မျိုးချစ်စစ်သည်

ပညာမဲ့သော ထိုသူသည်- ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက်တို့ကို ပြုသောကြောင့်လည်းကောင်း၊ အပြစ်နှင့်ယှဉ်သော အခြားအမှုကို ပြုသောကြောင့်လည်းကောင်း၊ ကုသိုလ်ကံကို မပြုပဲ အကုသိုလ်ကံကိုသာ အကြိမ်များစွာ ပြုခြင်းကြောင့်လည်းကောင်း၊ ခန္ဓာကိုယ် ပျက်စီးသောအခါ ငရဲသို့ရောက်ရ၏။

ခုကတော့ ...

User Online

လာလည်သူပေါင်း

Cabo Yachts

Thursday, April 15, 2010

သတိထားစရာဒီမိုကရေစီအန္တရာယ်

သရက်စေ့က သရက်ပင်ဖြစ်ပြီး သရက်သီးသီးလာအောင်စောင့်ရတဲ့ကိစ္စမျိုးမှာတောင် ချက်ချင်းမအောင်မြင်ဘူး။ နှစ်အတော်ကြာကြာစောင့်ရတယ်။ ဒီမိုကရေစီအမြစ်တွယ်အောင်လုပ်ရတဲ့ ကိစ္စဟာသရက်သီးသီးလာအောင်လုပ်ရတဲ့ကိစ္စထက်အဆပေါင်းများစွာ မနှိုင်းယှဉ်သာအောင်ပိုခက်တယ်။ ဒီကိစ္စဟာ အခုချက်ချင်းအောင်မြင်နိုင်တဲ့ကိစ္စမဟုတ်ဘူး။အနောက်ဘက်က နိုင်ငံတွေမှာပဲ ဖြစ်ဖြစ် ဒီမိုကရေစီဟာခပ်လွယ်လွယ် ခပ်မြန်မြန်အမြစ်မတွယ်ဘူး။ နောင်ကိုလည်းခပ်လွယ်လွယ်အမြစ်တွယ်မှာမဟုတ်ဘူး။ အဲဒါကြောင့်ဒီမိုကရေစီကို အမြစ်တွယ်လာအောင်လုပ်ပေးချင်တဲ့သူတွေဟာ ဇွဲကောင်းကောင်းနဲ့ စိတ်ရှည်ရှည်ထားပြီး လုပ်ရမှာပဲ။ ဒီမိုကရေစီ အမြစ်တွယ်လာအောင်လုပ်ရတဲ့အလုပ်မှာ အဓိကအပိုင်းကြီးနှစ်ပိုင်းရှိတယ်။ တစ်ပိုင်းက ဒီမိုကရေစီ ကိုအန္တရာယ်ဖြစ်လာနိုင်တဲ့ပုဂ္ဂိုလ်တွေကို အမြင်မှန်ရလာအောင်လုပ်ပေးရတဲ့ အပိုင်းဖြစ်တယ်။ တခြားတစ်ပိုင်းကတော့ ပြည်သူလူထုတစ်ရပ်လုံးက ဒီမိုကရေစီကို အသက်ပေးပြီးကာကွယ်တဲ့ စစ်သားကောင်းတွေဖြစ်လာအောင် လုပ်ပေးရတဲ့ အပိုင်းဖြစ်တယ်။ အန္တရာယ်ဖြစ်လာနိုင်တဲ့ပုဂ္ဂိုလ်တွေဆိုတာ ဘယ်သူတွေလဲ။ ဒီမိုကရေစီအမြစ်တွယ်အောင် လုပ်ပေးနေရတဲ့ နိုင်ငံတွေမှာ အကြမ်းအားဖြင့် အန္တရာယ်သုံးမျိုးသုံးစားဖြစ်ပေါ်လာနိုင်စရာအကြောင်းရှိတယ်။ အဲဒီသုံးစားကိုအခုလိုဖော်ပြချင်တယ်
