မျိုးချစ်စစ်သည်

ပညာမဲ့သော ထိုသူသည်- ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက်တို့ကို ပြုသောကြောင့်လည်းကောင်း၊ အပြစ်နှင့်ယှဉ်သော အခြားအမှုကို ပြုသောကြောင့်လည်းကောင်း၊ ကုသိုလ်ကံကို မပြုပဲ အကုသိုလ်ကံကိုသာ အကြိမ်များစွာ ပြုခြင်းကြောင့်လည်းကောင်း၊ ခန္ဓာကိုယ် ပျက်စီးသောအခါ ငရဲသို့ရောက်ရ၏။

ခုကတော့ ...

User Online

လာလည်သူပေါင်း

Cabo Yachts

Friday, April 2, 2010

NLD ဆုံးဖြတ်ချက် မှားယွင်းနိုင်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် ပါတီမှတ်ပုံ မတင်ရန် ဆုံးဖြတ်ခဲ့ ခြင်းသည် မှားယွင်းမှု ဖြစ်နိုင်ဖွယ် ရှိကြောင်း သုံးသပ် ပြောဆိုမှုများ ရှိနေသည်။

NLD ပါတီသည် ဒီမိုကရေစီ စံချိန်ကို ထိန်းသိမ်းရန် တခုတည်းသော ရွေးချယ်စရာမှာ ပါတီကို မှတ်ပုံမတင်ခြင်း ဖြစ်သော်လည်း ၎င်း နည်းလမ်းသည် မှားယွင်းနိုင်ကြောင်း၊ မြန်မာ့နိုင်ငံရေးတွင် အခန်းကဏ္ဍတခုအနေဖြင့် ပါဝင်သင့်သည်ဟုပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ထုတ်ဝေသည့် The Economist အင်တာနက်သတင်းစာမျက်နှာတွင် ရေးသား ထားသည်။

[ပါတီ မှတ်ပုံတင်ရေး မတင်ရေး အစည်းအဝေး ပြုလုပ်သည့် မတ်လ ၂၉ ရက်နေ့က NLD ရုံးချုပ် အပြင်ဘက်တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် ကြွေးကြော် ဆန္ဒပြနေသော အဖွဲ့ဝင်များ (ဓာတ်ပုံ - AP)]

ပါတီ မှတ်ပုံတင်ရေး မတင်ရေး အစည်းအဝေး ပြုလုပ်သည့် မတ်လ ၂၉ ရက်နေ့က NLD ရုံးချုပ် အပြင်ဘက်တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် ကြွေးကြော် ဆန္ဒပြနေသော အဖွဲ့ဝင်များ (ဓာတ်ပုံ - AP)
NLD ပါတီ ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်ကမူ ပါတီအတွင်း ဥက္ကဌ ဦးအောင်ရွှေက မှတ်ပုံတင်ရန် ညွှန်ကြားထားပြီး ရွေးကောက်ပွဲကို ၀င်လိုသူ များလည်း ရှိကြောင်း၊ သို့သော် ပါတီမှတ်ပုံ မတင်ရေး ဆုံးဖြတ်ချက်သည် ပြည်သူလူထုနှင့် ပါတီဝင်များ၏ ဒီမိုကရေစီအရ ဆုံးဖြတ်ချက်သာ ဖြစ်ကြောင်း ပြောသည်။

“မှတ်ပုံမတင်ဘူး ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ ဖြစ်တည်မှု တရား၊ အရှိ တရားကို ဆုံးဖြတ်တာပဲ”ဟု ၎င်းက ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ လက်ခံရေးအပါအ၀င် ရွေးကောက်ပွဲဝင်ရေး နှင့် ပတ်သက်၍ ပါတီဝင်တချို့၏ ရပ်တည်မှုကို လက်ခံ ကြောင်း၊ သို့သော် အများဆုံးဖြတ်ထားသည့်အတိုင်း ပါတီ၏ ပုံရိပ်နှင့် အမည်သုံးခွင့် မရှိကြောင်း ဦးဝင်းတင်ကပြောသည်။

မြန်မာပြည်၏ နိုင်ငံရေးပြဿနာများသည် ချက်ချင်းလက်ငင်း ဖြေရှင်းရန် လွယ်ကူသည့် ပြဿနာများမဟုတ်ကြောင်း၊ လက်တွေ့ ဆန်စွာ စဉ်းစားမည်ဆိုလျှင် ရွေးကောက်ပွဲကို လက်ခံ၍ တဖြည်းဖြည်းခြင်းသာ ဒီမိုကရေစီကို ပြောင်းယူရမည်ဖြစ်ကြောင်းချင်းမိုင် အခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးအောင်နိုင်ဦးက ပြောသည်။

“ဦးသုဝေတို့ဆိုရင် လက်တွေ့ဆန်ဆန် စဉ်းစားပြီးတော့၊ ၀င်သင့်တယ်ဆုံးဖြတ်တယ်၊ ၀င်မယ်ဆိုရင်လည်း လိုက်လျောမှုတွေ တချို့ လုပ်ရမယ် ဆိုတာကို လက်ခံတယ်”ဟု ၎င်းဆိုသည်။

NLD ၏ ဆုံးဖြတ်ချက်သည် လှေခွက်ချည်းကျန် အလံမလှဲ စိတ်ဓာတ်ဖြစ်သော်လည်း ပြည်သူလူထု၏ အကျိုးစီးပွားကို ပစ်ပယ် ရာရောက်နေကြောင်း၊ စစ်အစိုးရကဲ့သို့ ပြည်သူကို လျစ်လျူရှုလုပ်ကိုင်နေသည်ဟု ထင်ကြောင်း ဦးအောင်နိုင်ဦးကဆိုသည်။

NLD ဗဟိုအလုပ်အမှုဆောာင်တဦးဖြစ်သူ ဦးဟံသာမြင့်က ပါတီအနေဖြင့် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ယခုလော လော ဆယ်တွင် အတိအကျမပြောနိုင်ကြောင်း၊ မကြာမီ အစည်းအဝေးတခုပြုလုပ်၍ ရှေ့လုပ်ငန်းစဉ်များ ချမှတ်မည်ဖြစ်ကြောင်း ပြောဆိုသည်။

ပြီးခဲ့သည့် တနလာင်္နေ့က NLD ခေါင်းဆောင်များနှင့် နိုင်ငံတ၀န်းရှိ ဗဟိုဦးစီး အဖွဲ့ဝင် ၁၁၃ ဦးတို့ ကျင်းပသည့် ဆွေးနွေးပွဲတွင် ပါတီ ပြန်လည်မှတ်ပုံတင်ခြင်း မပြုရန်နှင့် ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်ခဲ့ကြသည်။
http://irrawaddy.org/bur/index.php/news/1-news/2928-nld-- မှကူးယူဖော်ပြသည်။

No comments:

Post a Comment