​ရ​ ​လူ​ ​၃၀​ ​ခန့်​​ ​သေ​ဆုံး​ပြီး​၊​ စစ်​ဘက်​ဆိုင်​ရာ​အ​ရှိ​ကြီးတဦး​ပါ​ ​ဒဏ်​ရာ​ရ​ရှိ​ခဲ့​ကြောင်း​ ​ထပ်​မံ​သိ​ရှိ​ရ​သည်​။ အ​ဆို​ပါ​​ ပေါက်​ကွဲ​မှု​သည့်​ မဏ်ဍာပ်​ အေပ်ါတွင် ပေါက်ကွဲ​ခဲ့​ခြင်း မဟုတ်ဘဲ မဏ်ဍာပ်​ အောက်ဘက်မှ ပေါက်ကွဲခြင်း​ ဖြစ်​ကြောင်း​မျက်​မြင်​​ သက်​သေ​များ​က​ ​ပြော​ဆို​ကြ​သည်​။

ဗုံး​ကွဲ​မှု​ကြောင့်​ ​အ​နီး​ရှိ​ လူ​အ​များ​ ဝရုန်းသုံးကား ထွက်ပြေးမှု​ကြောင့် ထိခိုက်လဲပြိုလဲ လူပိပြီး ထိခိုက် ဒဏ်ရာရတဲ့သူတွေလည်း မနည်း​​ကြောင်း​ ​အ​ခင်း​ဖြစ်​ပွား​ရာ​ ​အ​နီး​တွင်​ရောက်​ရှိ​နေ​သူ​တဦး​က​ ​ပြော​ဆို​ခဲ့​သည်​။ အ​ခင်း​ဖြစ်​ပွား​ပြီး​ ​မ​ကြာ​မီ​ ​မှာ​ပင်​အ​နီး​နား​ရှိ​ Black Culture, Black Jack, 16.9​ စသည့် မဏ်ဍာပ်များ​ကို​ပါ လုံ​ခြုံ​ရေး​​ အ​ရ​ ချက်​ချင်း​ ပိတ်လိုက်ပြီး​၊​ ​ကန်​တော်​ကြီး​စောင်း​တွင်​ ​ကျင်း​ပ​ပြု​လုပ်​သည့်​ အ​ခမ်း​အ​နား​များ​​ အပါ​အ​ဝင်​ ​ပျဉ်း​မ​နား​နှင့် ​နေ​ပြည်​တော်​ရှိ​ မဏ်ဍာပ်များ​​ အား​လုံး​ကို​ ​လုံ​ခြုံ​ရေး​အ​ရ​ဆို​ကာ ​နောက်​ပိုင်း​တွင်​ ​လုံးဝ​ပိတ်​ပြစ်​ခဲ့​​ကြောင်း​သိ​ရှိ​ရသည်​။

 ​မြန်​မာ​​ စစ်​အ​စိုး​ရ​ဘက်​မှ​ ​​အ​ဆို​ပါ​ဖြစ်​စဉ်​နှင့်​​ ပက်​သတ်​၍​ မ​ည်​သူ​၏​ ​လက်​ချက်​ဖြစ်​ကြောင်း​ ချက်​ချင်း​ သ​တင်း​ထုတ်​ပြန်​ခြင်း​မ​ရှိ​သေး​သော်​လည်း​ ​စစ်​အ​စိုး​ရ​သည်​ ​မ​ကြာ​ခ​ဏ​ ​ပြည်​ပ​ရောက်​အ​ဖွဲ့​အ​စည်း​များ​၏​ ​လက်​ချက်​ဟု​ ​ပြော​ဆို​လျှက်​ ပြည်​တွင်း​ ​အ​တိုက်​အ​ခံ​​ နိုင်ငံ​ရေး​သ​မား​များ ​ဖမ်း​ဆီး​​ အ​ပြစ်​ပေး​လျှက်​ရှိသည်​။ ​ပြည်​တွင်း​ရှိ​​ နိုင်ငံ​ရေး​အ​သိုင်း​အဝန်း​များ​ကြား​တွင်​လည်း ​မ​ကြာ​မီ​ ​အ​တိုက်​အ​ခံ​နိုင်ငံ​ရေး​သ​မား​များ​ ​ထပ်​မံ​ဖမ်း​ဆီး​ခံ​တော့​မည်​ ​အ​လား​အ​လာ​ရှိ​နေ​ကြောင်း​ ​ပြော​ဆို​နေ​သံ​များလည်း​ ​ထွက်​လျှက်​​ရှိ​သည်​။

http://peoplemediavoice.com/inside-burma/blasts-hit-myanmar-festivities-at-least-9-dead.html မှကူးယူဖော်ပြသည်။

No comments:

Post a Comment