၁။ တချို့နိုင်ငံရေးသမားတွေဟာ အစတုန်းကတော့ ရွေးကောက်ပွဲနဲ့ အာဏာရလာသူတွေပါဘဲ၊ ဒါပေမယ့်တဖြည်းဖြည်းကြာလာတော့ သူတို့ရဲ့ ကိုယ်ကျင့်တရားပျက်ပြားမှုကြောင့်ပဲဖြစ်ဖြစ် သူတို့ရဲ့ ညံ့ဖျင်းမှုကြောင့်ပဲဖြစ်ဖြစ် နှစ်ခုစလုံးကြောင့်ပဲဖြစ်ဖြစ် ပြည်သူလူထုက သူတို့အပေါ်မှာ အကြည်ညိုပျက်လာကြတယ်။ ရွေးကောက်ပွဲလုပ်ရင်သူတို့ ဧကန်ရှုံးတော့မှာပဲဆိုတာကို သိတဲ့အခါ ဒီအာဏာရနိုင်ငံရေးသမားတွေဟာ အကြောင်းအမျိုးမျိုးပြပြီးရွေးကောက်ပွဲကို ရွှေ့ဆိုင်းပစ်တတ်ကြတယ်။ အကယ်၍ဒီလိုရွှေ့ဆိုင်းလို့မရတော့တဲ့ ရွေးကောက်ပွဲလုပ်ရတော့မယ်ဆိုပြန်ရင်လည်း သူတို့အနိုင်ရအောင် ညစ်ပတ်တဲ့နည်းမျိုးစုံကို သုံးတတ်တယ်။ အဲဒီညစ်ပတ်တဲ့နည်းတွေကလည်း သူတို့ကိုမကယ်နိုင်တော့ပဲ ရွေးကောက်ပွဲမှာ သူတို့ရှုံးသွားရင် ပြည်သူလူထုရဲ့ အဆုံးအဖြတ်ကိုဒီနိုင်ငံရေးသမားတွေက လက်မခံဘူး။ လက်နက်ကိုင်တပ်တွေကို အလွဲသုံးစားလုပ်ပြီး ဒီလူတွေဟာ အာဏာသိမ်းတတ်တယ်။ အဲဒီနိုင်ငံရေးသမားတွေက ပထမ အန္တရာယ်ဖြစ်တယ်။
၂။ တချို့နိုင်ငံရေးသမားတွေရှိတယ် ။ သူတို့မှာ အရည်အချင်းလည်းမရှိ ကိုယ်ကျင့်တရားလည်းမရှိတဲ့အတွက် ပြည်သူလူထု ကြည်ညိုမှုကိုဘယ်အခါမှ သူတို့မရခဲ့ကြဘူး။နောင်လည်းရဖို့အကြောင်းမရှိဘူး။ အဲဒီနိုင်ငံရေးသမားတွေဟာ ဒီမိုကရေစီကို ပုတ်ခတ်မယ်။ ဒီမိုကရေစီအရကျင်းပပေးတဲ့ ရွေးကောက်ပွဲစနစ်ကိုသူတို့ ရှုံ့ချမယ်။နောက်ပြီးတော့မှ သူတို့ထောက်ခံမယ့် နိုင်ငံခြားအစိုးရတွေဆီက သူတို့အာဏာသိမ်းဖို့ အကူအညီတောင်းပြီးသူပုန်ထမယ်။ အဲဒီနိုင်ငံရေးသမားတွေက ဒုတိယအန္တရာယ်ဖြစ်တယ်။
၃။ တချို့စစ်ဗိုလ်တွေဟာ လောကီသားတွေဖြစ်တဲ့အတိုင်းနိုင်ငံရေးသမားတွေကိုတဖြည်းဖြည်းအားကျလာပြီး အာဏာလိုချင်ပြန်တယ်။သူတို့ရဲ့ လက်ထဲမှာ လက်နက်အပြည့်အစုံရှိတာကြောင့် ဒီစစ်ဗိုလ်တွေအတွက်အာဏာ သိမ်းရတာဟာ ရွေးကောက်ပွဲမှာ လူထုဆီကအာဏာသိမ်းရတာထက် ပိုပြီးလွယ်နေတယ်။ ဒါဟာ တတိယ အန္တရာယ်ဖြစ်တယ်။
