မျိုးချစ်စစ်သည်

ပညာမဲ့သော ထိုသူသည်- ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက်တို့ကို ပြုသောကြောင့်လည်းကောင်း၊ အပြစ်နှင့်ယှဉ်သော အခြားအမှုကို ပြုသောကြောင့်လည်းကောင်း၊ ကုသိုလ်ကံကို မပြုပဲ အကုသိုလ်ကံကိုသာ အကြိမ်များစွာ ပြုခြင်းကြောင့်လည်းကောင်း၊ ခန္ဓာကိုယ် ပျက်စီးသောအခါ ငရဲသို့ရောက်ရ၏။

ခုကတော့ ...

User Online

လာလည်သူပေါင်း

Cabo Yachts

Friday, April 9, 2010

ရန်ကုန်သင်္ကြန် အခွင့်ထူး ဖိုးလပြည့် ရမည် နရီလင်းလက် Friday, April 09, 2010

ယခုနှစ် ရန်ကုန် သင်္ကြန်တွင် မဏ္ဍပ် ဆောက်လုပ်ခွင့်ကို ကန့်သတ် ထားသော်လည်း နှစ်သက်ရာ နေရာတွင် မဏ္ဍပ် ဆောက်နိုင်သည့် အခွင့်ထူး ရသူများထဲတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး ဖိုးလပြည့်လည်း ပါဝင်သည်။

[ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး ဖိုးလပြည့် ခေါ် နေရွှေသွေးအောင် (ဓာတ်ပုံ - မိုးမခ)]

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး ဖိုးလပြည့် ခေါ် နေရွှေသွေးအောင် (ဓာတ်ပုံ - မိုးမခ)
ဖိုးလပြည့်ခေါ် နေရွှေသွေးအောင်သည် ထိုအခွင့်ထူး ရရုံသာမက အင်းလျား ကန်အနီး ပြည်လမ်းမ ပေါ်ရှိ ကိုယ်ပိုင် မဏ္ဍပ်တွင် ရန်ကုန် အာဏာပိုင်တို့ တားမြစ် ထားသည့် အနောက်တိုင်း ဂီတဖြင့် ရေကစား မည်ဟု သူနှင့် နီးစပ်သူ များက ပြောသည်။

“မြန်မာ့ ရိုးရာ ယဉ်ကျေးမှုနဲ့ ညီရမယ်တို့ ဆိုတာတွေ ကတော့ မဖြစ်နိုင် ဘူးလေ” ဟု ဖိုးလပြည့်နှင့် နီးစပ်သူ တဦးက ဧရာဝတီကို ပြောသည်။

ဖိုးလပြည့် မဏ္ဍပ်တွင် လူငယ်ကြိုက် ဂီတများဖြင့် ဖျော်ဖြေရန် ဒီဂျေစက်များ တပ်ဆင်မည် ဖြစ်ကြောင်း၊ တားမြစ် ချက်များကို လိုက်နာမည် မဟုတ်ကြောင်း သူက ဆက်ပြောသည်။

ရန်ကုန်မြို့ သင်္ကြန် မဏ္ဍပ်များနှင့် ပတ်သက်ပြီး “မြန်မာ့ ယဉ်ကျေးမှုနဲ့ ညီတဲ့ အ၀တ်အစားတွေ ၀တ်ရမယ်။ သရုပ်ပျက် အက အခုန်တွေ လုပ်လို့ မရဘူး။ ယိမ်းအကတွေ၊ မြန်မာဆန်ဆန် အကတွေနဲ့ပဲ ဖျော်ဖြေပေးရမယ်” ဟု ရန်ကုန်တိုင်း အာဏာပိုင် တဦးက ပြောကြားကြောင်း ရန်ကုန်မြို့ထုတ် 24/7 သတင်းဂျာနယ်တွင် မတ်လ ၂၁ ရက်နေ့က ရေးသားထားသည်။