လွတ်လပ်ပြီးခါစ ဒီမိုကရေစီအမြစ်မတွယ်နိုင်သေးတဲ့ နိုင်ငံမျိုးတွေမှာ လူထုရော ခေါင်းဆောင်တွေပါ ဒီမိုကရေစီရဲ့ တန်ဖိုးကို သေသေချာချာသဘောမပေါက်သေးဘူး။ ဒီမိုကရေစီမရှိရင်ပြည်သူလူထုဟာ ဘယ်လောက်ဒုက္ခရောက်မယ်ဆိုတာကိုလည်း သူတို့ကောင်းကောင်းမတွေးနိုင်သေးဘူး။ လက်နက်နဲ့ အာဏာလုတဲ့စနစ်ဆိုးဟာ အမြစ်တွယ်လာရင် နိုင်ငံဟာ ဘယ်လောက် နစ်နာမယ်ဆိုတာကိုလည်းသူတို့မမျှော်ကြည့်တတ်သေးဘူး။နိုင်ငံခြားမှာ တပည့်ခံရတာဟာ လူ့ဂုဏ်သိက္ခာကိုဘယ်လောက် ထိခိုက်တယ် ။ မျိုးချစ်စိတ်တို့ ဇာတိသွေးဇာတိမာန်တို့ ဟာ ဘယ်လောက်မြင့်မြတ်တယ်ဆိုတာလည်းသူတို့မစဉ်းစားတတ်သေးဘူး။ စစ်တပ်ဆိုတာဟာ နိုင်ငံရေးထဲမှာ မပါရသေးဘူး ဆိုတဲ့ထုံးတမ်းစဉ်လာကလဲ အဲဒီနို်င်ငံတွေမှာ မခိုင်မြဲသေးဘူး။ အဲဒါကြောင့်လွတ်လပ်ပြီးခါစ ဒီမိုကရေစီ အမြစ်မတွယ်သေးတဲ့ နိုင်ငံမှာ ဒီအန္တရာယ်တွေဟာ တကယ်အထင်အရှားရှိနေတယ်။ဒီမိုကရေစီအမြစ်တွယ်အောင်လုပ်ပေးရမယ့် လုပ်ငန်းတွေထဲမှာ အပိုင်းကြီးနှစ်ပိုင်းရှိတဲ့ထဲက ဒီမိုကရေစီ ရဲ့ အန္တရာယ်တွေဖြစ်လာနိုင်တဲ့ ပုဂ္ဂိုလ်တွေကို အမြင်မှန်အောင်လုပ်ပေးရမယ်ဆိုတဲ့ ပထမပိုင်းဟာ ပြည်သူလူထုကိုဒီမိုကရေစီ တည်တန့်ခိုင်မြဲရေးအတွက်အသက်ပေးပြီးတိုက်ကြမယ့်စစ်သားကောင်းတွေ ဖြစ်အောင် လုပ်ပေးရမယ့်ဒုတိယအပိုင်းထက်ပိုခက်တယ်။ ဒါပေမယ့် ခက်တယ်ဆိုပြီး လက်ပိုက်ကြည့်နေလို့ မဖြစ်ဘူး။ ဒီအန္တရာယ်တွေဟာ ဒီမိုကရေစီကိုဖျက်ဆီးပစ်နိုင်တဲ့အတွက် ဒီမိုကရေစီဘက်တော်သားတွေဟာ ကျွမ်းကျွမ်းကျင်ကျင် လိမ်လိမ်မာမာ သတ္တိရှိရှိ ဇွဲကောင်းကောင်းနဲ့ ဒီပြသနာကို ဖြေရှင်းပေးရမယ်။ဒီလိုဖြေရှင်းတဲ့နေရာမှာ တခြားလိုအပ်တဲ့ ကိစ္စတွေကိုလုပ်ပေးတဲ့အပြင်အန္တရာယ်ဖြစ်လာနိုင်စရာအကြောင်းတွေရှိနေတဲ့ ပုဂ္ဂိုလ်တွေကို ဒီမိုကရေစီအမြစ်တွယ်ပြီးသား နိုင်ငံတွေနဲ့ အာဏာရှင်နိုင်ငံတွေကိုအစိုးရစရိတ်နဲ့ ပို့ပေးရမယ်။ဒီပုဂ္ဂိုလ်တွေဟာ အဲဒီနိုင်ငံမှာ တခြားအချက်တွေအပြင်