သင်္ကြန်သည် လူငယ်တို့ လွတ်လပ်စွာ ပျော်ရွှင်ကြသည့် နှစ်သစ်ကူးပွဲတော် ဖြစ်ကြောင်း၊ စည်းကမ်းချက်များ တင်းကျပ်လွန်းခြင်းမှာ မသင့်လျော်ကြောင်း ရန်ကုန်မှ လူငယ်တချို့က ဧရာဝတီကို ပြောသည်။

“သင်္ကြန်မှာ လူငယ် သဘာဝအလျောက် လွတ်လွတ်လပ်လပ် ကဲချင်တာပဲလေ။ စည်းကမ်းတွေကတော့ ထုတ်ချင်သလို ထုတ်ပြီး သူတို့ သားသမီးတွေကျတော့ လိုက်နာမှာလား” ဟု ရန်ကင်းမြို့နယ်ရှိ လူငယ်တဦးက ပြောသည်။

“ပြောတော့ မဟာသင်္ကြန်မှာ ဒီဂျေတွေ ခွင့်မပြုဘူး ဆိုပြီး ဒီမဏ္ဍပ်မှာ ကျတော့ ခွင့်ပြုထားတယ်။ လူငယ်တွေ သူတို့ မဏ္ဍပ်ကို ကြည့်ပြီး မုဒိတာ ပွားရဦးမှာပေါ့” ဟု ကုမ္ပဏီဝန်ထမ်း တဦးက ဆိုသည်။

ဖိုးလပြည့်မဏ္ဍပ်ကဲ့သို့ပင် ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်သူတို့၏ ရန်ကုန်မဏ္ဍပ်တချို့တွင် အနောက်တိုင်းဂီတဖြင့် ရေကစားခွင့် ရမည်ဟု သိရသည်။

၎င်းတို့နှင့် နီးစပ်သည့် လုပ်ငန်းရှင်ကြီးများက ရန်ကုန်မြို့ အင်းလျားလမ်းတွင် မဏ္ဍပ် ၄ ခု ဆောက်လုပ်ခွင့် ရမည်ဟု သိရသည်။

ယမန်နှစ်က ရန်ကုန်တွင် မဏ္ဍပ်ပေါင်း ၂၀၀ ကျော်ဖြင့် စည်ကားခဲ့သော်လည်း ယခုနှစ်တွင်မူ မဏ္ဍပ်ကြီး ၄၆ ခုသာ ခွင့်ပြုမည် ဖြစ်ကြောင်း ရန်ကုန်သင်္ကြန် မဏ္ဍပ်များ နေရာ ချထားပေးရေး ကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။

အင်းလျားကန်အနီး မဏ္ဍပ် ဆောက်နေသော်လည်း ဖိုးလပြည့်က သင်္ကြန်အကျနေ့ တရက်တည်းသာ ရန်ကုန်တွင် ရှိမည်ဟု သိရသည်။ အကြတ်နေ့တွင် မန္တလေးသို့ သွားမည် ဖြစ်ပြီး အကြိုနေ့၊ အတက်နေ့တို့တွင် နေပြည်တော်သင်္ကြန်၌ ရှိမည်ဟု ဆိုသည်။

ရန်ကုန်မှလာသော သတင်းများအရ ဖိုးလပြည့်သည် ရန်ကုန်မြို့ရှိ နိုင်ငံခြား သံတမန်များ၏ ရေကစား မဏ္ဍပ်သို့လည်း သွားရောက်မည် ဖြစ်သည်။

အသက် ၁၉ နှစ် ရှိပြီ ဖြစ်သည့် ဖိုးလပြည့်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အချစ်ဆုံး မြေးဖြစ်သည်ဟု သိရသည်။


http://irrawaddy.org/bur/index.php/news/1-news/2986-2010-04-09-07-49-30 မှကူးယူဖော်ပြသည်။

No comments:

Post a Comment