၁။ အစိုးရက တိုင်းသူပြည်သားများကိုဘယ်လိုအုပ်ချုပ်တယ်။
၂။ တိုင်းသူပြည်သားတွေမှာ လူ့မူလအခွင့်အရေးဘယ်လောက်ရှိတယ်။
၃။ ဒီအခွင့်အရေးတွေကိုထိခိုက်လာရင် ပြည်သူလူထုဟာ ဘာတွေလုပ်တယ်။
၎။ ပြည်သူလူထုရဲ့စားဝတ်နေရေးအဆင့်အတန်းဟာ ဘယ်လောက်ထိမြင့်တယ်။ဘယ်လောက်အထိနိမ့်တယ်။
၅။ ပြည်သူလူထုဟာ ကိုယ်ရောစိတ်ပါ ဘယ်လောက်ထိချမ်းသာတယ်ဆိုတဲ့အချက်တွေကိုလေ့လာကြရမယ်။
နောက်ပြီးတော့လည်းဒီမိုကရေစီနိုင်ငံတွေမှာ နိုင်ငံရေးသမားတွေဟာ အာဏာရလာတဲ့အခါမှာလည်း
သိပ်ပြီးစွာကျယ်ကျယ်မလုပ်ရဲဘူး။သူတို့ကို အတိုက်အခံအဖွဲ့ ၊ သတင်းစာ ၊ လွှတ်တော် ၊ ဥပဒေဆိုတာတွေက ထိန်းပေးထားတယ်။အာဏာလက်လွှတ်ပြီးရာထူးကပြုတ်ကျသွားတဲ့အခါမှာလည်း ဒုက္ခရောက်မသွားဘူး။အားကိုးရာမဲ့ ဖြစ်မနေဘူး။အာဏာကိုင်ထားသူတွေရဲ့ နှိပ်စက်တာကို မခံရဘူး။သူတို့မှာ သတင်းစာ၊ လွှတ်တော် ၊ ဥပဒေအစရှိတဲ့အားကိုး စရာတွေရှိနေတယ်။ အာဏာရှင်နိုင်ငံတွေမှာ နိုင်ငံရေးသမားတွေဟာ အာဏာရတဲ့အခါသိပ်စွာကျယ်စွာကျယ်လုပ်နိုင်တယ်။ ညစ်ပတ်တယ်။ ကိုယ်ကျင့်တရားတွေသိပ်ပျက်တယ်။ အစက ကုန်းကောက်စရာမရှိတဲ့ အာဏာရှင်ကြီး အာဏာရှင်လေးတွေဟာ နေ့ချင်းညချင်း သူဌေးကြီးတွေ သူဌေးလေးတွေဖြစ်ကုန်တယ်။သူတို့ကိုထိန်းကျောင်းပေးမယ့် အတိုက်အခံအဖွဲ့လည်းမရှိဘူး ၊ သတင်းစာလည်းမရှိဘူး၊ လွှတ်တော်လည်းမရှိဘူး။ဥပဒေလည်းမရှိဘူး။ ဒီမိုကရေစီနိုင်ငံတွေနဲ့ အာဏာရှင်နိုင်ငံတွေကိုရောက်တဲ့အခါ အခုပြောတဲ့အချက်တွေဟာ ဘယ်လောက်အထိမှန်တယ် မမှန်ဘူးဆိုတာကိုလည်းဒီပုဂ္ဂိုလ်တွေဟာ အထူးအရေးပေးပြီးလေ့လာခဲ့ကြရမယ်။
ဒီမိုကရေစီအတွက်အသက်ပေးပြီးကာကွယ်မယ့်စစ်သားကောင်းတွေဖြစ်လာအောင် ပြည်သူလူထုကိုလုပ်ပေးဖို့ဆိုတဲ့ ဒုတိယအပိုင်းကိုအကောင်အထည်ဖော်တဲ့အခါ နိုင်ငံရေးခေါင်းဆောင်အမျိုးမျိုးဟာ သူတို့ကြိုက်ရာ နည်းအမျိုးမျိုးကိုအသုံးပြူနိုင်တယ်။

ဗိုလ်ရဲထက်(၁၆-၄-၂၀၁၀)။

No comments:

Post a Comment